Chapter 3
Anna • April 26 at 06:53 AM
လင်းဖန် ထိုလူများ၏အကြည့်အောက်တွက် တည်ငြိမ်စွာဖြင့်ခေါင်းငုံ့ကာ အုတ်ခဲကိုကောက်ယူလိုက်သည်။လူမိုက်ခေါင်းဆောင်ကသသူ့ကိုအထင်အမြင်သေးဟန်ဖြင့်,
"ဟေ့ ကောင်လေး မင်းကငါတို့နဲ့ရန်ဖြစ်ချင်လို့လား။
ဟားဟား မင်းအရှုံးပေးလိုက်တာကမှ ပိုကောင်းဦးမယ်နော်"
'ဟမ့် အုတ်ခဲလေးတစ်လုံးထဲနဲ့သူက ရန်ပွဲရလဒ်ကိုပြောင်းနိုင်မှာတဲ့လား။သူ့လိုပျော့ညံ့တဲ့ ကောင်လေးက
ငါတို့ကိုနိုင်အောင်ချနိုင်မယ်လို့ ငါတော့မထင်ဘူး။
ပြီးတော့ ငါတို့ကလူအရေအတွက်လည်းပိုသာသေးတယ် '
လို့သူတွေးလိုက်သည်။
တကယ်တော့လင်းဖန်မှာ ရန်ထပ်ဖြစ်ဖို့အားမကျန်တော့ေပ။သူ့မှာအုတ်ခဲကောက်နိုင်ရုံအားသာ ကျန်တော့ခြင်းဖြစ်သည်။
သို့ပေမယ့် , "ဟားဟားဟား" ရူးသွပ်သည့်အပြုံးတစ်ခု
လင်းဖန်မျက်နှာေပါ်တွင် ပေါ်လာသည်။
"ဟုတ်တယ် ငါမင်းတို့ကိုမရိုက်နိုင်တော့ဘူး။
ဒါပေမယ့်.....ငါ့ကိုယ်ငါဒီအုတ်ခဲနဲ့သတ်သေလိုက်မယ်ဆိုရင်ရော...အဲ့ခါကျရင်မင်းတို့ပဲအဖမ်းခံရတော့မှာ...
ထောင်ထဲမှာ ဘယ်လောက်ကြာကြာနေရမလဲမင်းသိလား"
လင်းဖန်ဖြေးဖြေးလေး မေးလိုက်သည်။သူ့လေသံက
အားနည်းနေပေမယ့် သူ့စကားတွေကတော့ လူမိုက်တစ်အုပ်စုကို အရိုးထဲထိအေးခဲသွားစေတယ်။
"မနောက်ကောင်းဘူးနော် ကောင်လေး အား....."
လူမိုက်တစ်ယောက်က အော်ပြောလိုက်သည်။
ထိုလူပြောတဲ့စကားမဆုံးသေးခင်မှာပဲ လင်းဖန်ကသူ့ခေါင်းသူအုတ်ခဲနဲ့ထုချလိုက်သည်။သွေးတွေက သူ့ခေါင်းကနေပန်းထွက်ကာမျက်နှာပေါ်စီးကျလာခဲ့သည်။
သူ့မျက်လုံးတွေက ရူးသွပ်မှုအပြည့်ဖြင့်တောက်ပနေသည်။
"ကြည့်ရတာမလုံလောက်သေးတဲ့ပုံပဲ။မှန်းကြည့်....
ငါဘယ်နှစ်ကြိမ်လောက်ထုမှသေသွားမလဲဆိုတာ"
သူ့ခေါင်းပေါ်မှ ခပ်နက်နက်ဒဏ်ရာသည် မနာကျင်သကဲ့သို့လင်းဖန်ပြုံးရယ်နေသည်။သူ့မျက်နှာတစ်ခုလုံးသွေးများဖုံးလွှမ်းနေလျက် ရူးသွပ်စွာရယ်နေကာ သူ့အတွင်းစိတ်ထဲမှ နတ်ဆိုးတစ်ကောင်နိုးထလာသကဲ့သို့ပင်။
သူ၏လူသတ်လိုသောစိတ်ဆန္ဒများသည်လည်း ပတ်ဝန်းကျင်သို့ပျံ့နှံ့သွားကာ...သူ့ပုံစံက ငရဲမှတက်လာသောနတ်ဆိုးတစ်ကောင်နှင့်တူေပသည်။သို့ပေမယ့် သူကတော့ သူ့က်ိုယ်သူငရဲမှလူ့လောကသို့ တက်လာသောရက်စက်သည့် သရဲတစ်ကောင်ဟုသာတွေးသည်။
လင်းဖန်၏စကားလုံးများက လူငယ်တစ်အုပ်စုတို့၏မာနကြီးသောပုံစံများကို ပျောက်ကွယ်သွားစေသည်။သူတို့၏မသိစိတ်အရ အနောက်သို့
ခြေလှမ်းအနည်းငယ်ဆုတ်သွားကာ သတိလစ်လုမတတ်ကြောက်လန့်နေကြသည်။
သူတို့က အတန်းဖော်တွေကိုအနိုင်ကျင့်ပြီးပျော်ရွှင်တတ်ကြပေမယ့် ဘယ်လိုပဲပြောပြောသူတို့က ဆယ့်ခုနှစ် သို့မဟုတ် ဆယ့်ရှစ်နှစ်ကျော်လောက် သာရှိသေးသည့် ဆယ်ကျော်သက်လေးများဖြစ်ကြသည်။သူတို့တစ်ခါမှလင်းဖန်ကဲ့သို့အကြောက်တရားမရှိသည့် လူမျိုးကိုမတွေ့ဖူးေပ။ ထို့ကြောင့် သူတို့ကြောက်ရွံ့ကာ တုန်ယင်နေကြသည်။
"သေစမ်း....သူရူးသွားပြီ....သူ့က်ိုယ်သူသတ်သေတော့မယ်......ငါတို့ဒီကနေထွက်သွားကြစို့......"
သူတို့ကြောက်စိတ်ဖြင့် ခြေဦးတည့်ရာထွက်ပြေးသွားကြသည်။
သူတို့လင်းဖန်ထံမှ လုယူခဲ့သည့်အကြွေစေ့ကိုပါပစ်ချခဲ့ကြသည်။လင်းဖန် သူတို့ထွက်ပြေးသွားတာကို
စောင့်ကြည့်ပြီးမှ ထိုင်ချကာကျခဲ့သည့်အကြွေစေ့ကို အိတ်ကပ်ထဲကောက်ထည့်လိုက်သည်။သူကအရမ်းဆင်းရဲနေသည့်အတွက် အကြွေစေ့တစ်စေ့တောင် အလေအလွင့်ဖြစ်လို့မရပေ။
သူကုတ်အင်္ကျီကိုချွတ်ကာ မျက်နှာပေါ်မှ
သွေးများကိုသုတ်လိုက်ပြီး သွေးတိတ်စေရန်ခေါင်းမှအနာပေါ် ဖိထားလိုက်သည်။ထို့နောက်သူလှည့်ထွက်သွားခဲ့သည်။
သူထောင်ထဲမှာ သင်ခဲ့ရတဲ့ပထမဆုံးသင်ခန်းစာက တော့
"အားနည်းသူတွေက အားကြီးသူတွေကိုကြောက်ရွံ့ကာအားကြီးသူတွေက သေမှာမကြောက်သည့်သူတွေကို ကြောက်ရွံ့သည်။"
လင်းဖန်ကအခြားသူတွေထက်ပိုပြီးတော့ သူ့အသက်ကိုတန်ဖိုးထားသည်။ထို့ကြောင့် သူ့ဒဏ်ရာကကြောက်ဖို့ကောင်းနေပေမယ့် အသက်အန္တရာယ်နဲ့နီးကပ်တဲ့ထိတော့ မဟုတ်ပေ။
လင်းဖန်ဆေးကုသမှုမခံဘဲ စာသင်ခန်းထဲကို
ပြန်လာခဲ့သည်။သူ့အတန်းဖော်တွေထဲကတစ်ချို့က အံ့အားသင့်သွားကြသလို တစ်ချို့က စပ်စုကာ တစ်ချို့ကတော့ ကြောက်လန့်နေကြသည်။ တစ်ချို့ဆို
သူ့ကိုလှောင်ပြောင်ချင်ကြသေးသည်။သို့သော် သူတို့ထဲကဘယ်သူကမှ သူ့ကိုမသနားခဲ့သလိုဂရုလည်းမစိုက်ခဲ့ကြပေ။
လင်းဖန်စကားတစ်ခွန်းမှမပြောဘဲ အရင်ဘဝတုန်းက
အတိုင်း သူ့ထိုင်ခုံသူသွားထိုင်သည်။ခဏလောက်ကြာတဲ့အခါမှာ အတန်းခေါင်းဆောင်ရောက်လာပြီး မပျော်
နေသည့်ဟန်ဖြင့် ပြောလိုက်သည်။
"ဟေးငါတို့အတန်းပိုင်ဆရာက မင်းကိုသူ့ရုံးခန်းလာဖို့ခေါ်ခိုင်းလိုက်တယ်"
လင်းဖန် အတန်းခေါင်းဆောင်ကို စကားတစ်လုံးမှပြန်မပြောဘဲ ခေါင်းညိမ့်ပြလိုက်သည်။
ဖြစ်ရပ်တွေက ပြောင်းလဲသွားပေမယ့် ရလဒ်ကတော့ နည်းနည်းလေးတောင် မပြောင်းလဲမှုမရှိေပ။သူ့အရင်ဘဝတုန်းကလည်း အတန်းပိုင်ဆရာ၏ရုံးခန်းကို
ခေါ်ဆောင်ခံခဲ့ရသည်။လင်းဖန်၏နှုတ်ခမ်းများ ကွေးညွတ်ကာ အပြုံးတစ်ခုပေါ်လာပြီး တွေးတောလိုက်သည်။
"အဲ့ဒီ့လူ.....ငါသူ့ကိုမတွေ့ရတာဆယ်နှစ်တောင် ရှိသွားပြီပဲ"
79 views • Wrong layout?