Ch 86
Viewers 24k

🍉 Chapter 86

 

 

 

ကျီဖေးသည် သိချင်စိတ်ကိုသည်းမခံနိုင်ဘဲ စွင်းမိုနှင့် ဖေးမင်ရွမ်အကြောင်း အတင်းအဖျင်းများကိုလှမ်းကြည့်လိုက်သည်။ ထိုအချိန် တံခါးဝမှ အသံများထွက်ပေါ်လာသည်။

 

စွင်းမိုနှင့် ရှုမုန့်တို့သည် မိုးကြိုးပစ်သလိုကွဲကွာသွားကြသည်။ ရှုမုန့်သည် သူ့ပါးစပ်ကိုအလျင်စလိုသုတ်လိုက်ပြီး စွင်းမို၏မျက်နှာသည် ပြာယာခတ်သွားကာ သူလုပ်လိုက်သမျှကို နားမလည်နိုင်သလိုဖြစ်သွားသည်။

 

"နင် ဒီမှာ ဘာလာလုပ်နေတာလဲ စွင်းမို၊ ဒါ အမျိုးသမီးသန့်စင်ခန်း!" သိသိသာသာ မကျေမနပ်အသံတစ်ခု ထွက်ပေါ်လာသည်။ ဖေးမင်ရွမ် သူတို့ကိုရှာဖို့ ခြေကျင်းဝတ်ပင်လည်သွားခဲ့သည်။

 

ဖေးမင်ရွမ်သည် ဆံပင်တိုတိုနှင့် ဖက်ရှင်နယ်ဆန်ဆန် Suit ၀တ်ထားသည်။ သူ့ အသားအရေသည်ဖြူဖျော့ဖျော့နေပြီး နှုတ်ခမ်းအရောင်ဖျော့ကာ ရုပ်သန့်သန့်လေးနှင့် Business ဝီးမန်းအမျိုးသမီးတစ်ဦး၏ပုံရိပ်ကိုပေးစွမ်းသည်။ သို့သော် ၎င်းတို့နှစ်ဦး၏အခြေအနေကိုစိုက်ကြည့်ရင်း သူ့အမူအရာသည် မည်းမှောင်လာကာ ဖတ်လို့မရတော့ပေ။

 

စွင်းမိုသည်နှုတ်ဆိတ်နေပြီး ရှင်းပြရန်မဝံ့မရဲဖြစ်နေကာ သူ့မျက်နှာမှာနီရဲနေသည်။

 

"အိုး ဘယ်လိုဖြစ်ပြီး ဒီမှာ နှစ်ယောက်အတူတူရှိနေကြတာလဲ ?"

 

ယန်ဟုန်၏အံ့အားသင့်သော အသံသည် သူဝင်လိုက်သည်နှင့်ထွက်ပေါ်လာသည်။ သူသည် အသက် 18 နှစ်အရွယ် ကောလိပ်အားကစားသမားကဲ့သို့ အရပ်ရှည်ကာ ချောမောသည်။ သူ၏ခန္ဓာကိုယ် တည်ဆောက်မှုသည်   စွင်းမိုထက်အနည်းငယ်ပိုကြီးပြီး ကျောင်းမြက်လေးဘွဲ့သည် ၎င်းနှင့် ကိုက်ညီသည်။

 

ယန်ဟုန်သည် စိုးရိမ်တဲ့လေသံဖြင့် "မုန့်မုန့် မင်း ဘာလို့ငိုနေတာလဲ"

 

[အခုတော့ ဒရာမာကပြီးသွားပြီ။]

 

ကျီဖေးက စိတ်ဝင်တစားနဲ့ ကြည့်ရှုခဲ့သည်။

 

ချင်ရှန့် : ...ဒါဆို တကယ်ပဲ ငါတို့သန့်စင်ခန်းထဲ meeting လုပ်နေကြတာလား ?

 

"ကျမ... ကျမ အဆင်ပြေပါတယ်၊ အားလုံးနားလည်မှုလွဲတာပါ၊ ကျမ မတော်တဆပြုတ်ကျသွားလို့ စွင်းလောင်ရှစ်က အသံကြားပြီး ကျမကို ကူညီပေးဖို့ဝင်လာထင်တယ်" ဟု ရှုမုန့်သည် စွင်းမိုအား ဂရုတစိုက်တစ်ချက်ကြည့်ကာရှင်းပြသည်။

 

စွင်းမိုသည် ယန်ဟုန် ရှုမုန့်အား သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး သူမ အဆင်ပြေမပြေမေးမြန်းကာ နဖူးကိုပင် ချစ်ခင်ယုယစွာနမ်းရှုံ့သည်ကို တည့်တည့်စိုက်ကြည့်လိုက်သည်။

 

စွင်းမို၏မျက်လုံးများထဲ လူသတ်ချင်စိတ်များပြည့်နှက်နေသော်လည်း ဖေးမင်ရွမ် သူ့အား ဆွဲယူဆုပ်ကိုင်လိုက်သည် ။

 

[အား၊ အကြည့်တွေကသေလောက်တယ်]

 

"ကောင်းပြီ၊ ဒီနေရာက စကားပြောရမယ့်နေရာမဟုတ်ဘူး၊ အပြင်သွားကြရအောင်"

 

ဖေးမင်ရွမ်က ခေါင်းကိုက်သလိုလို မျက်ခုံးတွန့်ကာပြောလိုက်သည်။

 

"ဟုတ်တယ် အပြင်ထွက်ပြီးဆက်ဆွေးနွေးကြရအောင်" ဟုယန်ဟုန်သည် ရှုမုန့်အားဖေးမကာ ၎င်းတို့ထွက်သွားချိန်မှာပြောခဲ့သည်။

 

စွင်းမို ရုတ်တရက်အေးစက်စွာပြောလိုက်သည်။

 

"အဲ့လိုလား ? မစ်ရှုရဲ့ ထင်မြင်ချက်ကို ဘာလို့ အရင်မမေးကြည့်ရမှာလဲ ? သူ့ကြည့်ရတာ သဘောတူပုံမပေါ်ဘူး"

 

ရှုမုန့် တုန်လှုပ်သွားသည်။

 

ဖေးမင်ရွမ်အံ့အားသင့်သွားကာ စွင်းမိုအားသံသယဖြင့် ကြည့်လိုက်သည်။ ရှုမုန့် ဘယ်လိုဖြေမယ်ဆိုတာ စွင်းမိုသိပြီးသားလား ?

 

[အင်း၊ သူတို့ အခုလေးတင် နမ်းပြီးကြတာ]

 

ယန်ဟုန် သူ့ရင်ခွင်ထဲကအမျိုးသမီးကို ကြည့်လိုက်ပြီး

 

"မုန့်မုန့် ၊ ဧည့်သည်သရုပ်ဆောင်ဆိုတာ မင်းအတွက် အခွင့်အလမ်းတစ်ခုပဲ၊ အဲဒါကို မင်း သိသင့်တယ်။ နောက်ပြီး မင်းငါ့ကို လက်ထပ်ချင်တယ်လို့ မင်းပဲ ပြောတာမဟုတ်ဘူးလား။ တစ်တိုင်းပြည်လုံးရဲ့ ပရိသတ်ရှေ့မှာ ငါမင်းကို Purpose လုပ်ချင်တယ်၊ အဲ့တာ မကောင်းဘူးလား ? တကယ်လို့ မင်း ငါ့ကို အခုငြင်းမယ်ဆိုရင် ငါ Purpose လုပ်ဖို့ကို ချက်ချင်းစွန့်လွှတ်လိုက်မယ်။"

 

စွင်းမို၏အမူအရာပြောင်းသွားပြီး ရှုမုန့်အားစိုက်ကြည့်လိုက်သည်။

 

ရှုမုန့် သြ့အား မော့မကြည့်ဝံ့သလို သနားစရာကောင်းပြီး စကားမပြောချင်သလို ခေါင်းငုံ့ထားသည်။

 

ယန်ဟုန်၏မျက်လုံးများ တဖျပ်ဖျပ်လက်ကာ

 

"အင်းပါ၊ မင်း မလုပ်ချင်ရင်..."

 

"ကျမ လုပ်ချင်ပါတယ်" ရှုမုန့် သူ့အသံထဲ ယုံကြည်ချက်နှင့်ပြတ်သားမှုတို့ကင်းမဲ့သော်လည်း ၎င်းသည်တွန့် ဆုတ်နေသော ဆုံးဖြတ်ချက်တစ်ခုလိုပင်။ စကားပြောပြီးနောက် သူမ ခေါင်းမော့ကာ စွင်းမိုအားအပြစ်တင်သလိုကြည့်လိုက်သည်။

 

"အရမ်းကောင်းတယ်၊ ငါ သိသားပဲ"

 

ယန်ဟုန်က ဝမ်းသာအားရပြောလိုက်သည်။ စွင်းမိုအား မော့ကြည့်လိုက်ပြီး စွင်းမိုသည်ဖြူဖပ်ဖြူရော်ဖြစ်နေကာ သူ့မျက်လုံးများသည် ရှုမုန့်အား သားကောင်ကိုစိုက်ကြည့်နေသကဲ့သို့ မမှိတ်မသုန်စိုက်ကြည့်နေခဲ့သည်။

 

"မိုကော၊ အခု ပြဿနာမရှိတော့ဘူးနော်"

 

စွင်းမို အေးစက်စွာပြန်ပြောသည်။

 

"ဟမ်၊ ယန်ဟုန်၊ မင်းကံကို အရမ်းတွန်းမနေနဲ့။ အဲ့ဒါက မင်းရဲ့ကိုယ်ရေးကိုယ်တာ ထုတ်ဖော်ပြောရမယ့် စင်မြင့်မဟုတ်ဘူး။ ငါတို့က အဖွဲ့ပဲ၊ ပါတနာတွေ၊ ငါက မင်းရဲ့ ခြေနင်းခံ ကျောက်တုံးမဟုတ်ဘူး။"

 

ဖေးမင်ရွမ် သက်ပြင်းချလိုက်သည်။ အနည်းဆုံးတော့   စွင်းမိုသည် ရှုမုန့်နှင့် ပတ်သက်ပါက ခေါင်းမပျက်သေးပေ။

 

"ဟုတ်တယ်၊ ယန်လောင်ရှစ်၊ ရှင့်ရည်းစားကို ဧည့်သည်သရုပ်ဆောင်အဖြစ်ကမ်းလှမ်းတာပဲဖြစ်ဖြစ်၊ ဒါ ရှင့်ရဲ့စင်မြင့်၊ ရှင့်ရဲ့နာမည်ကျော်ကြားမှုနဲ့ပဲ သက်ဆိုင်တယ်။  ဒီလိုနည်းနဲ့ဆိုရင် ငါတို့ စွင်းမိုက မင်းအတွက်အထောက်အပံ့ဖြစ်သွားလိမ့်မယ်။ အဲ့ဒါ သိပ်မသင့်တော်ဘူး။ ကုမ္ပဏီဘက်က တောင်းဆိုလာရင်တောင် ကျမတို့ဘက်က အဆုံးထိငြင်းမှာပါ"

 

ယန်ဟုန် အကူအညီကင်းမဲ့သလိုဖြစ်နေသည်။

 

"တကယ်တော့ မင်းရဲ့ Spot Light ကို ခိုးဖို့တကယ်မရည် ရွယ်ပါဘူး။ မိုကောနဲ့ ကျနော်တို့ နှစ်ယောက်စလုံး လမ်း ကြောင်းအကူးအပြောင်းမှာ အရေးကြီးတဲ့ကာလတစ်ခု ကိုရောက်နေပြီ၊ ဒီအခွင့်အရေးကို ကောင်းကောင်းအသုံးမချရင် အနာဂတ်မှာပိုခဲယဉ်းလာလိမ့်မယ်။ Idol အဖွဲ့က အရမ်းနာမည်ကြီးတယ်၊ ထူးထူးခြားခြားတစ်ခုခုမလုပ်ရင် ကျနော်တို့ အရိုက်ချခံလိုက်ရမှာပဲစိုးတယ်။"

 

ထိုအချက်က ယုတ္တိရှိပေသည်။

 

သို့သော် ဖေးမင်ရွမ်အစိုးရိမ်ဆုံးကတော့ စွင်းမို၏အ တိတ်ဆက်ဆံရေး ဖောက်ထွင်းခံရနိုင်ခြေပင်။ စွင်းမိုသည် အနုတ်လက္ခဏာဆောင်သော အကျိုးဆက်အား လုံးကိုလက်ခံထားစဉ် ယန်ဟုန်သည် အကျိုးကျေးဇူးအားလုံးကိုခံစားရမည်ဟု အဓိပ္ပါယ်ရသည်။

 

ဖေးမင်ရွမ်က မတုံးပေ။ သူ့ အနုပညာရှင်၏အကျိုးစီး ပွားကိုကာကွယ်ရန် ပြတ်ပြတ်သားသားငြင်းဆန်လိုသည်မှာ သဘာဝဖြစ်သည်။

 

ပုံမှန်အလုပ်ကိစ္စများအား ဖေးမင်ရွမ်ကသာဆုံးဖြတ်လေ့ရှိသည်။ သို့သော် သူ စကားမပြောမီ စွင်းမို ရုတ်တရက် လေသံပြောင်းလိုက်ပြီး "မင်းတို့ရဲ့ Purpose ပလန်ကတော့မဖြစ်နိုင်ဘူး။ ဒါပေမယ့် ဧည့်သည်သရုပ်ဆောင်ကိစ္စကိုတော့ ငါ့ဘက်က သဘောတူပေးနိုင်ပါတယ်။ ငါဘက်ကလည်း ဟန်ချက်ညီအောင် လူသိရှင်ကြားတစ်ခု ခုတော့လုပ်သင့်တယ်"

 

ရှုမုန့် ရုတ်တရက်ဆိုသလို စွင်းမိုအားကြည့်ပြီး ပျားတုပ်ခံလိုက်ရသလိုတုန်လှုပ်သွားသည်။

 

စွင်းမိုသည် ရှုမုန့်အား စိန်ခေါ်သည့်အကြည့်ဖြင့်ကြည့်လိုက်သည်။

 

"မို‌ကော ဘာလုပ်ချင်လဲ ? ဘာမဆို ကျနော်တို့ အေးအေး ဆေးဆေးဆွေးနွေးလို့ရပါတယ်"

 

စွင်းမို ရုတ်တရက် ခေါင်းလှည့်ကာ ဖေးမင်ရွမ်အားညင် သာစွာကြည့်လိုက်သည်။

 

ဖေးမင်ရွမ် လန့်သွားပြီး နောက်တစ်လှမ်းဆုတ်လိုက်သည်၊ သို့သော် စွင်းမို၏ရင်ခွင်ထဲ ဆွဲသွင်းခံလိုက်ရသည်။

 

"တကယ်တော့၊ ငါ ရွမ်ကို သိပ်မကြာခင် Purpose လုပ်ဖို့ စီစဉ်နေတာ။ ဒီစင်မြင့်ကိုအသုံးချပြီး ရွမ်နဲ့ အတူ တစ်တိုင်းပြည်လုံးက ပရိသတ်တွေဆီက ကောင်းချီးမင်္ဂလာတွေခံယူချင်တယ်" ဟု စွင်းမိုသည် စိတ်အားထက်သန်စွာပြောလပြီး၊ အကြည့်များမှာလည်း ချစ်ခြင်းမေတ္တာများဖြင့်ပြည့်လျှံနေခဲ့သည်။

 

သို့သော် ဖေးမင်ရွမ်၏မျက်နှာမှာ မည်းမှောင်သွားသည်။ သူမ ပါးစပ်ကိုအကြိမ်ပေါင်းများစွာ ဖွင့်ချည် ပိတ်ချည်လိုပ်ကာ လျှာဖျားတွင်စကားလုံးများရှိနေ‌ခဲ့သော်လည်း အဆုံးတွင် သူမ ဘာမှမပြောခဲ့ပေ။

 

[...ဖေးကျဲ စိတ်ထဲမှာတော့ ကျိန်ဆဲနေလောက်တယ်။]

 

ချင်ရှန့်: ? ဖေးမင်ရွမ်က စွင်းမိုကို မကြိုက်ဘူးလား ?

 

"မင်းတို့နှစ်ယောက်က အတွဲလား ? ကော အရမ်းလိမ္မာပြီး တစ်ခါမှ အသံဗလံမထွက်ဘူးလို့ လူတိုင်းပြောနေကြတာ အံ့သြစရာမဟုတ်ဘူး၊ တကယ်တော့ မိုကောဘေးမှာတစ်ချိန်လုံးရှိနေခဲ့တာပဲ"

 

ယန်ဟုန်၏လေသံသည် အနည်းငယ် သဘာဝမကျသလို ဖြစ်သွားပြီး ရှုမုန့်အားဆုပ်ကိုင်ထားသည့်လက်ကိုပင်  လျော့ချလိုက်သည်။

 

ဖေးမင်ရွမ်သည် နောက်ဆုံးသည်းမခံနိုင်တော့ပဲ"ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ငါတို့ မဆွေးနွေးရသေးပါဘူး။ ဘာလို့ ဒီကိစ္စကို အရင်မဆွေးနွေးရမှာလဲ ?"

 

ယန်ဟုန်သည် စိတ်တည်ငြိမ်မှုကိုအမြန်ပြန်ရကာ ရှုမုန့် သည် ၎င်းတို့အားနေရာပေးလိုသည့်အတိုင်း ထွက်ပေါက်ဆီသို့ပို့ဆောင်ခဲ့သည်။

 

တံခါးပိတ်လိုက်သည်နှင့် ဖေးမင်ရွမ် စွင်းမိုအားချက် ချင်းတွန်းထုတ်လိုက်တယ်။

 

"နင် ရူးသွားပြီလား နင်ဘာတွေ အရူးထနေတာလဲ။"

 

စွင်းမိုက သတိပြန်ဝင်သွားသလို ဖေးမင်ရွမ်အားရုတ် တရက် "ရွမ်၊ ငါတို့ အတူတူရှိကြရအောင်။"

 

"ဘာ ?"

 

"ငါ ပြောတာ၊ အတူတူရှိကြရအောင်။ ရှုမုန့် အဲဒီစင်ပေါ်မှာဖျော်ဖြေရင် ငါ မင်းကို တရားဝင် လူသိရှင်ကြား Purpose လုပ်မယ်။"

 

"ခဏလေး! နင် ရှုမုန့်ကို နှောင့်ယှက်ဖို့လုပ်နေတာလား။ နင် လက်မလွှတ်နိုင်သေးဘူးလို့ မပြောနဲ့..."

 

"ငါ လက်မလွတ်နိုင်တာက ချစ်လို့မဟုတ်ဘူး၊ မုန်းလို့။ သူ ငါ့ကို နာကျင်အောင်လုပ်သွားတာကို ငါဘယ်တော့မှ ခွင့်မလွှတ်နိုင်ဘူး။ သူ့‌ထက်‌အရင် ပျော်ရွှင်မှုကိုရှာချင်တယ်၊ ငါ သူ့ထက်ပိုကောင်းတယ်ဆိုတာ သက်သေပြချင်တယ်။ ရွမ်၊ မင်း ငါ့အနားမှာနှစ်တွေအကြာကြီးနေလာခဲ့တာ ငါ့ရဲ့ အဆိုးဆုံးအချိန်တွေမှာလည်းနဲ့ ငါနဲ့အတူရှိပေးခဲ့တယ်။ ဒါတွေအားလုံး ငါ သိတယ်။ ငါ ဘယ်တုန်းကမှထုတ်မပြောဖူးပေမယ့် မင်းကို ဂရုစိုက်တယ်။ မင်းတစ်‌ ယောက်တည်းကသာ ငါ့ကို ပျော်ရွှင်မှုပေးနိုင်တယ်။ ငါတို့ အချိန်မဖြုန်းကြရ‌အောင်၊ ငါ့ Image ပြောင်းနေရင်းနဲ့ အခါအခွင့်သင့်နေမှတော့ ဘာလို့ မလုပ်ရမှာလဲ..."

 

[ဟယ်၊ နင့်နှုတ်ခမ်းတွေက အခုလေးတင် တခြားတစ်ယောက်ကိုနမ်းထားတာ‌လေ၊ အခုချက်ချင်း နင် အဲ့လိုစကားတွေ ပြောနိုင်တယ်ပေါ့၊ အဓိပ္ပာယ်မရှိတာတွေမပြောစမ်းပါနဲ့! ယောက်ျားတွေရဲ့စကားတွေက အကုန်အလိမ်တွေချည်းလား ?]

 

ယခုထိ သူ့ပါးစပ် အအုပ်ခံထားရသည့် ချင်ရှန့်...

 

စွင်းမို စကားပြောနေစဉ်စိတ်လှုပ်ရှားမှုကြောင့် ဖေးမင်  ရွမ်အားဖက်ထားရန် သူ့လက်ကိုမြှောက်လိုက်သည်။

 

"ရွမ်၊ ငါ မင်းကို ချစ်တယ်" ဟု လေးလေးနက်နက်ဝန်ခံခဲ့သည်။

 

ဖေးမင်ရွမ် စွင်းမိုအား တိုက်ရိုက်တွန်းထုတ်လိုက်သည်။

 

"နင် အတည်ပြောနေတာလား ? နင်က ငါ့ကိုကြိုက်တယ်"

 

စွင်းမို ခေါင်းညိတ်သည်။

 

"မင်းက ပရော်ဖက်ရှင်နယ်မန်နေဂျာတစ်ယောက်ဆိုတာ ငါ သိပါတယ်၊ မင်းက ငါပျက်စီးသွားမှာကို စိတ်ပူနေပေမယ့် ငါ မကြောက်ဘူး။ မင်းနဲ့အတူ အရာအားလုံးကို ရင်ဆိုင်ဖို့ဆန္ဒရှိတယ်။"

 

ဖေးမင်ရွမ် သူ့အသံသယစိတ်ဖြင့် အချိန်အကြာကြီး ကြည့်ကာ "နင် မူးနေပြီ၊ ငါတို့ ဒီအကြောင်းမပြောခင် ငြိမ်ငြိမ်လေးပြန်သွားလိုက်၊ Proposal အတွက်တော့ မေ့ထားလိုက်၊ ဖျော်ဖြေရေးကိစ္စနဲ့ပတ်သက်ပြီး ငါ ညှိနှိုင်းဖို့  နည်းလမ်းရှာကြည့်လိုက်မယ်"

 

ဖေးမင်ရွှမ်သည် တည်ငြိမ်အေးဆေးသည့် ရော်ဖက်ရှင်နယ်မန်နေဂျာဆိုသလိုပင်။