Ch 58
Viewers 11k

58 : ရေချိုးချင်လား

 

အိပ်ခန်းထဲ၌ ဆေးအရှိန်ကြောင့် ချူရှောင် အိပ်မပျော်နိုင်။

 

ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် လဲလျောင်းနေသော လင်းဖန်လည်း အိပ်မပျော်နိုင်။

 

 အံ့ဩစရာတော့ မဟုတ်ပေ။

 

ဟောင်းနွမ်းသော တိုက်ခန်း၏ အသံကာကွယ်မှု မကောင်းလှ။ အိပ်ခန်းမှ ညည်းသံများနှင့် တရှိုက်ရှိုက်ရှိုက်သံများသည် သူ့အာရုံကို ဖမ်းစားထားသည်။ ထို့ကြောင့် သူ အိပ်ပျော်ရန် ခက်ခဲနေသည်။

 

သူသည် ငယ်ရွယ်သေးသော်လည်း ခွန်အားကြီးမားပြီး လွယ်လွယ်ကူကူပင် လိင်စိတ်ထကြွနိုင်သည်။ ထို့ထက်ပို၍ သူ၏ ခန္ဓာကိုယ်ထဲတွင် ရင့်ကျက်သော ဝိညာဉ်တစ်ခု ရှိနေသည်…

 

ထို့ကြောင့်…

 

ထိုနေ့က ဘားတွင် ဖြစ်ပျက်ခဲ့သည်များကို သူ မေ့နိုင်စွမ်း မရှိပေ…

 

လင်းဖန်သည် ချူရှောင်၏ နူးညံ့ပြီး ပူနွေးနေသော ခန္ဓာကိုယ်၊ မျက်ရည်များဝိုင်းနေသော ချစ်စရာကောင်းသည့် မျက်လုံးများနှင့် ရဲရဲနီနေသော ပါးပြင်များကို သိသည်။ သူ၏ ညည်းသံများနှင့် တရှိုက်ရှိုက်ရှိုက်သံများသည် လင်းဖန်ကို ပြင်းထန်စွာ ဆွဲဆောင်နိုင်ခဲ့သည်…

 

လင်းဖန်သည် လိင်စိတ်ထကြွနေသည်ဟု ခံစားရသည်။ ဖြစ်ကောင်း သူသည် ချူရှောင်ကို အနည်းငယ် စွဲလန်းနေခြင်းလည်း ဖြစ်နိုင်သည်။

 

သမိုင်းသည် သူ့ကိုယ်သူ ပြန်လည်ပုံတူနေသကဲ့သို့…

 

သို့သော် ဤတစ်ကြိမ်တွင် လင်းဖန်သည် တစ်စုံတစ်ခု ကွဲပြားနေသည်ဟု ခံစားလိုက်ရသည်…

 

သူ မသိလိုက်ခင်ပင် ချူရှောင်အပေါ်ထားသော သူ့ခံစားချက် ပြောင်းလဲသွားခဲ့ပြီ…

 

သူသည် ချူရှောင်ကို အမြဲတစေ ရန်သူနှင့် ချစ်ပြိုင်ဘက်အဖြစ် သတ်မှတ်ခဲ့သည်။

 

သူ၏ ယခင်ဘဝတွင် သူသည် လျူလီ၏ အသုံးချခံရလောက်အောင် မိုက်မဲခဲ့သည်။ သူသည် ထိုသို့ ခံထိုက်သည်။ သို့သော် စနစ်တကျ ကြိုတင်စီစဉ်ထားသော ကားတိုက်မှုတွင် မပါဝင်ခဲ့လျှင် သူ ပို၍ အသက်ရှည်ရှည် နေထိုင်နိုင်ခဲ့မည်ဖြစ်သည်။

 

သူ ပြန်လည်ရှင်သန်လာခဲ့သော်လည်း ဆရာဝန်၏ မျက်နှာတွင် မဲ့ရွဲ့သော အမူအရာကို ပြန်အမှတ်ရတိုင်း သူသည် ဒေါသများဖြင့် ပြည့်နှက်နေသည်။ သူ၏ နံရိုးကျိုးသွားပြီး နှလုံးကို ထိုးဖောက်သွားသော်လည်း မည်သူမျှ သူ့အတွက် တာဝန်မယူခဲ့ကြောင်း သူ မှတ်မိသည်။ ဆေးရုံတွင် သူ့ကို လာတွေ့ပြီး ကားတိုက်မှုအတွက် သူကိုယ်တိုင် တာဝန်ယူရမည်ဟု ပြောသော ရဲအရာရှိ၏ လှောင်ပြောင်သော အသံကိုလည်း သူ မှတ်မိသည်။ ထောင်ထဲတွင် ဆယ်နှစ်ကြာခဲ့ရသည်ကိုလည်း သူ အမှတ်ရသည်။။

 

သို့သော် အရာအားလုံးသည် ကွဲပြားခြားနားနေသည်။ သူ လက်ခံသည်ဖြစ်စေ၊ မခံသည်ဖြစ်စေ…

 

ချူရှောင်သည် သူ၏ ကြေကွဲဖွယ်အဖြစ်ဆိုး၏ အဓိက တရားခံဖြစ်သည်။ အတိတ်တွင် သူသည် ချူရှောင်ကို မဆိုင်းမတွ သတ်ပစ်နိုင်ခဲ့သည်။ ဘားတွင် ချူရှောင်ကို မသတ်ခဲ့ခြင်းမှာ သေခြင်းသည် ချူရှောင်အတွက် သနားစရာ ကောင်းသော လွတ်မြောက်မှုတစ်ခုဟု သူ ထင်သောကြောင့်သာ ဖြစ်သည်။

 

သို့သော် ယခုမူ…

 

သူသည် ချူရှောင်ကို သတ်ရန် အခွင့်အရေးများစွာ ရခဲ့သော်လည်း ထိုသို့လုပ်ရန် သူ့တွင် သတ္တိမရှိကြောင်း တွေ့ရှိခဲ့သည်…

 

ထိုအချက်ကို သဘောပေါက်သောအခါ သူသည် ထိတ်လန့်သွားသည်။

 

'မဟုတ်ဘူး ဒါ အမှန်တရား မဟုတ်ဘူး'

သူ့ကို အလွယ်တကူ သေစေချင်ရုံသက်သက် မဟုတ်ဘူး။ သူ့ဘဝကို ငရဲတစ်ခုဖြစ်အောင် လုပ်ချင်တာ။

 

'ဟုတ်တယ် ဒါပဲ...' လင်းဖန် သူ့ဘာသာတွေးနေမိသည်။

 

သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ သူ့ကိုယ်သူ ချော့မော့ရန် ကြိုးစားနေသည်…

 

သူသည် အိပ်ခန်းမှ ညည်းသံများကို လျစ်လျူရှုကာ စိတ်တည်ငြိမ်အောင်လည်း ကြိုးစားခဲ့သည်။ သို့သော် ကံမကောင်းစွာဖြင့် သူ မအောင်မြင်ခဲ့ပေ။

 

ချူရှောင်၏ ညည်းသံများ တိတ်သွားသည်အထိ သူ စိတ်မငြိမ်သက်နိုင်ခဲ့ပေ။

 

သူသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး သူ့ကိုယ်သူ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

 

အိပ်ခန်းထဲ၌…

 

ချူရှောင်သည် ဘေးစောင်းလျက် ငြိမ်သက်စွာ လဲလျောင်းနေသည်။ သူ အိပ်ပျော်နေပုံရသည်။ ထင်ရှားသည်မှာ သူသည် တစ်နာရီကြာ ဆေး၏ နှိပ်စက်မှုကြောင့် ပင်ပန်းနွမ်းနယ်နေခြင်း ဖြစ်သည်။

 

လင်းဖန်သည် အိပ်ရာဘေးတွင် ရပ်ကာ ချူရှောင်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။

 

'ဒေါက်တာလီက ဒီဆေးကို ဒီလောက် ချီးကျူးတာ အံ့ဩစရာ မဟုတ်ဘူး' ဟု သူ တွေးနေမိသည်။

 

သူသည် ချူရှောင်ကို ခေါင်းမှ ခြေအထိ အကဲခတ်လိုက်သည်။

 

'ငါ အရင်ဘဝတုန်းက တီဗွီမှာ ချူရှောင်ကို မကြာခဏ တွေ့ဖူးတယ်။ သူက အမြဲတမ်း အထက်စီးဆန်တဲ့ အမူအရာနဲ့ပဲ နေခဲ့တာ။ ဒါ ပထမဆုံးအကြိမ် သူ့ရဲ့ အားနည်းချက်ကို ငါ မြင်ရတာပဲ’

 

သူ ဒီလို မကြည့်သင့်ဘူး။

 

ဒါပေမဲ့ သူ့ရဲ့ ကံဆိုးမိုးမှောင်ကျမှုမှာ ငါ ပျော်ရွှင်မှုကို တွေ့တယ်။ သူ့အပေါ်ထားတဲ့ ငါ့ရဲ့ အမုန်းတရားတောင် လျော့ပါးသွားပြီ။

 

ငါ သူ့အပေါ် အောင်မြင်စွာ လက်စားချေပြီးပြီလား။

 

'ဒါ အောင်မြင်တယ်လို့တော့ မထင်ဘူး...' ဟု သူ့ဘာသာတွေးနေမိသည်။

 

လင်းဖန်သည် ချူရှောင်အပေါ်ထားသော သူ့ခံစားချက် မည်သို့ ပြောင်းလဲသွားသည်ကို တွေးတောနေစဉ်တွင် ချူရှောင် နိုးလာသည်။

 

ချူရှောင်သည် ဆေးအရှိန်ကြောင့် ထုံထိုင်းနေသော်လည်း အသံနှင့် လှုပ်ရှားမှုတိုင်းကို သတိထားနေသည်။

 

ထိုအခိုက်အတန့်တွင် သူသည် မျက်လုံးဖွင့်ကာ သတိပြန်လည်လာသောအခါ အခန်းထဲတွင် နောက်ထပ်လူတစ်ယောက် ရှိနေသည်ကို ချက်ချင်း သိလိုက်သည်။

 

သူသည် လင်းဖန်ကို အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

 

"မင်း ဘာလုပ်နေတာလဲ"

 

"ခင်ဗျားကို ကြည့်နေတာ" လင်းဖန် ခဏရပ်ပြီး "ခင်ဗျားက ကြည့်ကောင်းတယ်" ဟု ထပ်ပြောလိုက်သည်။

 

သူသည် "မင်းအခု ဘယ်လိုနေသေးလဲ" ဟု မေးချင်ခဲ့သော်လည်း ချူရှောင် ကျေးဇူးတင်မည်မဟုတ်ကြောင်း သိသောကြောင့် ထိုအတွေးကို ဖျောက်လိုက်သည်။

 

ထို့ထက်ပို၍ ချူရှောင်ကို ဆေးခတ်ခဲ့သူအနေဖြင့် ထိုမေးခွန်းကို မေးရန် လင်းဖန်တွင် အရည်အချင်း မရှိပေ…

 

ချူရှောင် မျက်မှောင်ကြုတ်ကာ သွားကြိတ်လျက် "ဒီက ထွက်သွားစမ်း..."

 

သူ ခွန်အားပြန်ပြည့်လာလျှင် လင်းဖန်ကို ကောင်းကောင်း သင်ခန်းစာပေးလိမ့်မည်။

 

သူ့ကို ကောင်းကောင်းသိသောသူများသည် သူ့ကို စော်ကားခြင်းကို အမြဲရှောင်ကြသည်။ မည်သူမျှ သူ့ကို ကြည့်ကောင်းသည်ဟု မပြောရဲပေ။

 

ဖန်မင်မှလွဲ၍ ကျန်သူများက သူ့ကို စော်ကားလျှင် ကြီးလေးသော အဖိုးအခ ပေးဆပ်ရသည်။

 

သို့သော် သူသည် သူ့ရှေ့က ဆယ်ကျော်သက်သည် ထိုသို့သော သာဓကတစ်ခု ဖြစ်လိမ့်မည်ဟု မထင်ပေ။

 

လင်းဖန်သည် ချူရှောင်၏ မျက်လုံးများတွင် လူသတ်လိုသော အကြည့်ကို မြင်လိုက်ရသည်။

 

သို့သော် သူသည် ထိုအကြည့်ကို ခံနိုင်ရည်ရှိနေပြီ။

 

သူသည် ပြတ်သားသောအသံဖြင့် "ရေချိုးချင်လား"

 

ချူရှောင်သည် သူ၏ စကားများကို ကြားသောအခါ ထပ်မံ၍ မျက်မှောင်ကြုတ်လိုက်သည်။

 

တစ်နာရီကြာ နှိပ်စက်ခံရပြီးနောက် သူသည် ရေချိုးရန် လိုအပ်လာသည်။

 

သို့သော်... သူ့တွင် ခွန်အား မရှိပေ။ ထို့ထက်ပို၍ သူသည် လုံးဝစိမ်းသက်သော၊ လုံခြုံမှုမရှိသော နေရာတွင် ရေချိုးရန် လက်မခံနိုင်ဟု ယူဆခဲ့သည်။

 

ထို့ကြောင့်…

 

"မလိုဘူး" သူသည် လင်းဖန်ကို မဆိုင်းမတွ ငြင်းပယ်လိုက်သည်။

 

သူသည် စိတ်မသက်မသာ ခံစားရသော်လည်း ဆေးအရှိန် မကုန်မချင်း စောင့်ရန် ဆုံးဖြတ်လိုက်သည်။

 

'ဆေးအရှိန်ကုန်သွားရင် ငါ တစ်ယောက်တည်း ရေချိုးလို့ရတယ် ချန်ဖန် ငါ့ကို မတွေ့ရင်လည်း ကိစ္စမရှိဘူး ဒီကောင်လေး ငါ့ကို ကူညီပေးလို့ ဆုချမယ် သူ့ကို သင်ခန်းစာလည်း ပေးမယ်...' ချူရှောင် သူ့ဘာသာတွေးနေမိသည်။

 

သူ အရာအားလုံးကို အစီအစဉ်တကျ ဆွဲထားပြီးဖြစ်သည်။

 

သို့သော် သူ့ကို စိတ်ပျက်စေနိုင်သော အရာတစ်ခု ရှိနေသည်…

 

သူ့အတွက် အထူးပြင်ဆင်ထားသော ဆေး၏ အာနိသင်သည် လွယ်လွယ်ကူကူ မပျောက်နိုင်ပေ…

 

ချူရှောင်၏ တုံ့ပြန်မှုသည် မျှော်လင့်ထားသည့်အတိုင်း ဖြစ်သည်။

 

လင်းဖန်သည် အံ့အားသင့်ခြင်းလည်း မရှိ၊ ဒေါသလည်း မထွက်ပေ။ သူသည် ချူရှောင်၏ ငြင်းပယ်မှုကို တည်ငြိမ်စွာ လက်ခံလိုက်သည်။

 

သူသည် ပခုံးတွန့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည် "သဘောပါဗျာ ခင်ဗျားကို သတိပေးရဦးမယ်။ ဒီတိုက်ခန်းက ဟောင်းနေပြီ၊ လျှပ်စစ်အားလည်း မတည်ငြိမ်ဘူး ရေနွေးပေးစက်ကို  ပိတ်တော့မှာ နောက်မှ နောင်တရပြီး ရေချိုးချင်ရင် ခင်ဗျားကို ကျွန်တော် ကူညီနိုင်မှာ မဟုတ်ဘူးနော်”

 

"ထွက်သွားစမ်း!"

 

လင်းဖန်သည် ကွန်ပျူတာစားပွဲတွင် မှီထိုင်ကာ ပြားပြားဝပ်လျက် "ဒါ ကျွန်တော့်တိုက်ခန်း။ ခင်ဗျားက ဧည့်သည်တစ်ယောက်လေ။ ခင်ဗျား ပိုပြီး ယဉ်ကျေးသင့်တယ်လို့ ထင်တယ်"

 

နောက်ဆုံးတွင် ချူရှောင်သည် ကြာမြင့်စွာ နေထိုင်ကောင်းနေနိုင်သည်။ လင်းဖန်သည် ဖြစ်နိုင်လျှင် ချူရှောင်နှင့် ပြန်လည်သင့်မြတ်လိုသည်။

 

"မင်း မသေချင်ရင် ဒီက ထွက်သွားစမ်း" ချူရှောင်သည် လင်းဖန်နှင့် စကားပြောရန် စိတ်မပါပေ။ သူ့အမြင်တွင် လင်းဖန်သည် မိုက်မဲပြီး ဆူညံသော ကောင်လေးတစ်ယောက်သာ ဖြစ်သည်။

 

ထို့ထက်ပို၍ သူသည် စိတ်တိုနေသည်။

 

သူသည် ပြန်ပေးဆွဲခံရခြင်းနှင့် လုပ်ကြံခံရခြင်းများကို အများအပြား ကြုံတွေ့ခဲ့ရသော်လည်း အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။

 

ယခု အနည်းငယ်သော လူများသာ ထိုသို့ လုပ်ရဲတော့သည်။

 

သူသည် အချိန်အတော်ကြာအောင် ထိုကဲ့သို့သော အနေအထားတွင် မရောက်ခဲ့ပေ။

 

Damn it!

 

ချူရှောင်၏ မျက်နှာတွင် မကျေနပ်သော အမူအရာကို ကြည့်ခြင်းဖြင့် လင်းဖန်သည် ချူရှောင် ဘာတွေးနေသည်ကို ခန့်မှန်းနိုင်ခဲ့သည်။

 

သူသည် မျက်ခုံးများကို ပင့်ကာ ဘာမှ မပြောပေ။

 

ထို့နောက် မဆိုင်းမတွ လှည့်ထွက်သွားပြီး တံခါးကို သူ့နောက်တွင် ပိတ်လိုက်သည်။

တံခါးပိတ်လိုက်သည်နှင့် သူ့မျက်နှာပေါ်မှ အပန်းဖြေဟန်သည် တည်တည်ကြည်ကြည် အမူအရာသို့ ပြောင်းလဲသွားသည်။

 

သူသည် ထိုအချိန်တွင် ချူရှောင်ကို သူ့တိုက်ခန်းသို့ ပြန်ခေါ်လာခဲ့ခြင်းဖြစ်သည်။ ၎င်းသည် မိုက်မဲကြောင်း သူသိသော်လည်း ချူရှောင်ကို မြေအောက် နိုက်ကလပ်သို့ ပို့ရန် သူ၏ အစီအစဉ်အတွက် ကောင်းသော ဆုံးဖြတ်ချက်ဟု သူ မထင်ခဲ့ပေ။ သူ ထိုသို့ မလုပ်လို…

 

ထို့ကြောင့် သူသည် နောက်ဘာလုပ်ရမည်ကို တွေးတောရတော့မည်။

 

…..

 

လင်းဖန် ထွက်သွားသည်အထိ ချူရှောင်သည် သတိဝီရိယ လျှော့မထားခဲ့ပေ။

 

လင်းဖန်သည် သူ့ကို ခြိမ်းခြောက်မှုတစ်ခုဟု သူ ထင်သောကြောင့် မဟုတ်ဘဲ သူ အနားယူနေချိန်တွင် စောင့်ကြည့်ခံရခြင်းကို မကြိုက်သောကြောင့်ဖြစ်သည်။ သူသည် လင်းဖန်ကို ဓားစာခံအဖြစ် ထိန်းသိမ်းထားပြီး ထင်ရှားသည်မှာ သူတို့နှစ်ဦးစလုံး တစ်ဦးကိုတစ်ဦး ရန်လိုနေကြသည်။

 

ထို့ထက်ပို၍ အကြောင်းမသိသော အကြောင်းပြချက်တစ်ခုကြောင့် လင်းဖန်နှင့် တစ်ခန်းတည်း ရှိနေသောအခါ သူသည် စိုးရိမ်ပူပန်ပြီး ရှက်ရွံ့နေသည်ဟု ခံစားလိုက်ရသည်။

 

ဖြစ်ကောင်းဖြစ်နိုင်သည်မှာ….

 

ဒါဟာ အမြင်မှားတာ ဖြစ်နိုင်တယ်…

 

ဒါဟာ ရိုးရိုး အမြင်မှားယွင်းမှုတစ်ခုပါ။

ချူရှောင် မျက်မှောင်ကြုတ်ကာ စိတ်တည်ငြိမ်အောင် ကြိုးစားသည်။ သူသည် ထိုအရေးမပါသော အရာများအတွက် သူ့အချိန်ကို မဖြုန်းတီးလိုပေ။

 

သူ ငြိမ်သက်သွားသည်။ ပင်ပန်းနွမ်းနယ်မှုသည် လှိုင်းလုံးများသဖွယ် ပြန်လာသည်။ သူ မျက်လုံးများကို မှိတ်ရန် ပြင်နေစဉ် တံခါးသည် အပြင်ဘက်မှ ပြန်ပွင့်လာသည်။

 

"မင်း..."

 

ဤတစ်ကြိမ်တွင် လင်းဖန် ဘာမှ မပြောပေ။ ချူရှောင်ကို မကြည့်ဘဲ သူသည် စောင်တစ်ထည်ကို အမြန်ယူကာ ချူရှောင်အပေါ်သို့ လွှမ်းခြုံပေးလိုက်သည်။ ထို့နောက် သူသည် လှည့်ထွက်သွားသည်။

 

ချူရှောင် အနည်းငယ် အံ့အားသင့်သွားသည်။ သူသည် တံခါးကို တစ်ချက်ကြည့်ကာ "သူက သဘောကောင်းတဲ့ ကောင်လေးနဲ့ တူတယ်" ဟု တိုးတိုးလေးပြောလိုက်သည်။

 

သို့သော်…

 

သူသည် ရုတ်တရက် ဖန်မင်ကို သတိရသွားသည်။

 

ထိုနေ့က ဖန်မင်လည်း ထိုသို့ပင် လုပ်ခဲ့သည်ကို သူ အမှတ်ရသည်။

 

အဲ့နေ့က သူပြန်လာပြီး ငါ့ကိုကြိုးတွေဖြည်ပေးပြီး အင်္ကျီတောင်ခြုံပေးခဲ့​သေးတယ်... တုံးအလိုက်တဲ့ကောင်...' ချူရှောင် သူ့ဘာသာတွေးနေမိသည်။

 

သူ၏ နှုတ်ခမ်းများ အနည်းငယ် ပြုံးယောင်သန်းသွားသည်ကို သူ သတိမထားမိပေ။

 

'အကယ်၍ ဆေးအရှိန် မကုန်သေးဘဲ ငါ့မှာ သူ့ကို သတ်နိုင်တဲ့ စွမ်းအားရှိရင် ငါ သေနတ်ထုတ်ပြီး မဆိုင်းမတွ ပစ်သတ်လိုက်မှာ။ ဒါပေမဲ့ သူက ပါရမီရှင်ဆိုတာ ငါ ဝန်ခံရမယ်' ချူရှောင် သူ့ဘာသာတွေးနေမိသည်။

 

လွန်ခဲ့သော လအနည်းငယ်အတွင်း သူသည် ဖန်မင်နှင့် အပြိုင်အဆိုင် ရုန်းကန်ခဲ့ရသည်။ နောက်ပိုင်းတွင် ချူရှောင်သည် ဖန်မင်သည် အရည်အချင်းရှိသော ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်ကြောင်း နားလည်ခဲ့သည်။

 

ဘားတွင် ဖန်မင် သူ့ကို ဘာတွေလုပ်ခဲ့သည်ကိုတော့ သူ ထပ်ပြီး မတွေးလိုတော့ပေ။