Ch 11
Viewers 11k


Chapter 11

@telegraph • May 7 at 10:23 AM

Chapter 11




လူနေအိမ်အဆောက်အုံနှစ်ခုကြားရှိ လမ်းလေးထဲတွင်အမျိုးသမီးကြီးတစ်ဦးက သူ့ပစ္စည်းများကိုထုတ်ပိုးနေရင်းမေးလိုက်သည်။




"ဟေး , ဖန် မင်းဘယ်သွားနေတာလဲ?မင်းခရီးတစ်ခုခုထွက်ပြီး အခုမှပြန်လာတာလား?မင်းခရီးဆောင်အိတ်ကြီးလည်းသယ်ထားသေးတယ်"




"မဟုတ်ပါဘူး။ကျွန်တော့်အမေက လိုအပ်မယ်ထင်တဲ့ပစ္စည်းတစ်ချို့ကိုပို့ပေးလိုက်တာပါ"


လင်းဖန် တည်ငြိမ်စွာပြန်ဖြေလိုက်သည်။




"အိုး ဒါဆို ချန်ရှောင်ဟုန်က မကောင်းတဲ့အမေတစ်ယောက်တော့မဟုတ်ဘူးပဲ"


"အာ..ဖြစ်နိုင်ပါတယ်"


လင်းဖန် ပေါ့ပေါ့တန်တန်ပဲပြန်ဖြေလိုက်သည်။တကယ်တော့သူမက အမေတစ်ယောက်ဖြစ်ဖို့ မထိုက်တန်ဘူး!အရင်ဘဝတုန်းက သူ့အမေက သူ့ကိုထောက်ပံ့တာတွေရပ်ကာ အဆက်အသွယ်အကုန်ဖြတ်ပစ်ခဲ့သည်။သူမက သူသေလား ၊ရှင်လား ဆိုတာကိုလုံးဝဂရုမစိုက်တာလည်းဖြစ်‌ေကာင်းဖြစ်နိုင်ပါသည်။




"ဒီမှာ ယွမ် ၅၀၀ ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို


နောက်သုံးလထိ နေ့စဉ်နေ့တိုင်း နို့ဘူးလာပို့ပေးပါ"


လင်းဖန်က အမျိုးသမီးကြီးကို သူ AG ထံမှလှည့်စားပြီးရလာခဲ့သော ပိုက်ဆံကိုပေးလိုက်ကာ 


အိတ်အလေးကြီးဆွဲပြီး အိမ်ပေါ်သို့တက်သွားသည်။


သူသာ အာဟာရပြည့်ဝစွာစားပြီး လေ့ကျင့်ခန်းပုံမှန်လုပ်မယ်ဆိုရင် မကြာခင်သန်မာလာမည်ဟု သူယုံကြည်သည်။




တစ်ချိန်ထဲမှာပဲ ကာစီနိုထဲရှိရုန်ဟွားသည် ချူရှောက်ရုတ်တရက်ရောက်ချလာသည့်အတွက် အံ့အားသင့်သွားသည်။


"Boss ဘယ်လိုလုပ်ပြီး ဒီရောက်လာတာလဲ"


သူမေးလိုက်သည်။


"ငါ့ကို ဒီနေရာကမကြိုဆိုကြဘူးလား?"


ချူရှောက်က သူ့ညာလက်ရုံးရုန်ဟွားကို မျက်ခုံးပင့်ပြရင်း မေးလိုက်သည်။


"အဲ့လိုမဟုတ်ပါဘူး Boss ရယ်....ကျွန်တော့်ရဲ့နိမ့်ကျတဲ့လုပ်ငန်းကို လာကြည့်လို့ရပါတယ်။ဒီတိုင်း ကျွန်တော်ကရုတ်တရက်မို့အံ့ဩသွားယုံပါ"




ချူရှောက်က ပေါ့ပေါ့ပါးပါးပြောလိုက်သည်။


"ငါအစောကြီးကတည်းက စုံစမ်းပြီးသွားပြီ။ဒါကြောင့်ငါဒီကိုလာတာ သူတို့တုန်လှုပ်စေဖို့ပဲ"


ရုန်ဟွားက ချူရှောက်ဘာကိုဆိုလိုတာလည်း ဆိုတာကိုသိသည်။သူ့ boss ကတကယ့်ကိုအကောင်ကြီးကြီးဖြစ်တဲ့အတွက် စုံစမ်းပြီးပြီဆိုတာကို မအံ့ဩသွားပါဘူး။ရုန်ဟွားက ပြုံးပြလိုက်ပြီး ဘာမှတ်ချက်မှမပေးဘူး။




ရုတ်တရက် ကာစီနိုမန်နေဂျာက ရောက်လာပြီး


ရုန်ဟွား နားသို့ကပ်ကာတစ်စုံတစ်ခုကို တိုးတိုးလေးပြောလိုက်သည်။ရုန်ဟွား မျက်နှာပေါ်မှအပြုံးများပျောက်ကွယ်သွားကာ မျက်မှောင်ကြုပ်လိုက်သည်။


"ဘာဖြစ်လို့လဲ"


ချူရှောက်က မေးလိုက်သည်။


"ကိစ္စကြီးတော့မဟုတ်ပါဘူး။ ဒါပေမယ့် နည်းနည်း


ထူးဆန်းတယ်"


"အို နည်းနည်းထူးဆန်းတယ်တဲ့လား။ကြားရတာ


စိတ်ဝင်စားဖို့ကောင်းမယ့်ပုံပဲ။စောင့်ကြည့်ကင်မရာတွေကိုသွားစစ်ဆေးကြည့်ကြတာပေါ့"




မကြာခင်မှာပဲ စောင့်ကြည့်ဗီဒီယိုတွေကို ရုံးခန်းထဲပို့ခဲ့တယ်။ရုန်ဟွား ကွန်ပျူတာစကရင်ကို ညွှန်ပြကာ ,


"Boss ကြည့် , အဲ့တာ AG ယူနီဖောင်းဝတ်ထားတဲ့


လူငယ်လေးပဲ။ကျွန်တော့်လူတွေက သူနဲ့ပတ်သက်တဲ့အချက်အလက်တွေကို စုံစမ်းပြီးပြီ။သူက ကျွန်တော်တို့ကာစီနိုက AG မဟုတ်ဘူး။ကျွန်တော်ခန့်မှန်းရသလောက်ဒီယူနီဖောင်းကို သူတစ်ယောက်ယောက်ဆီက ရခဲ့တာဖြစ်မယ်.သူက စုစုပေါင်း ၂.၈ သန်းနိုင်သွားပြီးထွက်သွားတာ မိနစ်အနည်းပဲရှိသေးတယ်"




"Sic Bo [1] မှာလား"


"ဟုတ်ကဲ့"


"သူက ၂.၈ သန်းကို ၂၃ မိနစ်အတွင်း နိုင်သွားတယ်။ကံကောင်းတဲ့ကောင်လေးပဲ!သူ့ကိုရှင်းရှင်းလင်းလင်းမြင်နိုင်တဲ့ပုံရှိလား"


ရုန်ဟွား မျက်မှောင်ကြုပ်ပြီးပြောလိုက်သည်။


"အာ...ဒါကပြဿနာနည်းနည်းရှိတယ်။သူက သူ့လက်လိုကာစီနိုရှိ ကင်မရာတွေအကုန်လုံးကို သိနေပုံပေါ်တယ်။ဘာလို့လည်းဆိုတော့ သူကကင်မရာ‌ေတွအကုန်လုံးကိုကျွမ်းကျင်စွာရှောင်တိမ်းသွားတယ်ဗီဒီယိုတွေအကုန်လုံးမှာ သူ့မျက်နှာအပြည့်အစုံမပေါ်ဘူး။သူ့သွင်ပြင်တောင်မှ မှုန်ဝါးဝါးပဲပေါ်တယ်။"




ချူရှောက် မျက်ခုံးမြင့်တက်သွားကာ ဗီဒီယိုထဲရှိပုံရိပ်တစ်ချို့က သူ့အာရုံကိုဆွဲဆောင်သွားသည်။


"သူဘာလိုက်တာလဲ သိရအောင် အသံချဲ့လိုက်"


ရုန်ဟွား အသံချဲ့လိုက်သည်။ဗီဒီယိုထဲမှာ လူငယ်လေးကလူတစ်ယောက်ရဲ့ပုခုံးကိုပုတ်လိုက်ကာ အဝါရောင်ချိပ်စ်ပြားကို ပေးလိုက်သည်။


"Sir, ဒီမှာ ချိပ်စ်ပြားပြုတ်ကျသွားပြီ"




"ကျေးဇူးပဲ မင်းငါနဲ့ကစားဦးမလား"




"မကစားတော့ပါဘူး ကျေးဇူးပဲ"




ချူရှောက်က ရှောင်ဟွားကိုဗီဒီယိုအားရပ်ခိုင်း လိုက်သည်။ထို့နောက်ပေါ့ပေါ့ပါးပါးပြုံးပြီး ပြောလိုက်သည်။


"ဟား..ဟား..စိတ်ဝင်စားစရာကောင်းလိုက်တာ"


"Boss ကျွန်တော်တို့ဒီည ၂.၈ သန်းတောင်ရှုံးသွားတယ်။ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ"


"ငါ့ထင်တာတော့ လုံခြုံရေးစနစ်ကိုအရင်တိုးမြှင့်သင့်တယ်။ပြီးတော့..ဟင်း...အဲ့ဒီ့လူငယ်ကဘယ်သူလည်းဆိုတာရအောင်စုံစမ်း"


ထိုကောင်လေး စောင့်ကြည့်ကင်မရာတွေအားလုံးကိုရှောင်တိမ်းနိုင်တာက တိုက်ဆိုင်တာတော့မဖြစ်နိုင်လောက်ဘူး။




ရုန်ဟွား ကတိပေးလိုက်သည်။


"ကျွန်တော် boss အကြံပေးတဲ့အတိုင်းလုပ်လိုက်ပါ့မယ်။ထိုကောင်လေးရဲ့အရပ်က အထင်ရှားဆုံး လက္ခဏာဖြစ်တဲ့အတွက် ကျွန်တော်မကြာခင်ရှာတွေ့မယ်လို့ထင်ပါတယ်။"




ရုန်ဟွား ယုံကြည်ချက်အပြည့်ရှိခဲ့ပေမယ့် သူသွားကျိုးတဲ့အထိအကန်ခံလိုက်ရသည်။အဘယ်ကြောင့်ဆိုသော်လင်းဖန်ကအရပ်မပုတော့ပဲ ရှည်လာသည့်အတွက်ဖြစ်သည်။တစ်နည်းအားဖြင့်ဆိုရရင်သူ့ကို လွယ်လွယ်နှင့်ရှာမတွေ့နိုင်ပေ။




__




[1] - Sic bo, also known as tai sai, dai siu, big and small or hi-lo, is an unequal game of chance of ancient Chinese origin played with three dice.




47 views • Wrong layout?