(17)
လီရှို့လီမှာ
သူမက လင်းရန်၏ အသက်သွေးကြောကို ဆုပ်ကိုင်ထားသည်ဟု ခံစားရပြီး လင်းရန်က သေချာပေါက်
အလျှော့ပေးလာလိမ့်မည်ဟု ခံစားနေခဲ့ရသည်။
လင်းရန်အတွက်တော့
သူမ၏ခြိမ်းခြောက်မှုကို ကြားလိုက်ရချိန်တွင် ဤမှားယွင်းနေသော
အချိန်ကြောင့်သာမဟုတ်ပါက အမှန်တကယ်ပင် လက်ခုပ်တီး၍ ချီးကျူးမိပေလိမ့်မည်။
သူမက
ဤဝံပုလွေတွင်းကဲ့သို့ အိမ်မှ လွတ်မြောက်ချင်ခဲ့သည်မှာ ကြာမြင့်လွန်းနေပြီပင်။
သို့သော် သူမ
မည်သည့်စကားကိုမျှ မပြောရသေးမီတွင် တစ်ဖက်မှ အန်တီဝမ်မှာ လီရှို့လီ၏
စကားအတွက် အလွန်ဒေါသထွက်သွားခဲ့ရကာ ပြောလာတော့သည်။
“လီရှို့လီ မင်းက
လူသားတစ်ယောက်မဟုတ်ဘူးလား! မင်းလိုအမေမျိုး ရှိသေးရဲ့လား? မင်းက သူမရဲ့
ပြောင်းလဲချင်တဲ့ဆန္ဒကိုတောင် ဂရုမစိုက်ဘဲ ရန်ရန်ကို ခြိမ်းခြောက်နေတယ်!
မင်းလိုမျိုး အမေတစ်ယောက်ကို ရလာခဲ့တာ ရန်ရန်တစ်ယောက်အရင်ဘဝတုန်းက
ဘယ်လိုအမှားတွေများ လုပ်ခဲ့မိလို့လဲ မသိဘူး!”
“မင်းလိုလူမျိုးတွေက
သူတို့မှာ ပညာရေးကိုလည်း ဂရုမစိုက်ဘူး၊ အယူဝါဒနဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေကတောင်
စံမမှီဘူး၊
ရန်ရန်က
အဖွဲ့အစည်းရဲ့ တောင်းဆိုမှုကို သဘောတူထောက်ခံတဲ့အနေနဲ့ ကျေးလက်ဒေသကို သွားပြီးတော့
ကျေးလက်ဒေသရဲ့တိုးတက်မြင့်မားလာအောင် တည်ဆောက်ဖို့ မြှုပ်နှံထားချင်ခဲ့တယ်၊
အဲဒါကိုမင်းက
ထောက်ပံ့အားပေးတာ မလုပ်တဲ့အပြင် နောက်ကနေခြေထောက်ကို ပြန်ဆွဲထားနေသေးတယ်!
မင်းရဲ့ အတွေးအခေါ်တွေက ပြဿနာကြီးတစ်ခုရှိနေတာပဲ”
ထိုသို့ပြောပြီးနောက်
အန်တီဝမ်က စုန့်ဝေ့ဆီသို့ ထူးဆန်းသည့်အမူအရာဖြင့် မကြည့်ဘဲ မနေနိုင်ခဲ့ပေ။ သူမက
ရှုပ်ထွေးသည့်အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်လေသည်။
“စုန့်ဝေ့လိုမျိုး
အစစအရာရာ ထူးချွန်တဲ့လူက မင်းလိုလူမျိုးကို ဘယ်လိုလုပ်ပြီး ချစ်မိသွားလဲဆိုတာတောင်
မသိတော့ဘူး၊ မင်းက ဒီမိသားစုထဲမှာ မျက်စိစူးချင်စရာ အမှိုက်တစ်စပဲ! “
လီရှို့လီမှာ
မတိုင်ခင်က လင်းရန်၏ အရှေ့တွင် ခေါင်းကို မော့ထားခဲ့သည်။ သို့သော် အန်တီဝမ်၏
ကြိမ်းမောင်းခြင်းကို ခံခဲ့ရပြီးနောက်တွင်တော့ ချက်ချင်းပင်
ညှိုးနွမ်းသွားလေတော့၏။
သူမက
သာမန်အနိုင်ကျင့်သူတစ်ဦးသာဖြစ်ပေသည်။ သူမထက် ပိုမိုကျယ်လောင်ပြီး
ပိုမိုအားကောင်းသော အသံရှိသည့် သူနဲ့ တွေ့တဲ့အချိန်တွင်တော့ စကားမပြောရဲတော့ပါချေ။
သူမက ပါးစပ်နဲ့
မပြောရဲတော့သော်လည်း စိတ်ထဲတွင်တော့ အရှုံးပေးချင်စိတ်မရှိသေးပေ။
သို့နှင့်
စုန့်ဝေ့၏အဝတ်အစားများကို တိတ်တဆိတ်ဆွဲကိုင်ခဲ့ကာ ဤအခြေအနေအား ဖြေရှင်းရန်အတွက်
စဉ်းစားခိုင်းဖို့ အချက်ပြလိုက်ချေသည်။
သို့သော်လည်း
စုန့်ဝေ့တွင်သာ နည်းလမ်းရှိနေပါက ယခုအချိန်ထိ အဘယ်ကြောင့်စောင့်နေဦးမည်နည်း။
သူ့အနေဖြင့်
လက်ရှိတွင် အလွန်အမင်း စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ရပြီ။ လင်းရန်မှ
ကျေးလက်ဒေသကိုသွားချင်နေခဲ့ပြီး အရာအားလုံးအခြေကျပြီးသွားချိန်မှသာ
ရုတ်တရက်ပြောလာခဲ့သည်။
သူ့အနေဖြင့်
လုံးလုံးလျားလျားသတိမထားမိပါဘဲ ဘေးကြပ်နံကြပ်ဖြစ်သွားခဲ့ရကာ တုံ့ပြန်ရန် သို့မဟုတ်
ပြုပြင်ရန် အခွင့်အရေးပင် မရှိခဲ့ပါချေ။
ထိုသို့
ဖြစ်ပျက်နေသည့်အချိန်တွင် အန်တီဝမ်က သူ့ကို အထူးလေးနက်ပြီး အတွေးအခေါ်ပြည့်နေသည့်
ပုံစံဖြင့် စကားပြောလာခဲ့သည်။
“အင်ဂျင်နီယာစုန့်
၊ ငါ မင်းကို အမှန်အတိုင်းပြောမယ်၊ တကယ်တော့ ရန်ရန်က အရင်တစ်ရက်ကမှ သူမ
ကျေးလက်ဒေသကို သွားချင်နေတာလို့ ပြောခဲ့တာ၊ ဒါပေမယ့် ဒီကောင်မလေးက မင်းကို
အံ့သြသင့်သွားအောင်လုပ်ချင်နေခဲ့ပြီး ကိစ္စတွေကို အခုအချိန်အထိ မပြောဘဲ
သိမ်းထားချင်နေခဲ့တာလေ”
“နောက်ပြီး
သူမက ကျေးလက်ဒေသကို သွားဖို့အတွက် ဘာကြောင့် ခေါင်းမာနေခဲ့တာလဲဆိုတာကို မင်းသိလား?
ငါတို့ရဲ့
စက်ရုံအိမ်ရာထဲမှာ လူဘယ်နှစ်ယောက်က သူတို့ရဲ့သားသမီးတွေကို ကျေးလက်ကို
မသွားရဖို့အတွက် အော်ဟစ်တောင်းဆိုနေကြလဲဆိုတာ မင်းသိပါတယ်၊
ဘာလို့လဲ?
ကျေးလက်ဒေသရဲ့အခြေအနေတွေက ဘယ်လောက်တောင် ခက်ခဲကြမ်းတမ်းနေမလဲဆိုတာကို
သူတို့သိနေပြီး သူတို့ရဲ့ သားသမီးတွေကို ဒုက္ခတွေ မခံစားစေချင်လို့ပဲ၊
ဒါပေမယ့်
ရန်ရန်ကရော? ငါက သူမကို အမြဲတမ်းဆိုးသွမ်းနေတဲ့ မိန်းကလေးပဲလို့ ထင်ထားတယ်၊
ဒါပေမယ့် သူမက ဒီလို အရေးပါတဲ့ အချိန်အခါမျိုးမှာ လုံးဝ တုံ့ဆိုင်းမနေခဲ့ဘူး၊
ဘာလို့လဲ?
အဲဒါတွေက မင်းရဲ့ သင်ကြားပြသပေးခဲ့တဲ့ ကျင့်ဝတ်တွေကြောင့်၊ မင်းရဲ့
နေထိုင်မှုစရိုက်တွေ လွှမ်းမိုးခံခဲ့ရတဲ့အတွက်ကြောင့်ပဲမဟုတ်ဘူးလား?
သူမက
လူ့အဖွဲ့အစည်းအတွက် အသုံးဝင်ပြီး အထောက်အကူဖြစ်စေဖို့အတွက် အဖွဲ့အစည်းနဲ့
တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ချင်နေခဲ့တာ! ဒါတွေအားလုံးက မင်းပေးခဲ့တဲ့
ခွန်အားတွေပဲ!”
“မင်းရဲ့ဇနီးသည်ကတော့
မင်းဆီက ဘာကိုမှ မသင်ယူခဲ့ဘူး၊ ဘာတစ်ခုမှလည်း တိုးတက်ချင်စိတ်မရှိဘဲ
နောက်ကနေပြန်ဆွဲချင်နေတယ်၊ သူ့ဘာသာသူ မတိုးတက်တဲ့အပြင် စဥ်းစားတွေးခေါ်တတ်ပြီး
အသိဉာဏ်ရှိတဲ့ ရန်ရန်လို မိန်းကလေးက တိုးတက်ချင်နေတာကိုလည်း တားဆီးနေသေးတယ်!
မင်းကိုယ်မင်းပြန်ပြောစမ်းပါ၊ ဒါက ဘယ်လိုပြသနာမျိုးလဲ”
စုန့်ဝေ့: “...”
စုန့်ဝေ့က
နောက်ထပ် ဘယ်လိုစကားမျိုးပြောနိုင်ဦးမှာတဲ့လဲ။ သူဘာမှမပြောနိုင်တော့ဘူး။
အန်တီဝမ်က သူ့ကို
အလွန်မြင့်မားသည့် ဦးထုပ်ကြီးတွေကို ဆောင်းပေးထားခဲ့ပြီ။
အကယ်၍ သူသာ
နောက်ထပ် မလိုလားဘဲတားဆီးချင်သည့် စကားတစ်ခွန်းလောက် ထပ်မံ ပြောရဲနေသေးပါက
သူသည်လည်း “မတိုးတက်ဘဲ
နောက်ကို ပြန်ဆုတ်နေသော”
လီရှို့လီကဲ့သို့ တူညီသည့်လူဖြစ်သွားပေလိမ့်မည်။
ထို့အပြင်
လင်းရန်၏ လျှောက်လွှာပုံစံအား အထက်လူကြီးများက တံဆိပ်တုံးထုလိုက်ပြီဖြစ်သောကြောင့်
သူ့တွင် မည်မျှပင် အရည်အချင်းရှိနေစေကာမူ ပြန်လည်ရုတ်သိမ်းနိုင်စွမ်းမရှိပါချေ။
ထိုအကြောင်းကို
တွေးတောမိလျှင် စုန့်ဝေ့မှာ အမှန်တကယ်ပင်အသည်းကွဲသွားသကဲ့သို့ခံစားနေခဲ့ရသည်။
အဆုံးတွက်
သူ၏အပြုံးကို ထိန်းသိမ်းဖို့ရန်အတွက် အတတ်နိုင်ဆုံး ဖိအားပေးကြိုးစားခဲ့ရပြီး
အန်တီဝမ်ဆီကို လှမ်းပြောလိုက်ရသည်။
“အစ်မဝမ်၊ ဒါက
ကျွန်တော် ကျွန်တော့်ရဲ့မိသားစုဝင်တွေ ကောင်းကောင်း မသင်ကြားပေးနိုင်ခဲ့လို့
ဖြစ်သွားရတာပါ၊ စိတ်မပူပါနဲ့၊ နောက်ကို ကျွန်တော် သူ့ကို သေသေချာချာ
ပြောပြလိုက်ပါ့မယ်”
“ရန်ရန်က
ကျေးလက်ဒေသကိုသွားဖို့အတွက်ကတော့ သူ့ကို ပိုပြီးဂရုစိုက်ပေးဖို့
အစ်မကိုပဲတောင်းဆိုရတော့မယ်၊ ဒီကလေးက အရမ်းကို လိမ္မာတဲ့ကလေးပါ၊ သူ့အတွက်
ကျွန်တော် တကယ်ဂုဏ်ယူမိပါတယ်”
စုန့်ဝေ့
အံကိုတင်းတင်းကြိတ်ကာ နောက်ဆုံးစကားလုံးများကို ညှစ်ထုတ်၍ ပြောလိုက်လေသည်။
စုန့်ဝေ့၏
စိတ်နေသဘောထားက ပြေလျော့ကောင်းမွန်နေသည်ကို တွေ့လိုက်ရသဖြင့် အန်တီဝမ်၏
မျက်နှာပေါ်မှ အပြုံးက ပြန်လည် ပေါ်ထွက်လာခဲ့ရသည်။
“ဟေး ဒါက
သေချာပေါက် လုပ်သင့်တာပဲလေ၊ တကယ်တော့ ကျေးလက်ဒေသကို သွားတဲ့အပေါ်သိပ်ပြီး
အလေးအနက်မထားပါနဲ့၊ ထွက်သွားရပြီးတဲ့နောက် ပြန်မလာနိုင်တော့သလိုခရီးမျိုး
မဟုတ်ဘူးလေ၊ အချိန်တန်ရင် အားလပ်ရက်တွေမှာ အနားယူလို့ရတယ်၊ ရန်ရန်လည်း
မင်းတို့နှင့်အတူကုန်ဆုံးဖို့ ပြန်လာနိုင်တယ်!”
“မိသားစုက
ကောင်းကောင်းလုပ်ခဲ့တာပဲ၊ ဒီကိစ္စကြောင့် စကားများရန်ဖြစ်မနေကြနဲ့တော့၊ ရန်ရန်က
ရက်အနည်းငယ်ကြာပြီးရင် ထွက်သွားရတော့မယ်၊
ဒါကြောင့်
မင်းတို့လည်း သူမကို ဒီရက်ပိုင်းမှာ ပျော်ပျော်ရွှင်ရွှင် ထားသင့်တယ်၊ မဟုတ်ရင်
ငါတို့ရဲ့ခရိုင်ရုံးက လုပ်သင့်တာတွေကို လုပ်လာရလိမ့်မယ်”
ထိုသို့ပြောပြီးနောက်
အန်တီဝမ်လည်း အချိန်ကြာကြာ ထပ်မနေနိုင်တော့သည့်အတွက် သူတို့မိသားစုကို အပြုံးဖြင့်
နှုတ်ဆက်ကာ ထွက်သွားတော့သည်။
“အန်တီဝမ်၊
ဖြည်းဖြည်းသွားပါဦး”
လင်းရန်ကလည်း
ပြုံးပြီး အန်တီဝမ်ကို လက်ဝှေ့ရမ်းနှုတ်ဆက်ခဲ့သည်။
ထို့နောက်
နောက်ကို ပြန်လှည့်ကြည့်လိုက်ကာ ကျန်ရှိနေသည့် လူသုံးယောက်၏
သုန်မှုန်ထိုင်းမှိုင်းလွန်းနေသည့် အမူအရာများကို ကြည့်ပြီး အပြစ်ကင်းစွာ
မျက်တောင်ခတ်လိုက်လေသည် ။
“အမေ၊ အန်ကယ်စုန့်
နဲ့ အစ်မစစ်ယွီ၊ ကျွန်မ ဒီရက်ပိုင်းအတွင်း ထွက်သွားတော့မှာဆိုတော့ အရမ်း
ဝမ်းနည်းနေကြတာလား”
ဝမ်းနည်းတယ်?
သူမရဲ့
ဘယ်မျက်လုံးတွေက သူတို့ကို ဝမ်းနည်းနေတယ်လို့ မြင်နေတာလဲ? သူတို့တွေ ဒေါသထွက်နေတာ
သေချာပေါက်ပဲလေ! ဟုတ်ပြီလား?
လီရှို့လီကတော့
အလွန်အမင်းဒေါသထွက်လွန်းသောကြောင့် လင်းရန်၏မျက်နှာကိုပင် ထပ်မကြည့်ချင်တော့ပေ။
သူမက တိုတောင်စွာသာပြောခဲ့သည်။
“ငါ မင်းကို နောက်
ဘယ်တော့မှ ဂရုစိုက်တော့မှာမဟုတ်ဘူး”
ထိုသို့ပြောပြီးနောက်
အပေါ်ထပ်ကို ထွက်သွားခဲ့ချေသည်။
သူမက ခုတင်ပေါ်
တွင်လှဲချပြီး တစ်မနက်လုံး အော်ငိုနေခဲ့ကာ သူမ၏ ထွက်ပြေးသွားခဲ့ပြီဖြစ်သည့်
သားမက်ကောင်းလေးကို တွေးကာ နှမျောစိတ်ကြောင့် အငိုရပ်၍မရပ်နိုင်တော့ပါချေ
စုန့်ဝေ့နှင့်
စုန့်စစ်ယွီကတော့ မငိုကြွေးသော်လည်း သူတို့၏ မျက်နှာများမှာ တစ်ယောက်ထက် တစ်ယောက်
ပိုပို၍သာ ရုပ်ဆိုးနေနေခဲ့ကြချေသည်။
သို့သော်လည်း
စုန့်ဝေ့မှာ အလုပ်သွားရဦးမည်ဖြစ်သောကြောင့် အဆုံးတွင် လင်းရန်ဆီသို့
စူးစူးစိုက်စိုက်ကြည့်ရုံသာ ကြည့်ခဲ့ပြီး
သူ့၏လက်ဆွဲအိတ်ကိုဆွဲ၍ထွက်သွားခဲ့ကာအိမ်မှ အခြေအနေကို ချန်ထားခဲ့လိုက်သည်။
ဤမနက်ခင်းတွင်
ဖြစ်ပျက်ခဲ့သည်က သူ့ကို အနည်းငယ်လောက် တုန်လှုပ်သွားစေသည်။
ကိစ္စရပ်များ၏ သက်ရောက်မှုကို အေးအေးဆေးဆေး စဉ်းစားဖို့ လိုအပ်နေသေးပြီးမှ
သူ၏ နည်းဗျူဟာကို ပြောင်းလဲရန် တွေးတောထားခဲ့ချေသည်။
စုန့်ဝေ့လည်းထွက်သွားခဲ့ပြီးသည့်နောက်တွင်
လင်းရန်နှင့် စုန့်စစ်ယွီတို့သာ အောက်ထပ်တွင် ကျန်ရစ်ခဲ့တော့သည်။
မနက်အစောကြီးရှိသေးသည်ကို
တွေ့တော့ လင်းရန်က အပေါ်ထပ်သို့ပြန်တက်ပြီး တစ်ရေးတစ်မောအိပ်ဖို့ တွေးတောလိုက်သည်။
သို့သော်လည်း
သူမ၏ ခြေလှမ်းရွှေ့လိုက်သည်နှင့် သူမ၏ဘေးနားတွင်ရှိနေသည့် စုန့်စစ်ယွီမှ
ရုတ်တရက် သူမကို လှမ်းခေါ်လာသည်ကို ကြားလိုက်ရလေ၏။
“လင်းရန်၊ နင်
ကျေးလက်ကို သွားဖို့ဆုံးဖြတ်လိုက်တာက တကယ်ကြီး ငါ့အဖေ့ကို စံနမူနာထားပြီး
သူ့လိုမျိုးဖြစ်ချင်လို့ဆိုတဲ့အကြောင်းကြောင့်လား”
ထိုမေးခွန်းကိုမေးမြန်းသည့်အချိန်တွင်
စုန့်စစ်ယွီက လင်းရန်၏ မျက်နှာပေါ်မှ သဲလွန်စများကို လွတ်မသွားစေချင်သည့်အတွက်
အနီးကပ်စိုက်ကြည့်နေခဲ့သည်။
လင်းရန်၏
ထိုစကားများမှာ အန်တီဝမ်ကဲ့သို့ အပြင်လူများကိုသာ လှည့်စားနိုင်လိမ့်မည်။
စုန့်စစ်ယွီ၏
လင်းရန်အပေါ် နားလည်မှုအပေါ် အခြေခံ၍ပြောရရင် ဤစျေးပေါသည့်ညီမဖြစ်သူထံ၌
ထိုမျှလောက်မြင့်မားသော အတွေးအခေါ် အသိဥာဏ်မျိုးရှိရန် လုံးဝမဖြစ်နိုင်ပါချေ။
သူမသာ
ကိုယ့်ကိုယ်ကိုတိုးတက်မှုကို လိုချင်ပါက ယခင်အချိန်များကတည်းက အပြောင်းအလဲများ
လုပ်ခဲ့လိမ့်မည်။ အဘယ်ကြောင့် ယခုအချိန်မျိုးမှာမှ သူမကိုယ်သူမ
ထုတ်ဖော်ပြသရမည်နည်း။
ထို့ကြောင့်
စုန့်စစ်ယွီက လင်းရန်၏ ကျေးလက်ဒေသသို့ ရုတ်တရက် ထွက်ခွာသွားရသည့် နောက်ကွယ်၌
အကြောင်းရင်းတစ်ခု ရှိရမည်ဟု ခံစားခဲ့ရသည်။
အကြံအစည်ကြီးမားလွန်းသည့်
ဤစုန့်မိသားစုမှ အဖေနှင့် သမီးတို့အတွက် ဤကဲ့သို့အကြောင်းပြချက်က
မဖြစ်နိုင်ကြောင်းကို လင်းရန်က သေချာပေါက် သိရှိထားခဲ့သည်။
သို့သော်လည်း
သိနေလျှင်တောင် ထိုသားအဖနှစ်ယောက်က မည်မျှပင် ကြိုးကြိုးစားစား တွေးတောနေလျှင်ပင်
သူတို့၏ဇာတ်ညွှန်းက ကြိုတင်ပေါက်ကြားသွားပြီးဖြစ်ကြောင်းကို
ခန့်မှန်းသိရှိနိုင်မည်မဟုတ်ပါချေ။
ဆိုရပါက
သူတို့နေထိုင်သည့်ကမ္ဘာကြီးက စာအုပ်တစ်အုပ်ဖြစ်နေသည်ဆိုသော ထူးဆန်းလွန်းသည့်
အတွေးအခေါ်မျိုးကို မည်သူကမျှ တွေးတောနိုင်လိမ့်မှာ မဟုတ်ပေ။
ထို့ကြောင့်
လင်းရန်က စုန့်စစ်ယွီထံသို့ ဝမ်းနည်းစွာကြည့်ကာ သရုပ်ဆောင်လိုက်ပြန်သည်။
“အစ်မစစ်ယွီ၊
အစ်မဘာလို့ ဒီလိုမျိုးမေးလာတာလဲ၊ အစ်မရဲ့မျက်လုံးထဲမှာ ကျွန်မက နည်းနည်းလောက်တောင်
ကောင်းမွန်တဲ့နေရာမရှိဘူးလား”
**