32 : မင်းရဲ့ ဇနီး
"ဘာကိုလဲ?"
လင်းဖန်သည် လေ့လေ့၏ လက်ညှိုးညွှန်ပြရာသို့ လှမ်းကြည့်လိုက်သောအခါ
ချူရှောင်၏ ဓာတ်ပုံကို တွေ့လိုက်ရသည်။
သူ ရှက်သွားသည်။
သူ ချောင်းဟန့်ကာ "သူက ဘာမှ မဟုတ်ပါဘူး"
လေ့လေ့သည် ခေါင်းအား တစ်ဖက်သို့ စောင်းကာ "ခင်ဗျား
ဘာကို ဆိုလိုတာလဲ?"
ထင်ရှားသည်မှာ သူသည် စားပွဲပေါ်ရှိ ဓာတ်ပုံထဲက လူကို
အလွန် စိတ်ဝင်စားနေသည်။
"သူက မင်းအဖေလား ဖန်ဖန်?"
"မဟုတ်ဘူး" လင်းဖန် ချက်ချင်း ပြန်ဖြေလိုက်သည်။
"ချူရှောင်သာ သူ့အဖေဆိုရင် သူက ဒုတိယမျိုးဆက်ရဲ့ ချမ်းသာကြွယ်ဝသူ တစ်ယောက် ဖြစ်နေမှာပေါ့"
"သူက မင်းအစ်ကိုလား?"
"မဟုတ်..."
"သိပြီ! သူက မင်းရဲ့ ဇနီးပဲ ဖြစ်ရမယ်"
လင်းဖန်၏ ပါးစပ်ထဲမှ ရေများ ပန်းထွက်သွားပြီး သူ
ပြင်းပြင်းထန်ထန် ချောင်းဆိုးတော့သည်။
"မဟုတ်ဘူးလို့! မင်းက သူ့နဲ့ ငါ့ရဲ့ ဆက်ဆံရေးကို
ဘာလို့ ဒီလောက် စပ်စုနေတာလဲ?"
"အို..." လေ့လေ့သည် ခေါင်းကို ငုံ့ကာ လက်ချောင်းလေးများဖြင့်
ဆော့ကစားနေရင်း "လင်ဒါက ကျွန်တော့်ကို မိသားစုဝင်တိုင်းကို မှတ်မိအောင် ကြိုးစားပြီး
မွေးစားပြီးရင် သူတို့ကို နှုတ်ဆက်ဖို့ပြောထားတယ်လေ ဒီနည်းနဲ့ပဲ သူတို့ ကျွန်တော့်ကို
သဘောကျလာမှာပေါ့"
"ဒီနည်းနဲ့ပဲ မင်းကို သစ်စိမ်းရိပ်သာ လူမှုဝန်ထမ်းဂေဟာကို
ပြန်ပို့မှာ မဟုတ်ဘူး မဟုတ်လား" လင်းဖန်က ဝင်ပြောသည်။ သူသည် လူမှုဝန်ထမ်းဂေဟာ၏ ပညာရေးဆိုင်ရာ ချဉ်းကပ်မှုကို
သဘောတူနိုင်ခြင်း မရှိပေ။
"မင်းကို ငါ ဘယ်မှ ပို့မှာ မဟုတ်ဘူး ဓာတ်ပုံထဲက
လူကလည်း ငါတို့ မိသားစုဝင် မဟုတ်ဘူး အဲ့တာမို့ သူ့အကြောင်း မင်း သိစရာ မလိုဘူး"
"အို..."
"မင်းက ကလေးပဲဟာ ကလေးတစ်ယောက် လုပ်သင့်တာကိုပဲ
လုပ်ပေါ့ ကောင်းတာတွေကို စိတ်ထဲမှာ သိမ်းထားပြီး စိုးရိမ်ပူပန်မှုတွေကို မေ့ပစ်လိုက်တော့နော်
ဟုတ်ပြီလား"
လေဝူသည် ထူးဆန်းသော လူတစ်ဦး ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော်
သူသည် လေ့လေ့ကို လေဝူကဲ့သို့ ဖြစ်စေလိုသော ဆန္ဒမရှိသောကြောင့် ဖြစ်သည်။
"အို... ဒါပေမဲ့... အဲဒီလူက ရုပ်ချောတယ်နော်..."
လေ့လေ့က တီးတိုး ရေရွတ်လိုက်သည်။
"အင်း သူက ရုပ်ချောတယ် ဒါပေမဲ့ အဲဒါက မင်းနဲ့
ဘာမှ မဆိုင်ဘူးနော်၊ နားလည်လား?"
"အို..." တကယ်တော့ လေ့လေ့မှာ ဝေခွဲမရ ဖြစ်နေဆဲပင်။
စကားစမြည်သည် တဖြည်းဖြည်း အဆုံးသတ်သွားသည်။ လင်ဖန်
စကားပြောခြင်းကို ရပ်လိုက်သည်။ သူသည် ကြမ်းပြင်ပေါ်မှ ထကာ စားပွဲဆီသို့ လျှောက်သွားပြီး
ဓာတ်ပုံကို ပြန်ထားချင်သည်။
သို့သော် သူသည် ဓာတ်ပုံကို ခိုးကြည့်မိသည်ကို မတတ်နိုင်ပေ။
'သူ တကယ်ကို ရုပ်ချောတာပဲ... ငါ့အမြင်အရတော့ ကံဆိုးတာက
သူ့မှာ အလွန်အင်အားကြီးတဲ့ N မြို့မှာ ဩဇာအာဏာရှိပြီး ဘယ်သူ့ကိုမဆို အလွယ်တကူ သတ်နိုင်တယ်
ဆေးစွဲနေတဲ့အချိန်ကလွဲရင်ပေါ့... အဲဒီအချိန်တုန်းက သူက အရမ်းနူးညံ့ပြီး အေးစက်တဲ့ပုံစံမျိုး
မဟုတ်တော့ဘူး... လင်းဖန် သူ့ကိုယ်သူ တွေးလိုက်သည်’
ထိုနေ့က ဘားတွင် ဖြစ်ပျက်ခဲ့သည်များကို သူ ပြန်လည်
အမှတ်ရမိသည်ကို မတတ်နိုင်ပေ။ ထိုအချိန်တွင် ချူရှောင်၏ တောက်ပသောမျက်လုံးတစ်စုံသည်မု
န်းတီးမှုများဖြင့် လင်းဖန်ကို သတ်လိုခဲ့သော်လည်း နောက်ဆုံးတွင် သူသည် ကာမဂုဏ်၏ လှုံ့ဆော်မှုနှင့်
သူ၏ တဏှာအောက်တွင် ခေါင်းငုံ့ခဲ့ရသည်။
'သူ အဲဒီအချိန်တုန်းက အရမ်းကို လှပခဲ့တာပဲ...' လင်းဖန်
တွေးလိုက်သည်။
"မင်း ပြုံးနေတယ် ဖန်ဖန်"
"ဘာကိုလဲ?" လေ့လေ့၏ အသံကြောင့် လင်းဖန်
အသိပြန်ဝင်လာသည်။ သူသည် လေ့လေ့ကို ငုံ့ကြည့်ကာ သံသယဖြစ်ဟန်ဖြင့် မျက်ခုံးပင့်လိုက်သည်။
"မင်း သူ့ကို ကြိုက်နေတာ" လင်ဒါက လူတစ်ယောက်က
မင်းကို ပြုံးပြရင် သူ မင်းကို ကြိုက်လို့ပဲလို့ ပြောဖူးတယ်လေ။
"မဖြစ်နိုင်ဘူး!" လင်းဖန် ချက်ချင်း ပြန်ပြောလိုက်သည်။
"ချူရှောင်က ငါ့ရဲ့ ရန်သူပဲ။ ကမ္ဘာပေါ်မှာ ဘယ်ယောက်ျားမှ သူ့ရဲ့ ရန်သူကို ချစ်မှာ
မဟုတ်ဘူး"
"ဒါပေမဲ့ ကျွန်တော်ကတော့ သူ့ကို ကြိုက်တယ်"
လင်းဖန်၏ စကားများ တုံ့ဆိုင်းသွားသည်။
"သူက ရုပ်လည်းချောတယ်၊ အ့တာမို့ ကျွန်တော် သူ့ကို
ကြိုက်တယ်" လို့ လေ့လေ့က ပြောသည်။
"လူတစ်ယောက်ကို ဘယ်လို အကဲဖြတ်ရမလဲဆိုတာ ငါ
မင်းကို သင်ပေးမယ် အင်း... ငါတို့ လူတစ်ယောက်ကို သူ့ရဲ့ အသွင်အပြင်နဲ့ မဆုံးဖြတ်သင့်ဘူး
အဲဒီအစား သူ့ရဲ့ အတွင်းစိတ်ကို ထိတွေ့သင့်တယ် ရုပ်ရည်ကောင်းတဲ့သူက ဆိုးယုတ်ပြီး မနာလိုစိတ်ကြီးတဲ့သူ
ဖြစ်နိုင်တယ်၊ နားလည်ရဲ့လား?"
"ဒီလိုမျိုး အရင်ဘဝတုန်းက ငါ မမြင်ခဲ့ဖူးဘူး။
အဲဒီအချိန်တုန်းက လျိုလီက ရုပ်ရည်ကောင်းတယ်လို့ ထင်ခဲ့တယ်... ဒါပေမဲ့ ငါ ဘာမှ အသုံးမဝင်ဘူးဆိုတာကို
မေ့သွားခဲ့တယ်။ အဲဒီအချိန်တုန်းက ဘယ်သူမှ ငါ့ကို မကြိုက်ခဲ့ဘူး..." လို့ သူ သူ့ကိုယ်သူ
တွေးလိုက်သည်။
"ဟင့်အင်း ကျွန်တော် နားမလည်ဘူး"
"ကောင်းပြီ မင်းက ငါ့စကားကို နားလည်ဖို့ အသက်ငယ်သေးတယ်။
မင်းမှာ လဲဝတ်စရာ အဝတ်အစားတွေ ရှိတယ်မဟုတ်လား? သွားပြီး သန့်ရှင်းတဲ့ အဝတ်အစား လဲလိုက်တော့။
ဒီနေ့ နေ့လယ်ပိုင်းမှာ မင်းကို ရဲစခန်းကို ခေါ်သွားပြီး နေထိုင်ခွင့် ပါမစ် လျှောက်ပေးမယ်။
ပြီးရင် မင်းကို သူငယ်တန်းကို ပို့ပေးမယ်၊ ဆရာတွေက မင်းကို သင်ခန်းစာတွေ ပေးလိမ့်မယ်”