Ch 68
Viewers 11k

68 : သူ့အပေါ် ခံစားချက်များ ရှိခြင်း

 

ဖန်မင်ဆိုတာ ဘယ်သူလဲ?

 

လင်းဖန်ကတော့ သိတာပေါ့။

 

သူ့ကို ဘဝသစ်ပေးခဲ့တဲ့သူ မဟုတ်လား? ထက်မြက်ပေမဲ့ တစ်ခါတစ်ခါကျတော့ မိုက်ရူးရဲဆန်တဲ့ လင်ဖန်ပဲ!

 

ဒါပေမဲ့ လင်းဖန် အခုသိချင်နေတာက ချူရှောင်ရဲ့အမြင်မှာ 'ဖန်မင်' ဆိုတာ ဘယ်လိုလူမျိုးလဲဆိုတာပဲ။

 

ချူရှောင်က သူ့အား အင်တာနက်ပေါ်၌လည်းကောင်း၊ စီးပွားရေးလောက၌လည်းကောင်း နှိပ်ကွပ်ခဲ့သည်ကို လင်းဖန် နားလည်ခဲ့၏။ သူပြုခဲ့သော အရာများကို ပြန်လည်ရယူရန် အတွက်ပင် ဖြစ်သည်။

 

သို့သော် ချူရှောင်က သူ့အား မည်သည့်အခါမှ မနှိပ်ကွပ်တော့သည်ကို သူ မသိခဲ့ချေ။ ငွေကြေးရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ သူတို့နှစ်ဦးကြားမှ ကစားပွဲသည် ပူးပေါင်းဆောင်ရွက်မှုဟု အဓိပ္ပာယ်သက်ရောက်သော်လည်း ရှင်းပြရန် မလွယ်ကူပေ။

 

ထိုနေ့က ချူရှောင်းအား စောင့်ကြည့်နေစဉ် ချူရှောင်၏ စားပွဲပေါ်မှ သူတွေ့ခဲ့ရသည့် ပစ္စည်းများ... ဖန်မင်နဲ့ပတ်သက်တဲ့ အဲဒီအချက်အလက်တွေက ဘာကိုဆိုလိုနေတာလဲ?

 

အတိုချုပ်အားဖြင့်၊ ဤအချိန်တွင် သူသည် ကြာရှည်စွာ လျစ်လျူရှုထားခဲ့သော ဤမေးခွန်း၏ အဖြေကို သိရှိရန် အလွန်ပင် စိတ်အားထက်သန်နေခဲ့၏။

 

အမှန်စင်စစ်၊ အဖြေတစ်ခုသည် ဝိုးတဝါး ရှိနေခဲ့သော်လည်း သူ၏ အခြေအမြစ်မရှိသော မှန်းဆချက်များနှင့် နှိုင်းယှဉ်လျှင် လင်းဖန်သည် ချူရှောင်၏ အဖြေကို ပိုမို ကြားလိုခဲ့သည်။

 

တစ်ဖက်တွင်မူ ချူရှောင်သည် လင်းဖန်၏ ထိုစကားနှစ်ခွန်းကို ကြားသောအခါ အံ့ဩမှင်သက်သွားခဲ့သည်။

 

"ဖန်မင်လား?" ချူရှောင်၏ အသံသည် ခေတ္တရပ်တန့်သွားပြီး နောက်တစ်စက္ကန့်တွင် သူ့မျက်နှာပေါ်၌ မသက်မသာဖြစ်သော အမူအရာတစ်ခု ပေါ်လာခဲ့သည်။

 

ထင်ရှားသည်မှာ သူသည် တစ်ခုခုကို မှတ်မိသွားပြီပင်။

 

ထိုဆေး၏ အာနိသင် စတင်သက်ရောက်သည်နှင့် သူသည် ထိုသူ၏ နာမည်ကို မဆင်မခြင် ခေါ်လိုက်မိသည်။

 

ထိုအခြေအနေတွင် လင်းဖန် အံ့ဩသည်မှာ မဆန်းပင်။ သူက အခြားတစ်ဦး၏ အမည်ကို ခေါ်ခဲ့သည်လေ။ သူ မသိခဲ့ဟု ဆိုလျှင်ပင် အခြားသူများ၏ အမြင်တွင် မည်သူမျှ ယုံကြည်မည်မဟုတ်ပေ။

 

ဤအချက်ကို စဉ်းစားမိသော် ချူရှောင် မျက်မှောင်ကြုတ်မိသည်။

 

ချူရှောင်၏ ထူးဆန်းသော အမူအရာကို ကြည့်ကာ စကားတစ်ခွန်းမျှ မပြောဘဲ လင်းဖန်က မလျှော့တမ်း မေးလိုက်၏။ "ဖန်မင်ဆိုတာ ဘယ်သူလဲ?"

 

သီအိုရီအရဆို၊ ဒီအချိန်မှာ ချူရှောင်က လင်းဖန်ကို ပြန်မဖြေသင့်။ "ဒါက လူကြီးတွေ ကိစ္စ၊ လျှောက်လိုက်မေးမနေနဲ့ စောက်ကလေး" ဟု ပြောရမှာ။

 

သို့သော် လင်းဖန်ကို အမွေစားအမွေခံအဖြစ် ပြုစုပျိုးထောင်ရန် စိတ်ကူးရှိသောကြောင့် ဖြစ်နိုင်ခြေရှိသည်မှာ ချူရှောင်သည် လင်းဖန်ကို သူ၏လူအဖြစ် ယုတ္တိတန်စွာ သဘောထားခဲ့ခြင်းပင်။ သို့မဟုတ် လင်းဖန်၏ မျက်လုံးများက ထိုအချိန်တွင် အလွန်ပင် ဇွဲရှိနေ၍ ဖြစ်ကောင်းဖြစ်လိမ့်မည်။ အတိုချုပ်အားဖြင့် ချူရှောင်က လင်းဖန်၏ မေးခွန်းကို ဖုံးကွယ်မထားဘဲ အပြုသဘောဆောင်သည့် အဖြေကို ပေးခဲ့သည်။

 

ချူရှောင်က ဘုရားစော်ကားတယ်၊ လူအချင်းချင်း မလေးမစားလုပ်တယ်ဟု ခေါ်ဆိုနိုင်သော အရာများကို ဘားတွင် လုပ်ခဲ့သည်မှလွဲ၍ သူသည် အရာအားလုံးကို လင်းဖန်အား ပြောပြခဲ့သည်။

 

၎င်းတွင် သူတို့နှစ်ဦး အင်တာနက်ပေါ်တွင် ကစားခဲ့သော ဂိမ်းများလည်း ပါဝင်သည်။

 

"ဒါပေမဲ့...ပထမဆုံးအကြိမ်အနေနဲ့တော့ ဒါက တကယ်ထိတွေ့မှုလို့ ပြောလို့ရတယ်။ အဲဒီတုန်းကတည်းက သူ့ကို မတွေ့တော့ဘူး" ချူရှောင်က မကျေမနပ်ဖြစ်ကာ ပြောလိုက်သည်။

 

ကြာရှည်စွာ ရှာဖွေပြီးနောက် သူသည် အခြားတစ်ဖက်လူ၏ အမှန်တကယ်သော ပုံပန်းသဏ္ဌာန်ကို မဆုံးဖြတ်နိုင်သေးပေ။ သူသည် မည်သို့ မြင်နေရသည်ကိုပင် မသိခဲ့ချေ၊ Damn it…

 

ဖန်မင်…

 

အကြိမ်ပေါင်းများစွာသော ဂိမ်းများ၊ သူ့အပေါ် ထင်ရှားသော ရည်ရွယ်ချက်များအပြင် သူ့လက်အောက်ရှိ အင်အားစုများသည် သူ့ထက် မနိမ့်ပါက သူ မည်သူဖြစ်သည်ကို သူ သိနှင့်ပြီးသား မဟုတ်ပါလား?

 

သို့သော် သူသည် ပုန်းရှောင်နေခဲ့သည်။

 

ဘာလို့လဲ? သူ ဘယ်သူလဲဆိုတာ သိပြီးသွားရင် သူ့ကို ပြန်ကလဲ့စားချေမှာ ကြောက်လို့လား?

ထိုအတွေးကြောင့် ချူရှောင်၏ မျက်နှာပေါ်မှ မကျေနပ်မှု ပိုမိုနက်ရှိုင်းလာသည်။

 

"အဟွတ်.. ဒါဆို...?" လင်းဖန်က မေးလိုက်၏။ ချူရှောင်၏ မျက်နှာပေါ်မှ အမူအရာကို ကြည့်ကာ ပိုမို သိလိုနေခဲ့သည်။

 

"ဒါဆို…?အဲဒီလူက ငါ့ကို ဒေါသဖြစ်အောင်လုပ်ပေမဲ့ တန်ဖိုးထားချင်စိတ် ပိုဖြစ်အောင်လုပ်ခဲ့တဲ့သူပဲ…" ချူရှောင်က နက်ရှိုင်းသောအသံဖြင့် ပြောလိုက်သည်။ သူ ဤစကားကို ပြောသောအခါ သူ့လေသံသည် ရင်းနှီးမှု မရှိခဲ့သော်လည်း သူ့အမူအရာက အလွန်ပင် ပြင်းထန်သည်။

 

"ဘာလို့လဲ?" လင်းဖန်က ရင်ဘတ်ထဲမှ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ အေးဆေးတည်ငြိမ်သော အသံကို ထိန်းသိမ်းရန် ကြိုးစားခဲ့သည်။

 

"တကယ်တော့ ဘာမှ မဟုတ်ပါဘူး။ မင်း သူ့နဲ့ နည်းနည်း ဆက်သွယ်ဖူးတယ်ဆိုရင် သူက ငွေကြေးနဲ့ ရင်းနှီးမြှုပ်နှံမှုမှာ ပါရမီရှင်တစ်ဦးဆိုတာ သိနိုင်ပါလိမ့်မယ်...။ သူက ထက်မြက်တယ်၊ ဉာဏ်ကောင်းတယ်၊ ကျိုးကြောင်းဆီလျော်တယ်... သူ့လိုလူကို တန်ဖိုးထားသင့်တာပေါ့..." ချူရှောင်က နောက်ဆုံးစကားကို အလွန်ကြည့်ကောင်းသော အပြုံးဖြင့် ပြောလိုက်သည်။

 

ဤသည်မှာ ချူရှောင်က ဖန်မင်အား ပထမဆုံးအကြိမ် အပြုသဘောဆောင်သော အကဲဖြတ်မှုတစ်ခု ပေးခဲ့ခြင်းပင်။ သူသည် ထိုအချက်ကို လင်းဖန်အားလည်းကောင်း၊ သူ့ကိုယ်သူလည်းကောင်း ပြောခဲ့၏။

 

ဖန်မင်အပေါ်မှာ သူ မကျေနပ်တာ၊ ဒါမှမဟုတ် တိတိကျကျ ပစ်မှတ်ထားတာမျိုး မရှိတော့ဘူး…

 

ယခင်က ချန်ဖန်နှင့် အခြားသူများ မြင်ဖူးခဲ့သော်လည်း တိုက်ရိုက်ပြောပြရန် မရဲခဲ့ကြချေ။ လင်းဖန်ကြောင့်သာ ချူရှောင်သည် ထိုသူအပေါ် ခံစားချက်များကို ပထမဆုံးအကြိမ် ရင်ဆိုင်ခဲ့ရသည်။

 

သူ "ဒေါသထက် တန်ဖိုးထားချင်စိတ် ပိုများတယ်" လို့ ပြောခဲ့သလိုမျိုးပဲ။ ဒါပေမယ့် အဲဒီလို အလေးထားတာမျိုးက သာမန်လူတစ်ယောက်အတွက် မဟုတ်ခဲ့ပါဘူး။

 

အကယ်၍ ဘားရှိ ထိုဖြစ်ရပ်သာ မရှိခဲ့လျှင် သူသည် ဖန်မင်ကို လေးစားရသော ပြိုင်ဘက် သို့မဟုတ် မိတ်ဖက်အဖြစ်ပင် သဘောထားနေဦးမည် ဖြစ်သည်။ သို့သော် ထိုဖြစ်ရပ်ကြောင့် သူ့၏ ဖန်မင်အပေါ် ခံစားချက်များသည် ပိုမို စိတ်ခံစားမှုပြင်းထန်လာခဲ့၏။

 

မည်သူတစ်ဦးတစ်ယောက်မျှ ထိုသို့သော အရာမျိုးကို မလုပ်ဖူးသကဲ့သို့ မတော်တဆပင် ထိုကဲ့သို့သော အရာမျိုးသည် ဖန်မင်နှင့် သူ့ကြားတွင် ဖြစ်ပွားခဲ့သည်။

 

ပထမဆုံးတွင် သူသည် သူ့အား အရေခွံချွတ်ပစ်ချင်ခဲ့သော်လည်း ထိုလူရိုင်းကံကောင်း၍ သူ့အပေါ် ခံစားချက်များပင် ရှိလာခဲ့၏။

 

ပထမတွင် ချူရှောင်သည် ဤခံစားချက်ကို တမင်တကာ ရှောင်ရှားခဲ့သည်။ ဖန်မင်ကို ရှာတွေ့ရန် အလွန်ပင် ကြိုးစားနေခဲ့သော်လည်း ဖန်မင်ကို အရေခွံချွတ်ရန် သို့မဟုတ် ပစ်သတ်ရန် မလိုတော့သည့် အကြောင်းရင်းကို သူ နားမလည်ခဲ့ပေ။

 

ယခု သူ သူ့ရှေ့တွင် ပေါ်လာပါက…

 

ပစ်သတ်မလား? ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?

 

ထိုအတွေးကြောင့် ချူရှောင်၏ ပါးစပ်ထောင့်စွန်းများ ကွေးညွှတ်သွားပြီး သူ့မျက်လုံးများက အနည်းငယ် မူးဝေနေခဲ့သည်။

 

ချူရှောင်၏ အမူအရာကို ကြည့်ကာ ချူရှောင်၏ ခေါင်းထဲတွင် ထပ်ခါတလဲလဲ ပြောနေသည်များကို လင်းဖန် မသိနိုင်သေးပါက သူသည် ဉာဏ်ရည်ဉာဏ်သွေး နိမ့်ကျနေသည် မဟုတ်ပေ။

 

ဤရှာဖွေတွေ့ရှိမှုက လင်းဖန်ကို စိတ်လှုပ်ရှားစေခဲ့သည်။

 

သို့သော် စိတ်လှုပ်ရှားမှုအပြင် သူသည် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်မိသည်။

ချူရှောင်သည် ဖန်မင်ကို အားကျခဲ့၏။ အင်တာနက်ပေါ်တွင် လှိုင်းထန်ခဲ့ပြီး သူ၏ စီမံခန့်ခွဲမှုအောက်ရှိ ရင်းနှီးမြှုပ်နှံမှုလောကတွင် ငွေသားပုံနှိပ်စက်ကဲ့သို့ ဖြစ်နေခဲ့သည်။

 

ဒါပေမဲ့ တကယ့်လင်းဖန်ကရော ဘယ်လိုလဲ?

 

သူသည် ပိုက်ဆံမရှိဘဲ နိမ့်ကျသော နတ်ဆိုးတစ်ကောင်သာ ဖြစ်ပြီး မကျေမနပ်ဖြစ်ကာ ပြန်လည်မွေးဖွားလာကာ လက်စားချေရန်သာ ဆန္ဒရှိခဲ့သည်။

 

သူကိုယ်တိုင်ပင် တစ်ခါတစ်ရံ တကယ့် လင်းဖန်ကို မလေးမစားလုပ်မိသည်…

 

ဒါပေမဲ့ သူပဲ မဟုတ်လား?

 

ဒါ့အပြင်၊ ဒီကိစ္စတွေအားလုံးက သူ့ရဲ့ ယုတ်မာတဲ့နည်းလမ်းတွေပဲဆိုတာ ချူရှောင်သာ သိသွားရင် တခြားတစ်ဖက်က ဘယ်လိုတုံ့ပြန်မလဲ?

 

ထိုအတွေးကြောင့် လင်းဖန်၏ နှလုံးသားထဲမှ မရှင်းပြနိုင်သော စိတ်လှုပ်ရှားမှုသည် ရေစည်တစ်စည်ကို လောင်းချလိုက်သကဲ့သို့ ငြိမ်းသတ်သွားခဲ့၏။

 

ကျန်ရှိခဲ့သည်မှာ ရှုပ်ထွေးသော ခံစားချက်သာ ဖြစ်သည်။

 

 

ခဏလေး! သူ ဘာလို့ ဒီလိုခံစားချက်တွေ ရှိနေတာလဲ?

 

သူ့မှာ ချူရှောင်နဲ့ ရန်ငြိုးရှိတယ်။ ဒါက သူ့ရဲ့အရင်ဘဝကတည်းက ကံကြမ္မာလို့ ပြောရမှာပဲ။

ချူရှောင်က ဖန်မင်ကို ဘယ်လိုဆက်ဆံဆက်ဆံ၊ ဒါက သူ့အလုပ်မဟုတ်ဘူး၊ သူ့နဲ့ဘာဆိုင်လို့လဲ?

မူလက ဖန်မင်ဆိုတာ သူ့ရဲ့အတုအယောင် ကိုယ်ပွားသက်သက်ပဲ။ တစ်ခါမှ မတည်ရှိခဲ့ဖူးတဲ့လူတစ်ယောက်။ ဒါကြောင့် လင်းဖန်ရဲ့ ချူရှောင်အပေါ် လက်စားချေမှုက ဒါကြောင့် တုန်လှုပ်စရာ မလိုပါဘူး။

 

လင်းဖန်သည် သူ့ကိုယ်သူ သူ့စိတ်ထဲတွင် ဆက်၍ စည်းရုံးနေခဲ့သည်။

 

သို့သော် ၎င်းသည် ကောင်းစွာ အလုပ်လုပ်ပုံမရပေ။

 

တစ်ဖက်တွင် သူသည် ရှုပ်ထွေးမှုနှင့် စိတ်တိုမှုများထဲ၌ ပိတ်မိနေခဲ့သည်။

 

"နောက်တောင်ကျနေပြီ ခင်ဗျားအိပ်သင့်ပြီ" လင်းဖန်က ချူရှောင်အား ပြောလိုက်ပြီး ထရပ်လိုက်သည်။

 

ချူရှောင်က "အင်း" ဟု ပြောကာ မျက်မှောင်ကြုတ်ပြီး လင်းဖန်ကို ကြည့်ကာ "ဟေ့၊ မင်း မနက်ဖြန် ကျောင်းမသွားဘူးလား? အာနိသင်က တစ်လလောက် ကြာလိမ့်မယ်။ မင်း ဒီမှာ အချိန်ပြည့် နေစရာ မလိုဘူး"

 

"အင်း" လင်းဖန်က သဘောတူသော်လည်း အိပ်ရန် မသွားခဲ့ပေ။

 

ချူရှောင် အိပ်ပျော်သွားကြောင်း သေချာစေပြီးနောက် လင်းဖန်သည် သူ၏ ဖုန်းကို ဖွင့်ကြည့်လိုက်ရာ လွဲချော်နေသော ဖုန်းခေါ်ဆိုမှု ၁၀ ကြိမ်ကို တွေ့လိုက်ရ၏။

 

"ဟဲလို ဘာဖြစ်လို့လဲ?"

 

“ဘော့စ် တစ်ခုခုမှားနေပြီ” တစ်ဖက်မှ အသံသည် လုဘင်း ဖြစ်သည်။

 

"ပြော" လင်းဖန်က မျက်မှောင်ကြုတ်ကာ ရန်လိုသော လေသံဖြင့် ပြောလိုက်သည်။

 

သူသည် သူ၏ လက်အောက်ငယ်သား အနည်းငယ်အကြောင်း သိခဲ့၏။ လုချီသည် ထိုသို့သော မဆင်မခြင်လူစားမျိုး မဟုတ်ပေ။ ၎င်းသည် သာမန်ကိစ္စ မဟုတ်ကြောင်း အသေအချာပင်။

 

"အစ်ကိုယွီနဲ့ ကျွန်တော်တို့ ညီအစ်ကိုအုပ်စုကို ယဲ့မိသားစုက ဖမ်းခေါ်သွားတယ်ဗျာ"

 

"ယဲ့မိသားစုလား?" ဤစကားကို ကြားသောအခါ လင်ဖန်၏ မျက်လုံးများ မှောင်မိုက်သွားခဲ့သည်။ ယဲ့မိသားစုသည် ကြီးမားသော အင်အားစုပင်။

 

"ဟုတ်ကဲ့... သူတို့ပါပဲ..." လုဘင်းက အပြစ်ရှိသကဲ့သို့သော လေသံဖြင့် ပြောလိုက်သည်။ "ဒါက တကယ်တော့ ကျွန်တော်တို့..."

 

"တော်လိုက်တော့!" လင်းဖန်က လုချီကို တင်းမာသောအသံဖြင့် ဖြတ်ပြောလိုက်သည်။

အဘယ်ကြောင့် ဖြစ်သည်ဖြစ်စေ၊ သူ စိတ်တိုသောအခါ သူ့အား နှိပ်စက်ရန် လုံလောက်ပြီပင်။

 

"မင်း အဲ့မှာ စောင့်နေ ငါ အခု လာခဲ့မယ်" ဟု ပြောပြီးနောက် လင်းဖန်သည် ဖုန်းချကာ ကုတ်အင်္ကျီတစ်ထည်ကို ဆွဲယူ၍ ထွက်သွားခဲ့၏။

 

သို့သော် မထွက်ခွာမီ လင်းဖန်သည် အိပ်ရာထဲတွင် လဲလျောင်းနေသော ချူရှောင်ကို တစ်ဖန် ပြန်ကြည့်လိုက်သေးသည်။

 

အခြားတစ်ဖက်လူသည် ခဏအတွင်း နိုးလာမည် မဟုတ်ပေ။

 

ချူရှောင် နိုးလာပြီး သူ့အား မတွေ့သောအခါ ကျောင်းသွားသည်ဟု ထင်လိမ့်မည်ပင်။

 

မဟုတ်ဘူး၊ ချူရှောင်ဂရုစိုက်ခဲ့တာက 'ဖန်မင်' ပဲ။ သူ့အနေနဲ့ ခဏတဖြုတ် ဒီအိမ်မှာ မနေဘူးဆိုရင် သူ့ကို လုံးဝ ဂရုတောင် စိုက်မှာမဟုတ်ဘူး…

 

 

တစ်နာရီအကြာ၊ ချင်းဂိုဏ်းတွင်။

 

"ပြောစမ်းပါဦး၊ ဘာတွေဖြစ်ခဲ့တာလဲ?" ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်နေသော လင်းဖန်က ကြောက်မက်ဖွယ်ကောင်းသော လူသတ်လိုသည့် ရည်ရွယ်ချက်ဖြင့် အသံနိမ့်နိမ့်ဖြင့် မေးလိုက်သည်။

 

ယဲ့မိသားစုသည် အခြေခံအားဖြင့် ချူရှောင်ပြီးလျှင် ဒုတိယပင်။

ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း တိတ်ဆိတ်နေခဲ့သော်လည်း သူတို့သည် အိပ်ပျော်နေသော ကျားတစ်ကောင်ပင်။

 

သူသည် ဤအချက်ကို အမြဲသိခဲ့သည်။ ထို့ကြောင့် သူ၏ အင်အားများကို တည်ဆောက်နေစဉ် ဝူဇီနှင့် အခြားသူများ ၎င်းတို့၏ လက်ဝါးကြီးအုပ်ထားသော နေရာများကို ရှောင်ရှားရန် ဖိအားပေးခဲ့သည်။

 

အကယ်၍ လေ့ဝူသည် သူ၏ ယခင်အစီအစဉ်ကို လိုက်နာခဲ့ပါက ယဲ့မိသားစုကို စိတ်ဆိုးစေမည် မဟုတ်ပေ။

 

"အင်း...ဒါက ကျွန်တော်တို့ရဲ့အမှားပါ ဘော့စ်။ ခင်ဗျားအစီအစဉ်အတိုင်း ကျန်းဟွာကို ခေါ်လာခဲ့ပေမဲ့၊ နောက်တော့ တခြားဂိုဏ်းအနည်းငယ်က လာပြီး ပြဿနာရှာတယ်။ ကျွန်တော်တို့ ခေါ်သွားနိုင်ခဲ့တာ မဟုတ်ဘူး၊ တိုက်ခိုက်လို့လည်း မရခဲ့ဘူး... ဒါပေမဲ့ အဲဒါက ယဲ့မိသားစုနယ်မြေဆိုတာ မသိခဲ့ဘူးဗျ။ အဲဒီဂိုဏ်းတွေက ယဲ့မိသားစုရဲ့ ဌာနခွဲတွေပဲ…"

 

"ဘော့စ်၊ သူတို့ဆီမှာ ကျွန်တော်တို့ ညီအစ်ကိုတွေ နည်းနည်းပါးပါး ကျန်သေးတယ်၊ ဘာလုပ်ရမလဲ?"

 

တိုက်ရမလား? ဘယ်ဖြစ်မလဲ၊ သူတို့က သူတို့ရဲ့ ပြိုင်ဖက်မဟုတ်ဘူး။

 

လင်းဖန်၏ ပါးစပ်များ တုန်ရီသွားပြီး လုဘင်း လက်ညှိုးထိုးပြသော နေရာများကို ကြည့်လိုက်သည်။

 

အခြားသူများ မသိနိုင်သော်လည်း သူ သိခဲ့၏။

 

ဝူဇီနှင့် အခြားသူများကို ဖမ်းသွားရခြင်းမှာ ၎င်းတို့သည် သူတို့၏ ဘဏ်ခွဲမှ လူအချို့နှင့် ရန်ဖြစ်ခဲ့၍ မဟုတ်ဘဲ ၎င်းတို့က ရန်ဖြစ်ခဲ့သည့် နေရာသည် ယဲ့မိသားစု အကြီးအကဲ၏ ကွယ်လွန်သူဇနီး၏ နေအိမ်ဟောင်း ဖြစ်သောကြောင့်ပင်။ မျက်နှာပြင်ပေါ်တွင် ယဲ့မိသားစုသည် ဆွမ်မင်ခရိုင်တွင် နေထိုင်သော်လည်း သခင်ယဲ့သည် ထိုနေရာတွင် အချိန်အများစုကို ကုန်ဆုံးခဲ့သည်။

 

မင်းက ဓားကို ကိုင်ပြီး တစ်ဖက်လူရဲ့ နှလုံးသားကို ထိုးဖောက်လိုက်တာ။ သူသာ မင်းကို လွှတ်ပေးနိုင်ခဲ့ရင် သူက ယဲ့မိသားစုရဲ့ သခင်ဖြစ်မှာ မဟုတ်ဘူး!

 

"ရတယ်၊ ငါပြောတဲ့အတိုင်းလုပ်၊ အရင်ဆုံး ယဲ့မိသားစုကို ဆက်သွယ်... ငါဆိုလိုတာက၊ ယဲ့မိသားစု အကြီးအကဲကို တိုက်ရိုက်ဆက်သွယ်" လင်းဖန်က ခေတ္တရပ်နားပြီး ပြောလိုက်သည်။

 

"ကဲ ‌Cat၊ မင်း ညီအစ်ကိုနည်းနည်းလောက်ကို ခေါ်လာခဲ့။ monkey၊ မင်းက ငါပြောတဲ့ လိပ်စာအတိုင်း လူတစ်ယောက်ကို သွားခေါ်လာခဲ့…”