Ch 60
Viewers 11k

60 : An IOU (အကြွေးစာရင်းစာချုပ်)

 

လင်းဖန် အိမ်ပြန်ရောက်တော့ ကွန်ပျူတာ စားပွဲပေါ်မှာ ခေါက်ဆွဲတွေ မစားရသေးဘဲ ကျန်နေတာကို တွေ့သည်။ "ဘာလို့ ခေါက်ဆွဲတွေ မစားတာလဲ?"

 

တစ်နေ့လုံး ဘာမှ မစားရသေးရင် သူ့ရှေ့မှာ ရှိတဲ့ မှိုတက်နေတဲ့ ပေါင်မုန့်တောင် မဆိုင်းမတွ စားမယ့်သူ ဖြစ်သည်။

 

သူ ချက်ထားတဲ့ ခေါက်ဆွဲတွေက အရမ်းကောင်းတယ်လို့ သူ ထင်ခဲ့သည်။

 

အင်း... ကောင်းပြီလေ၊ ခေါက်ဆွဲတွေက တစ်ခုနဲ့တစ်ခု ကပ်နေပြီး ကြက်ဥကြော်ကလည်း အေးစက်နေကာ ဟင်းသီးဟင်းရွက်တွေကတော့ အဝါရောင် ပြောင်းနေပြီပဲ... ဟင်းရည်မျက်နှာပြင်မှာ ဆီတွေ ဝေ့နေတာကိုလည်း အထင်းသား မြင်နိုင်သည်။

 

"မင်းအတွက် နောက်ထပ် ခေါက်ဆွဲတစ်ပန်းကန် ချက်ပေးမယ်" ချူရှောင်ဆီက အကြောင်းပြန်တာကို မစောင့်ဘဲ သူ ချက်ချင်း မီးဖိုချောင်ထဲ ဝင်သွားခဲ့သည်။

 

အေးစက်နေတဲ့ ခေါက်ဆွဲတွေကိုတော့ သူ နွှေးပြီး စားလိုက်သည်။

 

ထောင်ထဲက အစားအသောက်တွေက အပြင်က ခေါက်ဆွဲတွေထက် အရသာ ပိုဆိုးတယ်လို့ သူ ခံစားခဲ့ရတာကြောင့် လင်းဖန်က အဲဒီခေါက်ဆွဲတွေကို စားရတာ ဘာမှ အခက်အခဲ မရှိဘူးလို့ ထင်သည်။

 

ခဏအကြာမှာ ပူပူနွေးနွေး ချက်ပြုတ်ထားတဲ့ ခေါက်ဆွဲတစ်ပန်းကန် ကွန်ပျူတာ စားပွဲပေါ် ရောက်လာသည်။

 

လင်းဖန်က သူ့ကွန်ပျူတာ ရွှေ့ထားတာကို သတိထားမိသွားသည်။

 

သို့သော် သူ ဘာမှ စိတ်ပူမနေချေ။ သူ့ကွန်ပျူတာထဲမှာ ချူရှောင်ကို မမြင်စေချင်တဲ့ အရာများ ရှိနေသည် သူ့ရဲ့ ပါဝါဖွင့် စကားဝှက်ကို သူ ယုံကြည်မှု အပြည့်ရှိသည်။

 

အဲဒီအချိန်မှာ သူ စကားဝှက် ပြန်သတ်မှတ်ဖို့ သတိရသွားသည်။ သူ ကျပန်း နံပါတ်တွေ ရိုက်ထည့်လိုက်သည်။ သူ့စကားဝှက်က... ဆိုပြီး ပေါ်လာတော့ သူကိုယ်တိုင်တောင် အံ့သြသွားသည်။

 

လင်းဖန် ပါးစပ်ဖွင့်ဖို့တောင် မစောင့်နိုင်သေးခင်မှာ နံရံကို မှီပြီး မျက်နှာ မကြည်လင်တဲ့ ချူရှောင်က အရင် စကားစပြောသည်။

 

"မင်း ကွန်ပျူတာ စကားဝှက်က ဘာလဲ"

 

"ဟင်၊ ဘာလို့ ခင်ဗျားက ကျွန်တော့်ကို ဒီမေးခွန်းကို မေးတာလဲ"

 

"မင်း ကွန်ပျူတာထဲမှာ တစ်ခုခု လျှို့ဝှက်ထားတာ ရှိလို့လား"

 

လင်းဖန် နှုတ်ခမ်းကိုက်ပြီး ခေါင်းငုံ့လိုက်ရင်း "အင်း၊ အနည်းအကျဉ်းတော့ ရှိတယ်"

 

သူ့မျက်နှာပေါ်က ရှက်ရွံ့တဲ့ အမူအရာက လူတွေကို အထင်မှားစေနိုင်တယ်။ ဘာပဲဖြစ်ဖြစ် ဆယ်ကျော်သက်အရွယ် တစ်ယောက်တည်းနေပြီး ကွန်ပျူတာလည်း ရှိတဲ့သူဆိုတော့ သူ့ကွန်ပျူတာထဲမှာ ပြာကားတွေ ရှိနေလို့ ရှက်နေတယ်လို့ လူများ သဘာဝကျကျ ထင်ကြမည်ပင်။

 

သိသာတာကတော့ ချူရှောင်လည်း ထိုနည်းလည်းကောင်းပဲ ထင်သည်။

 

သူ စိတ်မရှည်စွာနဲ့ "မင်းဖုန်း ငါ့ကို ပေး"

 

"အို... ဒီတစ်ခါတော့ လင်းဖန် ငြင်းဆန်မနေတော့ဘူး။ သူ ချက်ချင်း သူ့ဖုန်းကို ချူရှောင်ကို ပေးလိုက်သည်။

ချူရှောင်က လင်းဖန်ဆီက ဖုန်းကို ယူပြီး ကျွမ်းကျင်စွာနဲ့ နံပါတ်တွေနဲ့ အက္ခရာတွေ ရောစပ်ထားတဲ့ အမှားကုဒ်တွေနဲ့ တူတဲ့ နံပါတ်တစ်ခုကို ရိုက်ထည့်လိုက်သည်။

 

အဲဒီဖုန်းနံပါတ်က ချန်ဖန်ရဲ့ ဖုန်းနံပါတ် ဖြစ်သည်။ ချန်ဖန်နဲ့ သူ့ရဲ့ လက်အောက်ငယ်သားတွေကလွဲပြီး ဘယ်သူမှ အဲဒီနံပါတ်ကို မသိကြဘူး။ အဲဒီနံပါတ်တွေနဲ့ အက္ခရာတွေရဲ့ အစီအစဉ်က သူ့ရဲ့ လက်အောက်ငယ်သားတွေ သိတဲ့ လျှို့ဝှက်ကုဒ် အမျိုးအစားတစ်ခု ဖြစ်သည်။

 

၂၄ နာရီ ကြာသွားသော်လည်း ချန်ဖန်အား ရှာမတွေ့သေးပေ။ ဒါဟာ ပြန်ပေးဆွဲသမားများသည် ချန်ဖန်၏ နေရာကို ရှာမတွေ့အောင် အစအနများ ဖျောက်ဖျက်ပြီး အားလုံးကို ဖျက်ဆီးလိုက်ကြတာ ဖြစ်နိုင်သည်။

 

သူ ချန်ဖန်ကို သူ့ရဲ့ အခြေအနေကို အမြန်ဆုံး အသိပေးရမယ်။

 

သူ့ရဲ့ မက်ဆေ့ချ်ထဲမှာ "ငါ အဆင်ပြေပါတယ်။ မင်းတို့ ငါ့ကို ရှာနေစရာ မလိုဘူး။ မင်းတို့ လုပ်ရမှာက ကုမ္ပဏီရဲ့ လုပ်ငန်းတွေ ချောချောမွေ့မွေ့ လည်ပတ်နေဖို့ပဲ”

 

ဆေးရဲ့ အာနိသင်ဟာ ၂၄ နာရီအတွင်း ပျောက်သွားလိမ့်မယ်ဟု သူ ထင်ခဲ့သည်။ သို့သော် အံ့သြစရာကောင်းသည်မှာ အချိန်များ ကြာလာတာသော်လည်း သူ့လက်များနှင့် ခြေထောက်များ အားမရှိတော့ချေ။

ကုလားထိုင်တွေ ဒါမှမဟုတ် စားပွဲတွေကို မကိုင်ထားလျှင် သူ လှုပ်လို့တောင် မရ။

 

ဆေး၏ အာနိသင်သည် ဘယ်လောက်ကြာမည်ဆိုတာ ချူရှောင် မသိ။

 

သို့သော် ထိုအခြေအနေနှင့် ကုမ္ပဏီကို ပြန်သွားရင် သူ့အတွက် ဘာကောင်းကျိုးမှ မရှိဘူးဆိုတာ သူ သိသည်။

 

လူအပြောများသည် စကားတစ်ခု ရှိသည် "မင်းရဲ့ ရန်သူ ဖျားနေရင် သူ့ကို သတ်လိုက်"

 

အကယ်၍ အဲဒီအခြေအနေနဲ့ သူ ကုမ္ပဏီကို ပြန်သွားရင် သူ့ကို မုန်းတဲ့သူတွေ အများကြီး ပေါ်လာပြီး ပြဿနာတွေ ရှာကြလိမ့်မယ်။ ချူအုပ်စုရဲ့ ငွေလိုချင်နေတဲ့ ရှယ်ယာရှင်တချို့နဲ့ မြေအောက် လောင်းကစားရုံပိုင်ရှင် တချို့က သူ့ဆီက ငွေညှစ်ဖို့ ကြိုးစားလာနိုင်တယ်။

 

ဒါကြောင့် ဆေးအာနိသင် ပျောက်တဲ့အထိ သူ ဘာမှ မလုပ်ဘဲ စောင့်နေရုံပဲ ရှိတယ်။

 

သူ့ရဲ့ လက်အောက်ငယ်သားတွေက သူ့ကို မကြာခင် ရှာတွေ့လိမ့်မယ်လို့ ချူရှောင် ယုံကြည်မှု အပြည့်ရှိသည်။

 

လင်ထျန်ချန်းက ကွန်ပျူတာ ပါရဂူတစ်ယောက် ဖြစ်သည်။ အချက်ပြတစ်ခုကို ဖော်ထုတ်ဖို့ သူ မိနစ်အနည်းငယ်ပဲ ကြာလိမ့်မယ်။ ဒါကြောင့် ချူရှောင်က သူ မက်ဆေ့ချ် ရပြီးတာနဲ့ သူ့ရဲ့ တည်နေရာကို အမြန်ဆုံး သိလိမ့်မယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ထားသည်။

 

သူ မသိခဲ့တာက လင်ဖန်ရဲ့ ဆဲလ်ဖုန်းဟာ အထူးပြုပြင်ထားတာဖြစ်ပြီး အသွင်အပြင်မှာတော့ စျေးပေါတဲ့ ဖုန်းတစ်လုံးနဲ့ တူနေတာပဲ။

 

သူ့ကို ရှာမတွေ့အောင် ကာကွယ်ဖို့ သူ ပျောက်ဆုံးနေတဲ့ သူ့အဖေရဲ့ ဆဲလ်ဖုန်းနံပါတ်ကို လျှောက်ထားပြီး အဲဒီဖုန်းကို သုံးနေခဲ့တာ ဖြစ်သည်။

 

လင်ထျန်ချန်းက ကွဲပြားတဲ့ ဆက်သွယ်ရေး လှိုင်းတွေကို ခြေရာခံနိုင်တယ်လို့ လင်းဖန် မထင်ဘူး။ ဘာလို့လဲဆိုတော့ အဲဒီလှိုင်းတွေက ကြာမြင့်စွာ ဖြတ်တောက်ခံထားရပြီး ချူရှောင် ဘယ်မှာလဲဆိုတာ ရှာဖွေဖို့ဆိုတာ ကွန်ပျူတာ ကျွမ်းကျင်သူတစ်ယောက်အတွက်တောင် မလွယ်ကူဘူး။

 

လင်းဖန်က ချူရှောင်ဆီက သူ့ဖုန်းကို ပြန်ယူပြီး ဖန်သားပြင်ကို တစ်ချက် ကြည့်လိုက်သည်။ ချူရှောင်က သူ ချန်ဖန်ဆီ ပို့ထားတဲ့ စာတိုကို ဖျက်လိုက်တာကို တွေ့လိုက်ရသည်။ လင်းဖန် မျက်ခုံးပင့်လိုက်သည်။

 

ချူရှောင် ဘာလုပ်ခဲ့တယ်ဆိုတာကို သူ ဂရုမစိုက်ဘူး။ သူ နံပါတ်တွေနဲ့ အက္ခရာတွေရဲ့ အဓိပ္ပာယ်ကို မသိပေမဲ့ ချူရှောင်က သူ့လက်အောက်ငယ်သားတွေကို မက်ဆေ့ချ်ပို့ပြီး သူ အားလုံး အဆင်ပြေတယ်လို့ ပြောလိုက်တယ်ဆိုတာကို သူ ခန့်မှန်းမိသည်။

 

သူ့ရဲ့ လက်ရှိ တည်နေရာအတွက်…

 

ချူရှောင်ကိုယ်တိုင်တောင် သူ ဘယ်မှာလဲဆိုတာကို သေချာ မသိဘူး။

 

ဘာပဲဖြစ်ဖြစ် လင်းဖန်ရဲ့ တိုက်ခန်းကို ရှာရတာ ခက်ခဲတယ်။ စာပို့သမားတွေက တိုက်ခန်းကို မကြာခဏ မှားတတ်ကြတယ်။

 

လင်းဖန် ပခုံးတွန့်လိုက်ပြီး ဖုန်းကို အိတ်ထဲ ပြန်ထည့်လိုက်သည်။ ပြီးတော့ သူ ချူရှောင်ရဲ့ နှာခေါင်းရှေ့ကို ခေါက်ဆွဲပန်းကန်ကို တိုးလိုက်ပြီး "လူတစ်ယောက်က အစားအစာနဲ့ ရေမရှိဘဲ သုံးရက်လောက်ပဲ အသက်ရှင်နိုင်တယ်ဆိုတာ ဇီဝဗေဒ စာအုပ်ထဲမှာ ဖတ်ဖူးတယ်။ ခင်ဗျား ဒီမှာ သုံးရက်လောက် စားစရာမရှိဘဲ နေခဲ့ရတာ ဟုတ်တယ်မလား။ ဘာပဲဖြစ်ဖြစ် ခင်ဗျား ကျွန်တော့်တိုက်ခန်းမှာ ဗိုက်ဆာပြီး သေသွားရင် ပိုဆိုးမယ်။ နောက်ပြီး အသုဘစရိတ်ကလည်း အများကြီး ကုန်မယ်။ ကျွန်တော်တို့က ဆွေမျိုးသားချင်းတွေလည်း မဟုတ်ဘူး သူငယ်ချင်းတွေလည်း မဟုတ်ဘူး..."

 

ချူရှောင် တစ်သက်မှာ အဲဒီလို အဓိပ္ပာယ်မရှိတဲ့ စကားမျိုး မကြားဖူးဘူး။ သူ့မျက်နှာ မည်းမှောင်သွားပြီး "တိတ်စမ်း!" လို့ သူ အော်လိုက်ချင်သည်။

 

"ဒီခေတ် ကလေးတွေက သူထင်ထားသလောက် တုံးအကြတာလား။ ငါ့သေနတ်ကို ပြန်ပေးဆွဲသမားတွေ မယူသွားခဲ့ရင် ငါ အဲဒီကောင်တွေကို ပစ်သတ်လိုက်မှာ။ သူတို့က အရမ်းဆူညံတယ်။ ငါက Nမြို့တော် နံပါတ်တစ် မြေအောက် လောက ဧကရာဇ်ပဲ။ ဒီလို မိုက်မဲတဲ့ အခြေအနေမှာ ငါ့ကိုယ်ငါ သေခွင့် မပေးဘူး..." လို့ ချူရှောင် တွေးလိုက်သည်။

 

သူ ဒေါသထွက်နေပေမဲ့ ခြေထောက်တွေကို အားယူပြီး ကွန်ပျူတာ စားပွဲဆီ လျှောက်သွားလိုက်သည်။ သူ ခေါက်ဆွဲပန်းကန်ကို ငုံ့ကြည့်လိုက်သည်။

 

ပန်းကန်ထဲမှာ ခေါက်ဆွဲတွေ၊ ဟင်းသီးဟင်းရွက်တချိုနှင့် ကြက်ဥကြော်တစ်လုံး ရှိသည်။ အဲဒါတွေက ဒီမနက် သူစားခဲ့တဲ့ ပုံစံနှင့် ဆင်တူသည်။

 

ချူရှောင် မျက်မှောင်ကြုတ်ပြီး မပျော်မရွှင်နဲ့ "မင်း တခြား ဘာမှ ချက်တတ်တာ မရှိဘူးလား"

 

အမှန်မှာ ထိုခေါက်ဆွဲပန်းကန်က သူ့အား ဒေါသထွက်စေတဲ့ တစ်ခုခုအား သတိရသေသည်။

 

ချူရှောင်က တည်တည်ငြိမ်ငြိမ်နဲ့ "ငါ့ရေခဲသေတ္တာထဲမှာ တခြား ဘာပစ္စည်းမှ မရှိဘူး။ မင်း စားချင်ရင် ကြက်ဥကြော်ပေးလို့ရတယ်" လို့ ပြန်ဖြေလိုက်သည်။ ပြီးတော့ သူ တိတ်ဆိတ်သွားသည်။

 

သူ့ကျောကို ချူရှောင်ဘက်ကို ပေးထားသောကြောင့် ချူရှောင်သည် သူ့မျက်နှာပေါ်က အပြုံးကို မမြင်နိုင်။

 

တကယ်တော့ သူ ရယ်သံကို မနည်း ထိန်းထားရသည်။

 

သူ လိမ်ပြောနေခြင်း မဟုတ်။ သူ့ရေခဲသေတ္တာထဲတွင် တခြား ဘာပစ္စည်းမှ မရှိ။ သူ နေ့တိုင်း ခေါက်ဆွဲကိုသာ စားခဲ့ပြီး ဘာမှားနေလဲဟု မထင်ခဲ့။ သူ့အရင်ဘဝတွင် ပြင်ပအကြောင်းအရာများကြောင့် ပုံမှန် အစားအသောက် မစားခဲ့ရ။ ထိုခေါက်ဆွဲများသည် သူ့အတွက် လုံလောက်ခဲ့၏။

 

ချူရှောင်၏ အစားအသောက် အကျင့်ကို သူ ထည့်မစဉ်းစားမိခဲ့။ ချူရှောင်သည် ငါးမန်းတောင်ဟင်းချိုနှင့် ခေါက်ဆွဲကို စားလေ့ရှိသည်ဟု သူ ထင်ခဲ့သည်။

 

ချူရှောင်သည် အလွန် ချမ်းသာသည်ကို သူ သိသည်။

 

သို့သော် တစ်နေကုန် ဘာမှ မစားရသေးသော ချူရှောင်သည် အလွန် ဇီဇာကြောင်လိမ့်မည်ဟု သူ မထင်ခဲ့။

 

တကယ်တော့ လင်းဖန် ထင်မြင်ချက် မှားနေသည်။ ချူရှောင်သည် တစ်နေကုန် အခန်းထဲတွင် ငြိမ်သက်စွာ နေခဲ့ပြီး အေးစက်နေသော ခေါက်ဆွဲပန်းကန်ကို စိုက်ကြည့်နေခဲ့သည်။ ယခု သူ ခေါက်ဆွဲကို မစားချင်တော့။

 

လင်းဖန်သည် ချူရှောင်၏ မျက်နှာပေါ်တွင် ခိုင်မာသော ဆုံးဖြတ်ချက်ကို တွေ့လိုက်ရ၏။ နောက်ဆုံးတွင် သူ လက်လျှော့လိုက်သည်။

 

"ကဲပါလေ၊ ဒီနားမှာ စားသောက်ဆိုင်တွေ ရှိတယ်။ အပြင်က မှာလိုက်မယ်လေ" ထိုစကားနှင့်အတူ လင်းဖန်သည် အံဆွဲထဲမှ အပြင်မှာယူရန် စားသောက်ဆိုင် စာရွက်များကို ထုတ်လိုက်သည်။ ထို စာရွက်အများစုကို လေ့ဝူနှင့် လေ့လေ့တို့ အသုံးပြုပြီးသား ဖြစ်သည်။

 

သူသည် စာရွက်များကို ချူရှောင်ကို ပေးလိုက်ပြီး အံဆွဲကို မြန်မြန် ပိတ်လိုက်၏။ သူ အံဆွဲထဲတွင် ဘာတွေ ရှိသည်ကို ချူရှောင် မြင်သွားမှာကို ကြောက်၍ သော့ပင် ခတ်လိုက်သေးသည်။

 

"ဒါ... ဒါ... ပြီးတော့ ဒါ" ချူရှောင်သည် ပေါ့ပေါ့ပါးပါး  ဟင်းများကို မှာလိုက်သည်။

 

လင်းဖန် ချက်ပြုတ်ထားသော ခေါက်ဆွဲမှလွဲ၍ ဘာမဆို စားလိုဟန် သူ ပြုမူ၏။

 

ချူရှောင်သည် မျက်မှောင်ကြုတ်ကာ စိတ်မရှည်စွာ ပြောလိုက်၏။ "ဘာလို့ ကျောက်ရုပ်ကြီးလို မတ်တပ်ရပ်နေတာလဲ။ အပြင်စာ ဘယ်လိုမှာရမလဲ မသိရင်  မင်းဖုန်းကို ငါ့ကို ပေး"

 

"ကျွန်တော် မှာပေးမယ်။ ဒါပေမဲ့ ခင်ဗျား ကျွန်တော့်ကို ပိုက်ဆံ အရင်ပေးသင့်တယ်လို့ ထင်တယ်" လင်းဖန်က အေးအေးလူလူ ပြောလိုက်၏။

 

သူသည် တည်တည်တန့်တန့် မျက်နှာထားဖြင့် အပြင်က မှာယူမည့် စုစုပေါင်း ကုန်ကျငွေကို တွက်ချက်တော့သည်။

 

"၁၈ ယွမ်၊ ၃၄ ယွမ်၊ ၁၆ ယွမ်။ ပို့ခက ၅ ယွမ်။ စုစုပေါင်း ၇၃ ယွမ်"

 

"မင်း..."

 

"ဘာဖြစ်လို့လဲ" ချူရှောင်တွင် သူ့မှာ ပိုင်ဆိုင်သော ပစ္စည်းအားလုံးကို ယူထားသည့် သူ့လူများ ရှိသောကြောင့် သူ့တွင် ပိုက်ဆံ မရှိကြောင်း လင်းဖန် ကောင်းကောင်း သိသည်။ တနည်းအားဖြင့် သူသည် ပိုက်ဆံအတွက် တောင်းခံနေခြင်း ဖြစ်သည်။

 

ချူရှောင်ကို စနောက်ရသည်ကို သူအတွက် စိတ်ဝင်စားစရာကောင်းပြီး ချူရှောင်၏ မျက်နှာပေါ်က ရှက်ရွံ့သော အမူအရာက သူ့ကို အောင်မြင်မှု တစ်ခု ရသည်ဟု ခံစားစေသည်။

 

ချူရှောင်သည် ပုံမှန် မျက်နှာထားဖြင့် မိနစ်ဝက်ခန့် တိတ်ဆိတ်နေပြီးမှ "ငါ့မှာ ပိုက်ဆံ မရှိဘူး" ဟု ပြောလိုက်သည်။

 

‘Damn it! ငါ့မှာ ပိုက်ဆံ မရှားပါဘူး။ ဒါပေမဲ့ အခု အပြင်က မှာဖို့ ငါ့မှာ ပိုက်ဆံ မရှိဘူးဆိုတာ ဝန်ခံရတော့မယ်။ ရှက်စရာလိုက်တာ!' သူ သူ့ဘာသာ တွေးနေမိသည်။

 

လင်းဖန်သည် သူ့လက်များကို ဖွင့်ပြပြီး အကူအညီမဲ့စွာ ပြောလိုက်၏။ "အဲ့ဒါဆို မင်း ခေါက်ဆွဲပဲ စားနိုင်တော့မှာပေါ့။ ကျွန်တော်က ဆင်းရဲတဲ့ ကျောင်းသား တစ်ယောက်လေ ၇၃ ယွမ်ဆိုတာ ငါ့အတွက် သုံးရက်စာ လောက်တယ် အဲ့ဒီ ခေါက်ဆွဲ တစ်ပန်းကန်အတွက် လုပ်အားခ မပါသေးဘူး၊ ကုန်ကြမ်းဖိုးက..."

 

"ပါးစပ်ပိတ်စမ်း!"

 

ချူရှောင်၏ စကားများကြောင့် လင်းဖန်သည် ခက်ခဲကြောင်း ညည်းညူခြင်းမှ တိတ်ဆိတ်သွားသည်။ အခန်းတစ်ခုလုံး တင်းမာသော တိတ်ဆိတ်မှုများ လွှမ်းခြုံသွားသည်။

 

လင်းဖန်သည် ခပ်ဟဟ ချောင်းဟန့်ကာ "ဒါဆို ခင်ဗျားကို အကြွေးစာရင်းစာချုပ် ပေးရင် ဘယ်လိုလဲ။ ခင်ဗျား စားချင်တာ မှန်သမျှ ကျွန်တော် ဝယ်ကျွေးမယ်"

 

ထိုစကားကို ကြားလိုက်သည်နှင့် ချူရှောင်၏ မျက်လုံးများတွင် လူသတ်လိုသော အကြည့်များ လျှပ်ခနဲ ပေါ်လာသည်။ လင်းဖန်သည် ထိုအမျက်ဒေါသနှင့် သူ၏ သွေးကို မြင်ချင်သော ပြင်းပြသော ဆန္ဒကို ချူရှောင်၏ မျက်လုံးများတွင် မြင်နိုင်သည်။

 

သူသည် ချူရှောင်၏ စိတ်တိုတတ်သော အကျင့်ကို ရိုးနေပြီ။

 

"ဘယ်လိုထင်လဲ။ ငြင်းရင်တော့ ခေါက်ဆွဲကို စားရမယ်"

 

"မင်း ပါးစပ်ကို ပိတ်ပြီး ငါ့ကို ဘောပင်နဲ့ စာရွက် ပေး" ချူရှောင်က အေးစက်သော အသံဖြင့် ပြောလိုက်သည်။

 

"အိုကေ"

 

လင်းဖန်သည် အခန်းထဲမှ ထွက်သွားသည်။ ခဏကြာတော့ သူ ပြန်ရောက်လာသည်။

 

"ဒီမှာ ခင်ဗျား လိုချင်တာ တစ်ခုခုရှိရင် ကျွန်တော်ကို အကြွေးစာရင်း ရေးပေး" လင်းဖန်သည် ချူရှောင်ကို မှတ်စုစာအုပ် တစ်အုပ် ပေးလိုက်သည်။

 

ချူရှောင်သည် လင်းၔဖန်၏ လက်ထဲမှ ယူလိုက်သည်။ သူ၏ လက်ဆစ်များပင် ဖြူရော်နေသည်အထိ တင်းတင်းဆုပ်ကိုင်ထားသော်လည်း သူ အားနည်းနေဆဲ ဖြစ်သည်။

 

သူသည် အကြွေးစာရင်းတွင် သူ၏ နာမည်ကို လက်မှတ်ထိုးပြီး လင်းဖန်ကို ပစ်ပေးလိုက်သည်။ ထို့နောက် သူသည် သွားကြိတ်ကာ "မင်း ငါ့အတွက် အပြင်က မှာပေးလို့ ရမလား"

 

သူသည် ဘယ်သူ့ကိုမှ ပိုက်ဆံ မချေးဖူးသလို အကြွေးစာရင်းလည်း မရေးဖူး။ သူသည် အမြဲတမ်း အကြွေးရှင်သာ ဖြစ်ခဲ့သည်။ ၇၃ ယွမ်သည် သူ့အတွက် ဘာမှ မဟုတ်။ သူ၏ လက်မှတ်သည် ပို၍ပင် တန်ဖိုးရှိသည်။

 

ချူရှောင်သည် လင်းဖန်ကို ရိုးရှင်းသော လူတစ်ယောက်ဟု ထင်ပြီး သူ ပြန်ကောင်းလာသောအခါ သင်ခန်းစာ ပေးရန် ဆုံးဖြတ်လိုက်သည်။

 

လင်းဖန်သည် အကြွေးစာရင်းကို သိမ်းထားပြီး ချူရှောင်အတွက် အပြင်မှ မှာလိုက်သည်။ ယခုတစ်ခါ သူသည် ချူရှောင်ကို စနောက်ရန် ဘာမှ မလုပ်တော့။

 

......

 

လင်းဖန်သည် အပြင်မှ မှာထားသော အစားအသောက်များကို ထမင်းစား စားပွဲပေါ်တွင် ထည့်ပြီး အိပ်ခန်းထဲသို့ ပြန်သွားသည်။

 

"ထမင်းစားခန်းကို သွားရအောင်"

 

"အိုကေ" ဒီတစ်ခါ ချူရှောင်သည် လင်းဖန်ကို လှည့်မကြည့်။

 

ချူရှောင်သည် လင်းဖန် မျက်နှာချင်းဆိုင် ကုလားထိုင်တွင် ထိုင်နေသည်ကို မြင်သောအခါ မျက်နှာသည် တိမ်များ ဖုံးလွှမ်းသကဲ့သို့ ပြန်ဖြစ်သွားသည်။ သူသည် လင်းဖန်နှင့်အတူ ညစာကို မျှဝေစားရန် စိတ်ကူးမရှိ။

 

"ဒါ ငါ့ညစာ၊ မင်းဟာ မဟုတ်ဘူး"

 

“ကဲပါလေ၊ ခင်ဗျား သဘောပေါ့" လင်းဖန်သည် ချူရှောင်၏ အေးစက်သော အပြုအမူကို ဂရုမစိုက်။ သူသည် အိပ်ခန်းထဲသို့ ဝင်သွားပြီး ခဏအကြာတွင် ခေါက်ဆွဲပန်းကန်နှင့် ပြန်ထွက်လာသည်။ ၎င်းသည် သူ၏ သန်းခေါင်စာ ဖြစ်သည်။

 

လင်းဖန်သည် နံရံကပ်နာရီကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ "စားပြီးပြီလား"

 

ချူရှောင်သည် လင်းဖန်ကို အေးစက်စွာ ကြည့်ပြီး နောက်ထပ် မေးခွန်းတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။ "မင်းနဲ့ ဘာဆိုင်လို့လဲ"

 

"ဟုတ်တယ်၊ ပန်းကန်ဆေးရမယ်။" တကယ်တော့ အဓိကအချက်က ဆယ့်နှစ်နာရီ နီးပါး ရှိနေပြီ။

 

ချူရှောင်သည် တစ်ခုခု ပြောချင်သော်လည်း သူ့ခန္ဓာကိုယ်ကို အေးစိမ့်သော ခံစားချက်တစ်ခု ဝင်လာသောကြောင့် မျက်နှာ ချက်ချင်း ပြောင်းသွားသည်။

 

သူသည် မနေ့ညကကဲ့သို့ ခံစားလိုက်ရသည်။

 

"Damn it..." ချူရှောင် ကျိန်ဆဲလိုက်သည်။ သူသည် ထရပ်လိုက်ပြီး အိပ်ခန်းဆီသို့ ယိုင်တိုင်ယိုင်တိုင် လျှောက်သွားသည်။

 

"ခင်ဗျား အကူအညီ လိုသေးလား"

 

"မလိုဘူး၊ ငါ့ကို တစ်ယောက်တည်း လွှတ်ထားလိုက်"

 

သူသည် တံခါးကို ဒုန်းခနဲ ပိတ်လိုက်သည်။

မကြာမီ အိပ်ခန်းထဲမှ ညည်းသံများနှင့် အသက်ရှူသံများ ထွက်ပေါ်လာသည်။

 

ဒါ ဒုတိယအကြိမ်ပဲ…

 

လင်းဖန်သည် ပြက္ခဒိန်တွင် အမှတ်အသားတစ်ခု ရေးထည့်လိုက်သည်။