Ch 1
Viewers 11k


Chapter 1

Anna • April 26 at 06:20 AM

သူ့နာမည်ကလင်းဖန်ဖြစ်သည်။ သူသည် ဘယ်သူ့အတွက်မှအရေးပါသည့် လူတစ်ယောက် မဟုတ်ခဲ့ပေ။လွတ်မြောက်ဖို့အတွက် ဆယ်နှစ်ကျော်ကြာ အစီအစဉ်ဆွဲပြီးနောက် သူတကယ်လွတ်မြောက်လာခဲ့သည်။ယခုအချိန်မှာ အမှိုက်သယ်သည့်ကားခေါင်မိုးပေါ် သူထိုင်နေတာဖြစ်သည်။




သူ့မှာ အရိုးပေါ်တဲ့ထိ ပိန်ပါးအားနည်းလွန်းသောခန္ဓာကိုယ်ရှိသည်။အရွယ်အစားကြီးမားသည့်ကားခေါင်မိုးနှင့်ယှဉ်ရင် သူ့ပုံစံကသေးငယ်သာ


ဖြစ်တည်မှုလေးတစ်ခုမျှသာ......




သူ့၏အညိုရောင်မျက်ဝန်းတွေကသာ တလက်လက်တောက်ပမနေခဲ့ရင် သူ့ကိုသနားစရာသတ္တဝါတစ်ကောင်လို့


ထင်ကောင်းထင်မိလိမ့်ကြမည်။




သူ့အသက် ၃၀ မပြည့်သေး‌ေပ။ပုံမှန်ယောက်ျားတစ်ယောက်ဆိုရင် ဒီအသက်အရွယ်မှာ


ဖျက်လက်တက်ကြွပြီးအားအင်တွေအပြည့်နှင့် ဖြစ်နေလိမ့်မည်။




သို့ပေမယ့် လင်းဖန်မှာတော့ပိန်ပါးလွန်းသောခန္ဓာကိုယ်နှင့် ချောင်ကျနေသောမျက်နှာရှိသည်။လင်းဖန်ကရုပ်မဆိုးသော်လည်း ဖြူဖက်ဖြူရော်ဖြစ်နေသည့်အရိုးစုနှင့်တူသည်။အရိုးသားဆုံးပြောရရင် သူသည်ထိတ်လန့်ဖွယ်ကောင်းသည့် သရဲတစ်ကောင်နှင့် တူ‌ေပသည်။




သူ၏ပိန်ပါးသောလက်ချောင်းများဖြင့် ကားခေါင်မိုးကိုတစ် တောက်တောက်နှင့်ခေါက်ကာဆော့နေသည်။ဆိုရမည်ဆိုလျှင် လင်းဖန်သည်အသက်မဲ့နေသောလူတစ်ယောက်ပုံစံပေါက်နေသည်။တိတ်ဆိတ်နေသော လင်းဖန်နှင့်ဆန့်ကျင်စွာ လီဝူကတော့အလွန်စိတ်လှုပ်ရှားနေသည်။




"ဟားဟား ဆယ့်ခြောက်နှစ်ကြာပြီး‌ေတာ့မှ ငါဒီခွေးချေးလိုနေရာကနေထွက်လာနိုင်ခဲ့ပြီ အပြင်‌ေလက တကယ့်ကို


လတ်ဆက်တာပဲ!ညီအစ်ကို မင်းကတကယ့်ကိုပါရမီရှင်ပဲ!


ထောင်ထဲမှာအစောင့်အကြပ်တွေ အရမ်းများတာကိုတောင်မင်းကရအောင်ထွက်လာနိုင်ခဲ့တယ်!" 


လီဝူစိတ်လှုပ်ရှားစွာပြောလိုက်သည်။




သူ၏ကြမ်းတမ်းသောမျက်နှာပြင်ပေါ်မှာ လေးစားအားကျမှုတို့ဖြင့် ပြည့်နှက်နေသည်။အစတုန်းကလင်းဖန်ကို လီဝူ အထင်အမြင်သေးကာ စက်ဆုပ်ခဲ့သည်။ထိုအချိန်တုန်းက သူထင်ခဲ့တာ လီဖန်းကအားနည်းသောမုန်တိုင်းဒဏ်လေး 


တောင်မခံနိုင်သည့် ပျော့ညံ့သူတစ်ယောက်မျှသာ




သို့ပေမယ့်ယခုအချိန်မှာတော့ လင်းဖန်ကသူအလေးစားရဆုံးသူတစ်ယောက် ဖြစ်သွား‌ေလသည်။ သူကပျော့ညံ့သည့်ပုံပေါက်နေပေ


မယ့်ဘယ်သူကမှ သူ့လိုဖယောင်းတိုင်လေးနဲ့ရက်စက်တတ်မှာမဟုတ်ဘူး။ ထို့အပြင်သူကအလွန်စမတ်ကျကာ


သူ့ကိုလာစိန်ခေါ်သည့် သူတိုင်းကို အလွယ်တကူ ရှင်းပစ်ခဲ့သည်။ လီဝူသူ့ဘာသာတွေးတောနေခဲ့ခြင်းဖြစ်သည်။




အခုထိတိတ်ဆိတ်နေသေးသော လင်းဖန်းကိုကြည့်ကာ လီဝူ


သူ့ခေါင်းသူကုတ်လိုက်သည်။သို့ပေမယ့် လင်းဖန်း၏တိတ်ဆိတ်မှုကိုအသားကျနေပြီဖြစ်သည့်


အတွက် သူထွေထွေထူးထူးမခံစားရပါ‌ေပ။




လီဝူအပြုံးလေးနှင့်မေးလိုက်သည်။


"စကားမဆက် မင်းဘာဆက်လုပ်မှာလဲ"




သူလင်းဖန်နောက်သို့ဆက်လိုက်ချင်ကြောင်း ပြောပြချင်ပေမယ့် ယဉ်ကျေးမှုမရှိသူဟုထင်သွားကာ လင်းဖန်းငြင်းလိုက်မှာကို ကြောက်သည်။ထို့ကြောင့် သူပြောချင်သည့်စကားများကိုပြန်မြိုသိပ်လိုက်သည်။


နောက်ဆုံးမှာတော့ လင်းဖန်းစကားပြောဖို့


ပါးစပ်ဖွင့်လာသည်။


"သေဖို့စောင့်နေတာ"




လီဝူအော်ဟစ်ရယ်မောတော့သည်။


"ညီအစ်ကို လာစမ်းပါနောက်မနေနဲ့တော့ ငါတို့အခုလေးတင်ခွေးချေးလိုနေရာကနေ လွတ်လာတာ


လေ ငါတို့ပျော်လွန်းလို့ပျော်ပွဲရွှင်ပွဲတောင်ကျင်းပသင့်တယ်


ပျော်စရာချိန်မှာ ကျေးဇူးပြုပြီး ဒီလိုစကားတွေ မပြောစမ်းပါနဲ့"




"ငါအတည်ပြောနေတာ"  , လင်းဖန်းပြောလိုက်သည်။


ထို့နောက်သူ၏အိုဟောင်းနေသောနာရီကိုကြည့်၍ ဆက်ပြော


သည်။


"ငါနေမထွက်ခင် သေသွားလောက်တယ်"




သူတကယ်သေသွားခဲ့သည်။ လွန်ခဲ့သည့်ဆယ်နှစ်ကကြိုတင်ကြံစည်ထားတဲ့အဖြစ်အပျက်တစ်ခုမှာ သူ့နံရိုးတွေ ကျိုးသွားတာနှင့်အတူသူ့နှလုံးသားပါသေဆုံးသွားခဲ့သည်။


ဆယ်နှစ်တောင်ကြာခဲ့ပြီ။ဒီနှစ်တွေမှာသူက ရှင်လျက်သေနေတဲ့လူတစ်ယောက်လိုပဲ။အခုချိန်မှာတော့ သူတကယ်သေနိုင်ပြီဟုခံစားရသည်။




အချိန်အကြာကြီးတိတ်ဆိတ်သွားပြီးနောက် လီဝူပြောလိုက်သည်။


"အဲ့အကြောင်းဆက်မပြောနဲ့တော့...သေခြင်းတရားက ကြောက်ဖို့သိပ်မကောင်းပါဘူး။မင်းကတော့သေခြင်းတရားကိုလုံးဝမကြောက်တဲ့သူတစ်ယောက်..ဟုတ်တယ်မလား?"




နေကအခုထိမထွက်သေးဘူး။လီဝူသည် အဆုံးမရှိသောမိုးကောင်းကင်ကြီးကိုငေးကြည့်ရင်း ,


"ဒါနဲ့ မင်းနောက်ဘဝမှာဘယ်လိုလူမျိုးဖြစ်ချင်လဲ"


သူ့ပုံစံကအေးဆေးတည်ငြိမ်နေပုံပေါက်ပေမယ့် သူ့မျက်လုံးတွေကတော့နီရဲနေခဲ့သည်။




"နောက်ဘဝဆိုတာသာရှိခဲ့ရင်....."


လင်းဖန်းညည်းညူလိုက်တယ်။


"ငါဉာဏ်ရှိတဲ့လူတစ်ယောက်ဖြစ်ချင်တယ်"


ဉာဏ်ရှိတဲ့လူတစ်ယောက်က ဘယ်တော့မှမချစ်သင့်သည့်လူတစ်ယောက်အပေါ်ချစ်မိသွားမှာမဟုတ်


ဘူး။


သူအသိဉာဏ်မရှိတဲ့သူ ၊ အားနည်းလွန်းသည့်သူ 


ဘယ်တော့မှထပ်မဖြစ်ချင်တော့ဘူး..........


140 views • Wrong layout?