Ch 23
Viewers 11k


Chapter 23

@telegraph • May 10 at 04:33 PM

Chapter 23




လင်းဖန်သွားမည့်နေရာသည် လင်းဟဲ့ခရိုင်တွင်တည်ရှိသည့် အကြီးမားဆုံးသောမြေအောက်တိုက်ခိုက်ရေးကွင်းဖြစ်သည်။သူအရင်ကဒီနေရာကိုတစ်ခါမှမရောက်ဖူးခဲ့ပေမယ့် အရင်ဘဝကထောင်သားတစ်ချို့ပြောစကားမှတစ်ဆင့် ကြားဖူးခဲ့သည်။ဒီမြေအောက်တိုက်ခိုက်ရေးကွင်းထဲမှာ တစ်ချို့ကလောင်းကစားလုပ်ကြကာ တစ်ချို့ကတော့ သူတို့ရဲ့အသက်တွေနဲ့စကားကြတယ်။




လူပေါင်းများစွာဟာနေ့တိုင်းနေ့တိုင်း တိုက်ခိုက်ရေးကွင်းမှာ တိုက်ခိုက်ရင်းသေဆုံးသွားကြသည်။ဒီနေရာကကောင်းတဲ့နေရာတော့မဟုတ်ပေမယ့် လင်းဖန်ကတော့သူ့ရဲ့အတိုက်အခိုက်စွမ်းရည်ကိုတိုးတက်ချင်တဲ့အတွက် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ဤအချင်းအရာသည် သူ၏အစီအစဥ်ထဲမှတစ်ပိုင်းဖြစ်သည်။




"ဟေ့...ဟိုကအနက်ရောင်ဝတ်ထားတဲ့ကောင်လေး...မင်းလက်မှတ်ဝယ်ပြီးပြီလား..လတ်မှတ်မပါဘဲဒီထဲဝင်ခွင့်မရှိဘူးနော်"




တက်တူးတွေအပြည့်နှင့်လူတစ်ယောက်က တိုက်ခိုက်ရေးကွင်းအပေါက်ဝမှာတင် လင်းဖန်ကိုလှမ်းတားလိုက်သည်။




"ကျွန်တော့်မှာလက်မှတ်မရှိဘူး"




"အဲ့တာဆိုရင်မင်းလက်မှတ်အရင်သွားဝယ်သင့်တယ်ကောင်လေး"




"ကျွန်တော် ဒီနေရာကိုအခြားသူတွေတိုက်ခိုက်တာကြည့်ဖို့လာတာမဟုတ်ဘူး..ကျွန်တော်ပြိုင်ပွဲဝင်အဖြစ်စာရင်းသွင်းချင်တယ်"




ထိုလူက စိတ်မရှည်စွာဖြင့်အခြားဝင်ပေါက်သို့ညွန်ပြလိုက်ကာ,




"အဲ့ဒီ့ဘက်ကိုသွား..လမ်းရဲ့အဆုံးအခန်းထဲမှာ Mr.leopard ရှိတယ်"




"ကျေးဇူးတင်ပါတယ်"




လင်းဖန်ရဲ့အားနည်းပုံပေါက်သောသွင်ပြင်ကိုကြည့်ကာထိုလူကနှာမှုတ်လိုက်ရင်း,




"ဟမ့် ဘယ်လောက်တောင်သနားစရာကောင်းတဲ့ရူးနှမ်းနှမ်းကောင်လေးလဲ"




"တစ်ချို့လူတွေကအပျင်းပြေစေဖို့အတွက်လာကြတယ် တစ်ချို့ကြတော့ပိုက်ဆံအတွက်လာကြတယ် ဒါပေမယ့်ဒီကောင်လေးလိုသေချင်စိတ်ပျင်းပြပြီးလာတဲ့သူမျိုးငါတစ်ခါမှမတွေ့ဖူးသေးဘူး"




အခြားသူတွေရဲ့မျက်လုံးထဲမှာ လင်းဖန်ကသေချင်လွန်းလို့ ဒီကိုလာကြတယ်လို့ထင်ကြသည်..Mr.leopard ကလည်း ထိုနည်း၎င်းပဲတွေးလိုက်သည်။




"ဟားဟား...လာနောက်မနေနဲ့..ငါဒီနေ့စိတ်ကောင်းဝင်နေလို့မင်းကိုအကြံကောင်းတစ်ခုပေးလိုက်မယ်။မင်းပိုက်ဆံလိုချင်တယ်ဆိုရင် မင်းမိဘတွေကိုခေါ်လိုက်ဒါမှမဟုတ်လည်း နိုက်ကလက်တစ်ခုခုကိုသွားပြီး sugardaddy ရှာလိုက် ဒီနေရာကမင်းနဲ့မသင့်တော်ဘူးကောင်လေး"




လေ့ကျင့်ခန်းတစ်ချို့လုပ်ပြီးတဲ့နောက်မှာ လင်းဖန်ကပိုမိုသန်မာလာပေမယ့်လည်း ယခုသူရဲ့ပုံစံက သာမာန်၁၇နှစ်ကောင်ငယ်လေးပုံသာဖြစ်သည်။သို့သော် ဤတိုက်ခိုက်ရေးကွင်းထဲတွင်တော့ တိုက်ခိုက်ယှဥ်သည့်မည်သူမဆို သေခြင်း၊ရှင်ခြင်းစာချုပ်တွင်လတ်မှတ်ရေးထိုးရမည်ဖြစ်သည်။ထို့ပြင်လင်းဖန်တွင် အားသာချက်မရှိသည်မှာထင်ရှားသဖြင့် သေဆုံးနိုင်ရန်အခွင့်အလန်းပိုများပေသည်။




သို့သော်လင်းဖန်ကတော့တည်ငြိမ်စွာဖြင့်,




"ကျွန်တော်ပိုက်ဆံမလိုချင်ဘူး"




ထိုအခိုက် Mr.leopard တစ်ယောက်သူ၏တည်ငြိမ်နိုင်စွမ်း ဆုံးရှုံးသွားလေ၏။




"×ီးပဲ မင်းကပိုက်ဆံလိုချင်လို့မဟုတ်ဘူးဆိုရင် ဒီနေရာကိုဘာလို့ရောက်လာတာလဲ ပြဿနာရှာဖို့ရောက်လာတာလား အခုချက်ချင်းထွက်သွားစမ်း မဟုတ်ရင်ငါမင်းကိုသင်ခန်းစာကောင်းကောင်းပေးလိုက်မယ်"




"ကျွန်တော်ပိုက်ဆံမလိုချင်ဘူး ဒါကြောင့် ကျွန်တော်ယှဥ်ပြိုင်ပွဲမှာနိုင်သွားရင်တောင်ကျွန်တော့်ကို ပိုက်ဆံပေးစရာမလိုအပ်ဘူး ထပ်ပြောရရင်ကျွန်တော်သေခြင်း၊ရှင်ခြင်းစာချုပ်မှာပါလက်မှတ်ထိုးပေးနိုင်တယ်"




"ပိုက်ဆံလည်းမလိုချင်ဘူး သေရမှာလည်းမကြောက်ဘူး ဒါဆိုမင်းလိုချင်တာဘာလည်း"




"ကျွန်တော်က စွန့်စားပြီးရှင်သန်နေရတာမျိုးကိုကြိုက်တယ်"




"သေစမ်း..မင်းကတကယ့်ကိုသတ္တိရှိတဲ့ကောင်လေးပဲ"




"ကောင်းပြီ မင်းပြောခဲ့တဲ့အတိုင်းပဲ ဒီစာချုပ်မှာလတ်မှတ်ထိုးလိုက် မင်းသေသေ ရှင်ရှင် ဒုက္ခိတပဲဖြစ်ဖြစ်ငါတို့နဲ့မဆိုင်ဘူး"




Mr.Leopard က လင်းဖန်ရှေ့ရှိစားပွဲပေါ်သို့စာချုပ်ကိုပစ်ပေးလိုက်သည်။လင်းဖန်ကလည်းစကားတစ်ခွန်းမှမဆိုဘဲ နောက်ဆုံးစာမျက်နှာသို့ခပ်သွပ်သွပ်လှန်ကာလတ်မှတ်ထိုးလိုက်သည်။




"ကောင်းပြီ ကျွန်တော့်ရဲ့ပထဆုံးတိုက်ပွဲကဘယ်တော့စမှာလဲ"




"နွားပေါက်လေးတွေက ကျားကိုမကြောက်ဘူးဆိုတာတကယ်မှန်တာပဲ"




Mr.leopard ကမျိုးရိုးနာမည်luo နှင့်လူထံသို့လှည့်ကာမေးလိုက်သည်။




"အခုကွင်းထဲမှာဘယ်သူတွေရှိနေတာလဲ"




"AO နဲ့ လုန်ချီပါ"




"သူ့ကိုကွင်းထဲခေါ်သွားလိုက်"




"ဟုတ်ကဲ့"




Mr.leopard ကလင်းဖန်ကိုတစ်ချက်စိုက်ကြည့်ကာ ပြောလိုက်သည်။




"မင်းရဲ့ပြိုက်ဖက်ကိုအတတ်နိုင်ဆုံးတိုက်ခိုက် မဟုတ်ရင်ပရိတ်သတ်တွေကလောင်းကြေးပြန်တောင်းနေကြဦးမယ်"




"ကျွန်တော်အကောင်းဆုံးကြိုးစားပါ့မယ်"


လင်းဖန်ကပြန်ဖြေလိုက်ပါသည်။




"ဒါနဲ့ကျွန်တော်ပြိုင်ပွဲကိုဆယ်ကြိမ်ဆက်တိုက် နိုင်ပြီးရင် ကျွန်တော်ကြိုက်တဲ့ပြိုင်ဖက်ကိုရွေးချယ်ချင်တယ်"




မြေအောက်တိုက်ခိုက်ရေးကွင်း၏ ထုတ်ပြန်ထားတဲ့စည်းကမ်းချက်တွေထဲမှာ လူတစ်ယောက်ကသူ့ပြိုင်ဖက်တွေကိုဆယ်ကြိမ်ဆက်တိုက်အနိုင်ရခဲ့ရင် ကြိုက်သည့်ပြိုင်ဖက်ကိုရွေးချယ်နိုင်ယုံမျှသာမက တစ်ပတ်ဘယ်နှစ်ကြိမ်ဆော့မည်ကအစပါရွေးချယ်နိုင်သည်။




"အို!မင်းကကြိုတင်စိတ်ဆုံးဖြတ်ထားတယ်ပေါ့..ဒီမှာကောင်လေး မင်းဆယ်ကြိမ်အရင်နိုင်အောင်သာလုပ်စမ်းပါဦးပြီးမှဒီအကြောင်းဆက်ပြောကြတာပေါ့"




"ယုံချင်ယုံ၊မယုံချင်နေ ကျွန်တော်နိုင်မှာ"




"ဘယ်လောက်တောင်ကွန်ဖီးဒန့်တွေပြည့်ဝနေတဲ့ကောင်လေးလဲ ကြည့်ကြသေးတာပေါ့ကွာ"




လင်းဖန်သည် luo အနောက်မှနေ၍ကွင်းတည်နေရာသို့လိုက်ပါလာခဲ့သည်။ထို့နောက်သူကလောင်းကြေးထပ်နေကြသည့်စားပွဲသို့ညွှန်ပြလိုက်ကာ,




 "သူတို့ကနောက်လာမယ့်ပြိုင်ပွဲအတွက်လောင်းကြေးထပ်နေကြတာလား"




"ဟုတ်တယ် Mr.leopard က မင်းအရမ်းသတ္တိကောင်းတယ်လို့တွေးပြီးတော့မင်းဘက်ကနေ ၁၀ယွမ်လောင်းပေးထားတယ်"




"အို့ တကယ်လား ဒါဆိုသူ့ကိုငါ့အစားကျေးဇူးတင်တယ်လို့ပြောပေးပါ။ပြီးတော့ ဟင်း..ခဏနောက်စောင့်ပေးလို့ရမလား ကျွန်တော်လည်းကျွန်တော်ကိုယ်တိုင်အတွက်လောင်းကြေးထပ်ချင်လို့"




ထို့နောက်လင်းဖန်သည်အပြုံးလေးတစ်ပွင့်နှင့် လောင်းကြေးထပ်ရာနေရာကိုလျှောက်သွားလိုက်သည်။




"တစိတ်လောက် ကျွန်တော် creadit card ကိုသုံးပြီးလောင်းလို့ရနိုင်မလား"




"ဟုတ်ကဲ့ ရပါတယ်"




"ဒါဆိုကျွန်တော်နောက်ထပ်စိန်ခေါ်မယ့်သူဘက်ကနေယွမ်၁သိန်းလောင်းချင်တယ်"




__






48 views • Wrong layout?