Ch 2
Viewers 11k


Chapter 2

Anna • April 26 at 06:40 AM





သူသေဆုံးသွားပြီဟု လင်းဖန်ထင်ခဲ့သည်။သို့ပေမယ့် သူ့၏ကျောကုန်း ၊ လက်မောင်းနှင့်ခြေထောက်များမှ နာကျင်မှုတွေက သူမသေဆုံးသေးဘူးဆိုတဲ့ အဖြစ်မှန်ကို ပြသနေသည်။ထို့အပြင် ဤနာကျင်မှုများသည် လွန်ခဲ့သောဆယ်နှစ်လောက်က ခံစားခဲ့ရသည့် နှလုံးကဲ့သို့


ကိုယ်တွင်းအင်္ဂါများ ပျက်စီးလာသည့် နာကျင်မှုများနှင့်မတူ ကွဲပြားခြားနားကြောင်း သူသိသည်။




ယခုနာကျင်မှုများက ကန်ကျောက်ထိုးနှက်ခံရမှု များမှဖြစ်ပေါ်လာသည့် နာကျင်မှုသာဖြစ်သည်။


ထို့ကြောင့် အနှစ်ချုပ်ဆိုရသော် သူအသက်ရှင်နေသေးသည်။




"ဒီကောင့်ခန္ဓာကိုယ်က အရမ်းပျော့တယ်။ဒါကြောင့် သူ့ကို နည်းနည်းငြင်ငြင်သာသာလုပ်..သူ့ခြေတွေလက်တွေကျိုးသွားအောက် ငါတို့လုပ်လို့မဖြစ်ဘူး မဟုတ်ရင် ငါတို့ပဲဒုက္ခရောက်


သွားလိမ့်မယ်"




အေးစက်လွန်းသည့် လူတစ်ယောက်၏ အသံကျယ်ကျယ်ထွက်ပေါ်လာသည်။


"ဟမ့် ငါတို့သူ့ ခြေထောက်ကို ချိုးလိုက်လည်း ဘာပြဿနာမှတက်မှာမဟုတ်ပါဘူး။သူကအသုံးမကျတဲ့လူတစ်ယောက်လေ..


ဘယ်သူကသူ့ကိုဂရုစိုက်နေမှာလဲ"




"မင်းတို့နှစ်ယောက် သူ့ကိုသေချာရှာကြည့်လိုက်ကြ သူ့မှာပိုက်ဆံတစ်ပြားမှမရှိဘူးဆိုတာကို ငါမယုံဘူး"




"ကောင်းပြီ"




တစ်စုံတစ်ယောက်က သူ့နားသို့တုတ်တစ်ချောင်းကိုင်ပြီးရောက်လာတာကိုမြင်သည့်အခါ လင်းဖန်လက်သီးကိုကျစ်ကျစ်ဆုပ်ပြီး ထိုလူ့ကိုအရင်ဦးအောင်ထိုးချလိုက်သည်။




"ချီးပဲ ပိုက်ဆံကိုမင်းလက်ထဲမှာကိုင်ထားတာပဲ"




ထိုလူကလင်းဖန်ကိုကန်ချလိုက်ပြီး သူ့လက်ထဲကပိုက်ဆံကိုလုယူသွားခဲ့သည်။




"ညီအစ်ကို မင်းသိလား သူ့မှာအကြွေစေ့ပဲရှိတယ်"




"အကြွေစေ့ဟုတ်လား သေလိုက်ပါတော့ မင်းကငါ့အချိန်တွေကို လာဖြုန်းတီးနေတာပဲ"




"ညီအစ်ကိုတို့ လာကြသူ့ကိုရိုက်ကြစို့"




ထို့နောက်သူတို့ လင်းဖန်ကိုစိတ်ကျေနပ်တဲ့အထိထပ်ရိုက်ကြသည်။လင်းဖန်မြေပြင်ပေါ်မှောက်ကာ သူ့လက်နှစ်ဘက်ကိုခေါင်းပေါ်တင်၍ ကာကွယ်ထားလိုက်သည်။သူဒီလို


အခြေအနေမျိုးခဏခဏကြုံခဲ့ဖူးသည့်အတွက် ထူးထူးခြားခြားမခံစားရ‌ေပ။ ထို့အပြင် သူ့မျက်လုံးတွေက


ရှက်ကြောက်ခြင်းမှ တည်ငြိမ်ခြင်းအဖြစ်သို့ပြောင်းလဲသွားခဲ့သည်။သူ့ကြည့်ရတာ နည်းနည်းစိတ်လှုပ်ရှားနေပုံတောင်ပေါ်သည်။




သူထောင်ထဲမှာဆယ်နှစ်ကြာတောင် နေခဲ့ဖူးသည်။ထိုနေ့ရက်တွေက အရမ်းကိုရှည်လျားသည့်အတွက်သူ့မှာအချိန်


အမြောက်အမြားပိုခဲ့တယ်။သူကထိုအချိန်အများစုကို အတိတ်ကိုတွေးရင်း တွေးရင်းနှင့်ကုန်ဆုံးခဲ့သည်။ထို့ကြောင့်


အတိတ်မှာ သူ့နဲ့တွေ့ဆုံခဲ့သည့်သူများအပြင် သူတို့နှင့်ပြောခဲ့သည့်စကားများကိုလည်းမှတ်မိနေ


သည်။




သူ့ကိုလှောင်ပြောင်ရယ်မောခဲ့သော သူများ၏မျက်နှာကအစ


သူကွက်ကွက်ကွင်းကွင်းအမှတ်ရနေသည်။




ဒီနေ့ကသူ့ရဲ့တိုတောင်းလှသည့်ဘဝထဲက သာမာန်နေ့လေး တစ်နေ့ဖြစ်ကြောင်း လင်းဖန်ကောင်းကောင်းမှတ်မိသည်။


ဒီနေ့က 17.May. 2017, ဗုဒ္ဓဟူးနေ့ ညနေ 3 နာရီ 48 မိနစ်.


နောက်တစ်မျိုးပြောရရင်သူအထက်တန်းဒုတိယနှစ်တက်နေသည့် လွန်ခဲ့သော ၁၁နှစ်မှာ ပြန်လည်မွေးဖွားလာခြင်း ဖြစ်သည်။




ထိုအချိန်တုန်းက သူပိုက်ဆံပေးဖို့ငြင်းဆန်ခဲ့


သည့်အတွက် လူငယ်လူမိုက်တစ်အုပ်စု၏ရိုက်နှက်တာကိုခံနေရခြင်းဖြစ်သည်။အဘယ့်‌ကြောင့် ကံကောင်းထောက်မစွာ ဖြင့် သေပြီးပြန်လည်မွေးဖွားလာတယ်ဆိုတာကို သူမသိဘူး။


ဘယ်လိုပဲဖြစ်ဖြစ် သူအသက်ပြန်ရှင်လာရသည့်အတွက်ကျေးဇူးတင်သည်။အခု သူကအားနည်းပြီး သူရဲဘောကြောင်သည့်ကောင်ဟုထင်ရသည့် ဆယ့်ခုနှစ်ကျောင်းသားအရွယ်လေးဖြစ်နေသည်။




သို့ပေမယ့် သူ၁၇နှစ်အရွယ်မှာ ကံမကောင်း


အကြောင်းမလှသည့်ဖြစ်ရပ်များမဖြစ်သေးပေ။




လင်းဖန်က အသက်ရှင်ခြင်းထက်ပို၍ကောင်းမွန်သည့်အရာမရှိဟုယုံကြည်ခဲ့သည်။ထိုယုံကြည်ချက်ကြောင့်သာမဟုတ်ရင် သူဆိုးရွားလှသည့်ထောင်ထဲမှာအသက်ရှင်နေထိုင်ပြီးလွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်ပေ။




သူထောင်ထဲမှာနေခဲ့ရသည့်အချိန်များကို စဉ်းစားလိုက်ရုံနှင့် လင်းဖန်ရင်ထဲ ရှုပ်ထွေးသောခံစားချက်များ ပြည့်နှက်ကာ မထိန်းချုပ်နိုင်တော့ဘဲတုန်ရီနေသောရယ်သံများ


ထွက်လာတော့သည်။




သူ၏စိတ်မချမ်းမြေ့ဖွယ်ရယ်မောသံက လူမိုက်တစ်အုပ်စုကိုကျောရိုးထဲထိတုန်လှုပ်သွားစေသည်။ထိတ်လန့်တုန်လှုပ်သွားစေသည့်အတွက် သူတို့ဆက်မရိုက်နှက်တော့ပေ။


"ချီးထဲမှ!မင်းရူးသွားပြီလား"




"တော်လောက်ပြီ ညီအစ်ကိုတို့ ငါတို့သူ့ကိုသင်ခန်းစာပေး


ပြီးပြီ သွားကြစို့" 


လူမိုက်ခေါင်းဆောင်ကသူ့အသံကို့မြှင့်ပြီး ပြောလိုက်တယ်။




"ဟမ့်!သူကရူးချင်ယောင်ပြီးငါတို့ကိုလှည့်စားနေတာ


ဖြစ်လောက်တယ်"




သူကမြေပြင်ပေါ်လှဲရင်း အရူးလိုအော်ရီနေသည့် လင်းဖန်ကို ကြည့်ရင်း နည်းနည်းတုန်လှုပ်လာကာပြောလိုက်သည်။


"ဟေ့ ခွေးကောင် ဘာလှည့်စားမှုမှလုပ်ဖို့မကြိုးစားနဲ့ မဟုတ်ရင်ငါမင်းကိုသေအောင် ရိုက်သတ်ပစ်မယ်"




လင်းဖန်ရီမောခြင်းကိုရပ်တန့်ကာ ထရပ်ချိန်တွင်သူတို့ အဝေးကို ထွက်ပြေးသွားဖို့ပြင်လိုက်ကြသည်။သူတို့အနောက်ကိုပြန်လှည့်ကြည့်သည့်အခါတွင် လင်းဖန်ကအခြားသူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားမှန်းခံစားမိလိုက်သည်.


အစတုန်းက လင်းဖန်ကသူတို့ကိုအရမ်းကြောက်နေတဲ့ပုံနှင့် အခုကျတော့သူကြောက်နေတဲ့ပုံမပေါ်တော့ပေ။




ဘာကြောင့်လဲဆိုတာတော့ သူတို့မပြောနိုင်ပေ


မယ့်မကောင်းသည့်ခံစားချက်တွေရလိုက်ကြသည်။


"ဟမ့် မင်းကိုကြည့်ရတာအဆင်ပြေနေပုံပဲ ငါတို့မင်းအပေါ်


သက်ညှာပေးလိုက်တဲ့အတွက် ကျေးဇူးတင်စရာမလိုပါဘူး။


နောက်တစ်ခေါက်ကျ ငါတို့အတွက်ပိုက်ဆံပိုယူလာဖို့သတိရ...ညီအစ်ကိုတို့ သွားကြစို့"




"ခဏလောက်စော


င့်ပါဦး"


လင်းဖန်ရုတ်တရက်ပြောလိုက်တယ်။


"ငါမင်းတို့ကိုထွက်သွားခွင့်ပေးသေးလို့လား"






85 views • Wrong layout?