Ch 69
Viewers 11k

69 : ကျန်းဟူမှ စည်းကမ်းများ

 

ယဲ့မိသားစု၏ ခြံဝင်းနောက်ဘက်ရှိ ဧည့်ခံခန်းမထဲတွင် ယခုအခါ ရှေးကဲ့သို့ ခမ်းနားတင့်တယ်ခြင်း မရှိတော့ဘဲ ရုတ်ရုတ်သဲသဲ ဖြစ်နေလေသည်။

 

လူဆယ်ဦးကျော်က အလယ်တွင် ထိုင်နေသူတစ်ဦးကို ဝိုင်းဝန်း ထိုးကြိတ်ကန်ကျောက်နေကြသည်။

ထိုသူသည် ချင်ဂိုဏ်းမှ လင်းဖန်မှလွဲ၍ အခြားသူ မဟုတ်ပေ။

 

လင်းဖန် ပြန်လည်မွေးဖွားလာစဉ်က မြင်ကွင်းနှင့် အတော်ပင် ဆင်တူနေသည်။ အဲ့အချိန်တုန်းက လူဆယ်ဦးကျော်က သူ့ကို ဝိုင်းရိုက်ခဲ့ကြသည်။

 

ယခင်က ကျောင်းမှ ရိုင်းစိုင်းသော လူမိုက်ကလေးများနှင့် နှိုင်းယှဉ်လျှင် ယခုလူများက သာလွန်ပေသည်။ သူတို့၏ ရိုက်နှက်ပုံကို ကြည့်ခြင်းအားဖြင့် ကိုယ်ခံပညာရှင်များ ဖြစ်မှန်း သိသာသည်။

 

ဤအချိန်တွင် ဆိုးဆိုးရွားရွား ရိုက်နှက်ခံထားရပုံရသော လင်းဖန်ကမူ အေးဆေးတည်ငြိမ်နေခဲ့သည်။ သို့သော် လင်းဖန်ခေါ်ဆောင်လာသော လူများ၊ လုချီ အပါအဝင်၊ ထိန်းမနိုင်သိမ်းမရ ဖြစ်ကုန်သည်။

သူတို့၏ အကြီးအကဲ၊ အမြဲတမ်း သာလွန်သူဖြစ်ခဲ့သော သူတို့၏ သူဌေးကို မည်သို့မျှ မခံရပ်နိုင်တော့ပေ။ အကယ်၍ သူတို့ ထိုအတိုင်းသာ နေမည်ဆိုလျှင် လိပ်တစ်အုပ်ကဲ့သို့ ဖြစ်ကုန်မည်ပင်။

 

အားလုံးက ဓားများ၊ သေနတ်များကြား ဖြတ်သန်းလာခဲ့ကြသူများဖြစ်၏။ သို့သော် လင်းဖန်၏ ကြမ်းတမ်းသော အကြည့်တစ်ချက်ကြောင့် တိုးဝင်ရန် အားထုတ်နေသည်ကို ရပ်တန့်ကာ လက်သီးဆုပ်ပြီး ရပ်နေကြသည်။

 

ယနေ့ လင်းဖန်သည် ယဲ့မိသားစုထံသို့ လူအများကြီး ခေါ်မလာပေ။ ထို့ကြောင့် သူတို့၏ အသက်ကို အန္တရာယ် မပြုလိုပေ။

 

ဆူညံနေသော မြင်ကွင်းနှင့် နှိုင်းယှဉ်လျှင်...

ဤအချိန်တွင် ဧည့်ခန်းထဲရှိ ရှေးဟောင်းသစ်သား လက်တင်ကုလားထိုင်ပေါ်တွင် လူတစ်ဦး ထိုင်နေပြီး လက်ဖက်ရည်ကို ဖြည်းညင်းစွာ သောက်သုံးနေသည်။ ထိုသူသည် ပန်းချီပညာကို လေ့ကျင့်သော သူအိုများကဲ့သို့ပင်။ ယဲ့မိသားစု၏ ပိုင်ရှင် ယဲ့ဟွာရှောင်မှလွဲ၍ အခြားသူ မဟုတ်ပေ။

 

"အမ်၊ အမ်၊ ကောင်းပြီ..." ယဲ့ဟွာရှောင်သည် သူ၏ လက်ဖက်ရည်ခွက်ကို ချကာ စကားစလိုက်သည်။

 

သို့သော် ယဲ့ဟွာရှောင်က ထိုလူများ၏ ရိုက်နှက်သံကို စိတ်အနှောင့်အယှက်ဖြစ်သည့်အလား လက်ကာပြကာ ရပ်တန့်စေသည်။

 

"ချင်ဂိုဏ်းလား။ ဟဲဟဲ၊ မကြာသေးခင်ကမှ လျူဟဲ့ခရိုင်မှာ ပြဿနာတွေရှာနေတဲ့ ဂိုဏ်းငယ်လေးပေါ့၊ ဟုတ်တယ်ဟုတ်?"

 

"ဟွန့်၊ မင်းတို့က နည်းနည်းပါးပါးတော့ စည်းကမ်းသိသားပဲ"

 

"မင်းတို့က ငါ့ကို ဖိတ်စာပို့လို့ ငါလာတွေ့တာ။ ဒါက စည်းကမ်းပဲ။ ဒါပေမဲ့ မင်းတို့က ယဲ့မိသားစုနယ်မြေထဲကို ပြဿနာရှာဖို့ ရောက်လာတော့ စည်းကမ်းကို ဖောက်ဖျက်လိုက်တာပဲ။" ယဲ့ဟွာရှောင်က မျက်လုံးကျဉ်းလိုက်ကာ ပြောလိုက်သည်။ "စည်းကမ်းကို ဖောက်ဖျက်တဲ့အတွက် အပြစ်ပေးခံရမှာပဲ။”

 

"ဒီအရိုက်ခံရတာကို အဘိုးကြီးတစ်ယောက်ကပေးတဲ့ လက်ဆောင်အဖြစ် မှတ်လိုက်ပါ၊ လူငယ်လေး"

 

"မဖြစ်ဘူး၊ မဖြစ်ဘူး၊ မထရပ်နဲ့ဦး။ ဆက်လုပ်ကြ ငါ မပြီးသေးဘူး" ယဲ့ဟွာရှောင်၏ မျက်လုံးများက အေးစက်သွားပြီး လူမိုက်အနည်းငယ်ကို ဆက်လုပ်ရန် အချက်ပြလိုက်သည်။

 

သူသည် အသက်ရှစ်ဆယ်နီးပါးရှိပြီဖြစ်သော အဘိုးအိုတစ်ဦးပင်။ မည်ကဲ့သို့သော မုန်တိုင်းမျိုးကိုမျှ မြင်ဖူးခြင်း မရှိခဲ့ပေ။ ယခင်ကဆိုလျှင် မိန်းမတစ်ဦး လုပ်သင့်သည့်အရာအဖြစ် အထင်အမြင်သေးခံရမည်ပင်။

 

သို့သော် ဒီလူက ရှေးလူတစ်ဦးဖြစ်ပြီး သူ့ရဲ့ စာရိတ္တကို မြှင့်တင်ထားခဲ့တာပဲ။ အနာဂတ်မျိုးဆက်တွေအတွက် ကောင်းမှုကုသိုလ်တွေလည်း စုဆောင်းထားတယ်၊ ဟုတ်တယ်မလား?

 

သို့ဖြစ်၍ ချင်ဂိုဏ်းမှ ထိုကောင်စုတ်လေးက ကံကောင်းခဲ့သည်။ အကယ်၍ သူသာ ကောင်းမွန်စွာ ဆောင်ရွက်ခဲ့ပါက ဤနေရာမှ ထွက်သွားပြီးနောက် အသက်ရှင်နိုင်ဦးမည်ပင်။

 

ယဲ့ဟွာရှောင်သည် ဤအရာအားလုံးကို ကြိုတင်စီစဉ်ထားခဲ့သည်။

 

သို့သော် လင်းဖန်ကမူ မမျှော်မှန်းနိုင်သော အခြေအနေတစ်ခုဖြစ်ပြီး ပုံမှန်စည်းကမ်းအတိုင်း ကစားတတ်တဲ့သူ မဟုတ်။

 

"တော်လောက်ပြီ မဟုတ်ဘူးလား?" တိတ်ဆိတ်နေခဲ့သော လင်းဖန်က ဖြည်းညင်းစွာ ပြောလိုက်သည်။

 

လက်သီးက လင်းဖန်၏ မျက်နှာကို ထိခါနီးတွင် လူများက အရိုးကျိုးသံနှင့် အော်သံကို ကြားလိုက်ရသည်။ ထို့နောက် လူတစ်ဦး မြေပြင်ပေါ်သို့ လဲကျသွားသည်။

 

ဟုတ်ပါ၏။ ထိုသူသည် လင်းဖန်မဟုတ်ဘဲ ထိုလူမိုက်များထဲမှ တစ်ဦးပင်။

 

သူက အေးဆေးတည်ငိမ်စွာ ရိုက်နှက်ခံနေရသူက ရုတ်တရက် ပြန်တိုက်ခိုက်သည်ကို ကြည့်လိုက်သောအခါ သူ အထူးလေ့ကျင့်ထားသော လူမိုက်က ထိုဂိုဏ်းမှ ကောင်စုတ်လေးရှေ့တွင် အားနည်းသော ကြက်တစ်ကောင်ကဲ့သို့ ဖြစ်နေသည်ကို မြင်ရသောအခါ ယဲ့ဟွာရှောင်က အံ့အားသင့်သွားပုံရသည်။

 

သို့သော် ကျန်းဟူမှ ရှေးဟောင်းကျောင်းတစ်ကျောင်းအနေဖြင့် မကြာမီတွင် ယဲ့ဟွာရှောင်က သူ့၏ တည်ငြိမ်မှုကို ပြန်လည်ရရှိခဲ့ပြီး လူမိုက်အနည်းငယ်ကို တစ်ဖက်သို့ ဆုတ်ခွာစေရန် လက်ကာပြလိုက်သည်။

 

"ဟွန်း၊ မင်း ငယ်ပေမဲ့ ကိုယ်ခံပညာကတော့ ထူးချွန်သားပဲ"

 

"ဒါပေမဲ့..." ယဲ့ဟွာရှောင်က ရုတ်တရက် သူ့အသံကို ပြောင်းလိုက်သည်။ "မမေ့နဲ့၊ ဒါက ယဲ့မိသားစု!"

 

"မင်းရဲ့ လူမိုက်လေးတွေနဲ့ မင်းရဲ့ ကိုယ်ခံပညာလေးတွေနဲ့ဆို ငါ့နေရာကို လာတိုက်ခိုက်နိုင်မယ်လို့ ထင်နေတာလား။ ဟွန်! မိုက်ရူးရဲဆန်တာ မလုပ်နဲ့!။" သူက အခြားမည်သည့်နေရာတွင်မျှ ထိုသို့ ပြောရဲသည်မဟုတ်ဘဲ ယဲ့မိသားစုတွင်၊ ယဲ့ဟွာရှောင်က၊ ဂျေဒီဧကရာဇ်၊ ယင်-ဝမ်-ယဲ့ (ငရဲဘုရင်) ပင်။

 

မူလက သူက ခြံဝင်းတစ်ဖက်ခြမ်းက နံရံတစ်ခုလုံး သွေးများနဲ့ စွန်းထင်းသွားပြီဟု ထင်ခဲ့သည်။ ချင်ဂိုဏ်းမှ ထိုလူငယ်လေးက စိတ်ဆိုးဒေါသထွက်နေသည်ကို ဖြေလျှော့ရန် သူ့ကို ရှာဖွေခွင့်ပေးလိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း ယခုအခါ…..

 

သူ ပြန်တိုက်ခိုက်ရန် ရဲရင့်လာသည်။ ဤတစ်ကြိမ် သူ့အသက် ဆုံးရှုံးသွားပါက သူ့ကို အပြစ်မတင်နှင့်တော့။

 

"ဒါပေမဲ့ မင်းအသက်ကို ဒီမှာ လာမစွန့်ခင် ငါ မင်းအတွက် နောင်လာမယ့်ဘဝအတွက် အကြံပေးချင်တယ်။ သိပါတယ်နော်၊ လူတွေ၊ အထူးသဖြင့် လူငယ်တွေက စိတ်လိုက်မာန်ပါ မလုပ်သင့်ဘူး။ မင်းက အသက်ကို စွန့်စားချင်တယ်ဆိုရင်တောင် မင်း အသက်ရှင်ဖို့ ကံကောင်းလားဆိုတာ ကြည့်ရသေးတာပေါ့"

 

ယဲ့ဟွာရှောင်၏ စကားကို ကြားသောအခါ လုဘင်နှင့် ဘေးနားတွင် ရပ်နေသူများ၏ မျက်နှာများ ပြောင်းလဲသွားသည်။ သူတို့သည် ပြင်းထန်သော တိုက်ပွဲအတွက် အသင့်ပြင်ထားခဲ့ကြသည်။

 

သို့သော် ဤအချိန်တွင် လင်းဖန်က အရေးမကြီးသည့်အလား ပြုံးလိုက်သည်။

 

"ကျွန်တော့်အသက်ကို စွန့်စားရမယ်ဟုတ်လား။ ဟားဟား... အဲ့လိုစကားမျိုး ကျွန်တော် ပြောဖူးလို့လား?"

 

လင်းဖန်က ပြုံးရင်း ထရပ်လိုက်သည်။ ထို့နောက် ပါးစပ်ထောင့်မှ သွေးများကို သုတ်လိုက်ပြီး လက်တင်ကုလားထိုင်ပေါ်တွင် ထိုင်နေဆဲဖြစ်သော ယဲ့ဟွာရှောင်ကို ပြန်ကြည့်လိုက်သည်။

 

"ဒါမှမဟုတ်... ယဲ့မိသားစုခေါင်းဆောင်က ကျွန်တော့်အသက်ကို စွန့်စားရမယ်လို့ ထင်နေတာလား?" လင်းဖန်က ပြန်မေးလိုက်သည်။

 

ယဲ့ဟွာရှောင်၏ ထင်မြင်ချက်တွင် ထိုသို့သော သဘောထားသည် လုံးဝကို ပေါ့ဆပြီး မိုက်မဲသော လုပ်ရပ်တစ်ခုပင်။

 

"ဟွန့်၊ ဒီလောက် မာနကြီးတာ!" ယဲ့ဟွာရှောင်က အေးစက်စွာ မှတ်ချက်ချသည်။

 

"ဒါပေမဲ့၊ ကျွန်တော့်မှာ မာနကြီးဖို့ အရင်းအနှီး ရှိတယ်ဗျ" လင်းဖန်က ပြုံးစစဖြင့် တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

 

သူက သူ၏ အသက်ကို အခြားမည်သူ့ထက်မဆို ပို၍ တန်ဖိုးထားပြီး မည်သည့်အကြောင်းပြချက်မျှမရှိဘဲ သို့မဟုတ် သူ ယုံကြည်မှုမရှိသော အရာတစ်ခုကို လုပ်ဆောင်ရန် သေခြင်းကို ရှာဖွေမည်မဟုတ်ပေ။

 

အကယ်၍ သူသာ ယုံကြည်မှု မရှိခဲ့ပါက ယဲ့မိသားစုထံသို့ လူအနည်းငယ်ကို ခေါ်ဆောင်လာမည်မဟုတ်ပေ။

 

ဘာလို့ သူ ဒီအရိုက်ခံရတာလဲဆိုတော့…

 

ပထမဆုံးအနေနဲ့ကတော့ သူတို့ စည်းကမ်းကို ဖောက်ဖျက်ခဲ့တာ မှန်ပါတယ်။ ဒုတိယအနေနဲ့ကတော့ လုချီနဲ့ တခြားသူတွေ သူ့လက်အောက်ငယ်သားတွေကို ဘာလုပ်သင့်လဲ၊ ဘာမလုပ်သင့်ဘူးလဲဆိုတာ သင်ခန်းစာရအောင် ဒီကိစ္စကို အသုံးချဖို့ပဲ

ဟုတ်ပါ၏၊ နောက်ထပ် အကြောင်းပြချက်တစ်ခု ရှိသေးသည်။

 

လင်းဖန်က ချူရှောင်၏ ကိစ္စကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေခဲ့သည်။ ဝူဇီမိသားစု၏ ကိစ္စပင်လျှင် သူ့နှလုံးသားထဲမှ စိတ်ပျက်အားငယ်မှုကို မဖုံးလွှမ်းနိုင်ခဲ့ပေ။

 

လင်းဖန်သည် ထိုရှုပ်ထွေးမှုနှင့် စိတ်အနှောင့်အယှက်ဖြစ်မှုများကို ပယ်ဖျက်ရန် နည်းလမ်းရှာလိုခဲ့သည်။ ထို့ကြောင့် သူ အသက်ဝင်လာနိုင်ရန်ပင်။

 

သို့သော် သူရွေးချယ်ခဲ့သော နည်းလမ်းက အနည်းငယ် ပြင်းထန်လွန်းသည်။

 

သို့သော် သူ့ကိုယ်ခန္ဓာမှ နာကျင်မှုက သူ့ကို ခေတ္တမျှ စိတ်အနှောင့်အယှက်ဖြစ်မှု လျော့ကျစေခဲ့ပြီး သူ့အတိတ်ဘဝ၏ ဝမ်းနည်းဖွယ်ရာများကို သတိရစေခဲ့သည်။

 

ဤသည်မှာ အလွန်ကောင်းပေသည်။

 

ယခုအချိန်အတွက်မူ သူသည် သူ့လုပ်ငန်းကို ပြန်လည်စတင်ပြီး သူ့ဂုဏ်သိက္ခာကိုလည်း ပြန်လည်ရယူရန် အချိန်ပင်။

 

ဤအချိန်တွင် လင်းဖန်၏ မျက်နှာပေါ်ရှိ တည်ငြိမ်မှုနှင့် ယုံကြည်မှုပင်လျှင် ယဲ့ဟွာရှောင်၏ သတိထားမှုကို လှုံ့ဆော်ခဲ့သည်။

 

"မင်းမှာ ဘာတွေရှိလဲ ငါ့ကို ပြောပြ" ယဲ့ဟွာရှောင်က လင်းဖန်ကို ကြည့်ရင်း မေးလိုက်သည်။

 

ဤအသက်အရွယ်တွင် ယဲ့ဟွာရှောင်က လူပေါင်းများစွာကို တွေ့မြင်ခဲ့ရပြီး သူသည် လူများကို ဖတ်နိုင်သည်ပင်။ လင်းဖန်ကမူ အခုချိန်မှာ လိမ်နေတာ မဟုတ်ပါဘူး။

 

သို့သော် လင်းဖန် မပြောမီတွင် ယဲ့မိသားစု၏ အိမ်စောင့်က အလျင်အမြန် ပြေးဝင်လာပြီး ယဲ့ဟွာရှောင်၏ နားသို့ တီးတိုးပြောလိုက်သည်။ သူ့မျက်နှာအမူအရာက မကောင်းပေ။

 

အိမ်စောင့်၏ စကားကို နားထောင်ပြီးနောက် ယဲ့ဟွာရှောင်၏ မျက်နှာအမူအရာက အလွန်အမင်း ဒေါသထွက်နေသည်ဟု ဆိုနိုင်ပေသည်။

 

"မင်း ကားထဲက လူကို သေချာမြင်လိုက်ရတာ သေချာလား?"

 

"ဟုတ်ပါတယ်၊ ကျွန်တော် အတည်ပြုပြီးပါပြီ။ သခင်လေးပါ" အိမ်စောင့်က ခေါင်းညိတ်လိုက်သည်။

 

ယဲ့ဟွာရှောင်၏ မျက်နှာအမူအရာကို ကြည့်လိုက်သောအခါ သူ အမှန်တကယ်ပင် ထိတ်လန့်တုန်လှုပ်သွားသည်ပင်။ သခင်က ဒီလိုပုံစံမျိုး ပြတာ နှစ်ပေါင်းများစွာ ရှိနေပြီလေ... ဒါပေမဲ့ နောက်တစ်ချက် စဉ်းစားလိုက်တော့ ဒါက အဓိပ္ပာယ်ရှိသားပဲ။ သခင်လေးက သခင်ရဲ့ ရတနာလေးပဲလေ။ ဘယ်သူက သူ့ကို သေဖို့ တောင်းဆိုခဲ့တာလဲ?

 

"ဟွန့်၊ ချင်ဂိုဏ်းက ငါ့မြေးကို ပြန်ပေးဆွဲတယ်ဟုတ်လား။ ဒီလိုယုတ်မာတဲ့ကိစ္စမျိုးကို၊ ဟားဟား၊ ကောင်းပြီ၊ ကောင်းပြီ။"

 

"ကျွန်တော် စည်းကမ်းတွေကို ဖောက်ဖျက်ချင်တာ မဟုတ်ဘူး။ ဒါပေမဲ့ ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ၊ ကျွန်တော့် ချင်းဂိုဏ်းမှာ လူနည်းနည်းပဲ ရှိတယ်။ ဒါမျိုးလုပ်ဖို့က တခြားရွေးချယ်စရာ မရှိဘူး" လင်းဖန်က မျက်ခုံးပင့်ပြီး ပြောလိုက်သည်။

 

ယဲ့ဟွာရှောင်၏ မြေးက ယဲ့မိသားစု၏ တစ်ဦးတည်းသော အမွေဆက်ခံသူပင်။

 

"ကျွန်တော် ယဲ့မိသားစုရဲ့ နေအိမ်ကို ညစ်ပတ်အောင် လုပ်မိတာကို တောင်းပန်ပါတယ်။ ကျွန်တော့်ညီလေးတွေအတွက်တော့... ခင်ဗျားတို့ သခင်လေးကို သူတို့နဲ့ လဲလှယ်ဖို့ သုံးရမယ် ထင်တာပဲ... မင်း ဘာမှ မပြောဘူးမလား?" လင်းဖန်က မျက်ခုံးပင့်ပြီး မေးလိုက်သည်။

 

တကယ်တော့ ယဲ့ဟွာရှောင်က မငြင်းနိုင်ခဲ့ပေ။

 

ထိုလူအနည်းငယ်၏ ခွေးအသက်များက သူ့မြေး၏ ဆံပင်တစ်ချောင်းလောက်ပင် အရေးမကြီးပေ။

 

"ကောင်းပြီ၊ ငါ့မြေးကို လွှတ်ပေးလိုက် ပြီးတော့ မင်းရဲ့ ကောင်စုတ်လေးအုပ်စုကို ခေါ်သွားတော့" ယဲ့ဟွာရှောင်က သူ့သွားများကို ကြိတ်လိုက်သည်။

 

သို့သော် ဤနောက်တွင် နှစ်ဖက်စလုံးက ရန်ငြိုးဖွဲ့နေကြမည်ပင်။ ဂိုဏ်းငယ်လေးတစ်ခုကို ရှင်းပစ်ရန်မှာ ယဲ့မိသားစုအတွက် ကိတ်မုန့်တစ်ပိုင်းကဲ့သို့ပင်။

 

"ကောင်းပြီ။ ခင်ဗျားသိပါတယ်၊ ကျွန်တော်က စည်းကမ်းမရှိတဲ့သူ မဟုတ်ဘူးလို့ မထင်ပါဘူး။ ဒါ့ကြောင့် ကျေးဇူးပြုပြီး ကျွန်တော့်ညီကို အရင်လွှတ်ပေးပါ။ ပြီးမှ ကျွန်တော် ခင်ဗျားရဲ့မြေးကို လွှတ်ပေးမယ်။ ဒါက ယဲ့မိသားစုပဲလေ။ ကျွန်တော် တစ်ခုခုလုပ်ရင်တောင် ခင်ဗျားတို့ ကျွန်တော့်ကို တစ်စက္ကန့်အတွင်း သတ်နိုင်မယ်လို့ ယုံကြည်တယ်။ ဟုတ်တယ် မလား?" လင်းဖန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

 

သို့သော် ယဲ့ဟွာရှောင်က သူ့မြေးက သူ့လက်ထဲတွင် ရှိနေသောကြောင့် မည်သည့်အရာမျှ လုပ်နိုင်ခြင်း မရှိပေ။

 

"ယဲ့ချန်၊ သူတို့ကို လွှတ်ပေးလိုက်။"

 

"ဟုတ်ကဲ့ပါ..."

 

 

လင်းဖန်က သူ့လူများ ရိုက်နှက်ခံထားရပြီး အသက်အန္တရာယ် မရှိသော ဒဏ်ရာများသာ ရရှိထားကြောင်း အတည်ပြုပြီးနောက် Monkey ကို ကလေးကို လွှတ်ပေးရန် အပြင်ဘက်သို့ အကြောင်းကြားလိုက်သည်။

 

"ကောင်လေး၊ မင်းကို နောက်ဆုံးအကြံဉာဏ်လေး တစ်ခု ပေးချင်တယ်။ ဒီနေ့ မင်းလုပ်ခဲ့တာတွေကို မှတ်ထား၊ နောက်ဆို သတိသာ‌ထားနေတော့" ယဲ့ဟွာရှောင်က လင်းဖန်နှင့် ကျန်လူများကို ကြည့်ရင်း အေးစက်စွာ ပြောလိုက်သည်။

 

သို့သော် လင်ဖန်ကမူ လျစ်လျူရှုဟန်ပင်။

 

"ဟဲဟဲ၊ အကြံပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ" လင်းဖန်က ညင်သာစွာ ပြုံးလိုက်သည်။

 

သူက ချူရှောင်ကိုတောင် ဆွပေးရဲသေးတာ၊ ယဲ့မိသားစုကို ကြောက်စရာလား?

 

 

ကားထဲတွင် 'ကယ်ဆယ်' ခံထားရသော ဝူဇီက လင်းဖန်ကို နောင်တရသော မျက်နှာဖြင့် ကြည့်လိုက်သည်။

 

"သူဌေး၊ တောင်းပန်ပါတယ်ဗျာ။ ကျွန်တော် သူတို့ကို ကောင်းကောင်းမထိန်းချုပ်နိုင်ခဲ့ဘူး…"

 

"အင်း" လင်ဖန်က ခေါင်းညိတ်လိုက်သည်။ "ဒီကိစ္စအတွက် တောင်းပန်စရာ မလိုပါဘူး။ ဒါပေမဲ့ ဒီသင်ခန်းစာကိုတော့ မင်း မှတ်ထားရမယ်"

 

လင်းဖန်၏ စကားကို ကြားပြီးနောက် လေ့ဝူသည် သက်သာရာရသွားသည်။

"ဟုတ်ကဲ့၊ ဒီလိုမျိုး ထပ်မဖြစ်စေရဘူးလို့ ကျွန်တော် ကတိပေးပါတယ်" လေ့ဝူက လင်းဖန်ကို အလေးအနက် ကတိပေးလိုက်သည်။

 

"အင်း၊ မင်း မှတ်ထားရင် ပြီးတာပဲ"

 

 

"ဟုတ်ကဲ့၊ သူဌေး... ခဏနေတော့ လင်းဖန် ဘာမှ မပြောတော့တာကို မြင်တော့ လေ့ဝူက သိချင်စိတ်နဲ့ ပြောလိုက်တယ်။

"ယဲ့ဟွာရှောင်ရဲ့ မြေးကို ဒီလောက် ချောချောမွေ့မွေ့ ပြန်ပေးဆွဲနိုင်တယ်ဆိုတာ ဘယ်လိုသိတာလဲ။ သူက ယဲ့မိသားစုရဲ့ တစ်ဦးတည်းသော မြေးလေ! သူ့ကို ပြန်ပေးဆွဲတာ လွယ်မှာ မဟုတ်ဘူးနော်!"

 

"ယဲ့မိသားစုရဲ့ သခင်လေးလား?" လင်းဖန်က ရုတ်တရက် ပြုံးလိုက်သည်။ "မင်းသားလေးက မိတ်ဆွေကောင်း ရွေးချယ်တတ်တဲ့အတွက် ကျေးဇူးတင်သင့်တယ်နော်"

 

"ဟမ်? အဲ့ဒါ ဘာအဓိပ္ပာယ်လဲ? ဒါက သူ့သားနဲ့ ဘာဆိုင်လို့လဲ?

 

လေ့ဝူသည် ရှုပ်ထွေးသွားသည်။

 

"ယဲ့မိသားစုရဲ့ သခင်လေး ယဲ့ထျန်က သူငယ်တန်းက လေလေရဲ့ သူငယ်ချင်းကောင်းလေ ထျန်ထျန်က တစ်နေ့က ငါတို့အိမ်မှာ ကစားဖို့ လာခဲ့သေးတယ်"

 

"F***! ထျန်ထျန်လား! အဲ့ဒါဆို ထျန်ထျန်က ယဲ့မိသားစုရဲ့ သခင်လေးပေါ့! Holy Crap…"

 

တိုက်ဆိုင်လွန်းနေပြီ မဟုတ်လား…

 

သူ သက်ပြင်းချလိုက်သည်နှင့် လေ့ဝူသည် သူ့သူဌေးအကြောင်းကိုပါ စောဒကတက်လာသည်။

 

ထို့အပြင် သူ့သားနှင့် ထိုသူငယ်ချင်းကောင်းသည် အနာဂတ်တွင် ဆက်လက်ပေါင်းသင်းကြဦးမည်ပင်။

 

လေ့ဝူက ညည်းညူနေစဉ် ယဲ့ထျန်က သူ့အိပ်ငိုက်နေသော မျက်လုံးများကို ပွတ်သပ်ပြီး ယဲ့ဟွာရှောင်ထံသို့ ပြေးလာသည်။

 

"အိုး၊ အဖိုးရဲ့ ရတနာလေး၊ အဆင်ပြေလား။" ယဲ့ဟွာရှောင်က ထိတ်လန့်တုန်လှုပ်စွာ ကုန်းထိုင်ပြီး ယဲ့ထျန် ဒဏ်ရာရခြင်း ရှိမရှိ စစ်ဆေးခဲ့သည်။

 

"မဟုတ်ဘူး၊ သား အဆင်ပြေပါတယ်။ ဟင်၊ အဘိုး၊ ဒရိုက်ဘာနဲ့ အစ်ကိုဖန်က ထွက်သွားပြီလား? သား လေ့လေ့ကို ပေးဖို့ ပုံလေးကို မပြရသေးဘူး"

 

"မင်း ဘာပြောလိုက်တာလဲ? ဘယ်အစ်ကိုလဲ?"

 

"ခုနကတစ်ယောက်၊ အစ်ကိုခန့်ချော ဖန်လေ သား အရင်က ပြောဖူးတယ်။ သား သူငယ်ချင်း လေ့မင်ရဲ့ အစ်ကိုကြီးလို့ လေ့လေ့ရဲ့ အိမ်ကိုတောင် သူ့နဲ့ အတူ သွားလည်ဖူးတယ်။ အစ်ကိုဖန် သားတို့အိမ်ကို လာမယ်လို့ မမျှော်လင့်ခဲ့ဘူး။ အဘိုး၊ သား ပြောပြမယ်၊ အစ်ကိုဖန်က လူကောင်းတစ်ယောက်ပါ..."

 

လင်းဖန်သည် လေ့လေ့၏ ဤသူငယ်ချင်းကောင်းအပေါ် အမှန်တကယ်ပင် ကောင်းခဲ့သည်။

 

သို့သော် သူပြောသည်ကို နားထောင်ပြီးနောက် ယဲ့ဟွာရှောင်သည် နေလို့မကောင်းတော့….

 

"ဒီကောင်စုတ်လေး! သူ ငါ့ကို လှည့်စားသွားတာ!”