Ch 15
Viewers 11k


Chapter 15

@telegraph • May 7 at 10:32 AM

လင်းဖန် 'အိပ်ရေးပျက်တဲ့ည' လို့ခေါ်တဲ့ဘားကို


ရောက်တဲ့အချိန်မှာ ည ၁၀ နာရီထိုးနေပြီ။


ဒီဘားက အလွန်သာမာန်ဆန်သည်။လူအနည်းငယ်


လောက်ကပဲ ဒီဘားမှာ ချူရှောက်နဲ့သူ့လူတွေကို


မကြာခဏတွေ့ကြတယ်ဆိုတာ သိသည်။


တစ်စုံတစ်ယောက်က ဒီနေရာကိုချူရှောက်


မကြာခဏလာလည်တယ်ဆိုတာ 


ရှာတွေ့သွားတဲ့အချိန်မှာမယုံကြည်နိုင်ဖြစ်ခဲ့သည်။




ဒါပေမယ့် အဲ့လူကလင်းဖန်မဟုတ်ဘဲ လောင်လိ့


ဖြစ်ခဲ့သည်။


"ဒီဆေးက လောင်လိ့ ငါ့ကိုပို့ပေးခိုင်းလိုက်တာပဲ"


လင်းဖန်က ဆေးကို


ခေါင်းတုံး နဲ့အရပ်ရှည်ရှည်အားကောင်းသည့်


လူကိုပေးလိုက်သည်။




ထို့နောက် သူပြန်ထွက်သွားဖို့


လုပ်လိုက်သည်။ဒါပေမယ့် ဆေးလိပ်သောက်နေသည့်


ရက်စက်ကြမ်းကြုတ်သောအမူအရာနှင့် လူက


ပြောတယ်။


"ဟေ့ကောင်လေး , ငါတို့မင်းကိုထွက်သွားခွင့်


ပေးသေးလို့လား"




သူသဘောမတူချင်ပေမယ့် အရင်ဘဝတုန်းက


ထိုသူ၏အသွင်အပြင်ကို ကြောက်ရွံ့ခဲ့တာတော့


လင်းဖန် ဝန်ခံရမည်။ဒါပေမယ့် ထောင်ထဲမှာ


လူပေါင်းစုံနှင့်ကြုံတွေ့ခဲ့ရပြီးနောက် သူထိုလူကိုမကြောက်မိတော့ပေ။လင်းဖန် မျက်ခုံးပင့်ပြ


လိုက်ရင်း ,


"ဘာလဲ ငါနဲ့တူတူသောက်ချင်လို့လား"




"လီးပဲ...မင်းဘယ်လိုလုပ်ငါ့ကို


ဒီလိုပုံစံမျိုးပြောရဲရတာလဲ?မင်းငါ့ကို 


သုံးနာရီတောင်စောင့်ခိုင်းခဲ့တဲ့အတွက် ငါမင်းကို


ရိုက်ပစ်မယ်"


ထိုစကားပြောပြီးတာနဲ့ သူကလင်းဖန်ကို လက်သီး


ဖြင့်ထိုးတော့သည်။အရင်ဘဝက အတွေ့အကြုံများအရ လင်းဖန်လက်ဖြင့်ခေါင်းကိုအုပ်ကာ 


ငုံထိုင်ပြီးရှောင်လိုက်လို့ရပေမယ့် သူမရှောင်ခဲ့ဘူး။




တုံ့ဆိုင်းခြင်းမရှိဘဲ သူ့လက်ကိုမြှောက်ကာ 


ထိုသူ၏လက်သီးကို တားဆီးလိုက်သည်။


Bang ဆိုသောမြည်သံနှင့်အတူ သူလည်း


နာကျင်သွားသည်။ထိုးအား၏ သက်ရောက်မှုကြောင့်သူ့လက်မောင်းထုံကျဉ်သွားရသည်။




ကျေးဇူးတင်စရာကောင်းတာက သူကာကွယ်လိုက်နိုင်တဲ့အတွက် သူ့လက်တွေခြေတွေမကျိုးသွားခဲ့။


ထို့ကြောင့် သူဆေးရုံသွားစရာမလိုတော့ဘူး။


ဒီကိစ္စက သူလေ့ကျင့်ခန်းလုပ်တာ အသုံးဝင်ပေမယ့်မလုံလောက်သေးဘူးဆိုတာ ပြသသည်။


သူလိုချင်တဲ့အရာက ဒီ့ထက်အများကြီးပိုသည်။...




လင်းဖန်အောင်အောင်မြင်မြင် ကာကွယ်နိုင်လိုက်


တာကိုမြင်တဲ့အခါမှာ ခေါင်းမာသည့်


ထိုသူ၏အမူအရာ ပြောင်းလဲသွားခဲ့သည်။


သူလင်းဖန်ကို သတိထားနေသည့်မျက်လုံးတွေနဲ့


ကြည့်လိုက်သည်။




"ဟား....ဟား...ဘာလို့အတည်ကြီးလုပ်နေရတာလဲ"


လင်းဖန်က ထုံနေသော သူ့လက်ကိုခါလိုက်ကာ


အပြုံးလေးနှင့် ,


"ငါ့ကိုဒီမှာ နေစေချင်တာမှတ်လား??


ကောင်းပြီလေ မင်းသဘောအတိုင်းပဲ။


ဒါပေမယ့် ငါအခုထိညစာမစားရသေးဘူး။


ငါ့ကိုအစားအစာလေး ကျွေးပါဦး"




"ဟမ့်!ကောင်လေး မင်းကံကောင်းသွားတယ်လို့


မှတ်လိုက်...မျောက် မင်းသူ့ကို


အခန်းထဲခေါ်သွားလိုက်


ပြီးရင် ခေါက်ဆွဲပါဝယ်ကျွေးလိုက်"




ကောင်းပြီ ဒါတွေကအရင်ဘဝတုန်းကအတိုင်းပါပဲ..


လင်းဖန် အမှောင်ခန်းထဲထည့်ထားခံရသည်။


မတူတာဆိုလို့ ဒီတစ်ကြိမ်မှာ သူအရိုက်မခံရတဲ့


အပြင် ခေါက်ဆွဲတောင်မှစားခွင့်ရပါသေးသည်။




မျောက်လို့ ခေါ်တဲ့သူကထွက်သွားတော့မယ့်အချိန်မှာလင်းဖန်က အေးအေးဆေးဆေးပြောလိုက်၏။


"မျောက်ရေ ငါတရုတ်ဂေါ်ဖီပါတဲ့ခေါက်ဆွဲပြုတ်


သောက်ချင်တယ်။ဟင်း ငါလိုချင်တာ ခေါက်ဆွဲခြောက်နော်...ဝက်အူချောင်းနဲ့ ကြက်ဥပါရင် ပိုကောင်းတယ်"




"လီးလား....မင်းလိုချင်တာများသွားပြီ။


မင်းပုံမှန်ခေါက်ဆွဲပြုတ်ပဲရမယ်။ငါမင်းအတွက်


အခြားအစားအစာတွေ သွားဝယ်မပေးနိုင်ဘူး။"




"ဒီမှာ ယွမ် ၁၀၀..ငါလိုချင်တာသာ သွားဝယ်ပေးစမ်းပါ"




"ချီးပဲ!မင်းက စိတ်ပျက်စရာကောင်းလိုက်တာ"




"ဟား..ဟား...တံခါးပိတ်သွားစရာမလိုဘူးနော်..


ငါထွက်မပြေးပါဘူး"




"ဟမ့်!မင်းလုပ်ရဲလား"




မျောက်က ပိုက်ဆံကိုယူလိုက်ပြီးအိတ်ကပ်ထဲ


ထိုးထည့်လိုက်သည်။ဒါပေမယ့် သူ့အိတ်ကပ်ထဲမှာ


အခန်းကတ်မရှိတော့တာကိုတော့ မသိမထားမိလိုက်ဘူး။


မျောက်ထွက်သွားတဲ့အချိန်မှာ လင်းဖန်သူ့အင်္ကျီလက်ထဲဝှက်ထားသည့် ကတ်ကို သူ့ကျောပိုးအိတ်ထဲထည့်လိုက်သည်။ထို့နောက် သူစာအုပ်ထုတ်ကာ


မှိန်နေသော မီးအလင်းရောင်‌ေအာက်တွင် စာဖတ်နေလိုက်သည်။


၁၀ မိနစ်ကြာပြီးနောက် မျောက်ပြန်လာခဲ့သည်။




_____




Wrong layout?