Ch-38
Viewers 5k

Ch-38 Unicode 


ချန်ချင့် ခေါင်းမော့လာကာ : "အဲလိုပြောနေကြတာလား" 


လီရှင်း : "ဘာလို့လဲ.. တခြားလျှို့ဝှက်ဇာတ်လမ်းရှိသေးလို့လား" 


ချန်ချင့် စဥ်းစားကြည့်လိုက်သည်။ လီရှင်းက သူ့သူငယ်ချင်းကောင်းဖြစ်၍ သူ့အပေါ် အထင်မသေးသွားလောက်ဘူးလို့ တွေးကာ ယ​နေ့ အဖြစ်အပျက်အလုံးစုံကို ပြောပြလိုက်တော့သည်။ 


ထိုအခါ လီရှင်း ဒေါသတကြီး ထခုန်၍ ပြောလာလေ၏။ 


"ဘာရယ်!!! သူတို့မှာ အရှက်ရှိသေးရဲ့လား.. ဥပဒေမရှိတော့ဘူးလား" 


ချန်ချင့် သူ့ကို အမြန်ဆွဲထားလိုက်ရင်း ပြောလိုက်သည်။ 


"အဆင်ပြေသွားပြီ.. ငါတို့ အာဏာပိုင်တွေဆီ သတင်းပို့လိုက်တော့ သူတို့အားလုံး အပြစ်ပေးခံလိုက်ရပြီ" 


"အဲဒါနဲ့ မလုံလောက်ဘူးကွ!" 


လီရှင်း ဒေါသထွက်စွာဖြင့် "သူတို့ ပြန်ပေးဆပ်ရမယ်" 


လီရှင်းသည် ချန်ချင့်နှင့် အချိန်အတော်ကြာ စကားပြောနေခဲ့သည်။ ချန်ချင့် ပင်ပန်းနေပုံပေါ်နေသည်ကို မြင်၍ လီရှင်းလည်း သူ့အား နှုတ်ဆက်လိုက်လေ၏။ 


ထို့နောက် စွင်းတာ့ညန်က ကြက်ဥနို့ပေါင်းနှင့် ဝင်လာကာ 


"မင်းရဲ့ အာရုံကြောတွေကို ​အေးငြိမ်းသွားအောင်လို့ တစ်ခုခု စားလိုက်ဦး" 


ချန်ချင့် နာနာခံခံလေး စားနေလိုက်သည်။ 


စွင်းတာ့ညန် ပြောလာ၏: "အားချင့် ငါ မင်းအတွက် နောက်ထပ်အိမ်ထောင်တစ်ခုရှာပေးချင်နေတုန်းပဲ" 


ချန်ချင့် သူ့ဇွန်းကို ရပ်လိုက်ကာ 


"အမေ ကျွန်တော်..." 


"သူတို့က ဒီမှာ ပြဿနာလာရှာပြီး မင်းအပေါ် ဒေါသတွေ ဖွင့်ထုတ်မှာ ကျိန်းသေတယ်.. အိမ်မှာ အမျိုးသားတစ်ယောက်မရှိရင် ဘာပဲလုပ်လုပ် မင်းခံရတော့မှာ" 


ချန်ချင့် သူ့မျက်လုံးတွေကို ပွတ်လိုက်ရင်း 


"အမေ ကျွန်တော့်ကို လက်ထပ်ဖို့ ဘယ်သူမှ ဆန္ဒရှိမှာမဟုတ်ဘူး" 


"မဟုတ်တာတွေ.. ငါတို့အားချင့်က ဒီလောက်ကောင်းတာကို.. မင်းကြိုက်တဲ့သူနဲ့ တွေ့ရလိမ့်မှာပါ" 


ချန်ချင့် ဘာမှပြန်မပြောနိုင်ခင်မှာပဲ စွင်းတာ့ညန်ကတော့ မနက်ဖြန်ကျရင် အဒေါ်ဟွားကို သွားရှာဖို့ ဆုံးဖြတ်ထားပြီးသားပင်။ 


နောက်တစ်နေ့တွင် ကျိုးယွမ်သည် သူတို့အတွက် ရေသယ်ရာတွင် ကူညီပေးနေစဥ် အဒေါ်ဟွားနှင့် စွင်းတာ့ညန်တို့ အတူတူ လမ်းလျှောက်နေသည်ကို တွေ့လိုက်ရလေ၏။ 


သူ မျက်မှောင်ကြုတ်မိသွားရပြီ။ 


စွင်းတာ့ညန် ဘာလို့ ဒီလောက်မြန်မြန်လုပ်နေတာလဲ.. သူမက တစ်ညပြီးတာနဲ့ အဒေါ်ဟွားကို သွားရှာနေပြီပဲ.. 


သူ ဒီထက်ကြာကြာ စောင့်လို့မရတော့မှန်း သိလိုက်တော့သည်။ သူ ထပ်စောင့်နေမည်ဆိုပါက စွင်းတာ့ညန်က ချန်ချင့်အား လက်ထပ်ပေးပြီးသွားလောက်ပြီ။ 


ချန်ချင့်က ခြံဝင်းထဲတွင် ထိုင်နေလေ၏။ သူ့မျက်လုံးတွေ မှိုင်းကျနေကာ သူဘာတွေးနေမှန်း မည်သူမျှမသိပါချေ။ 


ကျိုးယွမ် တံခါးခေါက်လိုက်သည့်အခါ ချန်ချင့် မျက်လုံးပွင့်လာပြီး သူ့ကို ကြည့်လာ၏။ 


"ဒေါ်ဒေါ်က အောင်သွယ်တော် သွားရှာနေတယ်" ကျိုးယွမ် ပြောလိုက်သည်။ 


ချန်ချင့် ခေါင်းညိတ်ပြလိုက်၏။ 


"မင်းမှာ ဘာမှပြောစရာမရှိဘူးလား" 


ချန်ချင့် ခေါင်းခါလိုက်ပြီး သူ့အသံမှာလည်း အနည်းငယ် အက်ကွဲနေလျက်။ 


"ကျွန်တော် ဘာပြောသင့်တာလဲ" 


"မင်း ကိုယ့်ကိုစဉ်းစားရမယ့်အစား ဘာလို့ ဒီ​လောက်​​ ဝေးဝေးသွားနေရတာလဲ" 


(ကဲ သူ ဖွင့်ပြောလိုက်ပါပြီလို့)


အိမ်၌ ချန်ချင့်သည် မနေ့က ရန်ပွဲအပြီး အနည်းငယ် ပုံပျက်သွားသော ပက်လက်ကုလားထိုင်ပေါ်မှာ ထိုင်နေသော်လည်း သူက ပေါ့ပါးလွန်း၍ ကုလားထိုင်မှာ မကျိုးသွားခဲ့ချေ။ 


ကျိုးယွမ်၏ စကားကို ကြားလိုက်ရသည့်အခါ ချန်ချင့် ထိတ်လန့်သွားရကာ ကုလားထိုင်အား အားအနည်းငယ်သုံးမိသွား၍ တစ်စစီ ကျိုးသွားပြီး ချန်ချင့်လည်း မြေကြီးပေါ်မှာ ထိုင်နေမိလျက်။ 


ကျိုးယွမ်က သူ့ကိုကူညီချင်သော်လည်း "ဒီကိုမလာနဲ့"လို့ တိုးတိုးလေးပြောလိုက်သော ချန်ချင့်ကြောင့် သူ ရပ်တန့်လိုက်ရသည်။ 


ကျိုးယွမ် မတ်တပ်ရပ်နေသေးဆဲ။ 


ချန်ချင့် ခေါင်းငုံ့ကာ မြေကြီးပေါ်တွင် ထိုင်နေမိသည်။ ကျိုးယွမ်က အလွန်အရပ်ရှည်သူဖြစ်၍ သူ့အရိပ်ဟာ ချန်ချင့်ရှေ့ရှိ နေရောင်ခြည်အားလုံးကို ပိတ်ဆို့ထားလေ၏။ 


"ကျွန်တော် နားမလည်ဘူး" 


ကျိုးယွမ် အလွန်စိတ်ရှည်လက်ရှည်ဖြင့် 


"မင်း ဘာကို နားမလည်တာလဲ" 


ချန်ချင့် ဘာပြန်ပြောရမှန်း မသိတော့ဘဲ စကားလုံးထောင်ပေါင်းများစွာကို တစ်ခွန်းတည်း ပေါင်းစပ်လိုက်ကာ 


"ဘာလို့ ကျွန်တော်လဲ" 


"ဘာလို့ အရာရာတိုင်းမှာ အကြောင်းပြချက်ရှိရမှာလဲ" 


ကျိုးယွမ် သူ့အား ပြန်မဖြေခဲ့ဘဲ နောက်မေးခွန်းတစ်ခု ထပ်မေးလိုက်သည်။ 


ချန်ချင့် ခေါင်းငုံ့ကာ စကားမပြောခင် သူ့စိတ်ထဲ၌ ပြောမည့်စကားများအား ကြိုတင်စာစီလိုက်ပြီးမှ 


"ကျွန်တော်နဲ့ အမေ့ကို သနားနေတာလား.. တကယ်တော့ ကျွန်တော်တို့ဘဝက သိပ်မခက်ခဲပါဘူး.. လွန်ခဲ့တဲ့ငါးနှစ်လောက်ကတည်းက ဒီလိုမျိုးပဲ နေလာခဲ့တာပါ" 


အချိန်အတော်ကြာသည်အထိ ကျိုးယွမ်ထံမှ တုံ့ပြန်စကားကို ပြန်မကြားရသဖြင့် ချန်ချင့် ဖြေးဖြေးလေး ခေါင်းမော့လာခဲ့သည်။ 


ကျိုးယွမ်က သူ့အား စိုက်ကြည့်နေဦးမယ်လို့ သူ မထင်ထားခဲ့ပေ။ ချန်ချင့် ခေါင်းမော့လာသည်ကို သူ မြင်လိုက်သည်နှင့် ကျိုးယွမ်က သူ့အား ပြုံးပြလာခဲ့သည်။ 


ချန်ချင့်၏ နားရွက်တွေ ချက်ချင်း နီရဲသွားရလျက်။ သူ့ခေါင်းလေးကို အမြန်ပြန်ငုံ့ပစ်လိုက်မိသည်။ သူ့လက်ချောင်းတွေကို ဘယ်မှာထားရမှန်းမသိဖြစ်နေကာ ခါးပတ်ကို ဆွဲညှစ်နေရင်း အလုပ်ရှုပ်နေလေတော့သည်။ 


သို့နှင့် ကျိုးယွမ် ပြောလာခဲ့သည်။ 


"ကိုယ် မင်းတို့ကို တတ်နိုင်သလောက် ကူညီပေးနိုင်တာပဲလေ.. ဒါပေမယ့် ဒီလိုမျိုးအနေအထားနဲ့ ဘာလို့ ကိုယ့်ကိုယ်ကို နှိပ်စက်ရမှာလဲ" 


"ဒါ.. ဒါပေမယ့် ခင်ဗျားကြိုက်.. ခင်ဗျားက လီရှင်းကို ကြိုက်နေတာ အသိသာချည်းလေ" 


ချန်ချင့်၏ အသံမှာ တိုးလွန်းလို့ ကျိုးယွမ် မကြားလုနီးနီးပင်။ 


ကံကောင်းစွာဖြင့် ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေလေ၏။ 


"မင်း အဲဒါကို ဘယ်ကကြားလာတာလဲ" 


ကျိုးယွမ်က သူ့ကို စကားပြောသည့်အခါ စကားစမြည်ပြောနေသလို မခံစားရဘဲ သူ့၏ စကားလုံးများနှင့် လုပ်ရပ်များကို ဆုံးဖြတ်ချက်ချရန် သူ့စကားကို နားထောင်ရမည့် အကျဥ်းသားတစ်ဦးသဖွယ် ခံစားနေရသည်။ 


ကျိုးယွမ်ရှေ့တွင် ဤကဲ့သို့ မြေကြီးပေါ်၌ ထိုင်နေသော အနေအထားမှာ ကြည့်မကောင်းလှဟု ချန်ချင့် ခံစားမိလိုက်သဖြင့် သူ့ကိုယ်သူ လက်နှစ်ဖက်ဖြင့် အားပြုကာ ခြေထောက်တစ်ဖက်တည်းနှင့် မတ်တပ်ရပ်လိုက်သည်။ 


သူသည် ကျိုးယွမ်ထက် အများကြီး အရပ်ပိုပုသော်လည်း အနည်းဆုံးတော့ ဗိုလ်ချုပ် သို့မဟုတ် အကျဉ်းသားတစ်ယောက်လို မဖြစ်တော့ချေ။ 


(ကျိုးယွမ်ကို ဗိုလ်ချုပ် သူ့ကိုယ်သူ အကျဥ်းသားပါသတဲ့ 😆) 


သူ့တွင် ယုံကြည်ချက် အနည်းငယ် ရှိလာပြီဟု ချန်ချင့် ခံစားမိလိုက်ရသည့်အခါ ပြောလိုက်လေသည်။ 


"အင်း ခဏခဏပဲလေ" 


သူ အသေးစိတ် မတွက်ချက်ချင်ဘူးလေ.. ဒီလိုကိစ္စအသေးအမွှားလေးကို သူ့အချစ်ဆုံးသူငယ်ချင်းလေးနဲ့ မရှုပ်ချင်ပါဘူး.. ဒါပေမဲ့လည်း သူ့စိတ်ထဲမှာတော့ အများကြီးတွေးနေလေပြီ။ 


"အားလုံးက မင်းကြောင့်ချည်းပဲလေ" ကျိုးယွမ် ရှေ့တစ်လှမ်းတိုးလိုက်၏။ 


ချန်ချင့်သည် အင်အားကြီးမားလှသော ရန်သူကြီးနှင့် ရင်ဆိုင်နေရသကဲ့သို့ ဒဏ်ရာမရှိသော ခြေထောက်နှင့် နောက်ပြန်ခုန်ဆုတ်လိုက်သည်။ ကျိုးယွမ်က သူ ပြုတ်ကျမည်ကို စိုးရိမ်မိသဖြင့် ရှေ့ထပ်မတိုးလာတော့ပေ။ 


"အဲ့မှာပဲ ရပ်နေပါ.. ဒီကိုမလာနဲ့!" 


ချန်ချင့် သူ့အိမ်၏ သစ်လုံးတိုင်ကို ကိုင်ထားကာ ကျိုးယွမ်အား မကြည့်ရဲပါချေ။ သူ့လက်တွေနဲ့ သစ်လုံးတိုင်ကိုသာ အဆက်မပြတ် တဖွဖွ ပုတ်နေမိသည်။ 


ကျိုးယွမ် မတ်တပ်ရပ်နေရင်း ပြောလိုက်ပါသေးသည်။ 


"ကိုယ့်ကို ကျေးဇူးပြုပြီး စဉ်းစားပေးပါ.. ကိုယ်က တခြားသူတွေထက် ဆိုးရွားနေမယ်လို့တော့ ကိုယ်မထင်ဘူး" 


ချန်ချင့်၏ မျက်နှာလေး နီမြန်းသွားရလျက်။ ဒီလူက တကယ့်ကို ပြောရဲဆိုရဲတာပဲ.. ဒီလိုအရှက်မဲ့တဲ့ စကားတွေကို ပြောနေသေးတယ်.. 


သူ ခေါင်းငုံ့ထားကာ ဘာမှပြန်မပြောလိုက်သော်လည်း သူ့၏ နားရွက်နီနီလေးများက အားလုံးကို ပြောပြီးသားပင်။ 


ဤအခြင်းအရာကို မြင်ပြီးနောက် ကျိုးယွမ် အလွန်ကျေနပ်သွားရပြီ။ ဒီနေ့ သူ ကြီးကြီးမားမားတိုးတက်သွားပြီလို့ တွေးကာ ချန်ချင့်အား ထပ်ပြီး အတင်းအကြပ်မလုပ်တော့ရန် ဆုံးဖြတ်လိုက်လေသည်။ 


ဘာပဲဖြစ်ဖြစ် အခု သူ သိသွားပြီဆိုတော့ အချိန်တွေ အများကြီးရှိပါသေးတယ်.. 


"မင်း ကောင်းကောင်း အနားယူသင့်တယ်.. အကြာကြီးရပ်နေရင် မင်းခြေထောက်က သက်သာလာမှာ မဟုတ်ဘူး" 


ကျိုးယွမ်က ကျိုးလုဆဲဆဲ ကုလားထိုင်ဆီ လျှောက်သွားကာ ခြံထဲ၌ အိမ်တွင်းသုံးကိရိယာများကို ရှာတွေ့သွားခဲ့သည်။ သူသည် ထုကာ ရိုက်ကာဖြင့် ကုလားထိုင်အား အလျင်အမြန် ပြန်လည်ပြုပြင်ပေးလိုက်ပြီး ကိရိယာများကို အောက်ချလိုက်၏။ 


ထို့နောက် ဘေးနားမှာ မတ်တပ်ရပ်ကာ ချောင်းကြည့်နေသော ချန်ချင့်၏ လက်မောင်းကို ဆွဲလျက် ကြက်ကလေးတစ်ကောင်နှယ် ကုလားထိုင်ပေါ် ထိုင်စေရန် ချီမလိုက်ပြီးနောက် ခြံထဲမှ ထွက်သွားတော့သည်။ 


ကျိုးယွမ် မထွက်သွားခင် အသံကျယ်ကျယ်နှင့် ပြောသွားခဲ့ပါသေးသည်။ 


"သေချာစဉ်းစားပေးဦး" 


ချန်ချင့်၏ မျက်နှာလေး ယခင်ကထက်ပင် ပိုမိုနီရဲသွားရကာ ထပ်ပြောလိုက်ရသည်။ 


"ဒီလောက်အသံမကျယ်ပါနဲ့!" 


တစ်ယောက်ယောက်ကြားရင် ဘယ်လိုလုပ်မလဲ.. 


ကျိုးယွမ် ရှေ့ဆက် လျှောက်သွားရင်း သူ့အား နောက်ပြန်လက်ပြသွားခဲ့သည်။  


ခြံဝင်းမှာ ထပ်မံတိတ်ဆိတ်သွားလေပြီ။ ချန်ချင့်သည် သူ့မျက်နှာလေး ပူလောင်နေသလိုလို၊ ကြောင်တစ်ကောင်က သူ့နှလုံးသားလေးအား ကုတ်ခြစ်သွားသလိုလို၊ သူ့၏ ဒဏ်ရာရနေသော ခြေကျင်းဝတ်ပင်လျှင် ယားယံနေသလိုလို ခံစားနေမိသည်။ 


သူ့တွင် ရုတ်တရက်ကြီး မနက်ဖြန်အတွက် မျှော်လင့်ချက် အများအပြား ရှိလာသော်လည်း သူ ဘာကိုမျှော်လင့်နေမှန်း သူကိုယ်တိုင်ပင်မသိတော့ပေ။ 


စွင်းတာ့ညန်က အပြုံးလေးတစ်ပွင့်နှင့် အပြင်မှ ပြန်လာခဲ့သည်။ သူမက ရေပြည့်နေသော ရေတိုင်ကီအား တစ်ချက်ကြည့်လိုက်ကာ မေးလိုက်လေ၏။ 


"ကျိုးယွမ် လာပြီးသွားပြီလား" 


ချန်ချင့်သည် ကျိုးယွမ်၏ နာမည်ကို ကြားလိုက်ရသည့်အခါ ကြောင်တစ်ကောင်ကိုမြင်လိုက်သော ကြွက်လေးတစ်ကောင်သဖွယ် ဖြစ်နေလျက်။ 


သူ ခေါင်းညိတ်ရုံသာ ညိတ်ပြလိုက်၏။ 


စွင်းတာ့ညန်က ချန်ချင့်၏ အခြေအနေကို သတိမထားမိဘဲ ပြောပြလာခဲ့သည်။ 


"ငါ အောင်သွယ်တော်ဟွားနဲ့ ခုလေးတင် စကားပြောခဲ့တာ.. မင်းအတွက် သင့်တော်တဲ့သူရှိမရှိကို စောင့်ကြည့်ဖို့ ကူညီပေးမယ်လို့ သူမက ပြောခဲ့တယ်" 


ထိုအခါမှ ချန်ချင့် ခေါင်းမော့လာကာ 


"အမေ ခုနက အဒေါ်ဟွားကို သွားတွေ့တာလား.. ဘာလို့ အရမ်းစိတ်စောနေတာလဲ" 


"အခုက အချိန်​ကျနေပြီလေ.. သင့်တော်တဲ့သူတစ်ယောက်ရှာတွေ့ရင် မင်းအခြေချနိုင်ပြီပေါ့ကွယ်.. ဒီလိုဆို မင်းအတွက် အနာဂတ်မှာ အားကိုးစရာလူတစ်​​ယောက်​ရှိလာလိမ့်မယ်" 


ချန်ချင့်သည် ကျိုးယွမ် ပြောတာကို တွေးလိုက်ရင်း သူ့ခေါင်းကို ထပ်ခါလိုက်ပြန်သည်။ 


"အမေ ကျွန်တော် မလုပ်ချင်ဘူး…"


"လျှောက်ပြောမနေနဲ့တော့" 


စွင်းတာ့ညန်က သူ့ဆီ လျှောက်လာကာ သူ့ခြေထောက်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး 


"ကံကောင်းလို့ပေါ့.. ငါ ရွာသူကြီးဆီသွားပြီး မင်းအတွက် ကွာရှင်းစာတစ်စောင် ရေးထားခဲ့လို့.. အခု မင်းက ငါ့ချွေးမ/သားမက် မဟုတ်​တော့ပေမယ့် ငါ့သားလေးဖြစ်သွားပြီလေ" 


xxx