Ch 92
Viewers 24k

🍉 Chapter 92

 

 

 

ချင်ကျောက် ရုတ်ချည်းဆန်စွ မတ်တပ်ထရပ်လိုက်ပြီး ရှုမှုန့်တို့အားကြည့်ကာ "ငါမင်းတို့ ဒီတစ်ခွက်နဲ့ ကမ်းပေ့လုပ်ချင်တယ်၊ အခုလို စိတ်လှုပ်ရှားစရာကောင်းတဲ့ လွန် ဆွဲမှုအတွက်လေ" ချင်ကျောက်သည် ၎င်းတို့၏တုံ့ပြန်မှုပင်မစောင့်ဘဲ အရက်ကိုမော့ချလိုက်သည်။

 

ဤသို့အခြေအနေမျိုးရောက်လာသဖြင့် ၎င်းတို့လည်း တုန့်ပြန်ရတော့ပေမည်၊ မဟုတ်ပါက ချင်ကျောက်အား စော်ကားမိနိုင်သည်။

 

ယန်ဟုန်သည် ချက်ချင်းထရပ်လိုက်ပြီး ဖန်ခွက်ကို မြှောက်လိုက်သည်။

 

သို့သော်လည်း ကျန်နှစ်ယောက်သည်တော့ ကြောင်အအ ရှိ‌နေဆဲပင်။ ထို့နောက်မှ အသိပြန်၀င်လာပြီးကမန်းက တန်းထရပ်လာသည်။ ၎င်းတို့ အလွန် ထိတ်လန့်နေသည်မှာအလွန်သိသာပေသည်။

 

၎င်းတို့၏လက်များသည် ထိတ်လန့်တကြားတုန်ရီနေ သည်။ ၎င်းတို့၏တုန်ရီနေသောလက်များနှင့် ထိတ်လန့်တုန်လှုပ်နေ‌သော အမူအရာများကို စားပွဲတစ်ဖက်ရှိ ကောင်းဟောင်သည် ရှင်းလင်းစွာ မြင်ရနေသည်။

 

[ဟာဟားဟား! ချင်ကျောက်စကားတွေက ချက်ကောင်းကိုတစ်ခါတည်းထိသွားတာပဲ]

 

ချင်ကျောက်သည် သူမ အတွေးများကိုကြားသဖြင့် သူ့အပြုံးမျာ ပိုကျယ်ပြန့်လာသည်။

 

[ယန်ဟုန်တောင် ခဏလောက်လန့်သွားတာ ကြည့်ပါဦး၊ သူတို့ ဆက်ဆံရေးကြီးကို ချင်ကျောက် မြန်မြန်တွေးမိသွားမယ်လို့ ထင်မှာမဟုတ်ဘူး]

 

ချင်ကျောက်သည် ယန်ဟုန်ကို ကြည့်လိုက်ရာ ၎င်း၏ မျက်လုံးထဲ မနာလို၀န်တိုမှုများမှာပြတ်သားစွာပင်။ သို့ သော် ယန်ဟုန် သူ့ကိုယ်သူ အလျင်အမြန်ထိန်းချုပ်နိုင်လိုက်သည်။

 

[ကျွတ် ကျွတ် ဒီထဲမှာ ဖေးကျဲက သနားစရာအကောင်းဆုံးပဲ၊ သူက ကြိုသိထားတာတောင် မတားနိုင်လိုက်ဘူး၊ ဟော.. အခု အပြင်လူဖြစ်တဲ့ ချင်ကျောက်ကတောင် ဒီအကြောင်းကိုပြောလာတော့ သူ့ ခေါင်းတစ်ခုလုံးပူထူသွားမှာပဲ]

 

ချင်ကျောက်- လူဖြစ်ရတာခက်တယ်ဆိုရင် မိန်းမဖြစ်ရတာက ပိုတောင်ခက်သေးတယ် ဒါပေမဲ့ စွင်းမိုရဲ့ မန်နေ ဂျာဖြစ်ရတာ သေလောက်အောက်ခက်တယ်။

 

[ဟဟားဟား၊ စွင်းမို မျက်နှာကြီးပြာနှမ်းသွားပြီ၊ ရှုမုန့်လည်းဖြူဖျော့နေပြီ၊ အခုထိ နင်တို့ထိတ်လန့်လို့ပြီးနိုင် သေးဘူးလား ? အခုမှ နောင်တရနေတာမလား ဟမ်ဟမ်? ဒီမှာ စွင်းမို နင့် ဒီအမေရဲ့စကားကို သေချာနားထောင်ချေ ' ရည်စား စောစောထားဖို့မစဉ်းစားနဲ့ မဟုတ်ရင် နင့် အနာ ဂတ်ကိုထိခိုက်စေနိုင်တယ်နော်~]

 

ချင်ကျောက်: ဟဟားးဟားး

 

ကောင်းဟောင်သည် သူ့အနားကလူနှစ်ယောက် ခိုးရယ်နေသည်ဟုခံစားလိုက်ရသည်။ သူ အခြေအနေကို မဆိုး ရွားစေချင်သဖြင့် အပြုံးတစ်ခုကို ခပ်မြန်မြန်ချိတ်ဆွဲကာ ဘာမှမဖြစ်သည့်အလား "ချင်ကျောက် မင်းသောက်တာ အရမ်းမြန်လွန်းလို့ သူတို့ မင်းနဲ့ ခွက်တိုက်ဖို့အချိန်တောင်မရှိလိုက်ဘူး၊ ပြီးတော့ ကျီဖေးတောင် မထရသေးဘူးမလား"

 

ချင်ကျောက်၏ပခုံးများသည်တုန်နေလျက် ဖန်ခွက်ကို ကောက်ယူလိုက်ပြန်သည်။ "ကျွန်တော့် အမှားပါ"

 

ကျီဖေးလည်း မတ်တပ်ထရပ်လိုက်ပြီး ဖန်ခွက်ကိုယူကာ "အားလုံးပဲ...အတူတူ ခွက်ချင်းတိုက်လိုက်ရအောင်..."

 

အဆုံးတွင် စွင်းမိုနှင့် ရှုမုန့်တို့သည် မတ်တပ်ထရပ်လိုက် ကာ သူတို့ မည်မျှအနေရခက်သည်ကို မျက်နှာပေါ်တွင် ချရေးထားသည့်အလား ပျက်ယွင်းနေလျက် ဖန်ခွက်ကို မြှောက်လိုက်သည်။

 

ခဏအကြာ ဖေးမင်ရွမ်သည်းမခံနိုင်တော့ပဲ ဝိုင်ယူရန်ဟု အကြောင်းပြကာ စွင်းမိုကို အတူလိုက်ခဲ့ဖို့ ခေါ်လိုက်သည်။

 

ဖေးမင်ရွမ်သည် စွင်းမိုအား ဆူပူကြိမ်းမောင်းမည်ကို သေချာပေါက်မှန်းဆမိသလို စွင်းမို ကျဉ်းထဲကျပ်ထဲရောက်မည်ကို သိသော်လည်း ၎င်းတို့ဘယ်သွားလဲတော့မသိနိုင်သလို အနောက်က ခိုးလိုက်သွားလို့လည်းမကောင်းချေ။ သို့ဖြစ်ရာစနစ်မှ သတင်းများကိုစောင့်ကြည့်ရုံသာတတ်နိုင်သည်။

 

တစ်ခဏအကြာ ကျီဖေးသန့်စင်ခန်းသုံးရန် ထွက်လာသည်။ သူမ ထွက်လာစဉ်တွင် ရှုမုန့်၏ခြေရာများကို စင်္ကြန်တွင်တွေ့လိုက်သည်။

 

ကျီဖေးသည် ဖရဲသီးချိုချိုများကိုတွေးမိလိုက်သောအခါ မနေနိုင်တော့ချေ။

 

ရှုမုန့်နောက်မှလိုက်လာရင်း စင်္ကြန်အဆုံး လသာဆောင်နားရောက်လာသည်။ လသာဆောင်တံခါးနားက ပန်းအိုးကြီး၏နောက်တွင် ရှုမုန့် ပုန်းနေသည်ကို မြင်လိုက်သည်။

 

မကြာခင် စွင်းမိုနှင့် ဖေးမင်ရွမ်တို့၏ စကားသံများကိုလည်းကြားလိုက်ရသည်။ ကျီဖေးသည် ခိုးနားထောင်ရန် သီးသန့်ခန်းထဲ ပုန်းနေဖို့ဆုံးဖြတ်လိုက်သည်။

 

"...စွင်းမို၊ ငါ နင့်ကို အပိုတွေထပ်မပြောချင်တော့ဘူး၊ နင်ကိုယ်နင် ဆက်ပြီးလှည့်စားချင်တယ်ဆိုရင် ငါ ဂရုမစိုက်နိုင်တော့ဘူး၊ နင့် ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ အလုပ် ကိစ္စတွေကိုဆက်ပြီး ရောထွေးနေမယ်ဆိုရင် ပေါ်သွားလို့ကတော့ နင့်သတင်းတွေမြောင်းထဲရောက်သွားနိုင်တယ်၊ အဲ့လိုဆို ငါ နင့်ကို အရမ်းစိတ်ပျက်မိလိမ့်မယ်"

 

"ဒါက ဘာစကားလဲ ?!"

 

"လူစကားလေ၊ ဘာလဲ ? နင် လူစကားတောင် နားမလည်ဘူးလားလား ? ခုနက နင် အောက်မှာဘာလုပ်ခဲ့တာလဲ ငါတို့ထပ်ပြီး ဆွေးနွေးဖို့လိုသေးတာလား ? သူ့ကောင်လေးရဲ့ရှေ့လည်းရောက်ရော နင် ဘယ်လောက်အကျင့်စာရိတ္တ ဆိုးလည်းဆိုတာ ငါ သိသွားပြီ!"

 

"သူက ငါ့ရဲ့..."

 

"ရည်းစားဟောင်း! ရည်းစားဟောင်းလေ! နင့်ဦးနှောက်ထဲမှာ ရေတွေပြည့်နေတာလား?! တစ်ခါတည်း နင့်အ ကြောင်းတွေကို လိုင်းပေါ်တင်ချလိုက်လေ၊ တခြားသူတွေ ဝေဖန်တာကိုလက်ပိုက်ကြည့်မှာလား"

 

"ဖေးမင်ရွမ်! တော်လောက်ပြီ !မင်း ဘယ်ဘက်ကလဲ၊ အခုဖြစ်ခဲ့တာက မတော်တဆမှုပဲ"

 

"ပါးစပ်ပိတ်ထားစမ်း!"

 

ဖေးမင်ရွမ်၏လေသံသည် မာထန်လှသည်။ သူမသည် ရူးသွပ်သွားသည်အထိ ဒေါသဖြစ်နေကြောင်း ထင်ရှားသည်။

 

သို့သော် စွင်းမိုသည် သေမှာမကြောက်သည့်အလား ပေါ့ ပါးပါး ရယ်မောလိုက်ပြီး "မင်း ငါ့ကို ဘာလို့ လာပြောနေတာလဲ? ကိုယ်ရေးကိုယ်တာနဲ့ အလုပ်ကိစ္စတွေ ရောထွေးတာက မင်း အပြစ်ချည်းပဲ မဟုတ်လား"

 

"နင် ဘာပြောလိုက်တယ် ?!"

 

"ဇာတ်ညွှန်းပြောင်းဖို့ကိစ္စက သဘောတူပြီးသားကို မင်း ဘာလို့ ဝင်စွက်ဖက်နေသေးလဲ၊ လွန်ခဲ့တဲ့ ရက်အနည်း ငယ်ကတည်းက ငါတို့ မြင်ကွင်းတွေကိုအဆက်မပြတ် ပြောင်းလဲနေတာ‌လေ အဲ့ဒါက ဘာကိစ္စရှိ.."

 

"ငါတို့သာ ဇာတ်ညွှန်းမပြောင်းရင် ဇာတ်၀င်ခန်းတစ်ဝက်လောက်က ရှုမုန့်ကို နမ်းလိုက်ဖက်လိုက်လုပ်နေရမှာမလား? နင် အရှက်မရှိဘူးလား ?"

 

"အဲ့ဒါက လိုအပ်လို့လေ! အဲ့လိုဇာတ်ကွက်မျိုးသာမပါရင် အချစ်ဆိုတာကို ဘယ်လိုဖော်ပြနိုင်မှာလဲ"

 

"ပရော်ဖက်ရှင်နယ် သရုပ်ဆောင်တစ်ယောက်ဆိုတာက အကြည့်တစ်ချက်လေးနဲ့တင် အသက်ပေးပြီးချစ်တဲ့အချစ်ကိုပြနိုင်တယ်၊ နင်က သွားရည်တွေပေတဲ့အထိ နမ်းမှ အချစ်ဆိုတာကိုဖော်ပြနိုင်တယ်တဲ့လား ဒါဆို နင့် အရင်က ဇာတ်လမ်းတွေမှာကျ ဘာလို့ အဲ့လိုမဟုတ်တာလဲ"

 

"ဘယ်သူက ငါတို့ကို အဲ့လိုလုပ်ရမယ်လို့ ပြောဖူးလို့လဲ!"

 

"အိုး တကယ်လား? ငါသာ နင့်ကိုမတားခဲ့ရင် နင်လုပ်ဖို့ ကြံစည်နေတာ မဟုတ်ဘူးလား"

 

ကျီဖေး မရယ်ပဲမနေနိုင်တော့ချေ။

 

[ဖေးကျဲက နားချဖို့ တကယ်အစွမ်းကုန်ကြိုးစားနေတာတာပဲ၊ ဒါပေမယ့် အကြောင်းပြချက်တွေကို နားမထောင်တဲ့လူနဲ့ စကားပြောဖို့ခက်တယ်]

 

[အဲ့ကောင်က သူ့ကိုယ်သူ အေးတိအေးစက်နိုင်တဲ့ပုံစံနဲ့ ကြီးမြတ်တဲ့ သခင်ကြီးလိုဟန်ဆောင်ပြီး သူ့ fan girl လေးတွေကို လှည့်စားနေတာပဲ၊ သူ့ ဖန်တွေသာ သူက ကိုယ်ရေးကိုယ်တာဆန္ဒတွေအတွက် အလုပ်ကိစ္စကို အသုံးချနေတယ်ဆိုတာသိရင် စိတ်ပျက်သွားကြမှာသေချာပေါက်ပဲ၊ သူ့ဖန်တွေအစား ၀မ်းတောင်နည်းမိသွားပြီ]

 

[ဒီလိုမျိုးဇာတ်ညွှန်းတွေကသာ တကယ်အကျိုးရှိရင် ထိပ်တန်းမင်းသားတွေလည်း အစောကြီးထဲက လုပ်ပြီးလောက်ပြီ]

 

စွင်းမိုသည် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။

 

ကျီဖေးသည် စွင်းမို၏ပြောစရာစကားပျောက်ဆုံးနေသော မျက်နှာရဲရဲကြီးကိုမြင်ယောင်မိလာသည်။

 

အဆုံးတွင် ဖေးမင်ရွမ်သက်ပြင်းချလိုက်ပြီး "စွင်းမို နင့်ကို ပွဲဦးထွက်ကတည်းက ငါ စီမံခန့်ခွဲခဲ့တာ၊ ငါတို့ အခက်ခဲဆုံးအချိန်တွေကို အတူတူဖြတ်သန်းဖူးတယ်၊ နင် ငါ့ကို တစ်ကြိမ်လောက် ရိုးရိုးသားသားပြောပေးနိုင်မလား ? နင် တကယ်ဘာလိုချင်နေတာလဲ? ရှုမုန့် နဲ့ အတူရှိချင်တာလား ?"

 

စွင်းမိုက "ဒါ ဘယ်လိုဖြစ်နိုင်မလဲ!!? သူက ငါ့ကို စွန့်ပစ်ခဲ့တာ၊ ငါ သူ့ကို မုန်းတယ်! ငါ... ငါ ကြိုက်တာ မင်းကို၊ မင်းနဲ့ မိသားစုပဲ တည်ထောင်ချင်…"

 

"စွင်းမို နင် ဘယ်လိုတောင် ဒီလို…"

 

[ဒီလို အရှက်မရှိတဲ့ စကားကို ?]

 

ထိုအချိန်တွင် ခိုးနားထောင်နေသည့် ကျီဖေးသည် ရှုမုန့်အားကြည့်လိုက်ကာ ဖုန်းထုတ်လိုက်ပြီးခလုတ်အနည်း ငယ်နှိပ်လိုက်သည်။ တံခါးအား ခေါက်လိုက်စဉ်လသာ ဆောင်၏ စကားသံများပြတ်တောက်သွားသည်။

 

ရှုမုန့် ထိတ်လန့်တုန်လှုပ်သွားဟန်ဖြင့် "တောင်း... တောင်း ပန်ပါတယ်၊ ကျွန်မ ပြောချင်တာက... ကျွန်..ကျွန်မနာ     မည်ကြားလိုက်ရတော့... ဟို.. "

 

သူ့ မျက်လုံးများလျင်မြန်စွာနီရဲလာပြီး မျက်နှာပေါ်မှ မျက်ရည်များ စီးကျလာကာ "တောင်းပန်ပါတယ် ဖေးကျဲ၊ ညီမနဲ့ စွင်းမိုကြားက ဘာမှမရှိပါဘူး၊ သူလည်း ကျွန်မကို မုန်းနေမှာသေချာပါတယ်၊ ကျေးဇူးပြုပြီး နားလည်မှုမလွဲပါနဲ့၊ စွင်းမိုနဲ့ ရန်မဖြစ်ပါနဲ့လား ? ရှင်တို့နှစ်ယောက်အတူပျော်ရွှင်နိုင်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်၊ ရှင်သာ ကျွန်မကိုသဘောမကျရင် ကျွန်မ ဒီ Show ကနေနှုတ်ထွက်လိုက်ပါ့မယ်"

 

စွင်းမို အေးခဲသွားပြီး "မင်း... ငါ မင်းကို နှုတ်ထွက်ခိုင်းမှာမဟုတ်ဘူး"

 

ထို့နောက် သူသည် ဖေးမင်ရွမ်အားအပြစ်တင်နေသည့်အလား မကျေမနပ်အကြည့်ဖြင့်ကြည့်နေသည်။

 

ဖေးမင်ရွမ် အလွန်ဒေါသထွက်သွားပြီး "ငါ စွင်းမိုကို အပြစ်တင်နေတာလေ၊ နင့်ကို သဘောမကျဘူးလို့ ဘယ်မှာပါလို့လဲ! မစ်ရှု ကျေးဇူးပြုပြီး မင်းရဲ့ဒရာမာထဲ ငါ့ကို ဆွဲမထည့်ပါနဲ့ ဟုတ်ပြီလား ?"

 

[Pfft! ဖေးကျဲက နည်းနည်းမှကို မျက်နှာသာမပေးတာဟေ့! ကြာပန်းဖြူလေးကတော့ မီးပင်လယ်ထဲကို သူ့ဘာသာ ပြေး၀င်သွားတာပဲ]

 

ရှုမုန့်လည်း အပြစ်တင်ခံရမည်ဟု မမျှော်လင့်သဖြင့် အံ့အားသင့်သွားကာ စွင်းမိုလည်း "ဖေးမင်ရွမ်!"

 

သို့သော် ဖေးမင်ရွမ်က "ငါ့နာမည်ကို ဘာလို့ အဲ့လောက် အကျယ်ကြီးခေါ်နေတာလဲ၊ ငါ နားကြားရတယ်၊ ကန်း‌နေတဲ့သူက နင်လေ၊ နင်က နင်ကြားချင်တာပဲကြားပြီး နင့်စိတ်ကူးထဲမှာပဲ ပိတ်မိနေတာ"

 

"နင် ပိုပိုပြီးလွန်လာပြီ! နင့် ဦးနှောက်က အဲ့တာတွေနဲ့ပဲ ပိတ်မိနေတာ၊ ငါ နင့်ကို လိုက်ထိန်းရတာမောလာပြီ၊ ငါ ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး"

 

ကျီဖေးရုတ်တရက် စိတ်လှုပ်ရှားသွားသည်။ [သူမ ထွက်သွားတော့မှာလား... အိုးဟိုး!]

 

"ပြီးတော့ စွင်းမို ငါက နင့်ကိုချစ်တယ်ဆိုပြီး ဘာလို့ အဲ့လောက်တောင်ယုံကြည်နေတာလဲ? ငါ နင့်ကို ကြိုက်တယ်လို့ တစ်ခါတောင်ပြောဖူးလို့လား? ပြီးတော့ နင့်ကို ကြိုက်တဲ့ အမူအရာပြမိလို့လား၊ ငါ့မျက်လုံးထဲမှာ နင်က ငါ့ စီမံခန့်ခွဲမှုအောက်က အနုပညာရှင်တစ်ယောက်ပဲ၊ နင့် အပေါ်  တစ်ခါမှခံစားချက်တွေမရှိခဲ့ဘူး၊ နင် အခုလို ဆက်တွေးနေဦးမယ်ဆိုရင် ငါ နင့်အပေါ်ထားတဲ့မျှော် လင့်ချက်တွေ ဆုံးရှုံးသွားလိမ့်မယ်"

 

[ဟားဟား… ငါ စွင်းမိုရဲ့မျက်နှာကိုမြင်ချင်လာပြီ၊ ဘယ် လောက်တောင် စုတ်ပျက်နေမလဲ]

 

သူမ မှန်းထားသည့်အတိုင်း စွင်းမို၏မျက်နှာသည်လုံး၀ ပြောင်းလဲသွားသည်။  သူ ကြည့်ရသည်မှာ အလွန်အံသြနေပုံရသည်။

 

သို့သော် ရှုမုန့်သည် လျင်မြန်စွာဖြင့် "ဖေးကျဲ... ကျွန်မ ကြောင့် အခုလိုစကားတွေ မပြောပါနဲ့၊ ရှင်က စွင်းမိုရဲ့ဘေးမှာ နှစ်ပေါင်းများစွာနေခဲ့ပြီးတော့ single တစ်ယောက်ဖြစ်နေတုန်းပဲ၊ ရှင် သူ့အတွက် အရာအားလုံးကို စတေးပေးလိုစိတ်ရှိတာ လူတိုင်းသိတယ်၊ ရှင် စွင်းမိုရဲ့ ဂရုစိုက်မှုတွေကို တစ်သက်လုံးခံယူဖို့ခံတန်တဲ့သူပါ၊ သူ  ရှင့်ကို ဘယ်လိုထွက်သွားခွင့်ပေးနိုင်မှာလဲ"

 

ထိုစကားများသည် စွင်းမိုကိုအသက်ရှုရခက်သွားစေ သည်။ သို့သော် ဖေးမင်ရွမ်သည် အလွယ်တကူအလိမ်ခံရမည့်သူမဟုတ်ချေ။

 

"နင့် အကြောင်းကို ငါ ဘာမှမပြောရသေးဘူး၊ အဲ့တာကို နင်ဘာလို့ ၀င်ပြောဖို့ စိတ်အားထက်သန်နေတာလဲ ? နင်က နင့်ကိုယ်နင် အနစ်နာခံတက်တဲ့ ဒုတိယအမျိုးသမီးဇာတ်ဆောင်လိုလာသရုပ်ဆောင်နေရတာလဲ ? ငါက မဟုတ်ပါဘူးဆိုပြီး ငြင်းနေတာတောင် နင်က သဘော ထားကြီးသလိုလိုနဲ့ အတင်းတွန်းပို့နေသေးတယ်၊ အဲဒါက နင့်ကိုယ် နင် စိတ်ကျေနပ်စေလို့လား"

 

"ငါက သူ့မန်နေဂျာ၊ ငါ့ခံစားချက်က ဒီလောက်ပဲ၊ ငါ့ သူ့ကိုကြိုက်ရင် အစထဲကရှင်းရှင်းပြောမှာပေါ့၊ ဘာလို့ ဒီလို အချစ်အတွက် ဒုက္ခရောက်ခံနေမှာလဲ၊ နင်ကကော ဘာအ တွက်သရုပ်ဆောင်နေတာလဲ၊ နင့်ရဲ့ အခုလို သရုပ်ဆောင်စွမ်းရည်ကို ငတုံးတစ်ကောင်ကလွဲရင် ဘယ်သူကယုံမှာလဲ ? မဟုတ်မှလွဲရော နင် သူ့အာရုံစိုက်ခံမှုကိုလိုချင်နေတာလား ?"

 

"ယောက်ျားတွေရဲ့ အာရုံစိုက်တာကိုခံရတာကောင်းတယ်မလား? နင့် ရည်းစားဟောင်းက နင့်ကို မေ့လို့မရဘူးဆိုတဲ့ ခံစားချက်ကိုကျေနပ်တာလေ၊ နင့် ရင်ထဲမှာ အဲ့ကိစ္စကိုဂုဏ်မောက်နေပြီး အကျေနပ်ကြီး ကျေနပ်နေတာပဲ"

 

"ဒါမှမဟုတ် အခုအချိန်မှာ ဘယ်သူက အကောင်းဆုံး ရွေးချယ်စရာလဲဆိုတာ နင် သေချာမသိသေးလို့လား ? နင့်အထင် ယန်ဟုန်နဲ့ဆိုတည်ငြိမ်တဲ့ဘ၀ရှိတယ်လို့ နင် မထင်ထားဘူး ဒါကြောင့် အနာဂတ်မှာအလားအလာရှိတဲ့ စွင်းမိုလိုလူမျိုးက နင့်အတွက် အရမ်းဆွဲဆောင်မှုရှိနေတာပဲ၊ ဒါ့ကြောင့် နင် လှေနံနှစ်ဖက်နင်းချင်နေတာမလား"

 

[ငါ ဖေးကျဲရဲ့ Fan Girl လေးဖြစ်နေပြီလို့ ခံစားရတယ်။ ဒါက လုံးဝကွက်တိပဲ။]

 

[ဖေးကျဲက တော်လိုက်တာ! တကယ့်ကို ချက်ကောင်းထိသွားတာပဲ]