Ch 14
Viewers 11k


Chapter 14

@telegraph • May 7 at 10:29 AM

"ဟယ်လို!ငါက မင်း delivery လာပို့ပေးတာပါ, 


ကျေးဇူးပြုပြီးလတ်မှတ်ထိုးပေးပါဦး"


လင်းဖန် အိမ်ပြန်ရောက်ပြီး မကြာခင်မှာပဲ 


ပါဆယ်တစ်ခုကို လက်ခံရရှိသည်။


"delivery ကအချိန်မှန်သားပဲ"


လင်းဖန်က သူ့နာမည်ကို စာရွက်ပေါ်မှာ


လက်မှတ်ထိုးပေးရင်း ပြောလိုက်သည်။




Delivery ကတကယ်အချိန်မှန် ရောက်လာသည်။


သူလွန်ခဲ့တဲ့သုံးရက်တုန်းက အထူးဝက်ဘ်ဆိုက် ကနေမှာယူခဲ့တာ။မကြာသေးခင်က ဒီမှာလေမုန်တိုင်းတိုက်ခဲ့ပေမယ့် ကံကောင်းစွာနဲ့ပဲ မှာထားတဲ့ပစ္စည်း


တွေက ထိခိုက်ခြင်းမရှိခဲ့ဘူး။


"ငါ ပစ္စည်းထုပ်ကို အထဲကူသယ်ပေးရဦးမလား"




"မလိုဘူး , ကျေးဇူးပဲ"




"ကောင်းပါပြီ , ပျော်ရွှင်ဖွယ်နေ့လေးတစ်နေ့ 


ဖြစ်ပါစေ"




ပစ္စည်းလာပို့သူ ပြန်သွားတဲ့အခါမှာ လင်းဖန်


ပစ္စည်းထုပ်ကို အိမ်ထဲသို့သယ်လာသည်။


ထိုအထုပ်ထဲမှာ ဓာတုဗေဒကိရိယာတွေနဲ့ 


နဲ့ ဓာတုဓာတ်ကူပစ္စည်းတွေ ပါဝင်တယ်။




ဓာတုဗေဒကိရိယာတွေက ဝယ်ရတာလွယ်ကူပေမယ့်diethylstibestrol လို ဓာတုဓာတ်ကူ အမျိုးအစားတွေကတော့ သိပ္ပံဆိုင်ရာသုတေသန


လုပ်ငန်းတွေကနေ မဟုတ်ရင် အပြည်ပြည်ဆိုင်ရာကပိတ်ပင်ထားသည့်အတွက် ဝယ်ဖို့ခက်ခဲသည်။


ဒါပေမယ့် စကားပုံများအရ "ပိုက်ဆံက မြင်းမကိုတောင် သွားအောင်လုပ်နိုင်တယ်[1]"


လင်းဖန်က အခုဆိုရင် ချမ်းသာနေပြီ။သူ့ 


ဘဏ်အကောင့်ထဲမှာဆိုရင်ယွမ် 2.8 သန်း ရှိခဲ့သည်။




အခုဆို မတိကျတော့ဘူး။သူ့ဘဏ်အကောင့်ထဲမှာ


ယွမ် 13 သန်းထက်ပိုရှိနိုင်ပါသည်။ပြောရမယ်ဆိုရင်


သူ ယွမ်10 သန်းထက်ပိုတဲ့ငွေတွေကို


တစ်လအတွင်းရှာနိုင်ခဲ့ပါသည်။အရင်ဘဝတုန်းက သူကချမ်းသာလိုစိတ်ပြင်းပြသူတစ်ယောက်မဟုတ်ခဲ့ဘူး။ထိုကြောင့်သူပြန်လည်မွေးဖွားလာတာတောင်မှထီပေါက်ကိန်းနံပါတ်တွေ မသိသလို


ဘယ်စတော့ရှယ်ယာက သူ့အတွက် အကျိုးကျေးဇူးပိုရှိသလဲဆိုတာ သေချာမသိဘူး။ဘယ်လိုပဲဖြစ်ဖြစ်သူကအနာဂတ်မှာ ဘယ်စက်ရုံတွေ ၊ကုမ္ပဏီတွေကကြီးထွားလာသလဲ ဆိုတာ


သိသည်။ဒီလောက်ဆို လုံလောက်ပါပြီ။




အနည်းဆုံးတော့ အခြားသူများ၏အမြင်တွင်


မည်သည့်ရင်းနှီးမြုပ်နှံမဆို စွန့်စားရမှာ


ဖြစ်ပေမယ့် လင်းဖန်အတွက်ကတော့ 


သူ့ရင်းနှီးမြုပ်နှံမှုမှန်သမျှ အကျိုးဖြစ်ထွန်းမည်လို့


ယုံကြည်သည်။ထို့ကြောင့်ပဲ လင်းဖန်က


ဒီနယ်ပယ်မှာ လူသစ်တစ်ယောက်ဖြစ်ပေမယ့်


အခြားရင်းနှီးမြုပ်နှံသူတွေထက် ပိုပြီးအမြတ်ရတာ


ဖြစ်သည်။ဒါကြောင့်လည်း သူ 10 သန်းကို


အချိန်တိုလေးအတွင်း ရှာနိုင်ခဲ့သည်။




ဒီငွေတွေကြောင့် သူလိုချင်သည့် ဓာတ်ကူပစ္စည်း


တွေကို ၁၀ ဆ ပိုပေးပြီး ဝယ်နိုင်ခဲ့သည်။


သူဒီပစ္စည်းတွေကို ဝယ်လိုက်တာက လောင်လိ့


ပေးတဲ့ဆေးပြားကို ပြုပြင်ပြောင်းလဲမှု


လုပ်ချင်လို့ပဲ။




အရင်ဘဝကမှတ်ဉာဏ်များအရ လောင်လိ့က 


ဒီဆေးကို သိပ်မကြာခင်အနာဂတ်မှာ အသုံးပြုလိမ့်မယ်။


ဒါပေမယ့် အရင်ဘဝတုန်းက ထိုဆေးပြားကို


လောင်လိ့မဟုတ်ဘဲ ချူရှောက်က အသုံးပြုခဲ့တာဖြစ်သည်။


သူကံကောင်းစွာနဲ့ ဘဝကိုနောက်တစ်ကြိမ်


ပြန်စခွင့်ရခဲ့သည်။ထို့ကြောင့် သူ အသုံးမကျတဲ့


အမြှောက်စာလေးမဖြစ်ချင်တော့ဘူး။




ပြီးတော့ အခြားအရာတွေထက် သူချူရှောက်ကို


လက်စားချေချင်သေးသည်။နောက်ဆုံးမှာတော့ 


သူ့အမြင်အရ သူတို့ကအချစ်ပြိုင်ဘက်တွေ 


ဖြစ်ခဲ့ဖူးတာပဲလေ။




သူ့အရင်ဘဝကအဖြစ်အပျက်တစ်ချို့ကြောင့်ပဲ


သူဝက်ဘ်ဆိုက်ကနေ ဓာတ်ကူပစ္စည်းတွေကို မဆိုင်းမတွဝယ်ရဲတာဖြစ်သည်။ထောင်ထဲမှာတုန်းက သူ တရားမဝင်မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းတွေလုပ်တဲ့ထောင်သားတစ်ယောက်နှင့် တွေ့ဆုံခဲ့သည်။ထိုလူက သူ့ကိုအများကြီးသင်ပေးခဲ့သည်။


ထိုသူကိုကျေးဇူးတင်ရမည်။ထိုအကြောင်းကြောင့်ပဲသူ ဓာတုဗေဒစာမေးပွဲမှာ 99 မှတ်ရခဲ့တာဖြစ်သည်။




လင်းဖန်က ထိုအကျဉ်းသားကဲ့သို့ မူးယစ်‌ေဆးဝါး


သက်သက်မထုတ်လုပ်နိုင်သေးပေမယ့် မူးယစ်ဆေးဝါးအနည်းငယ်ကိုပေါင်းထည့်ပြီးတော့ ဆေးရဲ့သက်ရောက်မှုကိုပြောင်းလဲတာလောက်ကတော့


မခက်ခဲပေ။သူလုပ်ဖို့လိုအပ်တာဆိုလို့ 


လောင်လိ့ပေးတဲ့ဆေးပြားထဲကို မူးယစ်ဆေးဝါး


အနည်းငယ်ရောထည့်လိုက်ယုံပဲလေ။




သူက ဆေးကိုစိတ်ဝင်စားစရာကောင်းတဲ့သက်ရောက်


မှုဖြစ်လာအောင် ပြောင်းလဲချင်သည်။သူက လက်စားချေရတာကိုနှစ်သက်သည်။သူ ချူရှောက်ကိုထောင်ထဲပို့မလို့လား?ဘယ်ဟုတ်ပါ့မလဲ။သူ့အရင်ဘဝတုန်းကအဖြစ်ဆိုးနှင့် ကြုံခဲ့ရသည်။




လင်းဖန် လွန်ခဲ့တဲ့လက ကာစီနိုအပြင်ဘက်မှာ


တွေ့ခဲ့ရသည့် ချူရှောက်၏ပုံသဏ္ဍာန်ကို


ပြန်စဉ်းစားလိုက်သည်။




"ချူရှောက်က လွှမ်းမိုးချယ်လှယ်လိုတဲ့ အသွင်အပြင်ရှိတယ်။အကယ်၍သူသာ.....


ဟား..ဟား..စိတ်ဝင်စရာကောင်းတော့မှာပဲ...."


လင်းဖန် တွေးလိုက်သည်။




_____




[1] Money makes the mare to go -


ပိုက်ဆံသာရှိပါက ဘာမဆိုလုပ်နိုင်သည်။




_____




Wrong layout?