Ch 4
Viewers 11k


Chapter 4

@telegraph • April 27 at 09:44 PM

Chapter 4




သူရုံးခန်းကိုမရောက်ခင်မှာဘဲ ဒေါသတကြီးအော်ဟစ်သံကို ကြားလိုက်ရသည်။




"မင်းဘယ်လိုလုပ်ပြီး အတန်းဖော်တွေနဲ့ရန်ဖြစ်ရဲရတာလဲ..ဟမ့်!ငြင်းဖို့တော့မကြိုးစားနဲ့ လုံခြုံရေးကအကုန်မြင်ထားပြီးပြီ။"




ထိုအသံက သင်ကြားရေးမှုးဆီကနေထွက်လာမှန်း လင်းဖန်သိသည်။သူတွေးလိုက်သည်။




'ဘယ်လောက်တောင်စိတ်ဝင်စားဖို့ ကောင်းလိုက်သလဲ။ဒီစကားတွေက သူအရင်ဘဝတုန်းကကြားခဲ့ရတာနဲ့ တစ်ထပ်ထည်းပဲ'




သူတိတ်ဆိတ်နေခဲ့သည်။သူလုံခြုံရေးကို ဘာကြောင့် အဲ့ဒီ့လူမိုက်လေးတွေရိုက်တာခံနေရချိန် ဝင်မတားတာလဲ လို့မမေးခဲ့ဘူး။အဲ့ဒီ့မေးခွန်းကအသုံးမဝင်တဲ့မေးခွန်း ဖြစ်မှန်း သူသိတဲ့အတွက်ကြောင့်ဖြစ်သည်။




"မင်း"




သင်ကြားရေးမှုးက လင်းဖန်ကိုဆက်လက်အပြစ်တင်ဖို့အနားချဉ်းကပ်လာချိန်မှာ လင်းဖန်ခေါင်းပေါ်က ပြင်းထန်သည့်ဒဏ်ရာကို တွေ့သွားတဲ့အတွက် သူ့လေသံရပ်တန့်သွားခဲ့သည်။




"ကောင်းပြီ။မင်းအမှားကိုနားလည်လိုက်ပြီလို့ ငါယူဆလိုက်မယ်။သွား...မင်းအတန်းပိုင်ဆရာကိုသွားရှင်းပြလိုက်။ပြီးရင် အိမ်ပြန်ပြီး မိသားစုနဲ့အတူဆေးရုံသွားလိုက်ဦး"




ဟု သင်ကြားရေးမှုးကပြောလိုက်သည်။ဘယ်လိုပဲဖြစ်ဖြစ် သူလင်းဖန်ကို ကျောင်းမှာသတိလစ်မသွားစေလိုပါ။




"ဟုတ်ကဲ့ပါ" , လင်းဖန်အသံတိုးတိုးလေးနဲ့ပြန်ပြောလိုက်သည်။ အနည်းဆုံးတော့ ဒီတစ်ကြိမ်မှာ စာလုံးရေသုံးထောင်ပါသည့် တောင်းပန်စာကို မရေးရတော့ပေ။




သူရုံးခန်းအတွင်းကိုဝင်လာချိန်မှာ ပြတင်းပေါက်နားမှာထိုင်နေတဲ့သူကို တွေ့လိုက်ရသည်။ထိုသူ၏ နာမည်မှာ လော့လိဖြစ်သည်။




လော့လိက သူတို့အတန်းပိုင်ဆရာဖြစ်သည့်အပြင် င်္သချာသင်ပေးတဲ့ဆရာတစ်ယောက်လည်း ဖြစ်သည်။ဘာထပ်ရှိဦးမှာလဲ။


ဟုတ်တာပေါ့....သူလော့လိကိုကြိုက်ခဲ့တဲ့အပြင် 


သူ့အတွက်အရာရာကိုစွန့်လွှတ်ခဲ့သည်။သူလော့လိအရမ်းကြိုက်ခဲ့ပေမယ့် ထိုအရာက အချစ်မဟုတ်ခဲ့ဘူး။




၁၁ နှစ်ကြာပြီးတဲ့နောက်မှာတော့ လင်းဖန်ဒီလူ့ကို


နောက်တစ်ကြိမ်ပြန်တွေ့ခဲ့ရပြီ။ယခုအချိန်မှာတော့ သူထူးထူးဆန်းဆန်းတည်ငြိမ်နေခဲ့သည်။သူ့ရဲ့ချစ်ခင်မှုတွေက လော့လိအတွက်တော့ရယ်စရာတစ်ခုထက်မပိုဘူးလို့ တွေးမိသည်။




အဘယ်ကြောင့်ဆိုသော် လော့လိထံမှာ


ယောက်ျားလေးရော မိန်းမတွေပါ မနာလိုစေလောက်တဲ့အထိလှပတဲ့မျက်နှာလေးရှိသည်။


သူကလှပကျော့ရှင်းပြီး အရည်အချင်းရှိသည့်အတွက် လူတိုင်းကသူ့ကိုလိုချင်နေကြသည်။




သူကအရမ်းကို ဆွဲဆောင်မှုရှိတဲ့အတွက် အင်မတန်အစွမ်းထက်လွန်းသူလို့ခေါ်တဲ့ N မြို့ရဲ့မြေအောက်လောကဘုရင်တောင် သူ့ကိုကြွေသွားခဲ့သည်။




လင်းဖန်ကတော့ ချစ်ခြင်းမေတ္တာနဲ့နွေးထွေးမှုကို လိုလားတောင့်တနေတဲ့ ရူးမိုက်တဲ့ကောင်လေးတစ်ယောက်မျှသာ။


အထက်တန်းကျောင်းမှာ လူပေါင်းများစွာက သူ့ကိုအနိုင်ကျင့်ပြီးအထင်အမြင်သေးစွာဆက်ဆံကြသည်။




လော့လိကလွဲလို့ပေါ့။ဒါကြောင့် လော့လိကသူ့ကိုဂရုစိုက်တယ်ဆိုပြီးသူထင်ခဲ့တာဖြစ်သည်။




ထို့နောက် သူ့ကိုကြွေသွားမိခဲ့သည်။ အခုချိန်မှာတော့ ထိုတွေကရယ်စရာတွေပဲဆိုတာကို သဘောပေါက်ခဲ့သည်။သူထောင်ထဲမှာ ၁၀နှစ်နေခဲ့ရတုန်းက လော့လိမရှိတဲ့သူ့ဘဝကြီးက ဘယ်လိုနေမလဲဆိုတာကို မကြာမခဏတွေးတောခဲ့ဖူးသည်။




သူ့ဘဝကြီးကို သာမာန်ပေါ့ပေါ့ဖြတ်သန်းနိုင်လိမ့်မယ် အနည်းဆုံးတော့ဆင်းရဲဒုက္ခကြီးကြီးမားမားကျရောက်မှာမဟုတ်ပေ။


ထို့ကြောင့် သူလော့လိအပေါ်ကြိုက်နှစ်သက်တာတွေက သေချာပေါက်သေဆုံးသွားခဲ့ပြီ။




လင်းဖန်သည် တစ်ချိန်ကသူ့အားလျစ်လျူရှုခဲ့သောလော့လိအား အေးစက်တည်ငြိမ်စွာကြည့်လိုက်သည်။




"ဆရာလော့"




လော့လိသည် လင်းဖန်အားတစ်ချက်ကြည့်ကာ ,


"စားပွဲခုံပေါ်မှာ ဘောပင်နဲ့စာရွက်လွတ်နည်းနည်းရှိတယ်။အဲ့မှာဒီနေ့ဖြစ်ပျက်ခဲ့သမျှကို တိတိကျကျချရေးပါ"




လင်းဖန်ကကန့်ကွက်ခြင်းမရှိပေ။သူဖြစ်ပျက်သမျှကိုစာလုံးရေ ၁၀၀ ထက်မနည်းချရေးကာ လော့လိကို ပေးလိုက်သည်။




သူက နုံအတဲ့အရူးတစ်ကောင်ပဲ။အရင်ဘဝတုန်းက သူဒီလူမိုက်တွေနဲ့ဖြစ်ခဲ့သမျှကို စာလုံးရေ ၂၀၀၀ ကျော်မကချရေးခဲ့သည်။ဒီဘဝမှာတော့ သူအရင်လို မလုပ်တော့ဘူး။


"အိုကေ ရပြီ"




လော့လိသူ့ကိုခေါင်းညိမ့်ပြလိုက်သည်။ထို့နောက်


စားပွဲပေါ်က ရီပို့ကဒ်ကိုညွှန်ပြကာ ,


"မင်းအခုအိမ်ပြန်လို့ရပြီ။ဒါကဒီလအတွက် ရီပို့ကဒ်ပဲ။မင်းနောက်လကျရင်တော့ စာမေးပွဲအောင်မယ်လို့မျှော်လင့်


ပါတယ်"




သူသည်အထင်သေးစွာနှင့်အနည်းငယ် မယဉ်ကျေးစွာဆက်ဆံသော်လည်း မည်သူကမှသတိပြုမိမှာမဟုတ်ပေ။အဘယ်ကြောင့်ဆိုသော် လူတိုင်းရဲ့မျက်လုံးထဲမှာ သူကမြင့်မြတ်ပြီး လေးစားစရာကောင်းသည်။




အရင်ဘဝတုန်းက လင်းဖန်သည် အတွေ့အကြုံမရှိသေးတဲ့ ကျောင်းသားလေးဖြစ်သည့်အတွက် လော့လိစကားတွေ အားလုံးကသူ့ကိုရင်ထဲထိစေသည်။သို့ပေမယ့် ကံကြမ္မာအပြောင်းအလဲများစွာ ကြုံတွေ့ပြီးနောက်မှာတော့ လော့လိမျက်ဝန်းထဲမှာ သူ့အတွက်စိုးရိမ်စိတ်များ


မရှိသည်ကို တွေ့မြင်လာရသည်။




လော့လိသူ့ကိုအထင်သေးကာ လျစ်လျူရှုရသည့်


အကြောင်းအရင်းက သူသည် အသုံးမကျတဲ့သူတစ်ယောက်ဖြစ်နေလို့ပင်။သူ့ခေါင်းပေါ်မှဒဏ်ရာက အလွန်ကြောက်ဖို့ကောင်းသည့်အတွက် သင်ကြားရေးမှူးတောင်သတိထား


မိသည်။




အကယ်၍လင်းဖန်သာ အရေးပါသည့်လူတစ်


ယောက်ဖြစ်နေပါက လော့လိသည်သူ့အား အခုကဲ့သို့လျစ်လျူရှုနေလိမ့်မည်မဟုတ်ပေ။




16 views • Wrong layout?