Ch 5
Viewers 11k


Chapter 5

@telegraph • May 21 at 06:02 PM

လင်းဖန် ကျောင်းမှပြန်လာတဲ့အခါ ဆေးရုံကိုမသွားဘဲ


အိမ်တန်းပြန်လာခဲ့တယ်။သူ့ခေါင်းပေါ်မှဒဏ်ရာက


သွေးတိတ်ကာ အနာဖေးတောင်တက်နေပြီ။ ထို့ကြောင့် အရင်ဘဝကမှတ်ဉာဏ်များအရ သူနေထိုင်ရာနေရာသို့ ပြန်လာခဲ့ခြင်းဖြစ်သည်။


သူနေထိုင်တဲ့နေရာက 1990 ခုနှစ်


လောက်တုန်းထဲကဆောက်ထားတဲ့ တိုက်ခန်းဟောင်း


ဖြစ်သည်။




သူ့တိုက်ခန်းမှာ အိပ်ခန်းတစ်ခန်းနဲ့ဧည့်ခန်းတစ်ခန်းသာပါဝင်


ပြီး ကျဉ်းသည့်အတွက် ရှုပ်ပွကာညစ်ပတ်နေသည်။


ဒီနေရာမှာသူတစ်ယောက်ထဲနေခဲ့ရတာ..


သူ့မှာအဖေနဲ့ ပတ်သက်တဲ့မှတ်ဉာဏ်တွေ


မရှိတော့ဘူး။သူ့အမေကလည်း အမြဲ သူ့ကိုအနှောင့်အယှက်ကောင်ဟု ယူဆကာလျစ်လျူရှုထားလေ့ရှိသည်။ လွန်ခဲ့သောငါးနှစ်က သူမနောက်အိမ်ထောင်ပြုခဲ့သည်။




သူမသာလတိုင်းသူ့အတွက် ဘဏ်စာအုပ်ထဲကို 350 ယွမ် မလွှဲပေးနေရင် သူမရှိမှန်းတောင်သူသိတော့မှာမဟုတ်ဘူး။


ဒါကြောင့်လည်း သူကချစ်ခြင်းမေတ္တာနဲ့နွေးထွေးမှုကို


တောင့်တခဲ့တာဖြစ်သည်။သူ့ကုတ်အင်္ကျီကသွေးများနှင့် ညစ်ပေနေသည့်အတွက်


ကြမ်းပြင်ပေါ်သို့ပစ်ချကာ မှန်ဆီသို့လျောက်သွားသည်။




မှန်ထဲမှာ အရပ် 160 cm တောင်မပြည့်လောက်သော ၁၇နှစ်အရွယ် ကောင်လေးတစ်ယောက်ပုံ ထင်ဟပ်နေသည်။


ထိုကောင်လေးက ပိန်ပိန်ပါးပါး ဖြူဖပ်ဖြူရော်နှင့်အာဟာရ


ချို့တဲ့နေပုံပေါက်သည်။350 ယွမ်က ကြီးထွားနေဆဲ ကောင်လေးတစ်ယောက်အတွက် မလုံလောက်ဘူးဆိုတာ


သံသရဖြစ်စရာမလိုပါဘူး။သူဆံပင်မညှပ်ဖြစ်တာ 


တော်တော်တောင်ကြာပြီပဲ။




အခုသူ့ဆံပင်တွေက သွေးတွေနဲ့ညစ်ပေနေပြီး သူ့ကျောင်း


ဝတ်စုံကလည်းမသေမသပ်ဖြင့် ပုံပျက်နေသည်။စကားတစ်


ခွန်းတည်းဖြင့် ဆိုရသော် သူ့တစ်ကိုယ်လုံး ညစ်ပတ်ရှုပ်ပွ


နေသည်။အခန်းထဲမှာ အလင်းရောင်မှိန်နေပေမယ့် သူ့


မျက်လုံးတွေကတော့ ကြယ်တစ်လုံးလိုတောက်ပနေသည်။


သူ့မျက်လုံးတွေကလွဲလို့ ကျန်တဲ့ဘယ်နေရာမဆို


ကြည့်ချင်စရာတစ်ကွက်မှမရှိဘူး။




လင်းဖန် မှန်ကနေတစ်ဆင့် ကိုယ်ကိုကိုယ် ပြန်စစ်ဆေးနေခြင်းဖြစ်သည်။


အခြားသူတစ်ဦး၏အမြင်ဖြင့် ကြည့်လျှင် သူသည်ကြည့်ချင်စရာကောင်းလောက်


တဲ့ရုပ်မျိုးဖြစ်မနေခဲ့။လင်းဖန် ရုတ်တရက် လူတွေကသူ့ကို


ဘာကြောင့်အထင်သေးသည့် အကြည့်ဖြင့်ကြည့်ကာ


နည်းအမျိုးမျိုးဖြင့် အနိုင်ကျင့်ချင်ကြမှန်း နားလည်သွား


သည်။သူကိုယ်တိုင်တောင် မှန်ထဲမှာပေါ်နေတဲ့ပုံရိပ်ကို


အနိုင်ကျင့်ချင်နေတာ အခြားသူတွေဆိုပိုဆိုးပေါ့။




လင်းဖန်မထိန်းချုပ်နိုင်တော့ဘဲ ရယ်သံတွေထွက်လာတယ်။


သူရယ်ပြီးရင်း ထပ်ရယ်ကာ သူ့မျက်လုံးမှမျက်ရည်များ


ထွက်ကျလာသည်။


"ချီးပဲ!ဘယ်ကောင်အရူးထနေတာလဲ?ငါအနှောင့်


အယှက်ကင်းကင်းအိပ်ချင်တယ်!"


"ဒီကောင်ရူးနေတာဘဲ ဖြစ်ရမယ်။မင်းအသက်မရှင်ချင်


တော့ရင် ငရဲသွားသေလိုက်။အခြားသူတွေကို


အနှောင့်အယှက်မပေးစမ်းနဲ့"


"သေစမ်း!ဘယ်လိုတောင် ရယ်နေတာလဲ။ငါမင်းကို


သေတဲ့ထိရိုက်ပစ်မယ်"




ဒီတိုက်ခန်းဟောင်းက အသံမလုံဘူး။အချို့နေထိုင်သူ


တွေက အလုပ်လက်မဲ့ဖြစ်ပြီး အချို့တွေကျတော့ 


ညဆိုင်းဆင်းရတဲ့အတွက် နေ့ခင်းဘက်အိပ်ကျတယ်။


ထို့ကြောင့် ကျိန်ဆဲသံများစွာ ထွက်ပေါ်လာခြင်းဖြစ်


သည်။နောက်ဆုံးမှာတော့ လင်းဖန်ရယ်တာရပ်သွားတယ်။


သူကမှန်ထဲကပုံရိပ်ကိုကြည့်ပြီး အေးစက်စွာပြောလိုက်တယ်။


"မင်းကအသုံးကျတဲ့သူတစ်ယောက် မဟုတ်ဘူး။"




လင်းဖန်သူ့ပုံစံကို ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်လိုက်တယ်။


အရင်ဘဝတုန်းက အဖြစ်အပျက်တွေအရ သူသာအားနည်း


နေမယ်ဆိုရင် အရိုက်ခံရလိမ့်မယ်။ဒီဘဝမှာတော့ သူ


အမှိုက်တွေအနိုင်ကျင့်တာကို အချိန်အကြာကြီး


မခံချင်တော့ဘူး။အရင်ဘဝမှာတုန်းက သူအသုံးမကျ


ခဲ့တဲ့အတွက် လူများစွာရဲ့ အနိုင်ကျင့်ခြင်းကိုခံခဲ့ရတယ်။


ပြီးတော့ အစွမ်းထက်လွန်းတဲ့ထိုလူက သူ့ကိုလွယ်ကူစွာဖျက်စီးခဲ့တယ်။လင်းဖန် သံချေးတက်


နေတဲ့ဓားကိုထုတ်ယူလိုက်တယ်။သူ့ကိုယ်သူ သတ်သေဖို့လား။သေချာပေါက် မဟုတ်ပါဘူး။




လင်းဖန်သူ့မျက်လုံးတွေကို ဖုံးအုပ်နေတဲ့ဆံပင်တွေကို


ဓားနဲ့ကျွမ်းကျင်စွာ ခုတ်ဖြတ်လိုက်တယ်။ထိုအချိန်မှာပဲ


သူထည့်မစဉ်းစားထားခဲ့တဲ့ ဒဏ်ရာကပြန်ပွင့်လာခဲ့သည်။


တစ်နာရီကြာပြီးနောက် လင်းဖန်မိမိကိုယ်ကိုမှန်ထဲတွင်


ပြန်စစ်ကြည့်လိုက်တယ်။သူဆံပင်တိုတိုညှပ်ပစ်ပြီး လူငယ်


ဆန်ဆန်အဝတ်အစားတွေဝတ်ဆင်ခဲ့တဲ့အတွက် သူ့ပုံစံက


ပိန်ပြီးအားနည်းသည့်ပုံပေါ်နေပေမယ့် အရင်ကလို


ကြည့်မရလောက်တဲ့ထိတော့ဖြစ်မနေတော့ဘူး။




အာ.....သူဆင်းရဲနေတုန်းပဲ။လင်းဖန်ရုတ်တရက် နောက်လှည့်ကာ အိပ်ခန်းတွင်းသို့ဝင်လိုက်သည်။


ထို့နောက် သူနံရံကြားထဲမှ သံချေးတက်နေသည့် 


သေတ္တာဟောင်းတစ်လုံးကိုယူလိုက်တယ်။


သေတ္တာထဲမှာရှိနေတဲ့အရာက သူစုထားသမျှငွေတွေ 


ရှိတဲ့အတွက် သူသေတ္တာကိုဖွင့်ကြည့်လိုက်သည်။


ရေတွက်စရာတောင်မလိုပါဘူး။အထဲမှာ စုစုပေါင်းငွေ


125.3 ယွမ်ရှိကြောင်းသူမှတ်မိသည်။






15 views • Wrong layout?