Ch 24
Viewers 11k


Chapter 24

@telegraph • May 10 at 04:33 PM

Chapter 24




တိုက်ခိုက်ရေးကွင်းထဲလို့ လင်းဖန်ဝင်လာတာကို မြင်လိုက်သည့် လုံတစ်ယောက် မယုံကြည်နိုင်ဖြစ်သွားလေသည်။




'ကားဝယ်ဖို့အတွက် ပြီးခဲ့တဲ့လက မစ္စတာကျားသစ်ဆီကနေ ယွမ်၅၀၀၀၀ ချေးခဲ့မိတယ် ဒီနေ့အထိ ငါသူ့ကိုပြန်မဆပ်နိုင်သေးဘူး ဒါပေမယ့် ဒီကောင်လေးကတော့ ယွမ်၁သိန်းကို ပေါ့ပေါ့ပါးပါးလောင်းကြေးအနေနဲ့ ထပ်လိုက်တယ် ချီးပဲ ချမ်းသာပြီး အသုံးအဖြုန်းကြီးလိုက်တာ ကြည့်ရတာ ချမ်းသာတဲ့မိသားစုကမဟုတ်ရင်အဆင့်အတန်းမြင့်လူတန်းစားကနေဆင်းသက်လာတာပြီးတော့ မလုပ်ဖူးတဲ့အရာတွေကို စမ်းလုပ်ကြည့်ချင်နေတဲ့သူ ဖြစ်လောက်တယ်' လုံက တွေးလိုက်လေသည်။




ကွင်းထဲသို့ လင်းဖန်ရောက်သွားပြီးနောက် တည်ငြိမ်အေးဆေးသွားလေသည်။




"‌ဒီကောင်လေးကြည့်ရတာ ပျော့ညံ့တဲ့ပုံပဲ မစ္စတာကျားသစ်မှန်မှ မှန်ပါ့မလား"




"ငါသဘောမတူဘူး ဒီကောင်လေးကြည့်ရတာ လုံချီကို အနိုင်တိုက်နိုင်မယ့်ပုံလည်း မပေါ်ဘူး"




"ဟေ့‌ကောင်တွေ ငါဒီကိုလာတာ တစ်ဖက်သက်လူရိုက်ပွဲကို ကြည့်ဖို့မဟုတ်ဘူး မင်းတို့ငါ့ကိုပိုက်ဆံပြန်မအမ်းရင် နောက်တစ်ပွဲကြည့်ဖို့ အဆင်မပြေဘူး"




ပရိတ်သတ်တွေအကုန် ဆူညံပွက်လောရိုက်နေကြသည်။




သူတို့၏ ရိုင်းစိုင်းကြမ်းကြုတ်သောစကားများက လင်းဖန်ကို နားကန်းလုနီးပါးဖြစ်သွားစေသည်။သူသည် သူ့ပြိုင်ဖက်အား အပေါ်အောက် စုံဆန်ကြည့်လိုက်ကာ ပြောလိုက်သည်။




"ခင်ဗျားကြည့်ရတာ တော်မယ့်ပုံပဲ"




သူ၏ပြိုင်ဖက်ဖြစ်သော လုံချီသည် အရပ်မရှည်သော်လည်း သန်မာကာ ပြိုင်ပွဲများကို အနိုင်ရရှိထားသည်။ ပိုအရေးကြီးတာက လူသတ်ချင်စိတ်အပြည့်ဖြင့် တောက်ပနေသော သူ၏မျက်လုံးများပင်။ မြေအောက် တရားမဝင်ကြိုးဝိုင်းပွဲများ၌ နိုင်ပွဲပေါင်းများစွာ ရရှိထားသူ ပီသပေသည်။လင်းဖန်သည် သူ့ပြိုင်ဖက်အပေါ် စိတ်ကျေနပ်မှုရှိသည်။သို့သော်လည်း သူ့ပြိုင်ဖက်ကတော့ လင်းဖန်အား စိုက်ကြည့်လိုက်ကာ,




"မင်းကတော့ အားနည်းလွန်းတယ် အားနည်းလွန်းလို့ တိုက်ရမှာတောင် ပျင်းတယ် အဲ့ဒါကြောင့် ကောင်လေး မင်းကိုငါ အခွင့်အရေးတစ်ခုပေးမယ် မင်းအခုဒူးထောက်ပြီး ရှုံးကြောင်းဝန်ခံမယ်ဆိုရင် အသက်ရှင်ခွင့်ပေးမယ်"




"ဟမ့် အပြောကြီးမနေနဲ့ ခင်ဗျားအခုထိ ကျွန်တော်နဲ့မတိုက်ခိုက်ရသေးဘူး"




လင်းဖန်၏ နှုတ်ခမ်းထက်၌ အပြုံးတစ်ခုပေါ်လာကာ ထေ့ငေါ့ပြောဆိုလိုက်သည်။




"ကောင်လေး မင်းကတော့သေဖို့ကို တောင်းဆိုနေတာပဲ"




ဒေါသအပြည့်ဖြင့် လုံချီသည် လင်းဖန်ရှိရာဆီသို့ပြေးလာကာ ကော်လံမှကိုင်ဆွဲ၍ ဆွဲထိုးလိုက်လေသည်။




ဘန်း!!!




လင်းဖန်သည် ကြိုးဝိုင်းစည်းနဲ့သွားထိကာ နားအူထွက်သွားလေသည်။ ပရိတ်သတ်များကတော့ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်နေကြသည်။ လူတိုင်းက ယှဉ်ပြိုင်ပွဲပြီးဆုံးပြီး အရှုံးသမားကို ထမ်းစင်ဖြင့် သယ်ထုတ်ရတော့မည်ဟု ထင်နေကြသည်။ သို့သော်လည်း နောက်စက္ကန့်၌ လင်းဖန်သည် ဖြေးဖြေးချင်း ပြန်ထရပ်လိုက်လေသည်။သူ့အမူအရာသည် တည်ငြိမ်အေးချမ်းနေဟန်မှ ရက်စက်သည့်အသွင်သို့ ကူးပြောင်းသွားလေသည်။




လုံချီ၏ အမူအရာလည်း ပြောင်းလဲသွားလေသည်။ သူသိသလောက် အန္တရာယ်ကြားထဲရှင်သန်နေကြသူတွေ၌သာ ဤကဲ့သို့သော အကြည့်မျိုးရှိလေသည်။ သို့သော်လည်း သူ့ရှေ့ရှိ ကောင်လေးက အလွန်ငယ်ရွယ်လွန်းပေသည်။ သူ ချက်ချင်း သတိကပ်သွားသည်။သို့သော်လည်း ကံမကောင်းစွာနှင့် လင်းဖန်ကသူ့အား ပြင်ဆင်ချိန် မပေးခဲ့ပါချေ။




ကွဲသွားသော သူ့မေးစေ့အား လင်းဖန်ပွတ်သပ်လိုက်ကာ လုံချီ့အား ရှိသမျှခွန်အားကိုသုံး၍ ထိုးလိုက်လေသည်။ မြေအောက်တိုက်ခိုက်ရေးကွင်းပြင်၌ စည်းကမ်းချက်များမရှိပေ။ သို့သော်လည်း ယခုကဲ့သို့ မဆင်မခြင် လုပ်ရပ်မျိုးကို လင်းဖန်တစ်ဦးတည်းသာ လုပ်နိုင်ပေသည်။




အနိုင်ရသည်ဖြစ်စေ ရှုံးသည်ဖြစ်စေ လင်းဖန်သည် ဂုဏ်ပြုထိုက်သော ဇာတ်ကောင်တစ်ဦးဖြစ်လာသည်။ အနည်းဆုံးတော့ သူ့မှာသတ္တိရှိသည်။လင်းဖန်သည် ဝံပုလွေတစ်ကောင်ကဲ့သို့ တိုက်ခိုက်နေပေသည်။သူ့ထံ၌ အစွမ်းထက်သော တိုက်ခိုက်ရေးနည်းစနစ်များမရှိသော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူ့ကိုအလဲထိုးနိုင်ရန် လုံချီအတွက်လည်း ခက်ခဲလာခဲ့သည်။ ပရိသတ်များသည်လည်း တစ်ဖြေးဖြေး အသံတိတ်သွားခဲ့သည်။




မစ္စတာကျားသစ်သည် လုံ၏ရုံးခန်းထဲတွင်ထိုင်ကာ တိုက်ပွဲရလဒ်ကို စောင့်ဆိုင်းနေသော်လည်း လုံရောက်မလာသေးပေ။ ထို့ကြောင့် ဘာတွေဖြစ်နေသလဲဆိုတာ မျက်မြင်‌ကိုယ်တိုင်ကြည့်ရန် ကွင်းထဲသို့ ရောက်လာခဲ့သည်။




"ဟေး ဘာလို့တိတ်နေကြတာလဲ ဘာဖြစ်လို့လဲ"




မစ္စတာကျားသစ်၏ မျက်လုံးများသည် လင်းဖန်အပေါ်သို့ ကျရောက်သွားကာ နှစ်ဦးသားလက်ရည်ညီညီဖြင့် တိုက်ခိုက်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့ဩသွားခဲ့သည်။




"သူတကယ်တိုက်ခိုက်တာတော်သားပဲ အခုမှပဲ သူလေကြီးရုံသပ်သပ်ပဲ မဟုတ်မှန်း ယုံသွားပြီ"




မစ္စတာကျားသစ်သည် တစ်ချက်သာကြည့်ကာ ရုံးခန်းထဲသို့ ပြန်သွားရန်စဉ်းစားခဲ့သော်လည်း အခုတော့ လင်းဖန်ထံမှ အကြည့်မလွှဲနိုင်တော့ပေ။သူသည် စီးကရက်ကို ထုတ်ရှိုက်လိုက်ရင်း ပြောလိုက်သည်။




"လုံ ငါတော့ဒီကောင်လေးအပေါ် အမြင်ပြောင်းလဲသွားပြီ"




လင်းဖန်၏ခွန်အားသည် လုံချီနှင့်မယှဉ်နိုင်ပါသော်လည်း သူသည် အကြင်နာတရားကင်းမဲ့ကာ ရက်စက်လှပေသည်။ ထို့အပြင် အလွန်ပါးနပ်သည်။ကြံဖန်များစွာ အရိုက်ခံရ‌ပါသော်လည်း ပြန်တိုက်နိုင်မည့် အခွင့်ကောင်းကို စိတ်ရှည်ရှည်နှင့်စောင့်သည်။




လုံကခေါင်းညိမ့်ကာ ပြောလိုက်သည်။




"သူက ဉာဏ်ကောင်းပြီး လိုက်လျောညီထွေဆောင်ရွက်တတ်တယ် သူတို့နှစ်ယောက် ထိပ်တိုက်တွေ့နေကြတာ မယုံကြည်နိုင်စရာပဲ"




"ငတုံးကောင် လုံချီနည်းနည်းစိတ်လွတ်သွားတာ မမြင်ဘူးလား"




 မစ္စတာကျားသစ်က စကားကိုခဏရပ်လိုက်ကာ ဆက်ပြောလိုက်သည်။




"သူ့အပေါ် လောင်းကြေးကို သွားစစ်ကြည့်လိုက် ငါ့တော့ဒီည ပိုက်ဆံရတော့မယ်ထင်တယ်"




"သူဌေး လောင်းကြေးက 42 ဆ: 1ဆ.."






"ဘာ ဟားဟား ငါတော့သေချာပေါက် ပိုက်ဆံတွေအများကြီးရတော့မှာပဲ ဒီကောင်နိုင်ရင် ငါတို့အသားကင်သွားစားကြမယ် ငါဒကာခံမယ်"




"အို"




လုံသည် မစ္စတာကျားသစ်အပေါ် အာရုံထပ်မစိုက်တော့ဘဲ လင်းဖန်ကိုသာ စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။




'ဒီကောင်လေးက သူ့ကိုယ်သူယွမ်တစ်သိန်းတောင် လောင်းထားတာ သူနဲ့ယှဉ်ရင် ခင်ဗျားကဘာမှမဟုတ်ဘူး'လုံ ထိုသို့တွေးလိုက်လေသည်။




_






43 views • Wrong layout?