Ch 90
Viewers 24k

🍉 Chapter 90

 

 

 

စွင်းမိုသည် မေးခွန်းအတွက် အနည်းငယ်ရှက်ရွံ့စွာ ခံစားလိုက်ရပြီး "ငါတို့ အာရုံစိုက်မှုတွေကို ဆွဲဆောင်နိုင်ဖို့အတွက် ငါ့ရဲ့ကျွမ်းကျင်တဲ့အပိုင်းကို အရင်ဆုံးသုံးနိုင်မယ်လို့ ထင်ခဲ့တာ၊ နောက်တော့ PK အတွက်..."

 

"စွင်းမို၊ ငါ့ကို ငတုံးလို့ ထင်နေတာလား ? နင်က နင့်ပုံရိပ်ကိုပြောင်းလဲဖို့အတွက် ဒီကိုရောက်နေတယ်ဆိုတာ နင့်ပရိသတ်တွေအကုန်သိတယ်။ အာရုံစိုက်မှုတွေကိုစွဲ ဆောင်ဖို့ ဒါကိုအားကိုးရမယ်လို့ နင်ထင်နေတာလား?"

 

ဖေးမင်ရွမ်က ပြင်းပြင်းထန်ထန်ကြိမ်းမောင်းသည်။

 

"လူတိုင်းက နင်ရဲ့အပြောင်းအလဲတွေကို မြင်ရဖို့ ဒီရှိုးကို စောင့်နေကြတာ၊ နင်ရဲ့ အောင်မြင်မှုတွေပေါ်မှာ အနားယူဖို့ မဟုတ်ဘူး"

 

 

စွင်းမို၏မျက်နှာသည် ချက်ချင်းပင် နီရဲနေရာမှဖြူဖျော့သွားသည်။

 

"ဒါ ပေမယ့် ဒီလိုဇာတ်စင်မျိုးမှာ စိတ်ခံစားမှုဇာတ်ကွက်တွေကိုမပြရတာ တော်တော်ဆိုးတယ်။ ငါတို့ ဇာတ်ညွှန်း လည်း ခေါင်းစဉ်နဲ့ လိုက်ဖက်ပါတယ်။ ဒီတစ်ခေါက်ပဲ..."

 

မူလက ဖေးမင်ရွမ်သည် စွင်းမိုနှင့်ရှုမုန့် တို့ကြားမှ အခြေ အနေကို လုံးဝမသေချာခဲ့သော်လည်း ယခုအခါ သူမသည် 100% သေချာနေပြီဖြစ်သည်။

 

ဤသည်မှာ စွင်းမိုမှ ရှုမုန့် အတွက် သူ၏ပုဂ္ဂိုလ်ရေး ခံစားချက်တွေအား ထုတ်ပြခဲ့သည်မှာထင်ရှားသည်။

 

“အခု အခွင့်အရေးတိုင်းက အရမ်းတန်ဖိုးကြီးတယ်။ နင့်ရဲ့ကလေးဆန်မှုတွေနဲ့ ပရိသတ်တွေရဲ့မျှော်လင့်ချက်တွေ နင့်ရဲ့အနာဂါတ်ကို စွန့်လွှတ်လိုက်ဖို့ထိ ဆန္ဒရှိလား"

 

ဖေးမင်ရွမ်က ဒေါသတကြီးအပြစ်တင်လိုက်သည်။

 

 "ပြန်ပြောင်းလိုက် စမ်း၊"

 

စွင်းမိုသည် ရှုမုန့်ရှေ့ကလေးတစ်ယောက်ကဲ့သို့ ကဲ့ရဲ့ ပြစ်တင်ခံရခြင်းကို မလိုလားပေ။

 

"လုံလောက်ပြီ၊ ဒါ ငါ့ဇာတ်စင်၊ ငါ ဆုံးဖြတ်လိုက်ပြီ။ မင်း ဘာမှထပ်ပြောနေစရာမလိုဘူး။ ငါ မပြောင်းဘူး။”

 

စွင်းမို၏အသွင်ကူးပြောင်းမှုတွင် မရေမတွက်နိုင်သော ပရိသတ်များသည် စိတ်ပိုင်းဆိုင်ရာအပြင် ရုပ်ပိုင်းဆိုင် ရာအထောက်အပံ့များအား နေ့ရောညပါ ပံ့ပိုးပေးခဲ့ကြသည်မှာ မှတ်သားထိုက်သည်။ သူတို့ ပံ့ပိုးပေးသော ပုဂ္ဂိုလ်သည် စစ်မှန်သော စွမ်းဆောင်ရည်မရှိပဲ စိတ် ခံစားမှုကင်းမဲ့သည့် မသေမျိုးသခင်ဇာတ်ရုပ်ကိုသာ သရုပ်ဆောင်နိုင်ခြင်းကြောင့် လှောင်ပြောင်ခံရမည်ကို စိုးရိမ်နေကြသည်။ စွင်းမို၏အရည်အချင်းများအား ယုံကြည်ကြပြီး ဒါဟာ သူ၏စွမ်းဆောင်ရည်အပြည့်အဝကိုပြသခွင့်မပြုသည့် ဈေးကွက်တစ်ခုမျှသာဖြစ်သည်ဟု ယူဆကြသည်။

 

ထို့ကြောင့်ပင် စွင်းမို၏ပရိသတ်များသည် သူ၏အသွင်ပြောင်းလဲမှုအား အရမ်းအားပေးခဲ့ပြီး မျှော်လင့်ခဲ့ကြသည်။ သူတို့သည် စွင်းမိုအတွက် အုတ်မြစ်ချမှုများကိုပင်အစောပိုင်းကတည်းက အွန်လိုင်းပေါ် တွင်ပြုလုပ်ခဲ့ကြသည်။

 

သူ့ စွမ်းဆောင်ရည်က လူတွေ မျှော်လင့်ထားသလိုမဖြစ်သည့်အတွက် ဝေဖန်ခံရလျှင် ဘာဖြစ်မည်နည်း ? အသွင်ပြောင်းလဲမှု မအောင်မြင်ပါက ဘာဖြစ်မည်နည်း?

 

လူတိုင်းသည် ၎င်းတို့၏ မျှဝေထားသော အိပ်မက်များအား ဂရုတစိုက်ကာကွယ်ရင်း စွင်းမိုအတွက် ဦးနှောက် ခြောက်နေကြသည်။

 

သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပေါ်လာသည့်အရာသည် စိတ်ခံစားချက်မရှိသည့်မသေမျိုးသခင်ဖြစ်ပြန်သည်။ ၎င်းအပေါ် ပရိသတ် များမည်သို့ခံစားရမည်နည်း?

 

ဖေးမင်ရွမ်သည် ဒေါသကြောင့် စကားမပြောနိုင်လုနီးပါးပင်။ သူသည် စွင်းမိုအတွက် ချောမွေ့ သောလမ်းကြောင်းအား ရှင်းရှင်းလင်းလင်း စီစဉ်ထားခဲ့သော်လည်း သူက တော့ မြောင်းထဲသို့ ခုန်ချရန် အခိုင်အမာပြောနေသည်။ ဖေးမင်ရွမ်သည် စွင်းမိုအား ပထမဆုံးအကြိမ်တွေ့ ဖူး သကဲ့သို့ ခံစားလိုက်ရသည်။

 

အတိတ်တုန်းက သူသည် အဖျားကြီးနေလျှက်နှင့်ပင် ဇာတ်ညွှန်းတိုင်းကို အလေးအနက်ထားပြီး အပြင်းအထန် ကြိုးစားခဲ့သည်။ ထို့ပြင် သူ့ အလုပ်က သူနှင့်ရော သူ့ပရိသတ်များနှင့်ပါ သက်ဆိုင်သည်ဟုပြောခဲ့ဖူးသည်။

 

သို့သော် ယခုမူ…

 

[စွင်းမိုက အခု လုံးဝကို ချိန်ကိုက်ဗုံးတစ်လုံးလိုဖြစ်နေတာ ပြီးတော့ အချစ်နာကျနေတယ်။ ဖေးကျဲ အတွက်တော့ ခက်လိမ့်မယ်။]

 

အဖြစ်အပျက်များမှာ ဆက်တိုက် ဖြစ်ပေါ်နေရာ အရည် အချင်းအရှိဆုံးမန်နေဂျာပင်လျှင် ၎င်းအား မကိုင်တွယ်နိုင်ချေ။ အဆုံးတွင် ဖေးမင်ရွမ်သည် မှုန်ကုပ်ကုပ်မျက် နှာဖြင့် ထွက်ခွာသွားသည်။

 

အတင်းအဖျင်းအုပ်စုသည် ချက်ချင်းပြန်ဆုတ်သွားသည်။ နောက်ထပ်ဘာတွေ ဆက်ဖြစ်သလဲ ဆိုတာကို သူတို့ မမြင်ကြချေ။

 

သို့သော် ထိုနေရာတွင် ကျီဖေးနှင့်အတူရှိနေသည့် ချင်ကျောက်နှင့် ချင်ရုန်တို့သည် အခြေအနေကိုသိနေကြဆဲဖြစ်သည်။

 

[ စွင်းမိုရော ထွက်သွားတာလား ? ကောင်းပြီ၊ သူက လင် ကြီးယန်ဟုန်ကို မျက်နှာချင်းမဆိုင်နိုင်ဘူးပဲ။ အမှန်တော့၊ ဒါက စိတ်ခံစားမှု ဇာတ်ကွက်တွေနဲ့ ဇာတ်ညွှန်းအသစ်ဖြစ်ရင်တောင် ပွေ့ ဖက်နမ်းရှုံ့စရာအကြောင်းမရှိဘူး။ ရှင်းပြက ရှုမုန့် တစ်ယောက်တည်း ကျန်တော့တယ်။]

 

[ရှုမုန့် လည်း အပြစ်ရှိသလိုခံစားနေမှာသေချာတယ်။ တကယ်တမ်းပြောရရင် သူ ဒီလို အများပြည်သူနဲ့သက် ဆိုင်တဲ့ နေရာမျိုးမှာ ဒီလို အခြေအနေမျိုးကိုရှောင်ချင်ရင်လွယ်ပါတယ်။ သူက ဒီဇာတ်ရုပ်မှာ ပါဝင်နေတယ်လို့ ပြောမယ်ဆိုရင် ပြဿနာမရှိနိုင်ဘူး။ အပေါ်ယံမှာ တော့ သူက အမြဲတမ်း ဖိအားပေးခံနေရသလိုမျိုး သူ့ကိုယ်သူထိန်းမရသလိုပြုမူနေပြီး တကယ်လက်တွေ့ ကျတော့ သူက ဒီအတွန်းအထိုးတွေမှာ အရသာတွေ့ နေတာ။]

 

ချင်ကျောက်နှင့် ချင်ရုန်နှစ်ယောက်လုံး အစောကယန်ဟုန်ပြောခဲ့သည့် ဇာတ်ကြောင်းအား လုယူခံရခြင်းသည် သူတို့၏ပူးပေါင်းဆောင်ရွက်မှုအား မထိခိုက်စေချင်၍ လွတ်မြောက်ဖို့ လမ်းစပေးလိုက်သည်ဟု ခံစားမိလိုက်သည်။

 

သို့သော် ရှုမုန့်နှင့် နှစ်ယောက်တည်းအတူနေသည့်အခါ သူ့အား ထိပ်တိုက်ရင်ဆိုင်ရမည်ဖြစ်သည်။

 

အဆုံးတွင် ရည်းစားဟောင်းနှင့် ဟိုလိုလိုဒီလိုလိုဖြစ်နေ သည်ကို မည်သူက သည်းခံနိုင်မည်နည်း ? ယန်ဟုန်ဘာဆက်လုပ်မည်ကို သူတို့ သိချင်နေကြချိန်မှာပင် ကျီဖေး၏စိတ်ထဲမှ စူးရှသည့်အာမေဋိတ်သံကို ကြားလိုက်ရသည်။

 

[အိုး မိုင်.. သူ့ကို ရှင်းပြဖို့တောင် ဘာမှမတောင်းဆိုတော့ဘူး၊ ချက်ချင်းကြီး ဆွဲနမ်းပစ်လိုက်တယ် ? ဘာတွေဖြစ်နေတာလဲ ? ရှုမုန့်ရဲ့ ပါးစပ်ထဲမှာ ပျားရည်တွေမရှိဘူးလေ၊ သူ့ရည်းစားဟောင်းရဲ့တံတွေးတွေပဲရှိတယ်၊ ယောက်ျားတစ်ယောက်ရဲ့ ပိုင်ဆိုင်လိုစိတ်က ဒီအဆင့်အထိ တကယ်ရောက်နိုင်ပါ့မလား? သူ မရွံဘူးလား?]

 

ကျီဖေးသာမက ချင်ကျောက်နှင့် ချင်ရုန်တို့ပင် အော်ဟစ်ချင်နေကြသည်။

 

[သူ ရှုမုန့်ကို အဲ့လောက်ချစ်တယ်ဆိုတာ တကယ်လား ? ခဏလေး၊ သူ တကယ် မရွံဘူးပဲ။ နမ်းပြီးတဲ့နောက်တောင် သူ့မျက်နှာကိုလက်နဲ့ပုတ်ပြီး မင်းကအရမ်းချိုတယ်လို့ ချီးကျူးလိုက်သေးတယ်၊ စွင်းမို ရှုမုန့်ကိုကြိုက်တာမအံ့ဩတော့ပါဘူး။ ကျေးဇူးပဲ၊ ငါ ထပ်အန်ချင်လာပြီ။]

 

ချင်ကျောက်နှင့် ချင်ရုန်: ဒီကောင် တကယ်ပုံမှန်ရောဟုတ်ရဲ့လား ?

 

[ရှုမုန်က ယန်ဟုန် သူ့ကိုသွယ်ဝိုက်ပြီး အပြစ်တင်နေတယ်လို့ထင်ပြီး အံ့ဩနေတယ်။ သူက မျက်ရည်တွေဝဲနေတဲ့ မျက်လုံးတွေနဲ့ အမြန်တောင်းပန်ပြီး နစ်နာသူလို လုပ်နေတယ်။ ဒါပေမဲ့ ယန်ဟုန်က တကယ်တော့ စိတ်မဆိုးဘူး၊ သူက မိုကောရဲ့ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိတာကို နားလည်တယ်ဆိုပါလား။]

 

 

ချင်ကျောက်နှင့် ချင်ရုန်– အိုးမိုင်ဂေါ့၊ မဟုတ်သေးဘူး၊ ဒါက ချစ်သူကောင်လေးအနေနဲ့ ပြောသင့်တဲ့စကားလား?

 

[အမှန်တော့ ရူးသွပ်မှုမှာ ကန့်သတ်ချက်မရှိဘူး။ နင်က ကြာခိုခံနေရုံ သပ်သပ်မဟုတ်ဘူး၊ နင်က တကယ်ရူးနေတာ။ ဒီကောင် ဘာတွေးနေတာလဲ? သူ့မှာ ရည်ရွယ်ချက်တစ်ခုခုရှိရမယ်၊ စစ်ကြည့်ရအောင်။]

 

ချင်ကျောက်နှင့် ချင်ရုန်တို့သည်လည်း စူးစူးဝါးဝါးနား စွင့်နေကြသည်။

 

[ထူးဆန်းတယ်... ငါ ဘာမှရှာမတွေ့ ဘူး... အိုး မိုင်၊ ဒါက ဘယ်လို အတင်းအဖျင်းမျိုးလဲ ? ချီးပဲ၊ ငါ အရင်က သုံးပွင့်ဆိုင်အချစ်ကို အရမ်းအာရုံစိုက်နေခဲ့ပေမယ့် ဘာမှ သတိမထားမိခဲ့ဘူး။ ယန်ဟုန်က စွင်းမိုရဲ့လျှို့ဝှက်ပရိတ်သတ်ပဲ]

 

ချင်ကျောက်နှင့် ချင်ရုန်: ဘာာာ ?

 

[ဘယ်သူမှမသိပေမယ့် သူ့ ဗီလာကအခန်းထဲမှာ စွင်းမို ကြော်ညာထားတဲ့ပစ္စည်းတွေနဲ့ ပြည့်နေပြီး စွင်းမိုနဲ့ သက် ဆိုင်တဲ့ အရာအားလုံးကိုစုဆောင်းထားတာပဲ။ သူကတကယ့်အမာခံပရိသတ်ပဲ။ ရိုင်းစိုင်းတဲ့အပြုအမူတွေဖော် ပြခဲ့တာတောင်မှ သူ စွင်းမိုကို သိပ်ချစ်စရာကောင်းတယ်လို့ထင်တာ မဆန်းတော့ဘူး။]

 

ချင်ကျောက်နှင့် ချင်ရုန်- ဒါ မမှန်ဘူးနော်။ သူ fan တစ်ယောက်ဖြစ်နေရင်တောင်မှ သူ့ idol ကို သူ့ဆီကနေကြာခိုခွင့်ပေးမှာမဟုတ်ဘူး။

 

[နေဦး၊ ဒီမှာ တစ်ခုခုဖြစ်နေပုံပဲ]

 

ချင်ကျောက်နှင့် ချင်ရုန်- သွားပြီ။ အရာအားလုံးထူးထူး ဆန်းဆန်းတွေဆီ ရောက်သွားတော့မယ်လို့ခံစားရတယ်။

 

ကျီဖေးသည် ပရိုမိုးရှင်းဗီဒီယိုအား ရိုက်ကူးပြီးနောက်  အွန်လိုင်းပေါ်တွင် ရုတ်တရက်ပေါ်လာသည့် CP ပရိသတ်အဖွဲ့ ငယ်လေးကို သတိရကာ ရုတ်တရက်အေးစိမ့်သွားခဲ့သည်။

 

[မဟုတ်ဘူး...မဖြစ်နိုင်ဘူး။]

 

[အဲဒါဆိုရင်... အရမ်းပေါက်ကွဲသွားလိမ့်မယ် !]

 

ကျီဖေး၏ယုတ်မာသောအပြုံးသည် ဒရာမာထဲပျော်ရွှင်မွေ့ လျော်နေရင်း ပျံ့နှံ့သွားသည်။

 

ချင်ကျောက်နှင့် ချင်ရုန်- အဲ့တာက ပေါက်ကွဲရုံတင်မကဘူး ၊ အဲ့တာက…… မထင်မှတ်ထားဘူး။

 

အဲဒီနောက်မှာတော့ ချင်ကျောက်ဟာ သူတို့ သုံးယောက် အတူတူအစမ်းလေ့ကျင့်နေတာကိုမြင်တိုင်း အဆင်မပြေဖြစ်ခဲ့သည်။

 

သူက “ယန်ဟုန်ကို Gay လို့ ထင်လား” ဟု ကောင်းဟောင်အား မမေးဘဲ မနေနိုင်တော့ချေ။

 

ကောင်ဟောင်မှ “ငါတော့ မထင်ဘူး။ လုပ်ငန်းထဲမှာလဲ ကောလဟာလတွေ မရှိဘူး၊ ပြီးတော့ သူက တော်တော်လေးကို ပလေးဘွိုင်းဆန်တယ်၊ အမြဲတမ်း ခပ်ချောချော မိန်းမတွေနဲ့ပဲ ချိန်းတွေ့ နေတာ။ ဒါပေမဲ့..” ဟု အံ့သြတကြီးနှင့်ပြန်ဖြေသည်။

 

“ဒါပေမယ့် ဘာဖြစ်လဲ ?" ချင်ကျောက် ချက်ချင်းစပ်စုလိုက်သည်။

 

"အဲ့တာက တိုက်ဆိုင်မှုလား ဘာလားတော့ ငါမသိဘူး၊ ဒါပေမယ့် သူ့ရဲ့လက်ရှိချစ်သူဖြစ်တဲ့ စွင်းမိုရဲ့ရည်းစားဟောင်းကလွဲရင် နောက်ထပ်ပုံစံတစ်ခုကို ငါ သတိထားမိတယ်။ သူ့ရဲ့အရင်က ရည်းစားဟောင်းတွေအားလုံးက   စွင်းမိုနဲ့အတူ သရုပ်ဆောင်ဖူးတဲ့သူတွေကြီးပဲ“

 

ချင်ကျောက် ထိပ်လန့်သွားသည်။ သူသည် စွင်းမိုနှင့်ပတ်သက်သည့် အရာအားလုံးကိုစုဆောင်းထားသည်။

 

ဒါက ပရိသတ်တစ်ယောက်ရဲ့အပြုအမူလား ဒါမှမဟုတ် သူ့မှာ တခြားရည်ရွယ်ချက်ရှိတာလား ?

 

မကြာမီ အခြားအဖွဲ့ ၏ PK တိုက်ရိုက်ထုတ်လွှင့်မှု စတင်တော့မည်ဖြစ်သောကြောင့် ၎င်းတို့သည် စောင့်ဆိုင်းဧရိယာ၌စုဝေးခဲ့ကြသည်။

 

ကျီဖေးနှင့် ချင်ကျောက်တို့သည် အတူတူထိုင်နေသည့်  စွင်းမိုနှင့် ယန်ဟုန်တို့အား တစ်ချက်တစ်ချက်လှမ်းမကြည့်ပဲ မနေနိုင်ခဲ့ပေ။

 

ယန်ဟုန်သည် စွင်းမိုနှင့် တီးတိုးရယ်မောနေပြီး စောစောက သူ့ချစ်သူအနမ်းခံရသည့်ကိစ္စသည် သူ့အပေါ် တစ်စုံ တစ်ရာသက်ရောက်မှု မရှိသကဲ့သို့ပင်။

 

အခြားအဖွဲ့မှ PK သည် အတင်းအဖျင်းများမရှိသော ကြောင့် လူတိုင်း မှန်မှန်လေးပဲဖျော်ဖြေသွားကြသည်။ ကြည့်ရှုမှုသည် ယခင် အပိုင်း၏ထက်ဝက်နီးပါးလောက်ဖြစ်သည်။ ဒါရိုက်တာနှင့် ထုတ်လုပ်သူမှ အနည်းငယ် စိတ်ပျက်သွားကြသည်။ မျက်နှာချင်းဆိုင်ဇာတ်ကွက်မျိုးသည် ထိတ်လန့်စရာဖြစ်သော်လည်း ထိုကဲ့သို့ကျော် ကြားမှုမျိုးနှင့် တွေ့ ကြုံပြီးသည့်နောက်တွင် မည်သူက ထိုသာမညောင်ညအဆင့်အား ကျေနပ်မှုရှိနိုင်မည်နည်း ?

 

 

တိုက်ရိုက်ထုတ်လွှင့်မှုအပြီးတွင် ၎င်းတို့သည် ၎င်းတို့၏ မန်နေဂျာများ၊ လက်ထောက်များနှင့်တွေ့ ဆုံရန် စင်မြင့် အနောက်ဘက်သို့ထွက်သွားကြသည်။

 

ကျီဖေးသည် ဖေးမင်ရွမ်နှင့် ကောင်းဟောင်တို့ ပျော်ရွှင်စွာစကားပြောနေသည်ကို တွေ့ လိုက်ရသည်။ သူသည် နောက်ဆုံးအကြိမ်က စိတ်တည်ငြိမ်မှု ပျောက်ဆုံးသွားသော်လည်း၊ ပရော်ဖက်ရှင်နယ် မန်နေဂျာတစ်ဦးသည် ၎င်းတို့၏အဖွဲ့ နှင့် ဆက်ဆံရေးကောင်းအားတည် ဆောက်ခြင်းကဲ့သို့ ပရော်ဖက်ရှင်နယ်အရာများကို ဆက် လက်လုပ်ဆောင်နေရဦးမည်ဖြစ်သည်။ သူက သူတို့အား ညစာအတွက် ဖိတ်ခေါ်ခဲ့သည်။

 

“မင်းတို့နှစ်ယောက်ကို တောင်းပန်ချင်ပါတယ်။ ဒီတစ်ခါ က ငါတို့ရဲ့အမှားပါ။ အစက ခေတ်သစ်ဒရာမာပုံစံမျိုး ဖျော်ဖြေဖို့သဘောတူခဲ့ပေမယ့် ညှိနှိုင်းမှု အဆင်မပြေခဲ့တဲ့အတွက် မင်းရဲ့ ဇာတ်ဝင်ခန်းနဲ့ အံဝင်ခွင်ကျမဖြစ်တဲ့  မသေမျိုးနဲ့သာမန်လူအချစ်ဇာတ်လမ်းအဖြစ် ပြောင်းလဲလိုက်ရတာပါ။"

 

"ပုံစံ မတူတာက ပြဿနာမဖြစ်ပါဘူး" ဟု ချင်ကျောက်က ဘာမှမထူးခြားသလို ပြောလိုက်သည်။

 

ဒါပေမယ့် ဖေးမင်ရွမ်က ပြုံးပြီး "အဲ့ဒါမှန်ပေမယ့် ငါတို့ အရမ်းစိတ်မကောင်းဖြစ်နေတုန်းပဲ။ အဲ့ဒါကြောင့် ငါတို့ရဲ့ ဖိတ်ကြားချက်ကို ကျေးဇူးပြုပြီးလက်ခံပေးပါ။"

 

သူတို့၏ဇာတ်ညွှန်းအားအဆုံးတွင် ပြန်မပြောင်းသော် လည်း ဖေးမင်ရွမ်သည် အရှုပ်အထွေးများကို ရှင်းထုတ်နေရဆဲဖြစ်သည်။ သူက သူတို့အားပြုံးပြပြီး ပရိသတ်များအတွက်ပါပြင်ဆင်ပေးခဲ့ရသည်။

 

[သနားဖို့ကောင်းလိုက်တဲ့ ဖေးကျဲ၊ သူ့မှာ ရွေးချယ်စရာမရှိဘူး။ နောက်ဆုံးတော့ အခု သူတို့အားလုံးတစ်လှေတည်းစီးနေကြတာ။ တစ်ဖက်ကစပြီး အပုပ်နံ့ထွက်လာတာကိုသိပေမဲ့ ရွှံ့နံရံကိုထူထောင် ပြီး ပြေလည်အောင်လုပ်ရုံပဲတတ်နိုင်ခဲ့တယ်။]

 

သူတို့ စကားပြောနေရင်း စွင်းမိုနှင့် ယန်ဟုန်တို့ရောက် လာသည်။ ယန်ဟုန်က ချက်ချင်းပြုံးပြီး “ကျွန်တော့်ရည်းစားကို ခေါ်လာခဲ့လို့ရမလား ?"

 

များသောအားဖြင့်တော့ အဖွဲ့ နှစ်ဖွဲ့ ညစာအတူစားသည့်အခါ PK အဖွဲ့ တွေကြား လူမှုဆက်ဆံရေးကြောင့် ဇာတ် ပို့သရုပ်ဆောင်များအား ခေါ် လေ့မရှိကြပေ။

 

ဤအစမ်းလေ့ကျင့်ချိန်အတွင်းတွင် ဖေးမင်ရွမ်သည်     စွင်းမိုအား စောင့်ကြည့်နေခဲ့ပြီး နောက်ထပ်ဖြစ်ရပ်များကိုရှောင်ရှားရန် ရှုမုန့် နှင့် သီးသန့် အဆက်အသွယ်မပြု လုပ်လိုတော့ပေ။ ထိုစကားအားကြားလိုက်ရသည့် အခါတွင် သူ့မျက်နှာသည် ချက်ချင်းမည်းမှောင်သွားခဲ့သည်။

 

ကျီဖေးနှင့် တခြားသူများကတော့ ညစာစားရင်း အတင်း အဖျင်းပြောရမည်ကို သဘာဝအတိုင်းသဘောကျနေကြပြီး လုံးဝစိတ်ထဲမထားချေ။ ယန်ဟုန် ဘာတွေလုပ်နေလဲဆိုတာကို သူတို့ မသိခဲ့ကြပေ။