Ch 22
Viewers 11k


Chapter 22

@telegraph • May 10 at 04:32 PM

Chapter 22




'ဖန်းမင်တဲ့လား ကောင်းပြီလေ ငါမင်းကိုစိတ်ထဲမှာမှတ်ထားလိုက်မယ်'




ချူရှောက်ကစိတ်ထဲတွင် ထိုသို့တွေးလိုက်သည်။ထို့နောက်သူအံကြိတ်ကာ ပြောလိုက်သည်..




"မင်းကမ္ဘာပေါ်မှာ အသက်ရှင်နေရတာကို နောင်တရသွားစေရမယ်"




သူ့မှာ ဒီခွေးမသားကိုလက်စားချေဖို့အတွက်


နည်းလမ်းပေါင်း များစွာရှိသည်။ဒါပေမယ့်


သနားစရာကောင်းတာက....လင်းဖန်က ချူရှောက်ကိုလွှတ်ပေးကာ မတ်တပ်ထရပ်လိုက်သည်။ထို့နောက် ချူရှောက်ကို လှောင်ပြောင်လိုက်သည်။




"ဟမ်!ငါကလည်းဘယ်တော့မှ နောင်တရမှာ


မဟုတ်တဲ့အတွက် ကျေးဇူးပဲ"




ပြောရရင် သူကပြန်လည်ရှင်သန်လာတဲ့အတွက် ကျေးဇူးတောင်တင်နေသေးသည်...အဲ့တာကြောင့် အသက်ရှင်ရမှာကို နောင်တရစရာအကြောင်းမရှိပေ။ထို့နောက် သူလှည့်ထွက်သွားရန် ပြင်လိုက်သည်။




"မင်းအခုထွက်သွားတော့မလို့လား?"




"အင်းလေ..ငါသာအခုမထွက်သွားရင်


မင်းခွန်အားပြန်ရလာတဲ့အချိန်ကျ ငါ့ကို


သတ်ပစ်မှာပေါ့..မဟုတ်ဘူးလား"




ချူရှောက်ဘာမှပြန်မပြောတော့ပေ။အမှန်


တကယ်လည်း သူထိုသို့လုပ်ရန် စီစဥ်ထားခြင်းဖြစ်သည်။




လင်းဖန်က ချူရှောက်ကိုလက်ပြနှုတ်ဆက်ကာအခန်းထဲကနေ ထွက်သွားတော့သည်။သူသုံးခဲ့တဲ့ လိင်ထုတ်ကုန်ပစ္စည်းတွေအတွက်ကိုတော့ငွေရှင်းပေးခဲ့ဖို့ စိတ်ကူးမရှိပေ........ဒါပေမယ့် တစ်မိနစ်တောင်မကြာသေးဘူးသူပြန်ရောက်လာခဲ့သည်။




"မင်းဘာလို့ပြန်လာတာလဲ...သေချင်လို့လား"


ချူရှောက်ကမေးလိုက်သည်။




သို့သော်လည်း ချူရှောက်ရဲ့မေးခွန်းကို


လင်းဖန်ပြန်မဖြေခဲ့ပေ။သူသည် ချူရှောက်လက်က ကြိုးတွေကိုသာဖြေပေးလိုက်ကာ တစ်ခဏလောက်တွေးတောလိုက်ရင်း ချူရှောက်၏ခန္တာကိုယ်ကို ကုတ်အင်္ကျီဖြင့် ဖုံးပေးလိုက်သည်။ထို့နောက် သူလှည့်ထွက်သွား၏။ထူးဆန်းတာက သူ့ကြည့်ရတာပျာယာခတ်နေပုံပေါ်သည်။




'ထူးဆန်းလိုက်တာ..ငါဘာလို့ထွက်မသွားချင်နေရတာလဲ..ငါဘာတွေဖြစ်နေတာလဲ.. အထင်မှားနေတာများလား..ဖြစ်နိုင်တယ်.. ငါအထင်မှားတာပဲ ဖြစ်မှာပါ' လင်းဖန်က တစ်ယောက်တည်း ယောက်ယက်ခတ်ကာတွေးတောနေချေသည်။




တစ်ချိန်တည်းမှာပဲ ရုန်ဟွား ၊ လင်းထျန်းချန်နဲ့ချန်ဖုန်းတို့ကဘားအနောက်ရှိ လျှို့ဝှက်အစည်းအဝေးခန်းထဲတွင် သုံးနာရီကြာအောင် စောင့်ဆိုင်းနေခဲ့ရပြီးမှ သူတို့ boss ကပေါ်လာခဲ့သည်။




မယုံနိုင်စရာပဲ! ချူရှောက်ကဘယ်တုန်းကမှ နောက်ကျခဲ့ဘူးတာ မဟုတ်ဘူး ဒါပေမယ့်အခုတော့ သုံးနာရီကြာမှရောက်လာခဲ့သည်။




"Boss... မင်းတော်တော်လေးနောက်ကျမှ


ဒီကိုရောက်လာတာ..မင်းသိလား..ငါ......"




ရုန်ဟွားသည် သူ့ကိုယ်သူချန်ဖုန်းနောက်တွင်


ဝင်ပုန်းလိုက်ကာ မျက်နှာချိုသွေးသည့်အပြုံးဖြင့် ,




"အာ...ငါလေဟုန်စီးပြီး အိမ်ပြန်ချင်တယ်..


ကျောက်စိမ်းအိမ်တော်တွေက အရမ်းမြင့်ပြီး


အေးစက်တဲ့အတွက် ငါကြောက်မိတယ်..


ဟား...ဟား... ဘာမှမဟုတ်ပါဘူး..ကျွန်တော်တရုတ်ကဗျာ ရွတ်ချင်စိတ်ပေါက်လာလို့ပါ"




"အင်း..."




'ကံကောင်းစွာနဲ့ ငါ ဒေါသထွက်နေတဲ့ boss ကို အောင်မြင်စွာနဲ့စကားလမ်းကြောင်းလွှဲလိုက်နိုင်တယ်။သူ့မျက်နှာကို ကြည့်စမ်းပါဦး!သူ့မျက်နှာ တစ်ခုလုံး ဒေါသတွေနဲ့ဖုံးလွှမ်းနေတယ်...အတိအကျပြောရရင် သူအခုအရမ်း..အရမ်း..အရမ်း...ဒေါ်သထွက်နေတယ်။သူ ဒီလောက်ထိ ဒေါ်သထွက်နေတာကို တစ်ခါမှမမြင်ဖူးဘူး။တိတိကျကျပြောရရင် ငါတို့သူ့နောက်ကို စလိုက်ကတည်းက သူဒေါ်သထွက်တာကို မမြင်ဖူးခဲ့ဘူး။ပြီးခဲ့တဲ့ သုံးနာရီအတွင်းမှာ ဘာတွေများဖြစ်ပျက်ခဲ့တာလဲ...ဘယ်အရာကများသူ့ကို ဒီလောက်ထိဒေါသထွက်အောင် လုပ်နိုင်တာပါလိမ့်'




ရုန်ဟွားအတွေးလွန်နေသည်။ရုန်ဟွားတင်


ထိုသို့တွေးကာ သိချင်နေသည်မဟုတ်


အစည်းအဝေးခန်းထဲရှိ အခြားသူများကလည်း အလားတူပင် သိချင်နေကြသည်။သို့သော်လည်း ဘယ်သူကမှ ချူရှောက်ကိုသွားမမေးရဲပေ။ ဘာလို့လည်းဆိုတော့ ဘယ်သူကမှသူ့ကို ရန်မစချင်တာကြောင့်ပင်...... လင်းထျန်းချန်က တုံ့ဆိုင်းစွာဖြင့် မေးလိုက်တယ်... 




"ဟင်း...boss ကျွန်တော်တို့အခုအစည်းအဝေးစကြတော့မလား?"




"ငါရေအရင်ချိုးချင်တယ်...အစည်းအဝေးကိုနောက်တစ်နာရီနေမှ စကြတာပေါ့"




"ဟုတ်ကဲ့ပါ"




"ဒါနဲ့စကားမစပ် ဖန်းမင်လို့ခေါ်တဲ့လူတစ်ယောက်ကို ငါရှာချင်တယ်"




ထိုစကားပြောပြီးနောက် ချူရှောက်လှည့်ထွက်ကာ အတွင်းခန်းထဲသို့ဝင်သွားလေသည်။အစည်းအဝေးခန်းထဲမှာ ကျန်ခဲ့တဲ့လူတွေကတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။




"ဖန်းမင်..သူကငါတို့ boss အပေါ်အမှား ကျူးလွန်ခဲ့တာလား"




"ငါလည်း အဲလိုပဲထင်တယ်...."




"အို...ကြည့်ရတာသူကသတ္တိရှိပြီး ရဲရင့်တဲ့


ပုံပဲ..."




"ဟုတ်တယ်...ဒါပေမယ့် သူမကြာခင်ဒုက္ခ ရောက်တော့မယ်..ငါ့သူ့အတွက် အမွှေးတိုင် ထွန်းပေးလိုက်ပါ့မယ်"




"ငါရောပဲ.."




"ငါရောပဲ.."




လင်းဖန်ကတော့ ချူရှောက်ရဲ့ရည်ရွယ်ချက်နဲ့ သူ့အကြောင်းကိုအတင်းပြောနေကြတယ်ဆိုတာမသိရှိခဲ့ပေ။




သူ ဘားကနေပြန်ထွက်လာတဲ့အခါမှာ အိမ်ကိုလည်းမပြန်ခဲ့သလို ကျောင်းကိုလည်း


မသွားခဲ့ပေ။သူတက္ကစီတစ်စီးကို တားကာ


လျို့ဟူခရိုင်ရှိ အထူးနေရာတစ်ခုသို့ သွားခဲ့သည်။




သူပိုပြီးသန်မာချင်လိုသည့်စိတ်ဆန္ဒ 


ပြင်းပြနေသည်။ပြီးတော့ သူ့ရဲ့ကံကြမ္မာကို သူပြောင်းပစ်ချင်နေသည်။ချူရှောက်အပေါ်ထိုအရာများပြုလုပ်ပြီးနောက်သူ့စိတ်ထဲတွင် ထိုသန်မာချင်လိုသည့် စိတ်ဆန္ဒများက ပိုမိုပြင်းထန်စွာတောက်လောင်လာလေသည်။




သူပိုပြီးသန်မာလာချင်သည်....အခုသူသွားမယ့်နေရာက သူ့တောင်းဆိုချက်များကို ဖြည့်စည်းပေးနိုင်လောက်သည်။




50 views • Wrong layout?