Ch 30
Viewers 11k

30 ငါ မင်းကို ဒီကနေ ခေါ်ထုတ်သွားနိုင်တယ်

 

"ငါလိုးမမင်းကို ဒါတွေ ဘယ်သူပြောပြတာလဲ? ငါ့ကို ပြောစမ်း” လေဝူသည် လှည့်ကြည့်ကာ လင်းဖန်အား စိုက်ကြည့်လိုက်သည်။

 

သူ၏မျက်လုံးများသည် ရဲရဲနီနေ၏။

 

လင်းဖန်သည် သူ့ဘဝ၏ အတိတ်ကာလ၌ လေဝူသည် သူ့အတိတ်အကြောင်းကို ပြောပြခဲ့သော နေ့ရက်ကို ပြန်အမှတ်ရနေသည်။ ထိုအချိန်၌ လေဝူ၏ မျက်ဝန်းအိမ်များလည်း နီရဲခဲ့သည်။

 

"မင်း ယုံယုံ၊ မယုံယုံ မင်းကို ငါသိတယ်"

 

လင်းဖန်သည် သူ၏မျက်လွှာ အားချလိုက်သည်။

 

အတိတ်ဘဝ၌ လေဝူသည် လင်းဖန်မှလွဲ၍ မည်သူ့ကိုမျှ သူ့အကြောင်း မပြောပြခဲ့ပေ။ လင်းဖန်ကို သူသည် အလွန်တရာမှ လေးစားကြည်ညိုပြီး ယုံကြည်ခဲ့သည်။

 

လူတိုင်းက လေဝူကို လူသတ်သမားတစ်ဦးအဖြစ် ဆက်ဆံကြသည်၊ လင်းဖန်မှလွဲ၍။

 

"မင်းမှာ ခြောက်နှစ်သားအရွယ် သားတစ်ယောက်ရှိတယ် မလား?"

 

"တိတ်စမ်း! ဆက်မပြောနဲ့!"

 

လေဝူအတွက်မူ သေဆုံးသွားသော ဇနီးနှင့်သားအကြောင်းသည် ပြောဆိုရန် ခက်ခဲသော အကြောင်းအရာတစ်ခုဖြစ်သည်။

ထိုလူယုတ်မာများကို သတ်ခဲ့ရသည့်အတွက် သူ နောင်တမရခဲ့သော်လည်း၊ သူ့ဇနီးနှင့်သားကို မကာကွယ်နိုင်ခဲ့သည့်အတွက်မူ အလွန်မုန်းတီးခဲ့သည်။

 

"ငါဆိုလိုတာက မင်းရဲ့ သားလေး အခုထိ အသက်ရှင်သေးတယ်လို့ ခြောက်နှစ်အရွယ်တောင် ‌ရောက်နေပြီ"

 

သူ့အတိတ်ဘဝ၌ လေဝူသည် လင်းဖန်အား သူ့သားအကြောင်း ပြောပြသောအခါ၊ လင်းဖန်သည် လေဝူ၏သားကို ရှာဖွေရန် ကူညီမည်ဟု စိတ်ပိုင်းဖြတ်ခဲ့သည်။

 

သို့သော် အဆုံးတွင် သူသည် သူ၏ ကတိကို မတည်နိုင်ခဲ့ပေ။

 

သူ ပြန်လည်မွေးဖွားလာပြီးနောက်၊ လေဝူပေးခဲ့သော အရိပ်အမြွက်များအတိုင်း ကလေးကို အေးဆေးတည်ငြိမ်စွာ ရှာဖွေတွေ့ရှိခဲ့သည်။

 

"သူ သစ်စိမ်းရိပ်သာ လူမှုဝန်ထမ်းဂေဟာမှာ နေနေတယ် အဲဒီနေရာ သိပ်မဝေးဘူး မင်း အဲ့ဒီလူမိုက်တွေကို သတ်ပြီးနောက် ရဲက မင်းမိန်းမကို ဆေးရုံပို့ခဲ့တယ်။ သူမ သွေးထွက်လွန်ပြီး သေလုမြောပါး ဖြစ်ခဲ့ပေမဲ့ အသက်ရှင်ခဲ့တယ် မင်းရဲ့ သားကလည်း လမစေ့ဘဲ မွေးခဲ့တာ"

 

လေဝူသည် တုန်ယင်နေသော အသံဖြင့် လင်းဖန်အ ကြည့်ကာ "မင်း ပြောနေတာ အမှန်တွေလား?"

 

"ဟုတ်တယ်။ မင်းကို လိမ်ညာဖို့ ငါ့မှာ အကြောင်း မရှိဘူး မင်းကို ဒီကနေ ခေါ်ထုတ်သွားဖို့ ငါ ကူညီနိုင်တယ် မင်းဆန္ဒရှိရင်ပေါ့" လင်းဖန် ခဏရပ်ကာ ဆက်ပြောသည်။

 

သူသည် လေဝူကို ထောင်မှ လွတ်မြောက်စေရန် စိတ်ပိုင်းဖြတ်ထားသည်။

 

သူ့အတိတ်ဘဝ၌ သူသည် လေဝူကို ထောင်မှ ခေါ်ထုတ်နိုင်ခဲ့သည်။ ယခုဘဝ၌မူ သူသည် လေဝူကို တရားဥပဒေနှင့်အညီ ထောင်မှ လွတ်မြောက်အောင် ကူညီမည်။

 

"ဟားဟား! ငါ့ကို ဒီကနေ ထုတ်ပေးမယ်ပေါ့? မင်း နောက်နေတာလား? ငါက လူသတ်သမားနော် လာစမ်းပါ၊ အဲ့ဒါကိုယုံဖို့ ငါ အဲ့လောက်ထိ မ“အ”သေးဘူး"

 

လင်းဖန် မျက်ခုံးပင့်လိုက်ကာ ပြောလိုက်သည် "မင်းက လူသတ်သမားဆိုတာ မင်းသိလို့ ငါ ဝမ်းသာတယ်။ မင်း အမျက်ဒေါသကြောင့် လူသတ်မှု ကျူးလွန်ခဲ့တာကို ထည့်တွက်ရင်တောင် မင်းကို သေဒဏ် မပေးခဲ့ဘူး။ မင်း ဒီကနေ ဘယ်လိုမှ ထွက်လို့မရဘူး။ ဘာလို့ ငါ့ကို မယုံကြည်ရတာလဲ”

 

"မင်း…”

 

"အဲဒီလူတွေအကြောင်း ငါ စုံစမ်းပြီးပြီ သူတို့ တရားမဝင်တဲ့ အလုပ်တွေ လုပ်ခဲ့ကြတာ။ ဒါကြောင့် မင်း သူတို့ကို သတ်တာ ကြီးလေးတဲ့ ရာဇဝတ်မှု မဟုတ်ဘူး"

 

ထိုအချိန်၌ လေဝူသည် လူသတ်မှုဖြင့် တစ်သက်တစ်ကျွန်း ထောင်ဒဏ် ချမှတ်ခံခဲ့ရသည်။ အကြောင်းမှာ အသက်ရှင်ကျန်ရစ်ခဲ့သော လူဆိုးအချို့ကြောင့် ပိုက်ဆံအနည်းငယ်သာ ဆုံးရှုံးခဲ့သောကြောင့်ဖြစ်သည်။ သို့သော် ယခု အခြေအနေများ ပြောင်းလဲသွားပြီ။ လေဝူသည် ဆင်းရဲနွမ်းပါးသူဖြစ်သော်လည်း၊ လင်းဖန်သည် တရားဥပဒေစနစ်ကို ကျော်လွှားပြီး လေဝူကို ထောင်မှ ထုတ်ပေးနိုင်မည်ဟု ယုံကြည်သည်။

 

"မင်း လိမ်တော့မပြောဘူး မလား?"

 

"ဟင့်အင်း၊ မပြောဘူး"

 

"ဘာလို့ ငါ့ကို ကူညီချင်တာလဲ? မင်းအတွက် ဘာမှ မကောင်းဘူး"

 

လင်းဖန် ပြုံးလိုက်ပြီး ပြောလိုက်သည် "မင်းကို ငါသိတယ် မကြာခင် ငါတို့ သူငယ်ချင်းတွေ ဖြစ်လာမှာပါ ပြောရရင် မင်းဆီက တစ်ခုခု ငါ လိုချင်တယ် မင်းကို ထောင်ကထုတ်ပေးပြီးတဲ့နောက် မင်း ငါ့ကို သစ္စာရှိဖို့ ကတိပေးစေချင်တာ ဒါက ကောင်းတဲ့ သဘောတူညီချက်လို့ ငါထင်တယ်"

 

သူ့အတိတ်ဘဝ၌ လေဝူသည် လင်းဖန်၏ နောက်လိုက်နှင့် သူငယ်ချင်းကောင်းတစ်ဦးဖြစ်သည်။ သူတို့၏ ချစ်ကြည်ရင်းနှီးမှုကို ထောက်ထား၍ သူသည် လေဝူကို ထောင်မှ လွတ်မြောက်အောင် အတတ်နိုင်ဆုံး ကူညီခဲ့သည်။ ထို့အပြင် သူ့ကို ကူညီရန် ယုံကြည်ရသော လူတစ်ဦး လိုအပ်ခဲ့သည်။

 

"ငါ ဘာလုပ်ရမလဲ?" လေဝူသည် အကြောင်းပြချက်မရှိဘဲ လင်းဖန်ကို ယုံကြည်လိုစိတ် ရှိလာသည်။ သို့သော် သူသည် ငယ်ရွယ်သော ကောင်လေးတစ်ယောက်သာ ဖြစ်သည်။

 

"အခုအချိန်မှာ ဘာမှ လုပ်စရာ မလိုဘူး မင်းရဲ့ အပြုအမူကို သန့်ရှင်းအောင် လုပ်ပြီး အရမ်းဆာနေရင်တောင် တခြားအကျဉ်းသားတွေရဲ့ အစားအစာကို မလုနဲ့"

 

ဤစကားကို ကြားသောအခါ လေဝူသည် ရှက်ရွံ့သွားသည်။

 

"သူက ငါ တခြားအကျဉ်းသားတွေရဲ့ အစားအစာကို ခဏခဏ လုတယ်ဆိုတာ ဘယ်လိုသိတာလဲ? အခု သူ ငါ့ကို သိတယ်ဆိုတာ ငါ ယုံပြီ" လေဝူ တွေးလိုက်သည်။

 

"ဒီစာရွက်မှာ မင်း နာမည် လက်မှတ်ထိုးလိုက်ပါ မဟုတ်ရင် မင်းရဲ့သားကို သစ်စိမ်းရိပ်သာ လူမှုဝန်ထမ်းဂေဟာကနေ ငါ ခေါ်ထုတ်သွားလို့ မရဘူး"

 

"မင်း ငါ့သားကို မွေးစားတော့မလို့လား?"

 

"အင်း"

 

"ကောင်းပြီ! ငါ အခုချက်ချင်း လက်မှတ်ထိုးမယ် ဒါနဲ့ ငါ့သားကို အသားနဲ့ ဟင်းသီးဟင်းရွက်တွေ များများစားဖို့ မှာလိုက်ပါ သူ ကြည့်ရတာ ပိန်နေတယ်။ ငါ့ဘိုးဘွားတွေနဲ့ ငါကတော့ သန်မာတယ်"

 

"အချိန်ကုန်ပြီ" ဟု ထောင်မှူးက ပြောသည်။

 

"ကျွန်တော့်မှာ နောက်ထပ် ပြောစရာ တစ်ခု ကျန်ပါသေးတယ်... ကျွန်တော့်သားက သူ့လျှာနဲ့ နှာခေါင်းကို ထိနိုင်မလားလို့ ကြည့်..."

 

သူ စကားမဆုံးခင်မှာပဲ ဆွဲခေါ်ခြင်း ခံလိုက်ရသည်။ လေဝူ၏ နောက်ကျောကို ကြည့်ရင်း လင်းဖန် ဘာပြောရမှန်း မသိတော့ပေ။

 

‘လေဝူက မွေးရာပါ ထူးဆန်းတဲ့ လူမိုက်တစ်ယောက်ပဲ။ သူ့ရဲ့ မိုက်မဲမှုက ငါနဲ့ ဘာမှ မဆိုင်ဘူး' လင်းဖန် သူ့ဘာသာတွေးလိုက်သည်။