Ch 12
Viewers 11k


Chapter 12

@telegraph • May 7 at 10:26 AM

"အို!သွားပြီ!စာမေးပွဲရလဒ်က ဒီနေ့ထွက်လာမှာ...


ငါတော့ အရမ်းစိတ်လှုပ်ရှားနေပြီ"


"သိပ်ပြီး စိတ်လှုပ်ရှားမနေပါနဲ့....ငါကတော့ စာမေးပွဲထပ်ကျတော့မယ်ဆိုရင်တောင် စိတ်မလှုပ်ရှားဘူးဘာလို့လည်းဆိုတော့ လင်းဖန်ကအမြဲတမ်းအတန်းထဲမှာနောက်ဆုံးရနေတာလေ"


"ဟား...ဟား....နင်ပြောတာမှန်တယ်"


"ရှုးထပ်မပြောနဲ့တော့ သူလာနေပြီ"




လင်းဖန်အတန်းထဲကို လျှောက်လာတာကိုမြင်တဲ့အခါစကားပြောနေကြတဲ့မိန်းကလေးတွေက ချက်ချင်းပါးစပ်ပိတ်လိုက်ကြသည်။လင်းဖန် ပါးကနေချွေးတွေစီးကျနေသည်။ကြည့်ရတာ အခုလေးတင်ပြေးလာသည့်ပုံပေါက်သည်။အရင်ဘဝတုန်းက သူတို့လင်းဖန်ကိုဂရုမစိုက်ကြသဖြင့် သူ့ကိုကဲ့ရဲ့ပြောဆိုနေသည်များကိုကြားခဲ့ရသည်။ဘာလို့လဲဆိုရင်ထိုအချိန်တုန်းကသူဟာ သူရဲဘောကြောင်တဲ့လူတစ်ယောက်ဖြစ်နေလို့ဖြစ်သည်။




အခုချိန်တွင်တော့ သူတို့ လင်းဖန်ကို


ကြောက်ကြသည်။အကြောင်းအရင်းကတော့ သူတို့အတန်းဖော်တွေဆီကနေ လွန်ခဲ့တဲ့ရက်အနည်းငယ်ကလင်းဖန်သည် သူ့ကိုရိုက်နှက်နေတဲ့


သူတွေကို ခြောက်လှန့်ဖို့ ကိုယ့်ခေါင်းကိုအုတ်ခဲဖြင့်ပြန်ထုခဲ့တယ်ဟု ကြားရ၍ဖြစ်သည်။ထိုအချိန်တုန်းက ဘေးကနေကြည့်နေတဲ့သူတွေမရှိပေမယ့် စောင့်ကြည့်ကင်မရာကနေ သူ့ခေါင်းသူပြန်ထုနေသည့် ဗီဒီယိုကိုတွေ့ခဲ့ရသည်။




သူ့မျက်နှာ တစ်ခုလုံးသွေးများဖြင့်ဖုံးလွှမ်းနေကာ 


သူ့အကြည့်ကလည်း ကြောက်ဖို့ကောင်းနေခဲ့သည်။


ထိုအခိုက်အတန့်က တကယ်ကြောက်ဖို့ကောင်းသဖြင့်မကြာခင်မှာပဲ အတန်းဖော်တွေအားလုံး ဒီအကြောင်းကိုကြားခဲ့ရသည်။အရင်တုန်းက သူတို့ထင်သည်က လင်းဖန်သည်


စာညံ့သည်၊တုံးအသည်၊ဆင်းရဲတဲ့သူ...


အခုချိန်မှာတော့ သူ့ကိုရူးနေတဲ့သူလို့ခေါ်ကြသည်။လူများရဲ့အကြည့်ရောက်မှာ သူ့ကိုယ်သူပြန်ထိခိုက်အောင်လုပ်တဲ့သူက သေချာပေါက်ရူးနေတာဖြစ်ရမည်။




ထို့ကြောင့် အရင်တုန်းက လင်းဖန်ကိုအနိုင်ကျင့်ခဲ့တဲ့သူတွေတောင် အခုထပ်ပြီးအနိုင်မကျင့်ကြတော့ဘူး။ဒါပေမယ့် ဘယ်သူကမှလည်း လင်းဖန်ကိုစကားမပြောချင်ကြဘူး။နောက်ဆုံးမှာတော့ ဘယ်သူကမှရူးနေတဲ့လူနဲ့မပေါင်းချင်ကြဘူး။လင်းဖန်ကတော့ အဲ့တာတွေကိုဂရုမစိုက်ပေ။သူ့မှာ နေ့တိုင်းလုပ်စရာတွေအများကြီးရှိနေတဲ့အတွက် ကလေးဆန်တဲ့လူငယ်တွေနဲ့ပေါင်းသင်းဖို့ အချိန်မရှိပေ။




သူ့ကို ကျေနပ်စေတဲ့အရာတစ်ခုတော့ ရှိသည်။


အဲ့ဒါက အာဟာရပြည့်ဝစာ စားသုံးပြီး လေ့ကျင့်ခန်းသေချာလုပ်ပြီးနောက် သူ့အရပ်ဟာ 160 cm ကျော်သွားခဲ့ပြီ။ထို့အပြင် သူကအရင်ကလို အားနည်းသည့်လူငယ်လေးမဟုတ်တော့။သူ့ပန်းတိုင်ထိတော့ မရောက်သေးပေမယ့် အနည်းဆုံးတော့ ပိန်ပိန်လှီလှီနဲ့ အားနည်းတဲ့ပုံ မပေါက်တော့ပေ။နောက်ဆက်လုပ်ရမယ့် လေ့ကျင့်ခန်းအစီအစဉ်ကိုတွေးရင်း....လင်းဖန်နှုတ်ခမ်းတွေကော့ညွှတ်သွားသည်။သိသာထင်ရှားစွာ ,သူအကြံကောင်းရသွားပုံပေါ်သည်။




အတန်းခေါင်းဆောင်က အဖြေလွှာစာရွက်တွေကိုကိုင်ပြီးအတန်းထဲသို့ဝင်လာသည်။


"တိတ်တိတ်နေကြပါ! ငါ မင်းတို့ကို အဖြေလွှာတွေ


ပေးတော့မယ်"


သိသာစွာပင် အတန်းခေါင်းဆောင်က အဖြေလွှာစာရွက်တွေပေးတဲ့နေရာမှာ ကျွမ်းကျင်သည်။


အတန်းခေါင်းဆောင်က လင်းဖန်ရဲ့စာမေးပွဲအဖြေလွှာကြောင့် အံ့ဩသွားကာ လင်းဖန်ဘေးတွင်ရပ်လိုက်ပြီးသူ့ကိုကြည့်လိုက်သည်။


"လင်းဖန် , မင်း တရုတ်စာ 73 မှတ် ၊ သင်္ချာ 84 မှတ် ၊အင်္ဂလိပ်စာ 68 မှတ် ၊ ဓာတုဗေဒ 99 မှတ်....."


ထို့နောက် အတန်းခေါင်းဆောင်က ခဏရပ်သွားကာအထင်သေးစွာပြောလိုက်သည်။


"မင်း စာမေးပွဲအမှတ်တွေက မှန်ကောမှန်ရဲ့လား"




လင်းဖန်က သူ့စာမေးပွဲရလဒ်နဲ့ပတ်သက်ပြီး 


ကျေနပ်အားရနေခဲ့သည်။သူက အဖြေလွှာကိုကြည့်ကာပြုံးလိုက်သည်။


'ကောင်းပြီ ၊ ဒါက သိပ်တော့မဆိုးပါဘူး ၊ ငါက ငတုံးတစ်ယောက်မဟုတ်ဘူးဆိုတာ ပေါ်လာတာပေါ့ "


သူ ထိုသို့တွေးလိုက်သည်။




ရုတ်တရက် လင်းဖန် အတန်းခေါင်းဆောင်ကို အေးစက်စွာကြည့်ကာ မေးလိုက်သည်။




"မင်းက ငါခိုးချထားတယ်လို့ ပြောချင်တာလား"


"ဟမ့်! မဟုတ်ဘူးလား"




'ငါကတော့ စာမေးပွဲခဏခဏကျနေတဲ့သူက ဒီလအမှတ်အရမ်းတက်လာတယ်ဆိုတာ မယုံဘူး။ပြီးတော့ စာမေးပွဲမှာ ဓာတုဗေဒ 99 မှတ်ရတဲ့အပြင် အတန်းထဲမှာလည်းပထမရသေးတယ်။သူ မခိုးချပဲနဲ့ ဒီအမှတ်ရတယ်ဆိုတာ မယုံဘူး' , အတန်းခေါင်းဆောင်က တွေးလိုက်သည်။




"ငါအတန်းပိုင်ဆရာကို သွားတိုင်မယ်"


လင်းဖန်က စိတ်မဝင်စားဟန်ပခုံးတွန့်ပြကာ ပြောလိုက်သည်။




"မင်းကြိုက်သလိုလုပ်"




သူက ခဏရပ်ကာ ဆက်ပြောလိုက်သည်။


"ဒါနဲ့ မင်းကလည်းငါ့ကြံရာပါလို့ သူ့ကိုပြောလိုက်မယ်လေ"


ခိုးချတဲ့နေရာမှာ ပါဝင်တဲ့ဘယ်သူမဆို အပြစ်ပေး


ခံရလိမ့်မည်။


"မင်း...."




"ဟေး , လင်းဖန် အတန်းပိုင်ဆရာက မင်းကို


သူ့ရုံးခန်းလာခဲ့ဖို့ ပြောလိုက်တယ်"




47 views • Wrong layout?