🍉 Chapter 91
ရှုမုန့်၏ကျူးကျော်ဝင်ရောက်လာမှုကြောင့် ဖေးမင်ရွမ်သည်
တစ်ချိန်လုံးချဉ်နေသည့်မျက်နှာထားကို မထိန်းနိုင်ခဲ့ပေ။ သီးသန့်ခန်းမှာ ထိုင် ပြီးသည်နှင့်
သူက ကျွမ်း ကျင်တီးဝိုင်းပညာရှင်တစ်ယောက်ကဲ့သို့ လိုက်လျောညီ ထွေရှိသည့် လေထုကို ဖန်တီးနေပြီဖြစ်သည်။
သို့သော် ကျီဖေးနှင့် တခြားသူတွေရောက်လာသည်နှင့် တစ်ပြိုင် နက် တိတ်ဆိတ်ငြိမ်သက်နေသည့်
ရှိုးတစ်ခုနှင့် ကြုံတွေ့ လိုက်ရသည်။
ယန်ဟုန်မှ ရှုမုန့်အားခေါ်သွားသောအခါ သီးသန့်ခန်းထဲတွင်
ယန်ဟုန်၏အေးဂျင့်နှင့် စွင်းမိုကြားမှ ထိုင်ခုံနှစ်ခုသာကျန်တော့သည်။
ထိုင်ခုံများကြားတွင် နေရာအလုံအလောက်ရှိသော်လည်း
ယုတ္တိကျကျဆိုလျှင်၊ ရှုမုန့် သည် သံသယမဖြစ်စေရန် ယန်ဟုန်၏အေးဂျင့်ဘေးတွင် ထိုင်သင့်ပြီး
ယန်ဟုန်အား စွင်းမိုဘေးတွင် ထိုင်ခွင့်ပြုသင့်သည်။
သို့သော် ယန်ဟုန်မှ သူ့အား ထိုင်ခုံလွတ်များဆီသို့
ခေါ်လာနေချိန်မှာပင် ရှုမုန့်က စွင်းမိုနားမှဖြတ်သွားရင်း ခဏလောက်ရပ်လိုက်သည်။
စွင်းမိုသည် အမူအရာမဲ့စွာဖုန်းသုံးနေပြီး အနည်းငယ်
မျက်မှောင်ကျုံ့ထားသည်။ နောက်တစ်စက္ကန့်မှာပင် ရှုမုန့်သည် လမ်းလျှောက်ရန် ခြေထောက်ကိုမြောက်လိုက်ပြီး
ကုလားထိုင်၏ခြေထောက်နှင့်တိုက်မိကာ စွင်းမိုဘေးရှိ ခုံပေါ်သို့လဲကျသွားသည်။
ရှုမုန့်သည် တုန်လှုပ်ချောက်ချားစွာဖြင့် မတ်တပ်ထရပ်ရန်
ကြိုးစားခဲ့သည်။ အဆုံးမှာတော့ ယန်ဟုန်က သူ့အား တည်ငြိမ်စေပြီး "ဒီမှာပဲ ထိုင်လိုက်ပါ။
မင်း နာသွားသေးလား ?" ဟု မေးလိုက်သည်။
"ငါ အဆင်ပြေပါတယ်" ဟု ရှုမုန့်မှ ယန်ဟုန်အားညင်သာ
စွာ ပြန်ပြောပြီး ခေါင်းကိုမဝံ့မရဲမော့ကာ စွင်းမိုအား အလျင်အမြန်ကြည့်လိုက်သည်။ သူမ၏အမူအရာသည်
ခက်ခက်ခဲခဲနှင့် တုံ့ဆိုင်းနေပုံရသည်။
စွင်းမိုက တချိန်လုံး တုံ့ပြန်မှုမပြခဲ့သော်လည်း
ဖေးမင် ရွမ်၏အမူအရာကတော့ ထိန်းထားနိုင်ရုံမျှသာဖြစ်သည်။
တကယ်တော့ ယန်ဟုန်အေးဂျင့်၏ မျက်နှာသည်လည်း အတော်လေးကိုတူညီလုနီးပါး
ဖြစ်နေသည်။ အတွင်းရေး အချက်အလက်အချို့အားသိထားသောကြောင့် ရှုမုန့်အားအလွန်စိတ်ပျက်နေပုံရသည်။
သူတို့အထဲမှ ပရိသတ်သုံးယောက်ဖြစ်သည့် ကျီဖေး၊
ချင်ကျောက်နှင့်ကောင်းဟောင်တို့၏ အမူအရာများကတော့ ကွဲပြားလုနီးပါးဖြစ်နေသည်။
[ဒါက အရမ်း ? ရည်းစားဟောင်းနဲ့ လက်ရှိရည်းစားကို
တပြိုင်နက်တည်း လှည့်စားနေတာ ထက်မြက်ပါပေတယ် တကယ့်ကိုထက်မြက်ပါတယ်။ အမှန်တော့၊ တြိဂံတွေက
တည်ငြိမ်မှုအရှိဆုံး ပုံသဏ္ဍာန်ပဲ။]
ချင်ကျောက် ဘာတြိဂံလဲ။ ဖောက်ပြန်နေတဲ့ တြိဂံလား?
အထူးသဖြင့် ဤပြဿနာရှာသူများသည် အခြားအေး ဂျင့်များ၏ စီမံခန့်ခွဲမှုအောက် ရှိနေချိန်မှာပင်
ဤကဲ့သို့သော ဒရာမာအား အနီးကပ်ကြည့်ရှုရခြင်းမှာ စိတ်ဝင် စားဖွယ်ကောင်းသည်ဟု ကောင်းဟောင်ပင်လျှင်
ခံစားခဲ့ရသည်။ အဲ့ဒါက တွေးကြည့်ရုံနဲ့ ပျော်စရာကြီး၊ ဟီးဟီး။
အဓိကနေရာကို ပြန်သွားကြရအောင်
ဖေးမင်ရွမ်က သူ၏ ဖန်ခွက်ကိုမြောက်ကာပြုံးပြပြီး
"နောက်ထပ် ဇာတ်ကွက်အတွက် လောင်ရှီးတို့ နှစ်ယောက်လုံး ကျွန်မတို့အပေါ် အလျော့ပေးလိမ့်မယ်လို့
မျှော်လင့်ပါတယ်"
လူတိုင်းက ဖန်ခွက်များကို မြှောက်လိုက်ကြသည်။
ကောင်းဟောင်က အပြုံးတုဖြင့် ပြုံးပြီး “မင်းတို့ကသာ ကျွန်တော်တို့အပေါ် အလျော့ပေးသင့်တာပါ။”
ယန်ဟုန်၏ အေးဂျင့်ကရယ်၍ “ကောင်းကောက အရမ်း ကျိုးနွံနေတာပဲ။
အရင်အဖွဲ့ လောက် ဆိုးဆိုးရွားရွား အဆုံးမသတ်နိုင်ဖို့တော့ ကျွန်တော်တို့မျှော်လင့်ပါတယ်"
"ဒါက မမျှော်လင့်ထားတဲ့ အခြေအနေတစ်ခုပါ။
တကယ်တော့ ကျွန်တော်တို့ဘက်မှာလည်း ပြဿနာနည်းနည်းရှိတယ်။ နောက်တစ်ခုက ကျွန်တော်တို့မှာ
သရုပ်ဆောင် အတွေ့ အကြုံလုံးဝ မရှိသေးတဲ့ လူ သစ်တစ်ယောက် ရှိတယ်။ အနာဂတ်မှာ လူတိုင်းရဲ့လမ်းညွှန်မှုနဲ့
ဂရုစိုက်မှုတွေကိုလိုအပ်မှာပါ” ဟု ကောင်းဟောင်မှ ပြောရင်း သိုး ခြေထောက်ကိုက်နေသည့်
ကျီဖေးအား တံတောင်ဆစ်ဖြင့်တွတ်လိုက်သည်။
ကျီဖေးသည် နောက်ဆုံးတွင်တုံ့ပြန်ပြီး သူမ၏ဖန်ခွက်ကို
မြောက်လိုက်သည်။ ချင်ကော်ပိုရေးရှင်းကျောထောက် နောက်ခံရှိသည်ဆိုတာကို လူတိုင်းသိကြသည့်
အတွက် သူ့အား မယဉ်ကျေးဟုမည်သူမှမထင်ခဲ့ကြချေ။
သူ၏ညစ်ပတ်နေသော မေးစေ့အားသုတ်ရန် လက်သုတ် ပဝါတစ်ထည်
ပေးလိုက်သည့် ချင်ကျောက်အား ကြည့်လိုက်ရာ သူ၏ပုံမှန်ဂရုစိုက်မှုသည် ကျီဖေး၏ ထူးကဲ သောအဆင့်အတန်းအားပြသနေသည်။
ဖေးမင်ရွမ်က ပြုံးပြီး “ ကောင်းကောက တကယ်အမြင်ကောင်းရှိတယ်
အစွမ်းထက်တဲ့လူသစ်တစ်ယောက်ကို တစ်ချက်တည်း ပျိုးထောင်ပေးလိုက်နိုင်တာပဲ။“
ဖေးမင်ရွမ်က ကျီဖေးကိုပြုံးပြီး "ကျီလောင်ရှီးက
ရုပ် ရည်ကြည့် ကောင်းရုံတင်မကဘူး သရုပ်ဆောင်ပိုင်းမှာပါ စွမ်းဆောင်နိုင်တာပဲ။ ဒီ နယ်ပယ်ထဲကို
ဝင်တာနောက် ကျသွားတာ စိတ်မကောင်းဘူး၊ မဟုတ်ရင် အရင်က တည်းက နာမည်ကြီးနေလောက်တယ်။ ဒါပေမယ့်
အခုတောင် ညတွင်းချင်း အုတ်အော်သောင်းနင်းဖြစ်သွားပြီ။ ရှင်က ဒီရှိုးစပြီး ထုတ်လွှင့်ကတည်းက
အမြန်ဆုံးကျော် ကြားလာတဲ့ လူသစ်တစ်ယောက်ဖြစ်နိုင်တယ်။“
ဖေးမင်ရွမ် အမှန်တကယ်ထင်သည်ဖြစ်စေ၊မထင်သည်ဖြစ်စေ
အနည်းဆုံးတော့ သူစကားပြောသည့်အချိန်တွင် သူ့အသံသည် အလွန်ရိုးသားပြီး သူ၏ချီးကျုးမှုမှာ
အတုမဟုတ်ချေ။
ကျီဖေး သူမအားပြုံးပြီး “ရှင့်ရဲ့ကြင်နာတဲ့စကားအတွက်
ကျေးဇူးတင်ပါတယ် ဖေးကျဲ“
ဖေးမင်ရွမ် သက်ပြင်းချလိုက်သည်၊ မူလက ကျီဖေးနှင့်
ပေါင်းသင်း ဆက်ဆံရန် ခက်ခဲမည်ကို စိုးရိမ်နေခဲ့သော် လည်း မထင်မှတ်ထားစွာ သူသည် အလွန်ဖော်ရွေသည်ကို
တွေ့ ရှိခဲ့ရသည်။
စားပွဲတွင် အေးဂျင့်များက စိတ်ပါလက်ပါ စကားပြောနေကြသည်။
ယန် ဟုန်သည် ချင်ကျောက်နှင့် စကားအနည်း ငယ်ပြောနိုင်ခဲ့ပြီး ရှုမုန့်သည် ကျီဖေးနှင့်
စကားပြောရန် ကြိုးစားခဲ့သည်။ စွင်းမိုကသာ လုံးလုံးလျားလျား စကား မပြောသူဖြစ်သည်။
သူသည် လူမှုပေါင်းသင်းဆက်ဆံရေးတွင် အဆင်မပြေဖြစ်နေပုံရသည်။
ချင်ကျောက်ကတောင် သူ့ထက် ထူးထူးခြားခြားစွမ်း
ဆောင်နိုင်ခဲ့သည်။
ထို့နောက် ကျီဖေး၏စိတ်ထဲမှ အတွေးများအား ကြား
လိုက်ရသည်-[လွန်ခဲ့သည့် နှစ်အနည်းငယ်ကတည်းက ဖေးမင်ရွမ်က လူမှုရေးဆိုင်ရာ ကိစ္စရပ်တိုင်းအတွက်
တာဝန်ယူရတယ်ဆိုတာ ငါ သိတယ်။ သူ့ရဲ့ ဖျန်ဖြေမှုအောက်မှာ စွင်းမိုက အခြားအရာတွေကို စိတ်ပူစရာမလိုဘဲ
ရိုက်ကူးရေးနဲ့ ပရိသတ်နဲ့အပြန်အလှန်ဆက်သွယ်ရေးတွေအပေါ်ပဲ လုံးဝအာရုံစိုက်နိုင်ခဲ့တယ်။
သူ အခု ကသိ ကအောက်ဖြစ်နေတာ မဆန်းပါဘူး။]
ချင်ကျောက် အနည်းငယ်အံ့သြသွားသည်။ ဖေးမင်ရွမ်က
ဒီလောက်အရည်အချင်းရှိတယ်လား။ သူ အာ့ကောနှင့် ကောင်းဟောင်တို့ နှစ်ယောက်လုံး သူ့အား
လုယူရန် စိတ်ဝင်စားကြသည်မှာ အံ့သွစရာမဟုတ်ပေ။
ဖျော်ဖြေရေးနယ်ပယ်ထဲ သရုပ်ဆောင်စွမ်းရည်တစ်ဝက်နှင့်
ပေါင်းသင်းဆက်ဆံရေးကျွမ်းကျင်မှုတစ်ဝက်ရှိလျှင် ကြယ်ပွင့်ကြီးတစ် ပွင့်ဖြစ်လာနိုင်ကြောင်း
လူသိများ သည်။ သူ့လို လူတစ်ယောက်က ကျောထောက်နောက်ခံရှိပြီး ကောင်းဟောင်က သူ့အား ပေါင်းသင်းဆက်ဆံဖို့
ဘယ်တုန်းကမှ မတောင်းဆိုခဲ့ပေ။ စွင်းမိုကဲ့သို့သော အခြေခံ လူတန်းစားသရုပ်ဆောင်တစ်ဦးအား
ကောင်းစွာကာကွယ်ရန်မူ ဖေးမင်ရွမ်သည် များစွာကြိုးစားအား ထုတ်ရမည်ဖြစ်သည်။
[အဲ့တာက သူ့သားကိုပြုစုပျိုးထောင်ဖို့ ကြိုးစားနေတဲ့
အမေတစ်ယောက်နဲ့ သူ့အမေကို နားမလည်ဘဲ အမြဲတမ်း ပုန်ကန်တတ်တဲ့ သားတစ်ယောက်နဲ့ တကယ်တူတယ်။]
ချင်ကျောက် သောက်နေရင်း ချောင်းဆိုးလုမတတ်ဖြစ်သွားသည်။
စိတ်အားထက်သန်စွာဧည့်ခံနေသော ဖေးမင်ရွမ်အား ကြည့်လိုက်ပြီးနောက် ချဉ်တင်တင်မျက်နှာပေးဖြင့်
ကိုယ်ပိုင်ကမ္ဘာထဲတွင် နစ်မွန်းနေသည့် သူ့ ဘေးနားရှိ စွင်းမိုအားကြည့်ရင်း လူတိုင်းက
သူ့ကို စိတ်မသက်မသာဖြစ်စေသလိုမျိုး အမေမှ သူ့သားကိုအရွယ်ရောက်ပြီးသူစည်းဝေးပွဲသို့
ခေါ် ဆောင်သွားသလို ခံစားလိုက်ရသည်။
[ဒါပေမယ့် ဒါက လူမှုရေးတွေ့ စုံပွဲမဟုတ်ပဲ၊ ညစာစားပွဲနဲ့
ပိုတူတာ မဟုတ်ဘူးလား? သူ ရှုမုန့် ကြောင့် တကယ်ဟန် ဆောင်နေတာလား?]
သူတို့ ခဏလောက် စောင့်ကြည့်ပြီးနောက် ယန်ဟုန်မှ
ရှုမုန့်အား အစားအသောက်ထည့်ပေးတိုင်း စွင်းမိုက ရုတ် တရက်ထလာကာ ဖေးမင်ရွမ်အားနွေးထွေးစွာဖြင့်
အစား အသောက်များထည့်ပေးလာကြောင်း သတိထားလိုက်မိသည်။
[ကောင်းပြီ၊ သူက ရှုမုန့်ရှေ့မှာ အချစ်ငှက်တွေလိုမျိုး
တမင်တကာလုပ်ပြဖို့ ဖေးကျဲကို သုံးနေပြန်ပြီလား? နင်ရဲ့ သရုပ်ဆောင်ချက်တွေက အတုနဲ့တူလွန်းတယ်၊
သူ့ကို တမင်တကာဂရုစိုက်ပြနေတာကို ရှုမုန့် မသိမှာစိုးရိမ်နေတာလား?]
ချင်ကျောက် ရယ်မောလိုက်သည်။ အသေအချာပဲ၊ ယန်ဟုန်အတွက်
တစ်ယောက်၊ စွင်းမိုအတွက် တစ်ယောက်၊ တစ်ယောက်နဲ့တစ်ယောက် ထိပ်တိုက်ရင်ဆိုင်မှုပဲ။
ဖေးမင်ရွမ် သူ့အား ကျွေးသည့် အစားအစာများကို လုံးဝမထိဘဲ
တစ်ချိန်လုံးလျစ်လျူရှုခဲ့သည်။
[ဖေးကျဲက အရာအားလုံးကိုသိလို့ ဒီပြဇာတ်မှာ မပါဝင်ဖို့
ယဉ်ယဉ်ကျေးကျေးလေးပဲ ငြင်းလိုက်ပါတယ်၊ ဟားဟား။]
ရှိုးအား ပျော်ရွှင်စွာကြည့်နေစဉ်တွင် စွင်းမို၏
လက် သည် ရုတ်တရက်ဆန့်ထွက်လာပြီး ရှုမုန့် ကောက်ကိုင်လိုက်သော ခုံးကောင်အားဆွဲ ယူသွားသည်ကို
တွေ့ လိုက်ရသည်။
"အာ့"
ရှုမုန့် လန့်သွားပုံရပြီး ငိုသံသေးသေးလေးကို
ထုတ်လိုက်သည်။
ဤအရာသည် နောက်ဆုံးတွင် လူတိုင်း၏အာရုံအားဖမ်းစားနိုင်ခဲ့ပြီး၎င်းတို့၏မျက်နှာပေါ်တွင်
အမျိုးမျိုးသောအမူအရာများ ပေါ်လာခဲ့ သည်။
ဖေးမင်ရွမ်က ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ချင်ပေမယ့်
ရုတ်တရက် တိတ်ဆိတ်ပြီး ထူးဆန်းသည့်လေထုက ချောမွေ့ အောင်လုပ်ဖို့ ခက်ခဲစေသည်။ သူက အတင်းပြုံးကာ
“ဘာဖြစ်တာလဲ ?”
စွင်းမိုက တစ်ချက် လှည့်ကြည့်ပြီး ဂုံးကောင်အား
အမှိုက်ပုံးထဲသို့ တိုက်ရိုက်ပစ်ချလိုက်သည်။
[ သူက ကိုယ်တိုင်လည်းမစားဘဲနဲ့ လုယူသွားတာလား
? အစားအသောက် ဖြုန်းတီးတာ ရှက်စရာကောင်းတယ်၊]
သို့သော် ယန်ဟုန်က ရှက်ရွံ့နေသည့် ရှုမုန့်အားပြုံးပြပြီး
" ငတုံးမလေး၊ မင်း ဘယ်လိုများ မေ့သွားပြန်တာလဲ ? မင်းက ဂုံးကောင်နဲ့ မတည့်ဘူးလေ”
[Pft၊ ဒီလို ရှင်းပြတာက ရှင်း မပြတာထက် တကယ်ရော
ပိုကောင်းရဲ့လား?]
သို့သော် ရှုမုန့်သည် ရုတ်တရက် သတိရသွားပုံရသည်။
သူက ဆွန်မိုအားအနေခက်စွာဖြင့် တစ်ချက်စိုက်ကြည့်ကာ “ကျေးဇူးတင်ပါတယ်” ဟု တိုးတိုးလေးပြောလိုက်သည်။
အဆုံးမှာတော့ ထိုကိစ္စအား နောက်ထပ်ဆက်လိုက်ဖို့
ဘယ်သူမှ လိမ္မာပါးနပ်မှုမရှိခဲ့ချေ။
ဒါပေမယ့် သိပ်မကြာခင်မှာပင် သူတို့နှစ်ယောက် ဒုက္ခ
ရောက်ပြန်သည်။
စူးရှသည့်အကြည့်ရှိသော အတင်းအဖျင်းဝါသနာရှင် ကျီဖေးက
၎င်းအားသတိထားမိလိုက်သည်။
[ ဟစ်၊ ဟစ်၊ တစ်ယောက်ကဘယ်ဘက်လက်ကို အောက် ချထားတယ်၊
နောက်တစ်ယောက်က ညာဘက်လက်ကို အောက်ချထားတယ်၊ ပြီးတော့ သူတို့က ဒီလိုပုံစံမျိုးနဲ့ တော်တော်ကြာနေမှတ်လား
? ငါ့ ရေဒါ ပြတ်တောက်သွားပြီ။]
ချင်ကျောက် : ဘာလဲ၊ ဘာလဲ ?
ထို့နောက်တွင် ကျီဖေးမှ သူ့တူများအား ပစ်ချလိုက်ပြီး
ကုန်းကောက်ရန် ဟန်ဆောင်ငုံ့လိုက်သည်ကို တွေ့ လိုက်ရသည်။
အခြားတစ်ဖက်မှနှစ်ယောက်သည် အတွေးများကိုယ်စီနှင့်
ခေါင်းငုံ့ကာ မျက်လုံးလွှာချထားသောကြောင့် ကျီဖေး၏အပြုအမူအား လုံးဝသတိမထားမိလိုက်ကြချေ။
နောက်တစ်စက္ကန့်တွင် ချင်ကျောက်သည် ကျီဖေး၏ ခန္ဓာကိုယ်
တုန်တုန်ယင်ယင်ဖြစ်နေသည်ကို တွေ့ လိုက်ရပြီး သူ့အတွင်းစိတ်ထံမှ စိတ်လှုပ်ရှားစွာအော်လိုက်သည့်
အသံကို ကြားလိုက်ရသည်။
[ဟားဟားဟား၊ ငါ သိတယ်လေ၊ စားပွဲခင်းအောက်မှာ ငါကသူ့ကိုတွဲတယ်၊
သူက သူ့ကိုတွဲတယ်၊ ဒါပေမဲ့ ငါက တော့ မင်းရဲ့လက်ကိုပဲကိုင်ထားတယ်။ နင်တို့နှစ်ယောက်
ဘယ်လိုများ ဒီလောက်ထိ သတ္တိကောင်းနေကြတာလဲ၊]
ချင်ကျောက် : သူတို့ ဘယ်လိုတောင်!!!
[စွင်းမိုက အတင်းလိုက်ဆွဲတာ၊ မမှားပါဘူး၊ ဒါပေမယ့်
ရှုမုန့်ရေ၊ နင်က ဘာလို့မရုန်းတာလဲ? နင် အဲ့လောက်ပဲ အား သန်တာလား ?]
[သူ နင့်လက်ကို ပွင့်သွားအောင်လုပ်တော့ နင်ဒီလိုပဲ
ခွင့်ပြုလိုက်တယ်လား ?]
[နင့်လက်ချောင်းတွေက အခု တင်းတင်းကျပ်ကျပ်ယှက်ထားတာ
မဟုတ်ဘူးလား? အဲ့ဒီက ခွန်အားကိုဖော်ပြရမယ်ဆိုရင် ကောင်းကင်နဲ့ မြေကြီးရဲ့စွမ်းအားတွေအား
ကုန်သုံးရင်တောင် နင့်ကို ခွဲထုတ်ပစ်နိုင်စွမ်းမရှိဘူး။]
ချင်ကျောက် … သူတို့နှစ်ယောက်လုံး တစ်ယောက်မှမကောင်းကြဘူးပဲ။
[သူတို့က ဒါကို အသဲကိုကလိလိဖြစ်စေတဲ့ အပြုအမူလို့
ထင်နေကြတာလား?]
[ဟင်? မဟုတ်ဘူး၊ ခနလေး၊ ငါ TV ကြည့်တဲ့အချိန်
ဝတ္ထုဖတ်နေတဲ့ အချိန်တိုင်း အဓိကဇာတ်လိုက်နဲ့ ဇာတ်လိုက်မနဲ့ ဒီလိုလုပ်ရင်... ချီးပဲ၊
ဟိုတုန်းက ငါ့ရဲ့အကျင့်တွေက ဘာများမှားနေခဲ့တာလဲ ? ငါ အကျင့်ပျက်နေခဲ့တာလား?]
ချင်ကျောက် ….ဒီလိုလုပ်ရပ်မျိုး ငါအရင်က လုပ်ခဲ့ဖူးတာလား
? အာ၊ အာ၊ အာ၊ အတိတ်ဆိုးတွေ လုံးဝကိုအတိတ်ဆိုးတွေ !!
[ငါ အခု စားပွဲပေါ်ကိုမတော်တဆလှန်လိုက်မိရင် ဒါမှမဟုတ်
စားပွဲခင်းကို ဆွဲထုတ်လိုက်ပြီး လူတိုင်းကိုမြင်ခွင့်ပေးလိုက်ရင် အရမ်းစိတ်လှုပ်ရှားဖို့ကောင်းမှာ
မဟုတ်ဘူးလား ?]
[ငါဘာလုပ်သင့်လဲ ? ငါ တကယ်လုပ်ချင်တယ်၊ ဒါပေမယ့်
ငါတို့က အဲ့လောက်မရင်းနှီးဘူး၊ အဲ့လိုက နည်းနည်း...]
ချင်ကျောက် နှုတ်ခမ်းများတွန့်ကာပြုံးလိုက်သည်။
ဒီပြဿနာတွေအားလုံးက ဘယ်လိုလုပ် စိတ်အနှောက်အယှက်ဖြစ်စေမှာလဲ ?