Ch 51
Viewers 11k

51 : ပူးပေါင်းဆောင်ရွက်မည့်သူ ရှာဖွေခြင်း

 

လေ့ဝူသည် လင်းဖန်ထံမှ ဆေးပုလင်းငယ်ကို ယူလိုက်ပြီး သိလိုစိတ်ဖြင့် မေးလိုက်သည်။ "ဘော့စ်၊ ဒါ ဘာလဲ"

 

"မူးယစ်ဆေး တစ်မျိုးပဲ။ ယူထားလိုက်။ မင်း သူ့ကို ဖမ်းမိတဲ့အခါ ထိုးပေးလိုက်”

 

“ဟုတ်ကဲ့ ” လေ့ဝူသည် ဘာမှ အံ့အားသင့်ဟန် မပြပါ။ လင်းဖန်သည် ကြင်နာတတ်ပြီး ရိုးသားပုံပေါ်သော်လည်း တကယ်တမ်းတွင် အကောက်ကြံတတ်သူတစ်ဦး ဖြစ်သည်။ လေ့ဝူသည် လင်းဖန် အခြားရည်ရွယ်ချက်မရှိဘဲ ထိုလူကို ပြန်ပေးဆွဲလိုသည်ဟု မထင်ပါ…

 

ထိုဆေးဝါးအတွက်မူ…

 

လေ့ဝူသည် နောက်ထပ် ဘာမှ မမေးတော့ပါ။ ၎င်းသည် ကောင်းမွန်သော ဆေးဝါးတစ်မျိုး မဟုတ်ကြောင်း သူသိသည်။

 

သူသည် ပုလင်းကို ဂရုတစိုက် သူ၏ အိတ်ထဲသို့ ထည့်လိုက်ပြီး ယာဉ်မောင်းအား ကျွမ်းမင်ခရိုင်သို့ မောင်းနှင်ရန် ပြောလိုက်သည်။

 

… … …

 

တစ်နာရီအကြာတွင်…

 

ဒါဖာဘဏ္ဍာရေးကုမ္ပဏီ၊ ကျွမ်းမင်ခရိုင်။

 

သွားကြားထိုးတံကို ပါးစပ်တွင် ခဲထားသော လူတစ်ဦးက “ချင်လို့ခေါ်တဲ့ ဂိုဏ်းတဲ့လား? ငါ တစ်ခါမှ မကြားဖူးဘူး”

 

“မကြာခင် နာမည်ကြီးလာလိမ့်မယ်” ဟု လင်းဖန်က ပြောသည်။

 

“ဟမ့်! မင်းက တော်တော် မောက်မာပြီး ကြွားဝါတဲ့ လူငယ်ပဲ။ ကောင်းပြီလေ၊ ဘာလိုချင်လဲ? ပိုက်ဆံချေးချင်လို့လား ဒါမှမဟုတ် ငါတို့ကို ငှားရမ်းချင်လို့လား? မင်း အပေါင်ပစ္စည်း တစ်ခုခု မထားခဲ့ရင် မင်းရဲ့ ရည်မှန်းချက်ကို ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး။ နောက်ဆုံးတော့ မင်းတို့ဂိုဏ်း ဘယ်အချိန် ပြိုကွဲသွားမလဲ မသိဘူး” သူသည် လင်းဖန်ကို မထီမဲ့မြင်ပြုရင်း လှမ်းကြည့်လိုက်သည်။

 

သူ၏ သဘောထားသည် အလွန် မောက်မာသော်လည်း လင်းဖန် ဂရုမစိုက်ပါ။

 

“မင်း ဘာလိုချင်လဲ”

 

“ကျွန်တော်နဲ့ ပူပေါင်းဖို့ လူတစ်ယောက်ရှာနေတာ”

 

လင်းဖန်သည် နှုတ်ခမ်းကို ကွေးညွှတ်ကာ ပြုံးလိုက်ပြီး ရှေ့သို့ ကိုင်းလိုက်သည်။

 

“မင်းတို့ ကုမ္ပဏီနဲ့… ပိုတိတိကျကျ ပြောရရင် မင်းတို့ဂိုဏ်းနဲ့ ပူးပေါင်းဆောင်ရွက်ချင်တယ်”

 

“မင်း ဘာပြောနေလဲ ငါ နားမလည်ဘူး” သူတို့သည် အရင်က ဂိုဏ်းဝင်များ ဖြစ်ခဲ့ကြသော်လည်း ယခုအခါ အနည်းဆုံး အပေါ်ယံအားဖြင့်တော့ ဥပဒေကို လိုက်နာသော နိုင်ငံသားများ ဖြစ်နေကြသည်။

 

လင်းဖန်က တည်ငြိမ်သောအသံဖြင့် ပြောလိုက်သည်။ “မစ္စတာလူ… အင်း… ကျွန်တော့်ကို မစ္စတာတိုက်ဂါးလို့ ခေါ်သင့်တယ် ထင်တယ်။ ကျွန်တော် ပြောနေတာ အမှန်တရားဆိုတာ ခင်ဗျား သိမှာပါ” သူသည် လေ့ဝူ၏ လက်ထဲမှ စာရွက်စာတမ်းတစ်ခုကို ယူကာ ‘တိုက်ဂါး’ ဟု အမည်ပြောင်ပေးထားသော လူထံသို့ ပေးလိုက်သည်။

 

“မင်း…”

 

“အရင် ကြည့်လိုက်ပါဦး”

 

တိုက်ဂါးသည် လင်းဖန်ထံမှ စာရွက်စာတမ်းကို ယူကာ စိတ်မချမ်းသာသော်လည်း စတင်ဖတ်ရှုလေသည်။

 

၎င်း၏ အကြောင်းအရာမှာ…

 

အသေးစိတ် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တစ်ခု ဖြစ်သည်။

 

လင်းဖန်သည် ပစ်မှတ်ထားသူ၏ ကိုယ်ရံတော်များကို တိုက်ခိုက်ဟန်ဆောင်ကာ ထိုအတောအတွင်း သူ့ကို လွှတ်ပေးရန် ရည်ရွယ်ထားသည်။ ချင်ဂိုဏ်းအဖွဲ့ဝင်များသည် ပစ်မှတ်ထားသူကို ပြန်ပေးဆွဲရန် အခွင့်အရေးကို ရယူရမည်ဖြစ်သည်။ အစီအစဉ်သည် တိကျသော အချိန်၊ နေရာနှင့် အင်အားအသုံးပြုမှုတို့ဖြင့် ပြည့်စုံသည်။ ထို့အပြင် လင်းဖန်သည် အလုပ်ပြီးမြောက်ပါက ဆုငွေအဖြစ် သန်းငါးဆယ် ပေးမည်ဖြစ်သည်။

 

တိုက်ဂါးသည် ၎င်းသည် အလွန် ဆွဲဆောင်မှုရှိသော ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တစ်ခုဖြစ်ကြောင်း ဝန်ခံရသည်။

 

သို့သော်…

 

ပစ်မှတ်ထားသူ၏ အမည်ကို သူမြင်သောအခါ တိုက်ဂါးသည် နေရာတွင် ခုန်ထလိုက်သည်။

 

“ဟမ်?! ချူရှောင်?! မင်း ရူးနေတာလား?”

 

သူ၏ စကားများကို ကြားသောအခါ ဒါဖာဘဏ္ဍာရေးကုမ္ပဏီမှ လူများသာမက လင်းဖန်နောက်တွင် ရပ်နေသော လေဝူ၊ မန်ကီနှင့် လုဘင်တို့ပါ အံ့အားသင့်သွားကြသည်။

 

ချူရှောင်သည် Nမြို့နှင့် ‌Jပြည်နယ်၏ မြေအောက်ဘုရင်ဖြစ်သည်။ လူအများသည် သူ့ကို ကြောက်ရွံ့ကြပြီး အမြဲတမ်း သူ့ကို ရှောင်ဖယ်ခဲ့ကြသည်။

 

သူတို့၏ ရှုထောင့်မှ ကြည့်လျှင် လင်းဖန်သည် မိမိ၏ သေတွင်းကို တူးနေသူ တစ်ဦးတည်းသာ ဖြစ်သည်။

 

“ကျွန်တော် နောက်တာမဟုတ်ဘူး။ ကျွန်တော် သိသလောက်တော့ ခင်ဗျား ချူရှောင်ကို မကျေနပ်မှုတွေ ရှိတယ်မလား? ဒါက လင်းဖန် ဒါဖာဘဏ္ဍာရေးကုမ္ပဏီကို သူ့ရဲ့ မိတ်ဖက်အဖြစ် ရွေးချယ်ခဲ့တဲ့ အကြောင်းရင်းတွေထဲက တစ်ခုပဲ

 

“ဘာ?! ဟုတ်တယ်၊ ငါ ချူရှောင်နဲ့ မကျေနပ်မှုတွေ ရှိတယ်။ ဒါပေမဲ့ ဒါ မင်းနဲ့ မဆိုင်ဘူး။ ချူရှောင်မှာ အင်အားကြီးမားပြီး ချမ်းသာကြွယ်ဝတာကို ထည့်စဉ်းစားရင် ငါ သူ့ကို စော်ကားရဲမှာ မဟုတ်ဘူး။ ငါ ချူရှောင်ကို မစော်ကားနိုင်ဘူး”

 

“ခင်ဗျားလည်း ခင်ဗျားလမ်းခင်ဗျား သွား၊ ကျွန်တော်လည်း ကျွန်တော်လမ်းကျွန်တော် သွားမယ်။ ကျွန်တော့်အစီအစဉ်ထဲကို ခင်ဗျားကို ဆွဲထည့်ဖို့ မကြိုးစားပါဘူး…”

 

“မစိုးရိမ်ပါနဲ့။

 ခင်ဗျား ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် ကို ဖတ်ပြီးပြီပဲ။ ခင်ဗျား လုပ်ရမှာက ချူရှောင်ရဲ့ လက်အောက်ငယ်သားတွေကို ဟန်ပြသက်သက် ဟန့်တားဖို့ပဲ။ စိတ်မပူပါနဲ့။ သူတို့ ခင်ဗျားကို ဖမ်းမိမှာ မဟုတ်ပါဘူး။ ခင်ဗျား ဘယ်လောက်ကြာကြာ ဟန်ဆောင်နိုင်မလဲဆိုတာပဲ မေးခွန်းထုတ်စရာရှိတာ။ နောက်ဘာဖြစ်လာမလဲဆိုတာနဲ့ ပတ်သက်ပြီး ခင်ဗျားနဲ့ ဘာမှ မဆိုင်ပါဘူး။ ကျွန်တော်တို့က ကျွမ်းမင်ခရိုင်ကနေ သူ့ကို ခေါ်သွားမှာဖြစ်ပြီး ခင်ဗျားက အဲဒီ့ကိစ္စကနေ အဝေးမှာ နေနိုင်ပါတယ်” လင်းဖန် ခဏရပ်သွားပြီး ဆက်ပြောသည်။

 

“အင်း…”

 

"နောက်ဆုံးစာမျက်နှာကို ကြည့်လိုက် ကျွန်တော် ခင်ဗျားကို ကြိုငွေအဖြစ် ငါးသန်းပေးမယ်။ ပြီးတော့ အရာအားလုံး ပြီးသွားတဲ့အခါ နောက်ထပ် ငါးသန်း ထပ်ပေးဖို့ အေဂျင်စီတစ်ခုကို တာဝန်ပေးမယ်။ တိုတိုပြောရရင် ကျွန်တော့်မှာ ဘာဖြစ်ဖြစ် ခင်ဗျား ဆယ်သန်း ရမှာပဲ”

 

လင်းဖန်၏ အသံသည် မကျယ်လောင်သော်လည်း အလွန် တည်ငြိမ်သည်။ သူသည် အလွန် ယုံကြည်မှုရှိဟန် ပေါ်သည်။

 

သူသည် သူတို့ သူ့နှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူလိမ့်မည်ဟု ယုံကြည်သည်။

 

လူသားတို့သည် စည်းစိမ်ဥစ္စာကို လိုက်ရှာရင်း သေဆုံးကြပြီး ငှက်တို့သည် အစာကို ရှာဖွေရင်း သေဆုံးကြသည်ဟူသော စကားသည် လောကနိယာမတစ်ခုနှင့်ပင်ဖြစ်သည်။