Ch 13
Viewers 11k


Chapter 13

@telegraph • May 7 at 10:27 AM

ထိုစကားကြားပြီးနောက် အတန်းခေါင်းဆောင်


၏မျက်နှာက မည်းမှောင်နေသောအမူအရာကနေ


ပျော်ရွှင်နေသည့်အမူအရာအဖြစ် ပြောင်းသွားသည်။သူက ထက်ရှစွာပြောလိုက်သည်။




"ဟမ့်!မင်းကြားတယ်မလား....


အတန်းပိုင်ဆရာက မင်းကိုတွေ့ချင်နေတယ်။


သူက မင်းစာမေးပွဲမှာခိုးချတာကို သိသွားလို့ဖြစ်မယ်"




"တကယ်လား"


လင်းဖန် လှောင်ပြုံးပြုံးလိုက်ကာ အတန်းထဲကနေ


ထွက်သွားသည်။လောင်လိ့ ဘာကြောင့်သူ့ကို


ခေါ်တွေ့ရတယ်ဆိုတာကို သူသိသည်။


အဲ့ဒါက သူ့စာမေးပွဲရလဒ်ကို လောင်လိ့သံသယ


ဖြစ်နေလို့မဟုတ်ပေ။




"ဘာကိစ္စကျွန်တော့်ကို တွေ့ချင်ရတာလဲ ဆရာ"




လင်းဖန် လောင်လိ့ရုံးခန်းထဲဝင်လာကာ 


မေးလိုက်သည်။သူ့လေသံက တစ်ခုခုကိုတုပ


ပြီးပြောနေမှန်း သိသာသည်။သူက အရင်က


သူ့ပုံစံနဲ့တူအောင် ကြိုးစားပြောနေခြင်း


ဖြစ်သည်။လောင်လိ့ရဲ့ အဖြေစကားကတော့


သူ့အရင်ဘဝတုန်းကနှင့် ကွဲပြားသွားပြီ။


"မင်း ဒီတစ်ကြိမ်တော့ စာမေးပွဲအောင်သားပဲ။


တော်တယ်။"


လောင်လိ့က လေးတွဲစွာပြောလိုက်သည်။




သူအရင်ဘဝတုန်းက လင်းဖန်ကို


ပြောခဲ့သည့် စကားကတော့ -


"မင်းစာမေးပွဲထပ်ကျပြန်ပြီ"




အရာအားလုံး ပြောင်းလဲသွားပြီ..ဒါပေမယ့် 


သူရဲ့လျစ်လျူရှုတဲ့အမူအရာကတော့ 


အရင်ဘဝကနဲ့ တူညီနေတုန်းဖြစ်သည်။


'သူကအမြဲတမ်း လျစ်လျူရှုတယ်။ဒါပေမယ့်


ငါက အရင်ဘဝတုန်းက မှားယွင်းစွာသူ့ကို


ဂရုစိုက်ခဲ့မိတယ်။ငါက အချစ်ကြောင့်


မျက်ကန်းဘဝရောက်သွားမှန်း သိသာတယ်။'


လင်းဖန် တွေးလိုက်သည်။




"ကျွန်တော် ဆက်ကြိုးစားနေတုန်းပါ"




"ကောင်းတယ်"


လောင်လိ့ ခေါင်းညိမ့်ကာ ဆက်ပြောလိုက်သည်။


"ငါမင်းကို ငါ့အတွက်တစ်ခုလုပ်ခိုင်းစရာရှိတယ်"




'တွေ့လား ဒါကမှသူ့ရည်ရွယ်ချက် အမှန်ပဲ'


လင်းဖန် တွေးလိုက်ကာ သူ့နှလုံးသားထဲကနေ


လှောင်လိုက်သည်။ဒါပေမယ့် သူ့မျက်နှာမှာတော့


လှောင်သည့် အမူအရာမပြပေ။




"Chengwu ခရိုင်မှာနေတဲ့ ငါ့သူငယ်ချင်းတစ်ယောက်က ဆေးတစ်ချို့လိုချင်နေတယ်။ဒါပေမယ့်ငါဒီညအလုပ်ရှုပ်နေတဲ့အတွက် မင်းငါ့အတွက်


သူ့ကို ဆေးတစ်ချို့သွားပို့ပေးနိုင်မလား"




လောင်လိ့က ရိုးသားစွာဖြင့် တောင်းဆိုသည်။


ဒီလိုပုံစံကို မြင်ရတာပထမဆုံးအကြိမ် မဟုတ်ပေ။


လောင်လိ့က လင်းဖန်ကို သူ့အတွက်တစ်ခုခု


ခိုင်းစရာရှိတိုင်း ဒီလိုပုံစံလုပ်လေ့ရှိသည်။


အရင်ဘဝတုန်းက လင်းဖန်သည်လောင်လိ့အပေါ်


လေးနက်တဲ့ခံစားချက်ရှိသည်။ထပ်ပြောရရင်


သူကလောင်လိ့အတွက် သိုးတစ်ကောင်လို[1]


လိုက်လုပ်ပေးခဲ့သည်။




ထို့ကြောင့် သူဆေးတွေက ဘာဆေးတွေလဲ


ဆိုတာ (သို့မဟုတ်) လောင်လိ့ သူသယ်ချင်းက


ဘယ်လိုလူမျိုးလည်းဆိုတာ ရှာကြည့်ဖို့မကြိုးစားခဲ့ဘူး။သူက လောင်လိ့ဘာလို့ သူ့ သူငယ်ချင်းကို


ဒီနေ့အတွင်းဆေးတွေ ပို့ခိုင်းလည်းဆိုတာ


တောင် မစဉ်းစားခဲ့ဘူး။ထိုအချိန်တုန်းက


သူက လောင်လိ့သူ့အပေါ်ယုံကြည်တယ်ဆိုတာနဲ့တင်ကျေနပ်အားရပြီး ပျော်ရွှင်နေခဲ့သည်။


ထို့ကြောင့် တုံ့ဆိုင်းခြင်းမရှိ သဘောတူခဲ့သည်။




အခုအချိန်မှာ သူလောင်လိ့ကို အောက်ဆုံးထိဆွဲချဖို့မရည်ရွယ်ထားသေးသဖြင့် သူမငြင်းဆန်လိုက်ပါ။သူ ကတိပေးလိုက်သည်။


"ကျွန်တော် အချိန်မှီရအောင် လုပ်ပေးပါ့မယ်"




"ကျေးဇူးပါ။မင်းက တကယ့်ကိုကောင်းတဲ့


ကောင်လေးပဲ...ဒါက ငါ့သူငယ်ချင်းလိပ်စာနဲ့


ဖုန်းနံပါတ်..မင်းရောက်ရင် သူ့ကိုခေါ်လိုက်။


မင်း ထွက်သွားနိုင်ပြီ"


လောင်လိ့ ပြောလိုက်သည်။




"အို"


လင်းဖန် နောက်လှည့်ကာ ရုံးခန်းကနေ


ထွက်ခွာသွားသည်။သူ လောင်လိ့ပေးလိုက်တဲ့


ဆေးပုလင်းကို တင်းတင်းဆုပ်ကိုင်လိုက်သည်။


တကယ်တော့ ဒီဆေးပုလင်းထဲမှာ ဆေးတစ်လုံးပဲ


ရှိတယ်။ထိုဆေးကလည်း ဈေးကြီးသည်။


ဈေးကြီးရတဲ့အကြောင်းအရင်းကို


တိတိကျကျပြောရရင် ဒီဆေးက


Testosterone Propionate ကို


အတိုကောက်ခေါ်သည့် TEP ဆိုတဲ့


လိင်စိတ်ကြွဆေးပဲ။




ဟင်း....ဒီဆေးကသူနဲ့ ဘာမှမဆိုင်ပါဘူး။ဒါပေမယ့်ဒီဆေးကြောင့်နဲ့ပဲ သူအရိုက်ခံရပြီး အမှောင်ခန်းထဲမှာ တစ်ညလုံးပိတ်ထားခံရသည်။ပြောရရင်


လောင်လိ့ သူငယ်ချင်းဆီဆေးပို့ပေးတာ


က သူ့အဖြစ်ဆိုးနဲ့သွယ်ဝိုက်ပြီး ဆက်နွယ်နေသည်။ဒါပေမယ့် အခုတော့မဟုတ်တော့ပေ။




လင်းဖန် ကျောင်းဝန်းထဲကနေ အတန်းပိုင်ဆရာ


ခိုင်းထားသည်များကိုလုပ်ဆောင်ရန်


အကြောင်းပြချက်ဖြင့် ထွက်လာသည်။


သူ အနီးအနားကတစ်ယောက်ဆီကနေ


ဖုန်းငှားကာ လောင်လိ့သူငယ်ချင်းကို


ဆက်သွယ်ခဲ့သည်။


"ဟယ်လို....ဘယ်သူလဲ"




"ဟယ်လို...လောင်လိ့က ကျွန်တော့်ကို


ခင်ဗျားဆီ ဆေးလာပို့ခိုင်း လိုက်လို့ပါ။


ကျွန်တော်ဖုန်းခေါ်လိုက်တာက ကျွန်တော် 


ချိန်းထားတာပြောင်းသွားတဲ့အကြောင်း


ပြောချင်လို့ပါ...ကျွန်တော် ချိန်းထားတဲ့အချိန်


နောက်သုံးနာရီကို


ရွှေ့ဆိုင်းလိုက်တယ်။"




"ဘာ!လဲသေလိုက် !ငါသဘောမတူဘူး။


မင်း ည 7 နာရီမှာပဲ ငါ့ဆီလာပို့ပေးရမယ်"




"နားထောင်စမ်း! ကျွန်တော် ခင်ဗျားအကြံကို


တောင်းခံနေတာ မဟုတ်ဘူး။ကျွန်တော့်


ဆုံးဖြတ်ချက်ကိုပြောဖို့ ဖုန်းခေါ်လိုက်တာ


ခင်ဗျား ပိုက်ဆံမလိုချင်ရင် ငြင်းလိုက်လို့ရတယ်"




ထိုစကားပြောပြီး လင်းဖန်ဖုန်းချလိုက်သည်။


သူပြောတာကို သဘောတူမယ်လို့ယုံသည်။


အခုတော့ သူအိမ်အရင်ပြန်ရမည်။




____


__




[1]သိုးတစ်ကောင်လို - Idiom အသုံးအနှုန်းပါ။


ကိုယ်ကိုတိုင် တွေးတောဆုံးဖြတ်ခြင်း


မရှိဘဲ ခိုင်းတဲ့သူပြောတဲ့အတိုင်း အကုန်လိုက်လုပ်ပေး


တဲ့သူကို ဆိုလိုချင်တာပါ။


__




48 views • Wrong layout?