Ch 66
Viewers 11k

66 : သူတို့၏ ကိုယ်ပိုင် အတွေးများ

 

ထိုနေ့ညနေစာ စားချိန်က ချူရှောင်၏ အကြွေးစာရင်းစာချုပ် ကြောင့်ဖြစ်စေ၊ လင်းဖန် တစ်နေကုန် သူ့နှင့်အတူ အဝတ်အစားများ ဝယ်ရန် အပြင်ထွက်ခွင့်ရ၍ဖြစ်စေ ပြောင်းလဲသွားခြင်း မရှိခဲ့ပေ။

 

လင်းဖန်က ချူရှောင်အတွက် အောက်ထပ်ဆိုင်မှ အပြင်စာများ ထပ်မှာပေးခဲ့ပြီးနောက် သူ့အတွက် ခေါက်ဆွဲတစ်ပန်းကန် ပြုတ်စားလေသည်။

 

"မင်း နေ့တိုင်း ဒီဟာပဲ စားရတာ မငြီးငွေ့ဘူးလား?" ဟု လင်းဖန်ရှေ့က ခေါက်ဆွဲပန်းကန်ကို ကြည့်ရင်း ချူရှောင် မေးလိုက်၏။

 

လင်းဖန် ထိုစကားကို ကြားသည်နှင့် သူ စကားပြန်ပြောရန်ပင် အချိန်မရလိုက်မီ ချူရှောင်သည် အစားအသောက်ဘူးထဲမှ ကြက်ပေါင်တစ်ချောင်းကို ချက်ချင်း ကောက်ယူ၍ သူ့ခေါက်ဆွဲပန်းကန်ထဲ ပစ်ထည့်လိုက်သည်။

 

ဟုတ်တယ်၊ ပစ်ထည့်လိုက်တာ။

 

လုပ်ငန်းစဉ်တစ်ခုလုံးက မြန်ဆန်ပြီး တိကျလှ၏။

 

ပြောရလျှင်၊ သူတစ်ပါးကို အစားအစာ ရွေးချယ်ပေးခြင်းမျိုးက ချူရှောင် ပထမဆုံးအကြိမ် လုပ်ဖူးခြင်းပင်။

 

သို့သော်လည်း၊ ထိုကောင်လေးက သနားစရာကောင်းလွန်း၍ သူ၏ အစာကလည်း အလွန်ဆိုးရွားနေခြင်းကြောင့်ပင် ဖြစ်တန်ရာ၏။ ထို့ကြောင့် ချူရှောင် ထိုအရာကို သာမန်အတိုင်းပင် ခံစားနေခဲ့သည်။

 

တစ်ဖက်တွင်မူ…

 

လင်းဖန်က ယခုအချိန်၌ အလွန်ပင် ပုံမှန်မဟုတ်ဘဲ ရှိနေသည်။

 

ပန်းကန်ထဲရှိ ကြက်ပေါင်ကို ကြည့်ရင်း လင်းဖန်၏ လှုပ်ရှားမှုများက ရုတ်တရက် ရပ်တန့်သွား၏။ မူလက တိတ်ဆိတ်နေသော မျက်နှာတွင် "အံ့သြမှု" ဟုခေါ်သော ရှားပါးသည့် အမူအရာတစ်မျိုး ပေါ်လာခဲ့သည်။

 

ထိုစဉ်က သူ့၏ အံ့အားသင့်မှုက ချူရှောင် ထောင်ထဲတွင် လျူလီနှင့် လက်ထပ်တော့မည်ဟူသော တီဗွီသတင်းကို ရုတ်တရက် ကြားလိုက်ရချိန်ကထက် မလျော့ပေ။

 

ဤသည်မှာ လင်းဖန်၏ အသိပညာကြောင့် မဟုတ်ပါ၊ သူတစ်ပါး အထူးသဖြင့် သူ့ကဲ့သို့ ဆင်းရဲနွမ်းပါးသူတစ်ဦးကို ကူညီ၍ ဟင်းရွေးချယ်ပေးခြင်းမျိုး ချူရှောင် လုပ်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

 

ပိုအရေးကြီးသည်မှာ ဤသည်က လင်းဖန် ပထမဆုံးအကြိမ် တွေ့ကြုံခံစားဖူးခြင်းပင်တည်း။

 

သူ့အတွက် အစားအစာ ရွေးပေးတာ…

 

ဒီလိုမျိုး…

 

အရင်တုန်းက သူ့အမေဆိုရင် နေ့တိုင်း သူ့ကို ဘယ်လို ဖယ်ရှားရမလဲလို့ပဲ စဉ်းစားနေတာ။ ဘယ်တော့မှ ဒီလိုလုပ်ပေးမှာ မဟုတ်ဘူး။ အတိတ်က သူကျောင်းတက်တုန်းက သူ့ကို အနိုင်ကျင့်တဲ့ ကျောင်းသားတွေဆိုရင်လည်း နေ့တိုင်း သူတို့ရဲ့ တည်ရှိမှုကို ခံစားရဖို့ပဲ ကြိုးစားနေကြတာ။ နောက်ပိုင်း ထောင်ထဲရောက်တော့ သူက ကံကောင်းတယ်လို့တောင် ခံစားရတယ်။ ထောင်ဖော်တွေက သူ့အစားအစာကို လာလုမစားကြဘူးလေ။ သူ့ကို အရင်စားခိုင်းဖို့ သူတို့ အစားအသောက် ရွေးပေးတာမျိုး ဘယ်ဖြစ်နိုင်ပါ့မလဲ? ပထမဆုံးအကြိမ် သူတို့ စားခိုင်းတာတောင် သူ့လက်သီးနဲ့ ပြောပြီးမှပဲ။

 

ထို့ကြောင့် ထိုကိစ္စလေးက လင်းဖန်၏ ဘဝနှစ်ခုတွင် ကြီးကျယ်ခမ်းနားသော အရာတစ်ခု ဖြစ်လာခဲ့သည်။

 

သံသယမရှိပါ၊ ချူရှောင်၏ ထိုလုပ်ရပ်က ရိုးရိုးလေး လုပ်လိုက်ခြင်းသာ ဖြစ်နိုင်သော်လည်း လင်းဖန်၏ နှလုံးသားကို ထိမှန်သွားခဲ့သည်။

 

"ကျေးဇူးပါ" ဟု လင်းဖန်က ခေါက်ဆွဲပန်းကန်ထဲ ခေါင်းစိုက်ရင်း ပြောလိုက်၏။

 

ယခု သူ့စိတ်အခြေအနေက ရှုပ်ထွေးလှပေသည်။

 

အဓိကအားဖြင့် အံ့အားသင့်နေဆဲ ဖြစ်သော်လည်း ကြောက်ရွံ့ခြင်း သို့မဟုတ် နွေးထွေးမှု အရိပ်အယောင်လေးတစ်ခု၊ ကျေးဇူးတင်စိတ်လေး အနည်းငယ်…

 

ကျေးဇူးတင်စိတ်လား?

 

ဟဲဟဲ၊ သူက သူ့ရဲ့ ရန်သူအဖြစ် သတ်မှတ်ထားတဲ့သူတစ်ယောက်ကို သူ့ပိုက်ဆံနဲ့ ဝယ်လာတဲ့ ကြက်ပေါင်တစ်ချောင်းကြောင့် ကျေးဇူးတင်နေမိတယ်တဲ့

 

သေချာသည်မှာ၊ ၎င်းသည် အချိန်အတော်ကြာ ဂရုစိုက်မှု ကင်းမဲ့နေခဲ့သော တစ်စုံတစ်ဦး၏ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်များကြောင့် ဖြစ်ပေသည်။

 

နောက်ဆုံးတွင်၊ ကိုယ့်ကိုယ်ကိုယ် အထင်သေးစိတ်ဖြင့် လင်းဖန်သည် မျက်လွှာချလိုက်ပြီး နောက်ထပ် ဘာမှ မပြောတော့ပေ။

 

သို့သော်လည်း ချူရှောင်က လင်းဖန်၏ ကျေးဇူးတင်စကားကို ကြားလိုက်သောအခါ သူ့၏ ပုံမှန်အေးစက်နေသော မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

 

ချူရှောင်းလည်း ဘာမှ ထပ်မပြောတော့ဘဲ၊ လင်းဖန် ခေါက်ဆွဲထဲ ခေါင်းစိုက်နေသည်ကို ကြည့်ရင်း တစ်ခြားအရာတစ်ခုခုကို တွေးနေ၏။

 

မိဘမဲ့ဘဝနှင့် ဒီလိုပတ်ဝန်းကျင်မှာ သဘာဝအတိုင်း ကြီးပြင်းလာခြင်းသည် ရာဇဝတ်သားအဖြစ် မပြောင်းလဲသွားခြင်းက အံ့ဩစရာပင်။

 

လင်းဖန်က တကယ်တော့ မဆိုးလှချေ။

 

သူ့အရွယ်တူသူများနှင့် နှိုင်းယှဉ်လျှင် သူသည် မာနနှင့် ရိုင်းစိုင်းမှု ကင်းမဲ့ပြီး ဉာဏ်ကောင်းသူပင်။ ဟင်း... ဥာဏ်ကောင်းတယ်လို့တောင် မှတ်ယူနိုင်သည်။ ထိုကဲ့သို့ လူငယ်တစ်ဦးသည် တကယ်တော့ မဆိုးပါချေ။

 

ချူရှောင်က လင်းဖန်ကို သူ့နှလုံးသားထဲတွင် အကဲဖြတ်ခဲ့၏။

 

အမှန်စင်စစ်၊ အရေးကြီးဆုံးအချက်မှာ သူသည် မျက်စိပသာဒ ရှိခြင်းပင်။

 

ထို့ကြောင့် ချူရှောင်က လင်းဖန်ကို ကုမ္ပဏီသို့ ခေါ်ဆောင်၍ ပျိုးထောင်ရန် ကောင်းမွန်သော အစီအစဉ်တစ်ခု ရှိနေခဲ့သည်။

 

ဤကလေးသာ အမှန်တကယ် အလားအလာရှိပါက သူ့အား သူ၏ အနာဂတ် အမွေခံအဖြစ် ထားရှိရန် စဉ်းစားနေမည်ပင်။

 

ချူရှောင် အလွန်အကျွံ တွေးနေသည် သို့မဟုတ် သူ့စိတ်ကူးက အဓိပ္ပာယ်မဲ့သည်ဟု အပြစ်မတင်ပါနှင့်။

 

ဘာဖြစ်လို့လဲဆိုတော့ အတိတ်က ဖြစ်ပျက်ခဲ့တဲ့ အရာတွေကြောင့် သူ့ဘဝမှာ ဘယ်တော့မှ အိမ်ထောင်မပြုနိုင်တော့ဘဲ ကလေးတစ်ယောက်လည်း ရရှိနိုင်တော့မည် မဟုတ်ပေ။

 

သို့သော်လည်း ချူအဖွဲ့က အနာဂတ်တွင် ဥက္ကဌတစ်ဦး လိုအပ်ပြီး ထိုအင်အားစုများ၏ ပထမဆုံးသော ဥက္ကဋ္ဌကို ဆက်ခံမည့်သူတစ်ဦး လိုအပ်နေခဲ့သည်။

 

လင်းဖန်က သူ့ကို အရင်က ဒေါသထွက်အောင် လုပ်ခဲ့ဖူးသော်လည်း သူက လျှို့ဝှက်စွာ ကူညီခဲ့ဖူးသည်။ ထိုအခြေအနေတွင် သူတို့နှစ်ဦး၌ ဆက်စပ်မှုအချို့ ရှိခဲ့သည်။ တိုက်ဆိုင်စွာပင်၊ ဤအရာကို ချူအဖွဲ့၏ အမွေခံနေရာအတွက် သီအိုရီအရ သင့်တော်သော မိဘမဲ့တစ်ဦးအဖြစ် မှတ်ယူခဲ့သည်။

 

ဟုတ်ပါသည်၊ အဓိကအချက်မှာ လင်းဖန်တွင် သူ့ကိုယ်သူ ကျေနပ်အောင် လုပ်နိုင်စွမ်း ရှိခြင်းပင်။

 

ဒီကောင်လေးကိုယ်တိုင်ကရော သဘောတူပါ့မလား…

 

အရေးမကြီးပါဘူး…

 

 

ခေါက်ဆွဲစားနေစဉ် အာရုံစူးစိုက်နေသော လင်းဖန်သည် ချူရှောင်၏ သူ့အပေါ် အကဲဖြတ်မှုက "ဆူညံသော ကလေးလေး" မှ "ကောင်းမွန်သော လူငယ်တစ်ဦး" အဖြစ် ပြောင်းလဲသွားသည်ကို သိရှိခြင်း မရှိပေ။ ထိုတိုတောင်းသော အချိန်လေးအတွင်း ချူရှောင်သည် တစ်ခြားသူများ လိုက်မီနိုင်ခြင်း မရှိသော ဘဝလမ်းကြောင်းတစ်ခုကို ကြိုတင်စီစဉ်ခဲ့ပြီးပင်။

 

သို့သော်လည်း လင်းဖန်သည် ဤအရာအားလုံးကို သိရှိပါက ဂုဏ်ယူရမလား၊ ပျော်ရမလား၊ ဒါမှမဟုတ် စိတ်ပူရမလားကို သူ မသိပေ။

 

ဘာပဲဖြစ်ဖြစ်... သူတို့ရဲ့ "တွေ့ဆုံမှု" က တိုက်ဆိုင်မှု မဟုတ်ခဲ့။

 

ချူရှောင်သာ သူ့ကို မူးယစ်ဆေးခတ်ခဲ့သူ၊ သူ့ကို ပြန်ပေးဆွဲခဲ့သူက ဘယ်သူလဲ၊ ပြီးတော့ 'ဖန်မင်' ဆိုတဲ့သူက အဲဒီအရာအားလုံးဟာ သူ့အပေါ်၌ ဘယ်လိုလုပ်ခဲ့လဲဆိုတာ သိခဲ့ရင်တော့ အရာရာက ကွာခြားသွားမှာပင်။

 

ဒီအကြောင်းတွေ တွေးရင်း လင်းဖန်က သူ့မျက်ခွံများအား မသိမသာ မော့လိုက်ပြီး ခေါက်ဆွဲဆက်စားဖို့ ဆုံးဖြတ်လိုက်ရင်း သူ့တည်ရှိမှုကို လျှော့ချပစ်လိုက်၏။

 

ဟုတ်ပါသည်၊ ချူရှောင်အနေဖြင့် လင်းဖန်၏ အတွေးများကို သိရှိနိုင်ခြင်း မဖြစ်နိုင်ပေ။

ဘာပဲဖြစ်ဖြစ်... သူ့မျက်လုံးထဲမှာတော့ လင်းဖန် ဘယ်လောက်ပဲ ကောင်းကောင်း၊ သူက ကြီးပြင်းလာခြင်း မရှိသေးတဲ့ လူငယ်တစ်ဦးသာ ဖြစ်နေတုန်းပဲလေ။ လင်းဖန်ကို ထိုအရာတွေနဲ့ ဆက်စပ်ဖို့ဆိုတာ မဖြစ်နိုင်တာပင်။

 

 

ထိုနှစ်ဦးစလုံး သူတို့၏ ကိုယ်ပိုင်အတွေးများနှင့် တိတ်ဆိတ်နေကြစဉ်…

 

ရုတ်တရက် ချူရှောင်၏ မျက်နှာအမူအရာ ပြောင်းလဲသွား၏။

 

ဦးခေါင်းငုံ့ရင်း ခေါက်ဆွဲစားနေသော လင်းဖန်ကလည်း သူ့ကို ရုတ်တရက် သတိထားမိသွားသည်။

 

လင်းဖန်က တူများကို ချပြီး ချူရှောင်ကို ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် နံရံပေါ်ရှိ နာရီကိုလည်း လှမ်းကြည့်လိုက်၏။

 

ည ၁၀ နာရီနီးပါး ရှိနေပြီ။

 

ဆေးအာနိသင်က စောစီးစွာ စပြနေပြီ... မဟုတ်ဘူး၊ အာနိသင်က ပိုပြီး ပျံ့နှံ့လာတာလို့ ပြောရမှာပဲ။

 

ဤသည်မှာ အဏုဇီဝပိုးမွှားများ စတင်ပွားများနေပြီဟု ဆိုလိုခြင်းပင်။

 

၁၂ နာရီတွင် အာဖရိုဒီဇီယာဆေးများ ထုတ်လုပ်နေဆဲပင် ဖြစ်သော်လည်း အဏုဇီဝပိုးမွှားများ၏ လှုပ်ရှားမှုက အခြားဆေးဝါးများကို ကြိုတင် လှုံ့ဆော်ပေးလိမ့်မည်။

 

ဥပမာအားဖြင့်၊ တစ်ကိုယ်လုံး အားအင်မရှိသလို ခံစားရခြင်း။

 

ဒီအချိန်မှာတော့ ဒါရိုက်တာချန်ရဲ့ ထိုးဆေး ဆယ်လုံးလောက် ထိုးပေးရင်တောင် အသုံးမဝင်တော့ဘူး ဖြစ်တန်ရာ၏။

 

"အိုး..." ချူရှောင်က မျက်မှောင်ကြုတ်ပြီး ညည်းတွားသံ ပြုကာ၊ ထို့နောက် ထရပ်၍ အခန်းထဲသို့ သွားရန် ပြင်ဆင်၏။

 

"ကျွန်တော် လိုက်ပို့ပေးမယ်လေ"

 

"ဟင့်အင်း၊ မင်းဘာသာ ဆက်စား..." ချူရှောင်က လင်းဖန်ကို ပယ်ချပြီး အိပ်ခန်းဘက်သို့ လျှောက်သွား၏။

 

ရက်များစွာ ကြာမြင့်ခဲ့ပြီဖြစ်၍ သူသည် အခြေခံအားဖြင့် ယဉ်ပါးနေပြီဖြစ်သည်။ ဤခံစားချက်က ဘာကြောင့် ဒီတစ်ကြိမ်တွင် ပိုမိုပြင်းထန်လာသည်ကို သူ မသိသော်လည်းပင်။

 

ချူရှောင်း မသိခဲ့သော နောက်ထပ်အချက်တစ်ခု ရှိသေးသည်မှာ ကြိုတင်အကျိုးသက်ရောက်မှု ဆိုသည်မှာ နောက်တစ်ကြိမ် လိင်ဆန္ဒက အရင်ကထက် ပိုမိုပြင်းထန်လာမည်ဟုလည်း ဆိုလိုခြင်းပင်။

 

"ဟင်း... အင်း၊ အဲ့ဒီအဝတ်တွေ ထုပ်လိုက်တော့။ အဲ့ဒီအရောင်ဖျော့ဖျော့လေးတွေက မင်းအတွက်ပဲ” ဟု လင်းဖန်အား ချူရှောင်က အိပ်ခန်းထဲ မဝင်ခင် မူးယစ်ဆေးအရှိန်ကြောင့် ဖြစ်ပေါ်လာသော လှိုင်းလုံးများအား ခံစားရင်း ပြောလိုက်သည်။

 

မည်သို့ပင်ဆိုစေကာမူ သူသည် မကြာခဏ အပြင်ထွက်၍ လူများကို တွေ့တတ်သည်။ လင်းဖန်တွင် သူ့ဗီရိုထဲတွင် အဝတ်အစား ငါးစုံ ရှိသည်ပင်။

 

ချူရှောင်း၏ စကားများကို ကြားလိုက်သည်နှင့်…

 

ထပ်မံ၍ လင်းဖန် အံ့သြတုန်လှုပ်စွာ ရပ်တန့်နေပြန်၏။

 

နေ့ခင်းဘက် ဈေးဝယ်စင်တာတွင် ချူရှောင်က အဝတ်အစားများ ဝယ်ခဲ့သည်မှာ သူ့အတွက် ပြောင်းလဲခန်းထဲ၌ အ၀တ်လဲရန် ဖြစ်လိမ့်မည်ဟု သူ တွေးခဲ့သည်။ သို့မဟုတ် သူသည် ရိုးရှင်းသော သူဌေးတစ်ဦးပီပီ ပိုက်ဆံသုံးသော အလေ့အကျင့်ရှိသည်ဟု တွေးခဲ့သည်။

 

ချူရှောင်က သူ့အတွက် ထိုအဝတ်အစားများ ဝယ်ပေးလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။

 

‌အံ့ဩသွားတာလား?

 

ဒါပေါ့။

 

သို့သော်လည်း ဤအချိန်၌ လင်းဖန်၏ နှလုံးသားသည် နွေးထွေးမှုဟုခေါ်သော အရာတစ်ခုဖြင့် ပြည့်နှက်သွား၏။

 

နှစ်မိနစ်ခန့် မှင်တက်သွားပြီးနောက်…

 

သူ သတိပြန်ဝင်လာပြီး "ကျေးဇူးတင်ပါတယ်" ဟု ထပ်မံပြောရန် ရည်ရွယ်ခဲ့သော်လည်း ထင်ရှားသည်မှာ အခွင့်အရေး မရခဲ့ပေ။

 

ဘာကြောင့်လဲဆိုတော့ ချူရှောင်က တံခါးကို ပိတ်ပြီး အခန်းထဲ ဝင်သွားခဲ့ပြီးပြီပင်။

 

အခန်းထဲက အလွန်တိတ်ဆိတ်နေ၏။

 

နှစ်နာရီကြာပြီးနောက်…

 

ရင်းနှီးသော၊ ဖုံးကွယ်ထားသော၊ သွေးဆောင်ဖြားယောင်းသော ညည်းတွားသံများ ထပ်မံကြားရပြန်၏။

 

ချူရှောင်၏ အသံမှ၊ ဤတစ်ကြိမ်တွင် အရင်ကထက် နောက်ဆုံးအကြိမ်အနည်းငယ်ကထက် ပိုမိုခံနိုင်ရည်မရှိကြောင်း သူ ပြောနိုင်ခဲ့သည်။

 

သို့သော်လည်း ချူရှောင်က တံခါးကို ပိတ်မထားခဲ့ဘဲ၊ လင်းဖန်လည်း မနေ့ကလို အခန်းထဲတွင် မနေခဲ့ပေ။

 

အဘယ်ကြောင့်ဆိုသော် သူ မည်သို့ ရင်ဆိုင်ရမည်ကို မသိသောကြောင့် ယခု သူ အတော်လေး မငြိမ်မသက် ဖြစ်နေသည်ပင်။

 

သို့သော်လည်း တံခါးဝတွင် မတ်တပ်ရပ်နေခြင်းက လင်းဖန် စိတ်အေးသွားပြီဟု ဆိုလိုခြင်း မဟုတ်ပေ။

 

တံခါးမှတစ်ဆင့် အသံကို နားထောင်နေစဉ်၊ လင်းဖန်၏ စိတ်ထဲတွင် အမျိုးမျိုးသော စိတ်ခံစားမှုများနှင့် အတွေးများ ရောနှောနေ၏။

 

ကံကောင်းစွာဖြင့်…

 

ဟုတ်ပါသည်၊ လင်းဖန် ရုတ်တရက် အနည်းငယ် ကံကောင်းသည်ဟု ခံစားလိုက်ရသည်။

ကံကောင်းတာက အဲ့ဒီညက သူတို့ ချူရှောင်ကို ထွက်ပြေးခွင့်ပေးခဲ့တာပဲ။

 

မဟုတ်ရင် ချူရှောင်သာ မြေအောက် နိုက်ကလပ်ကို တကယ်ရောက်သွားခဲ့ရင် အခုဆို သူ နောင်တရနေပြီဟု လင်ဖန် ထင်သည်။

 

ဟုတ်တယ်၊ ဒါ နောင်တပဲ။

 

ချက်ချင်း အကြောင်းပြချက် မတွေ့ရသော်လည်း လင်းဖန်က ယခု ချူရှောင်၏ တုံ့ပြန်မှုကို မည်သူ့ကိုမှ မမြင်စေလိုကြောင်းနှင့် ချူရှောင်း၏ ညည်းတွားသံများကိုလည်း မည်သူ့ကိုမှ မကြားစေလိုကြောင်း ကောင်းစွာ သိရှိခဲ့သည်။

 

ချူရှောင်ကို မြေအောက်နိုက်ကလပ်သို့ အမျိုးမျိုးသော လူများက လိင်ပိုင်းဆိုင်ရာ စော်ကားနေခြင်းအဖြစ် သတ်မှတ်ရန် လင်းဖန် မဝံ့ရဲဘဲ ထိုအကြောင်းကိုပင် မတွေးရဲပေ။

 

ကံကောင်းထောက်မစွာဖြင့် ထိုလိုအင်ဆန္ဒများ ပြည့်မီခြင်းမရှိခဲ့ပေ။

 

ထိုအချိန်မှာပင် လင်းဖန်သည် ထိုညက ချူရှောင်းကို တွေ့ဆုံရခြင်းအတွက် ဝမ်းမြောက်မိခဲ့သည်။ ထို့နောက် သူ့ဦးနှောက်က ပူလာပြီး ချူရှောင်၏ တောင်းဆိုချက်ကို လိုက်နာကာ သူ့အား ပြန်ခေါ်လာခဲ့သည်။

 

မဟုတ်ရင်…

 

အင်း၊ မဟုတ်ပါက ချူရှောင်၏ လက်အောက်ခံ အင်အားစုများနှင့်ဆိုလျှင် မကြာမီ ချူရှောင်းကို ရှာဖွေပြီး ပြန်ခေါ်လာကြမည်ပင်။

 

သို့သော်လည်း ချူရှောင်ခန္ဓာကိုယ်ထဲရှိ မူးယစ်ဆေးဝါးက ဆက်လက် ပြင်းထန်နေမည်ဟု တွေးနေသော်လည်း၊ သူ့လက်အောက်ခံများရှေ့တွင် လင်းဖန်က အလွန်စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့သည်။

 

ဒါဆို... ကံကောင်းစွာနဲ့ပဲ သူ သူ့ကို ပြန်ခေါ်လာခဲ့တာပေါ့။

 

လင်းဖန်သည် ချူရှောင်ကို မူးယစ်ဆေးခတ်ခဲ့ခြင်းအတွက် နောင်တမရခဲ့ပေ။

 

အနည်းဆုံးတော့ အခုအချိန်အထိပေါ့။

 

ယခုမူ ချူရှောင်ကို မည်သို့ လက်စားချေရမည်ကို သူ မသိတော့ပေ။ ထိုဆေးက ဘေးထွက်ဆိုးကျိုးများ မရှိသင့်ပေ။ ထို့ကြောင့် ၎င်းကို ချူရှောင်အတွက်၊ ၎င်း၏အတိတ်ဘဝမှ ရန်သူအတွက် ယာယီလက်စားချေမှုတစ်ခုအဖြစ် မှတ်ယူလိုက်၏။

 

အနာဂတ်အတွက်တော့…

 

လင်းဖန်သည် သူ့နှလုံးသားထဲမှ သက်ပြင်းချလိုက်၏။

 

သူ ထောင်ထဲရောက်ပြီး ကတည်းက သူ့ဘဝနှစ်ခုတွင် ပထမဆုံးအကြိမ်အဖြစ် လင်းဖန်သည်... တစ်ခုတည်းသော အရာတစ်ခုအတွက်…