Ch 85
Viewers 24k

🍉 Chapter 85

 

 

[ရှုမုန့်က ယန်ဟုန် သူ့ကို Propose လုပ်ဖို့စီစဉ်နေမှန်းမသိခဲ့ဘူး။ သူ ဘာပြောရမှန်းမသိလောက်အောင် ထိတ်လန့်သွားတယ်။ ဖေးမင်ရွမ်က အေးအေးဆေးဆေးနဲ့ ဒါ Propose တစ်ခုလားလို့မေးတယ် ? ရှုံးရင်ကော ?]

 

 [ယန်ဟုန်က သူရှုံးရင် Propose လုပ်မှာမဟုတ်ဘူး၊ ဒါပေမယ့် အနိုင်ရရင် Propose ပြီး သူ့ရဲ့နာမည်ကျော်ကြားမှုကိုမြှင့်တင်နိုင်မယ်၊ သူ့ရဲ့အသက်မွေးဝမ်းကြောင်းကိုလည်းပြောင်းလဲဖို့ လမ်းခင်းပြီးသားဖြစ်သွားမယ်။ သူ အခု ရှုမုန့်ကိုတကယ်လက်ထပ်ချင်တယ်လို့ ထပ်ပြောခဲ့တယ်။ ဟမ်... သူငယ်ချင်း၊ နင့်ဟာက အရမ်းအတုအယောင် မဆန်ဘူးလား ?]

 

ချင်ရှန့်: ဒါက ပြောရခက်တယ်၊ အကျိုးအမြတ်အတွက် ဖျော် ဖြေရေးနယ်ပယ်ထဲ စာချုပ်ချုပ်ထားတဲ့ လက်ထပ်မှုတွေအ များကြီးရှိတယ်။

 

သို့သော် အခုနောက်ပိုင်းခေတ်စားနေတဲ့ သရုပ်ဆောင်တွေ အများစုကတော့လွှမ်းမိုးထားနိုင်သည်။ ကျားမ မခွဲခြားဘဲ လက်ထပ်လိုက်မည်ဆိုပါက ၎င်းတို့၏ကျော် ကြားမှုနှင့် အရင်းအမြစ်များသည် ထိပ်တန်းကြယ်ပွင့်တစ်ဦးအဖြစ်မှ လေးနက်သောသရုပ်ဆောင်အဖြစ်ကူးပြောင်းရန် ဆုံးဖြတ်ထားပြီးသားမဟုတ်ပါက ၎င်းတို့သည် ကြီးမားသောအောင်မြင်မှုရရှိမည်ဖြစ် သည်။

 

[ဟားဟား၊ ငါ ရယ်ရလို့ သေတော့မယ်။ ယန်ဟုန်က တကယ်ထူးဆန်းတာပဲ၊ သူက တကယ်တော့ သူ့ချစ်သူရဲ့ရည်းစားဟောင်းဆီက ကောင်းချီးကိုပါတစ်ခါတည်းလိုချင်နေတာ၊ စွင်းမိုနဲ့ ရှုမုန့်တို့ရဲ့မျက်နှာအမူအရာ‌တွေကတော့ အဖိုးဖြတ်နိုင်မှာမဟုတ်တော့ဘူး]

 

[ဒါပေမယ့် စွင်းမိုက နည်းနည်းလွန်သလိုပဲ၊ ရှုမုန့်က ဟန် ဆောင်တတ်တယ်၊ အခွင့်အရေးရဖို့ ယန်ဟုန်မတိုင်ခင် သကြားဖေဖေဘယ်‌လောက်ရှိခဲ့လဲမသိ ဆိုပြီး ချက်ချင်း လှောင်တာနော်၊ ယန်ဟုန်ကိုလည်း အရှက်မရှိတဲ့မိန်းမကို  လက်ထပ်ချင်တဲ့အတွက် တုံးလွန်းတယ်နောက်ကျလှည့် စားခံရလိမ့်မယ်လို့ပြောလိုက်သေးတယ်]

 

[သူ အရိုက်မခံရတာ ကံကောင်းတယ်ပြောရမယ်]

 

ချင်ရှန့် သည် သူနားထောင်နေစဉ် စုံစမ်းခဲ့ဖူးသည်ကို သတိရမိသည်။

 

စွင်းမိုသည် ရှုမုန့်အားထောက်ပံ့ရန် နေ့ရောညပါအလုပ် များလုပ်ခဲ့ပြီး အလုပ်အလွန်အကျွံလုပ်ခဲ့ခြင်းကြောင့် ဆေးရုံရောက်ခဲ့ရသည်။ သို့သော် ရှုမုန့် အားချမ်းသာသည့် ဒုတိယမျိုးဆက်အမွေဆက်ခံသူမှလိုက်ခဲ့သည်။

 

အဖြစ်မှန်ကြောင့်ရှုံးနိမ့်ခဲ့ရသည် နှစ်ပေါင်းများစွာ သူ့အနားရှိပေးခဲ့သော ဒဏ်ရာရနေသည့် သူမချစ်သူကို စွန့်လွှတ်ကာ မဆိုင်းမတွထွက်ခွာသွားခဲ့သည်။

 

ဤအရာသည် စွင်းမိုအားနှိပ်စက်ခဲ့ပြီး ရှုမုန့်အားအလွန်မုန်းတီးစေသည်။

 

[ဒါပေမယ့် ယန်ဟုန်ကတော့ လုံးဝစိတ်မဆိုးဘူးရော်၊ သူက သူ့ရည်းစားကိုချွင်းချက်မရှိယုံကြည်ထားသလိုမျိုး ရှုမုန့်ကအရမ်းကောင်းတယ်လို့ပြောလိုက်တော့ စွင်းမိုဒေါသထွက်သွားရော]

 

[သူက ချက်ချင်းကြီးအခြေအနေတစ်ခုသတ်မှတ်လိုက်တယ်- ရှုမုန့် သူ့ရှေ့မှာဒူးထောက်တောင်းပန်ပြီး အရက်တစ်ပုလင်းသောက်ရင် ပူးပေါင်းဖို့သဘောတူမယ်... သူ အဲ့လိုသည်းမခံနိုင်တဲ့ပုံနဲ့  ချုပ်ခြယ်လွန်းတဲ့အင်မော်တယ်သခင်အနေနဲ့ သရုပ်မဆောင်သင့်ဘူး၊ ချုပ်ခြယ်လွန်းတဲ့ CEO အဖြစ်သရုပ်ဆောင်သင့်တာ၊ အဲ့လိုပြောတာ သူ မရှက်ဘူးလား မသိဘူး။]

 

တကယ့် CEO ချင်ရှန့် : ?

 

[ရှုမုန့်က အရှက်ရတာကိုသည်းမခံနိုင်ဘဲ ထွက်ပြေးလာခဲ့တာကိုး။]

 

[အဲ့နောက် ဖေးမင်ရွမ်က စွင်းမိုကိုကြိမ်းမောင်းခဲ့တယ်။ စွင်းမို စိတ်အနှောက်အယှက်ဖြစ်နေပြီး တစ်ယောက် တည်းထွက်လာရန် ရင်ဘတ်ထဲမသက်မသာဖြစ်တယ်ဆိုပြီးထွက်လာခဲ့တာ‌ကိုး၊ ဖေးမင်ရွမ် သူ့ကိုတားဖို့ကြိုးစားရင်း ခြေကျင်းဝတ်လှည်သွားလို့ ယန်ဟုန် သူ့ကို ဂရုစိုက်ဖို့ကျန်နေခဲ့ရတာပဲ]

 

[ဖေးမင်ရွမ် သူ့ကိုအပြင်ထွက်ပြီး လူသွားရှာဖို့ပြောခဲ့တာကို သူ့ကိုလျစ်လျူရှုခဲ့တယ်။ ဒီယန်ဟုန်က တကယ်စိတ်လွတ်နေတာပဲ။]

 

ချင်ရှန့်: ထူးဆန်းတယ်၊ ဒီလူ ဘာတွေတွေးနေတာလဲ ?

 

အပြင်မှာ ရုန်းရင်းဆန်ခတ်ဖြစ်သံကြားသဖြင့် ကျီဖေးအံ့သြသွားသည်။

 

စွင်းမိုသည် ဒေါသကိုမျိုသိပ်ထားသကဲ့သို့ စူးရှသော အသံဖြင့် မေးသည်ကို သူ မြင်လိုက်ရသည် - "မင်းဘာလို့ ထွက်ပြေးနေတာလဲ၊ ငါကို ရင်ဆိုင်ဖို့အရမ်းကြောက်နေတာလား။"

 

"နင်...ငါ့ရှေ့ကဖယ်..."

 

ရှုမုန့်သည် သူမ၏နူးညံ့သောအဖြူရောင် လက်ကောက် ဝတ်များဖြင့် စွင်းမို၏ရင်ဘတ်အားတွန်းလိုက်သော် လည်း သိသိသာသာခွန်အားခြင်းကွာခြားမှုကြောင့် သက် ရောက်မှုမရှိခဲ့ပေ။ ဒါ ဆန်းမိုကို ပိုပြီးဒေါသထွက်စေခဲ့သည်။

 

စွင်းမိုသည် ရှုမုန့်၏လက်နှစ်ဖက်ကိုလက်တစ်ဖက်တည်းနှင့်ဆုပ်ကိုင်လိုက်ပြီး သူမရဲ့ခေါင်းထက်မှာချုပ်ထားလိုက်သည်။ ရှုမုန့် ရုန်းကန်လိုသော်လည်း နူးညံ့သိမ်မွေ့သောအလှလေးကဲ့သို့ ခွန်အားမရှိပုံရသည်။ သနားစရာကောင်းသောမျက်ရည်ဝေ့သီနေသည့် မျက်လုံးများဖြင့် စွင်းမိုအား မော့ကြည့်ရုံသာတတ်နိုင်သည်။

 

[ဒီမြင်ကွင်းကို တီဗီမှာသာမြင်ရရင် အော်ဟစ်ကြလိမ့်မယ်၊ ဒါပေမယ့် လက်တွေ့မှာကြတော့... ဘေး လူတစ်ယောက်အနေနဲ့ကြ‌တော့ သူ့ စိတ်တွေရှုပ်ထွေးနေတယ် - သုံးပုံတစ်ပုံမှာ တစ်ပုံက အရှက်ရတာ၊ တစ်ပုံကသိမ်ငယ်နေတာ၊ နောက်ဆုံးတစ်ပုံက စိတ်လှုပ်ရှားနေတာပဲ]

 

ချင်ရှန့် : ... မင်း အသေးစိတ်ရှင်းပြနေတာပဲ၊ နောက်တစ်ခါ အဲ့လိုမဖော်ပြနဲ့တော့။

 

စွင်းမို သူမအား ပြန်ကြည့်ကာအံ့အားသင့်သွားသည်။ ပြီးနောက် သူက ပြင်းပြင်းထန်ထန်ပြောလာသည်။

 

"ဒီပုံစံနဲ့ ဘယ်သူ့ကိုထပ်သွေးဆောင်ဦးမလို့လဲ ? ငါ့ကို ထပ်ပြီး အရူးလုပ်နိုင်လိမ့်မယ်လို့ထင်‌နေတာလား ?"

 

"ငါ... ငါ မဟုတ်ဘူး၊ စွင်းမို... နင်... နင် မဟုတ်တာတွေပြောနေတာပဲ။ ငါ ယန်ဟုန်ရဲ့ချစ်သူဖြစ်နေပြီ၊ ငါ့ကို လွှတ်လိုက်"

 

သူမ၏အသံသည် နူးညံ့ပြီး ညင်ညင်သာသာသဖြင့် ကျီဖေး နားရွက်များကိုတုန်လှုပ်သွားစေသည်။ သူ ချင်ရှန့်ရင်ဘတ်နှင့် နားရွက်ကိုမသိစိတ်ဖြင့် ပွတ်လိုက်သော် လည်းနေရာမမှန်ပေ။ ယခုဆိုလျှင် ရင်တထိတ်ထိတ်ခံစားရသည်မှာ ချင်ရှန့်အလှည့်ဖြစ်သည်။

 

ရှုမုန့် အနည်းငယ်ရုန်းကန်ခဲ့ရပြီး စွင်းမို၏နောက်ပြန်ဆွဲယူခြင်းကိုခံလိုက်ရသည်။

 

"ချစ်သူလား ?!" စွင်းမိုသည် သူ့သွားကြားမှစကားသုံးလုံးကို အံကြိတ်‌ပြောလိုက်ပုံရသည်။

 

"ဘာလဲ ? မင်း သူ့ကိုတကယ် လက်ထပ်ချင်နေတာလား။ သူ့ထက် ပိုကောင်းတဲ့တွဲဖက်ကိုရှာပြီး လက်ထပ်ဖို့မလုပ်တော့ဘူးလား ? ယန်ဟုန့်ရဲ့နောက်ခံက မင်းရဲ့ချမ်းသာတဲ့ရည်းစားဟောင်းလောက်တောင် မကောင်းဘူး။ ဒါမှမ ဟုတ် မင်း အသက်ကြီးလာလို့ သူ့ထပ် ပိုကောင်းတဲ့လူတွေကို မချိတ်နိုင်တော့တာလား"

 

"ဆွန်မို၊ နင် လူယုတ်မာ!" ရှုမုန့်၏လေသံသည် အဆုံးမဲ့ ဝမ်းနည်းမှုများပြည့်နှက်နေသကဲ့သို့ ချက်ချင်းဆိုသလိုရှိုက်သံထွက်ပေါ်လာသည်။

 

"မင်း ယန်ဟုန်ကို တကယ်ချစ်တယ်လို့တော့ ငါ့ကို မပြောနဲ့နော်၊ မင်းလိုလူက အချစ်ကိုနားလည်နိုင်လို့လား။"

 

ရှုမုန့် မျက်ရည်တွေကျလာပြီး "အဲ့ဒါ ငါ့ကိစ္စ နင်နဲ့မဆိုင်ဘူး။ ငါ ယန်ဟုန်ကိုချစ်တယ်၊ သူ့ကိုတကယ်ချစ်တယ်..."

 

စွင်းမို ဒေါသတကြီး ခြင်္သေ့တစ်ကောင်ကဲ့သို့ကျယ် လောင်သော ပေါက်ကွဲသံဖြင့် သူတို့အနားရှိ နံရံအားလက်သီးဖြင့်ထိုးလိုက်သည်။

 

ကျီဖေး: [...သူ အဲ့ဒါ မနာဘူးလားမသိဘူး ?]

 

"ယန်ဟုန်က အခု ငါနဲ့ Level အတူတူပဲ၊ မင်း သူ့ကို ဘယ်လိုလုပ်ချစ်နိုင်မှာလဲ ? လိမ်တာကိုရပ်လိုက် ရှုမုန့်"

 

[...သူတို့က Level အတူတူမို့လို့ ရှုမုန့် ယန်ဟုန့်ကိုချစ်နိုင်ရင် သူ့ကိုလည်း ချစ်နိုင်ရမယ်လို့ ပြောဖို့ကြိုးစားနေတာလား ? ဘာ့ကြောင့် သူမဟုတ်ရတာလဲလို့လား ?]

 

ချင်ရှန့် လည်း နားထောင်ပြီးတူညီသော အတွေးရှိခဲ့သည်။ သူ ငြင်းဆန်နေပုံရသော်ငြား သူ့ကိုစွန့်ပစ်ခဲ့သည့်ချစ်သူဟောင်းကို လက်မလွှတ်နိုင်သေးချေ။

 

သူစကားပြောနေစဉ် စွင်းမိုသည် ရှုမုန့်အားစိုက်ကြည့်နေခဲ့သည်။ ရှုမုန့် စကားမပြောဘဲ ပါးစပ်ကိုဖွင့်လိုက်၊ ပိတ်လိုက်နှင့် မျက်ရည်ကျသည်ကိုသာ မြင်လိုက်ရသဖြင့်    စွင်းမို၏မျက်လုံးများ တဖျပ်ဖျပ်လက်သွားသည်။

 

"ရှုမုန့်၊ မင်း ငါ့ဆီမှာ ဒီတစ်သက်ဆပ်ရင်‌တောင် မကြေနိုင်တဲ့ အကြွေးတစ်ခုတင်နေသေးတယ်။ ငါ မင်းကိုလွယ် လွယ်နဲ့ ခွင့်မလွှတ်ဘူး။ မင်းအတွက် မင်္ဂလာဆောင်ဝတ် စုံဖန်တီးပေးစေချင်သေးတယ်ပေါ့ အိပ်မက်မက်နေလိုက်။"

 

"စွင်းမို၊ နင်..." ရှုမုန့် စွင်းမိုအား ကြောင်တက်တက်စိုက်ကြည့်လိုက်သည်။

 

စွင်းမိုက ရုတ်တရက် "မင်း ငါ့အတွက် မင်္ဂလာဆောင် ဝတ်စုံဖန်တီးပေးရင်ကော၊ ငါ စဉ်းစားကြည့်လို့ရပါတယ်"

 

"ဘာကိုဆိုလိုတာလဲ?"

 

စွင်းမို ပေါ့ပေါ့ပါးပါး ရယ်မောရင်း "ငါ ရွမ့်ကို လက်ထပ်ဖို့စီစဉ်နေတယ်။ မင်း ဘာ့ကြောင့် Stage ကို ငါနဲ့ ရွမ်တွက် မထားပေးရမှာလဲ ? အဲ့လိုဆိုရင်တော့ ငါ မင်းကို ဇာတ်ပို့နေရာထားဖို့ စဉ်းစားပေးနိုင်ပါတယ်။ မင်းတို့နှစ်ယောက် ငါနဲ့ ရွမ်ကို ကောင်းချီးပေးလို့ရတာပေါ့။"

 

ရှုမုန့်သည် ရုတ်တရက်ဆန်သော ထိုးနှက်ချက်ကြောင့်   စွင်းမိုအားကြည့်ရင်း မျက်လုံးများပြာဝေကာ အသံများအက်သွားပြီး "နင်... သူ့ကို တကယ်လက်ထပ်ချင်တာလား ? ဒီလောက်နှစ်တွေကြာနေပြီ၊နင် တစ်ယောက် တည်းဖြစ်နေသေးတာ နင့် ဘေးမှာ သူရှိနေလို့ပေါ့။ ဒီကောလဟာလတွေက အမှန်ပေါ့ ?... သေချာပါတယ်... သေချာတယ်....နင်... ငါ့ကို မလိုချင်တော့ဘူး..."

 

နောက်ဆုံးအပိုင်းသည် စိတ်ပျက်စရာညည်းညူသံဟု ထင်ရပေမယ့် အသံသည် လူတိုင်းကြားရလောက်အောင် ကျယ်လောင်သည်

 

ကျီဖေး: ?

 

ချင်ရှန့်: ?

 

"မင်း ဘာပြောလိုက်တယ် ?!"

 

စွင်းမိုသည် ရုတ်တရက်တုန်လှုပ်သွားပြီး ပြင်းထန်စွာ စိုက်ကြည့်လာသည်။

 

သို့သော် ရှုမုန့်သည် သတိပြန်ဝင်သွားပုံရပြီး သူ့မျက်နှာထက် ထိတ်လန့်မှုတွေနဲ့ပြည့်နှက်နေကာ "ငါ ဘာမှမပြောလိုက်ပါဘူး၊ နင် နားကြားမှားတာ၊ ငါ့ကို လွတ်၊ ငါ ပြန် တော့မယ်..."

 

ကျီဖေး: [... နေပါဦး စိတ်ထဲကစကားကို ဘယ်သူထုတ်ပြောမိကြလို့လဲ ? မဟုတ်သေးဘူး၊ တစ်ယောက်ယောက်က သူတို့ရဲ့ခံစားချက်အစစ်အမှန်ကို မသိစိတ်ကနေ တကယ်ထုတ်ပြောကြမှာလား ? ပြီးမှ ထိတ်လန့်ပြီးငြင်းလိုက်မျိုးက အဲ့ဒါ ငြင်းဖို့ အရမ်းသိသာလွန်းတယ် မဟုတ်ဖူးလား ?]

 

ချင်ရှန့်: ငါ မယုံဘူး။

 

ဒါပေမယ့် စွင်းမိုကတော့ အဲ့ဒါကိုယုံတယ်။ ရှုမုန့် ရုန်းထွက်ဖို့ရုန်းကန်သဖြင့် သူ ထိန်းချုပ်မှုလွတ်သွားသည်။ ရှုမုန့်မျက်လုံးတွေနီရဲလာသဖြင့် သူ့ ခါးကိုဆုပ်ကိုင်ကာ အတင်းနမ်းလိုက်သည်။

 

"မင်း ငါ့ကို လိုချင်တယ်လို့သာပြောလိုက်၊ ငါ့ အသက်ပါပေးမယ်။"

 

ဟင့်အင်း၊ mmh..."

 

ရှုမုန့် ရုန်းကန်မှုအားကြည့်ရင်း၊ ကျီဖေး စွက်ဖက်သင့်သလားဟုတွေးတောရင်း တခဏမျှတုံ့ဆိုင်းသွားသည်။ သူမ ဘယ်လိုပဲတွေးနေပါစေ အတင်းအဓမ္မနမ်းခြင်းသည် အမျိုးသမီးတစ်ယောက်၏ဆန္ဒအားဆန့်ကျင်နေဆဲပင်။

 

သို့သော် နောက်တစက္ကန့်မှာတော့ စွင်းမို ပုခုံးအားထုမေသည့် ရှုမုန့်၏လက်သီးများသည် အားလျော့သွားပြီး သူ့လည်ပင်းကိုသိုင်းဖက်ထားသည့် ရှုမုန့်ရဲ့လက်တွေကို တွေ့လိုက်ရသဖြင့် နောက်တစက္ကန့်မှာ ကျီဖေးပါးစပ်တွေ လှုပ်ယမ်းသွားခဲ့သည်။ မသိစိတ်၏စေရာနောက်လိုက်ပါ သွားသလိုပင်၊ ၎င်းတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် စိတ်အားထက်သန်စွာပြင်းပြင်းပြပြနမ်း နေခဲ့ကြသည်။

 

ကျီဖေးသည် သူ့မျက်လုံးများအား ကြီးမားသောလက်တစ်စုံမှ မဖုံးကွယ်မီအထိ ခဏတမျှသာကြည့်ခဲ့သည်။

 

[အင်း၊ ငါ မကြည့်ချင်ဘူး၊ ဒါပေမယ့် သူတို့နှစ်ယောက်က တစ်ယောက်မှာရည်းစားရှိတယ်၊ နောက်တစ်ယောက်က သူ့မန်နေဂျာနဲ့ လက်ထပ်ဖို့ ပြောင်ပြောင်တင်းတင်းပြောနေပြန်တယ်။ အမှန်အတိုင်းပြောရလျှင် ဒါကို ကိလေသာကိုခုခံနိုင်စွမ်းမရှိတဲ့ မီးတောက်ဟောင်းကိုပြန်လည်လောင်ကျွမ်းခြင်းလို့ခေါ်လို့ရတယ်၊ ရှင်းရှင်းပြောရရင်...]

 

[စကားမစပ်၊ စွင်းမိုပြောလိုက်တာက ကြည့်ရတာတစ် ဖက်လူကို ဆွဖို့သက်သက်ပြောတာပဲဖြစ်ရမယ်။ ငါ့ အတင်း အဖျင်းစနစ်နဲ့ ကောင်းဟောင်ရဲ့အတင်းအဖျင်းထောက် လှမ်းရေးအရကော ဖေးမင်ရွမ်နဲ့ စွင်းမိုတို့စုံတွဲဆိုတဲ့အကြောင်း ငါ လည်း ဘာမှမကြားမိရပါလား။]