Ch 84
Viewers 24k

 

🍉 Chapter 84

 

 

အခန်းတံခါးပိတ်သံသည် ကလပ်၏နောက်ခံတေးဂီတကြောင့်တိမ်မြုပ်သွားခဲ့သည်။ ချင်ရှန့်သည် ထူးထူးခြားခြားထိတ်လန့်သည့်အမူအရာဖြစ်နေခဲ့သည်။ ကျီဖေး သည် သူ့အား တံခါးနှင့်ဖိကပ်လိုက်ပြီး သူမခ န္ဓာကိုယ် ဖြင့်ထပ်မံဖိလိုက်သည်။ လက်တစ်ဖက်သည် ပါးစပ်ကိုအုပ်ထားကာ ကျန်တစ်ဖက်က "ရှုးတိတ်တိတ်‌" နေဆို  သည့်အမူအရာလုပ်ပြလာသည်။

 

ချင်ရှန့်၏မျက်လုံးများပြူးကျယ်သွားကာ သူ၏နက် မှောင်သောမျက်တောင်များ အနည်းငယ်တုန်ရီလာသည်။ မြင့်မားသောအနေအထားတွင်ရှိသည့် လူတစ်ဦး၏ခံ့ညားသောအငွေ့အသက်များ လုံးဝပျောက်ကွယ်သွားသည်။ ထိုမျက်လုံးများသည် ညကဲ့သို့မှောင်နေသော်လည်း ကွယ်ဝှက်ထားသောကြယ်များဖြင့် လင်းလက်နေကာ သူ့ရှေ့မှ လူအားကူကယ်ရာမဲ့စွာဗလာသပ် သပ်ဖြင့်စိုက်ကြည့်နေမိသည်။

 

ထိုအချိန် ချင်ရှန့်သည် လူသားအသွင်သဏ္ဍာန်သို့ရောက်ရှိသွားသည့် အမျိုးသားဝိဉာဉ်နှင့်ဆင်တူပြီး ဖော်မပြနိုင်သောဆွဲဆောင်မှုတို့ဖြင့် အလွန်ဆွဲဆောင်မှုရှိနေခဲ့သည်။

 

သို့သော် ချင်ရှန့်၏ထိုဗားရှင်းသည် ကျီဖေး၏အာရုံအား တစ်စက္ကန့်မျှသာဖမ်းစားနိုင်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် နောက်အခိုက်အတန့်မှာပင် ၎င်းတို့အရှေ့ဒရာမာပေါ်လာခြင်းကြောင့်ပင်။

 

ဒီလိုမြင်ကွင်းမျိုးနဲ့ကြုံလာရမှတော့ ချောတဲ့ယောက်ျားကို ဘယ်သူကကြည့်ချင်မှာလဲ ?

 

ကျီဖေးသည် တံခါးအဟမှ စိတ်လှုပ်ရှားစွာချောင်းကြည့်ကာ ပိုမိုကောင်းမွန်သောမြင်ကွင်းအတွက် ခေါင်းနိမ့်လိုက်သည်။ သူမ၏ဒရာမာကြည့်ရန် စိတ်အားထက်သန် နေမှုကြောင့် ချင်ရှန့်အားပိုနီးကပ်စွာဖိကပ်လိုက်ရာ ၎င်းတို့၏ခန္ဓာကိုယ်များ ထိစပ်လုနီးပါးဖြစ်သွားသည်။

 

ချင်ရှန်း၏သူငယ်အိမ်များသည် ကျဉ်းမြောင်းသွားကြသည်။ ကျီဖေး ထံမှထွက်လာသော အမျိုးသမီးရေမွှေးနှင့် အရက်ရောစပ်ထားသောအနံ့ကိုရှုမိပြီးနောက် သူ့ပါးထက် သဘာဝမကျသည့်နီမြန်းမှုများဖြစ်လာစေသည်။

 

ကျီဖေးသည် ယနေ့တွင် သက်တောင့်သက်သာရှိကာ သူနှင့် လိုက်ဖက်သော အားကစားဝတ်စုံကိုဝတ်ဆင်ထား သည်။ ချင်ရှန့် ရင်ဘတ်အားမှီလိုက်သည့်တိုင် သူမ၏ အလွန်ကောင်းမွန်သောအချိုးအစားကြောင့် သူမ၏ အကွေ့အကောက်များသည် ကျက်သရေရှိရှိပေ့်လွင်လာကာဆွဲဆောင်မှုရှိနေခဲ့သည်။ ရှပ်အင်္ကျီမှတစ်ဆင့် သူမခန္ဓာကိုယ်မှထွက်လာသောနွေးထွေးမှုကို သူ ခံစားနိုင် သည်။

 

ထိုနွေးထွေးမှုသည် ချင်ရှန့် အားပူလောင်သွားစေသည်။

 

သူသည် အလွန်အမင်းရှက်သွားကာ သူ့လက်တစ်ဖက်သည် မသိလိုက်ပါဘဲ ကျီ‌ဖေး၏ ခါးကိုရစ်ပတ်ထားမိ သည်ကိုသတိထားမိသည်။ သူ ပိုလို့ပင်တောင့်တင်းသွားရသည်။

 

အထူးသဖြင့် ချင်ရှန့် ရှုထောင့်မှကြည့်လျှင်၊ သူ့မျက်လုံးများသည် ကျီးဖေး၏ရှည်လျားဖြူဖွေးသော လည်တိုင်မှ လှပသောပခုံးများနှင့်ကျောကိုဖြတ်ကာ သူ့ လက်ဖျံရှိရာအားမမြင်ရသည့်တိုင် ခါးထိဖြတ်မြင်နေရသည်။

 

သူ့လက်ဖျံကိုကျော်လွန်ပါက အခြား‌သောအကွေ့အ ကောက်တစ်ခုရှိနေသည်။

 

ချင်ရှန့် သူ့အကြည့်အား အမြန်ရှောင်လွှဲကာလက်ကို  ဖြေလျှော့လိုက်သည်။ သူသည် ကျီဖေး၏နှုတ်ခမ်းအား ဖိထားသောလက်မှ ခေါင်းကိုလှည့်ရန်ကြိုးစားသော် လည်း သူမသည် ချောင်းကြည့်ရန်အာရုံစိုက်နေပြီးဆုပ် ကိုင်ထားမှုကိုမဖြေလျော့လာချေ။ အဆုံးတွင် ချင်ရှန်းသည် ကျီဖေး၏ပေါက်ကရလုပ်ရပ်အား လက်သင့်ခံရုံသာတတ်နိုင်တော့သည်။

 

ထိုအချိန် ချင်ရှန့်သည် ကျီးဖေး၏စိတ်လှုပ်ရှားပြီး ရှုပ် ထွေးသောအတွေးများမှတစ်ဆင့် သူတို့ဘာကြောင့် ဤနေရာသို့ အတူတူလာကြခြင်းဖြစ်သည်ကိုနားလည်သွားသည်။ အမှန်မှာ ဝမ်းဗိုက်ကြွက်သားရှိသော လူငယ်တစ်ဦးကိုရှာဖွေရန်မဟုတ်ဘဲ၊ စိတ်လှုပ်ရှားမှုထဲ ပါဝင်ရန်နှင့် ကောလာဟလများကိုနားထောင်ရန်ဖြစ်နေသည်။

 

ထိုစဉ် အနက်ရောင်ဆံပင်၊ နှင်းဖြူရောင်အသားအရည်၊ ချောင်ဆမ်ဝတ်စုံနှင့် ဒေါက်မြင့်ဖိနပ်အဖြူစီးထားသော ဂန္တဝင်အလှလေးတစ်ယောက် ပြေးဝင်လာခဲ့သည်။

 

[ဒါဆို ဒါက ရှုမုန့်လား ? သူတကယ် လှတာပဲ။ ဒုတိယတန်းစားကြယ်ပွင့်၊ သူ့ကို ဒရမ်မာတွေမှာမြင်ဖူးတယ်။ သူ့ရုပ်ရည်က အားနည်းပြီးသနားစရာကောင်းတဲ့ ဇာတ် ကောင်သရုပ်ဆောင်ဖို့ အရမ်းသင့်တော်တယ်။ ဒါကြောင့် သူက လူအများကြီးရဲ့အားပေးထောက်ခံမှုရရှိထားပြီး ယန်ဟုန်နဲ့ချိန်းတွေ့နေချိန်မှာတောင် သူ့ရဲ့ပရိသတ်တွေဆီက တိုက်ခိုက်မခံခဲ့ရဘူး။ သူ့ကိုလက်တွေ့ဘဝမှာလည်း ဇာတ်လမ်းထဲကလိုပုံမျိုးဖြစ်လိမ့်မယ်လို့ မထင်ထားဘူး။]

 

ရှုမုန့်၏မျက်လုံးများ နီရဲနေသည်။ သူမသည် အားကိုး ရာမဲ့နေပုံရပြီး အချိန်မရွေးမျက်ရည်ကျလာနိုင်သလိုပင်။ စက်ဝိုင်းပုံစံလှည့်လာသည်နှင့်အမျှ သူမ၏ခြေလှမ်းများသည် နှေးကွေးလာသည်။

 

မကြာမီ တံခါးဖွင့်သံကျယ်လောင်စွာထွက်ပေါ်လာသည်။

 

ရှုမုန့်လန့်သွားပြီး ယုန်ဖြူလေးကဲ့သို့ ထိတ်လန့်တကြား လှည့်ကြည့်လိုက်သည်။

 

"ရှင်... ရှင် ဘယ်လိုလုပ် ဒီထဲဝင်လာတာလဲ ? ဒါ အမျိုး သမီး သန့်စင်ခန်း‌လေ"

 

တစ်ဖက်လူ၏ခြေရလှမ်းများ နီးကပ်လာသည်နှင့်အမျှ ရှုမုန့်သည် နံရံကိုမထိမချင်းနောက်ဆုတ်နေခဲ့သည်။

 

[ခဏလေး... ဒီမြင်ကွင်းက အတော်လေးကိုကြည်နူးစရာ ကောင်းပေမယ့် ငါ တကယ်ထောက်ပြချင်တာက- နင်တကယ်ပုန်းချင်တယ်ဆိုရင် နောက်ပြန်မလှည့်ဘဲ အိမ် သာထဲတန်းဝင်ပြီး တံခါးလော့ချလို့ရတယ်လေဟယ်။]

 

ရှုမုန့်သည် အရပ်ရှည်ရှည်အမျိုးသားတစ်‌ယောက်ထံမှ  ထောင့်တွင် အပိတ်ခ့လိုက်ရသောအခါဘာကိုမှ‌သေချာမတွေးနိုင်တော့ပုံရသည်။

 

ထိုလူမျာ သုံးလောကကိုအုပ်စိုးသော အမတသခင်တစ်ဦး၏မျက်နှာထားရှိသည်ဟု ပရိသတ်များဆိုကြသော   စွင်းမိုမှလွဲ၍ အခြားသူမဟုတ်ပေ။

 

စွင်းမို၏မျက်နှာသည် ညစ်နွမ်းနေပြီး၊ သူ စကားမပြောဘဲ ရှုမုန့်အား စိုက်ကြည့်ရင်း မျက်လုံးများအနည်းငယ်နီနေသည်။

 

[ဒီအငွေ့အသက်... အဲဒါ သောက်ကျိုးနဲ့ idol ဒရာမာခဲကအရမ်းမိုက်တဲ့ ဇာတ်ဝင်ခန်းကြီးဟ၊ ကင်မရာသာရှိလို့ကတော့ စရိုက်လို့ရပြီ၊ ex တွေနဲ့တွေ့တဲ့အခါ မျက်လုံးနီရဲတာ ဒါမှမဟုတ် မျက်နှာနီရဲသွားတာမျိုးဖြစ်နိုင်တယ်။]

 

ကျီဖေး၏စိတ်လှုပ်ရှားနေသော အမူအရာကိုကြည့်ပြီး ချင်ရှန်းသည် မထီမဲ့မြင်ပြုချင်သော်လည်း သင့်လျော်သောအမူအရာကိုမစုစည်းနိုင်ပေ။ သူ့နှလုံးသားထဲ တိတ် တဆိတ်ငြီးတွားရုံသာတတ်နိုင်သည်။

 

သူတို့က idol ဒရာမာပုံစံ သရုပ်ဆောင်နိုင်ပေမယ့် ငါတို့က အိမ်သာထဲမှာပုန်းပြီး၊ ချောင်းကြည့်နေရတယ် !!

 

ဘာလဲ ငါတို့ဇာတ်ဝင်ခန်းကကော သည်းထိတ်ရင်ဖိုဇာတ် ကားမျိုးလား ?

 

[ခ‌ဏလေး၊ အဲ့မှာ တခြားတစ်ယောက်မှမရှိဘူးလား ? ]

 

ချင်ရှန့် : ရေချိုးခန်းထဲမှာ အစည်းအဝေးတစ်ခုကျင်းပဖို့ များ မင်း မျှော်လင့်ထားတာလား ??

 

[ဒါက မူမမှန်ဘူးလို့ထင်တယ်၊ လက်ရှိချစ်သူနဲ့ မန်နေဂျာ က ဘယ်မှာလဲ ? ဒီနှစ်ယောက်ကို ဘယ်လိုလုပ်တစ် ယောက်တည်း လွှတ်ပေးလိုက်ကြတာလဲ ? တစ်ခုခုဖြစ် သွားမှာ မစိုးရိမ်ကြဘူးလား ? ငါ ကြည့်ပါရစေဦး...]

 

ဒါကိုကြားတော့ ချင်ရှန့် လည်း ထူးဆန်းသွားသည်။ ဘယ်လိုချစ်သူမျိုးက ဒီလောက် သတိလက်လွတ်ဖြစ်မှာလဲ ??

 

[ဟမ် ? ယန်ဟုန်က ဖေးမင်ရွမ်ကိုဂရုစိုက်နေတယ် ? ဘာတွေဖြစ်နေတာလဲဟ ?]

 

[ငါ သိပြီ၊ ဖေးမင်ရွမ် မရောက်မီခင် စွင်းမိုက ယန်ဟုန်ရဲ့ စိတ်အားထက်သန်မှုနှင့် ရှုမုန့်ရဲ့တွန့်ဆုတ်မှုနေတဲ့မျက်နှာကြောင့် တိတ်ဆိတ်နေခဲ့တာ၊ သူ ရှုမုန့်ကိုတောင်မကြည့်ဘူး ? လုပ်စမ်းပါ၊ နင် အဲ့လောက်ဆန္ဒမရှိရင်လည်း နင် ဘာကိစ္စ ဒီနေရာကိုလိုက်လာရတာလဲ ?]

 

ချင်ရှန့် ၏ပါးစပ်သည်တွန့်သွားပြီး စိတ်ပျက်မှုအား သည်းမခံနိုင်သည့်အလား - ဟုတ်တယ်၊ မင်း မလိုလားရင် ဘာလို့လာတာလဲ ? အခုတော့ကောင်းရော သူ့ တစ်မိသားစုလုံး ဒီအတင်းအဖျင်းအတွက်ရောက်လာကြရတယ်။

 

[ယန်ဟုန်က သူတို့ပူးပေါင်းဖို့ကြိုးစားခဲ့နေတာ။ ရှုမုန့်က ယန်ဟုန်ရှေ့မှာ ငြင်းဆန်ချင်ပုံရပေမယ့် ဖေးမင်ရွမ်မရောက်မချင်း သူ ဘာမှမလလုပ်နိုင်ခဲ့ဘူး။]

 

[ဟင်၊ ယန်ဟုန် ဘာတွေတွေးနေတာလဲ ? သူက ဖေးမင် ရွမ်ဆီကို တည်နေရာအချက်အလက်ပေးခဲ့တဲ့သူပဲ၊ ဘဒို  နင် ရှိုးတစ်ခုကြည့်ဖို့များ စီစဉ်နေတာလား ?]

 

[ရလဒ်အနေနဲ့ ဖေးမင်ရွမ် ဘာမှပြန်မပြောခင် ရှုမုန့်က    နီရဲတဲ့မျက်လုံးတွေနဲ့ သတ္တိစုပြီး ဖျော်ဖြေတင်ဆက်မှုထဲမပါချင်ဘူးလို့ပြောလိုက်တယ်]

 

[အဲ့တော့မှ ဖေးမင်ရွမ်က ယန်ဟုန်ရဲ့အဆိုပြုချက်ကို သဘောပေါက်သွားပြီး မသင့်လျော်ဘူးဆိုပြီး ချက်ချင်းငြင်းလိုက်တယ်။]

 

[တစ်ချိန်လုံးတိတ်တိတ်ဆိတ်ဆိတ်နေခဲ့တဲ့ စွင်းမိုက ရုတ်တရက် "မင်ရွှမ်စကားကို နားထောင်ပါ့မယ်။" သူ ရှုမုန့်ကို အရှက်ခွဲလိုက်တာပဲဟ "သူမက ငါ့အနားမှာရပ်နိုင်တဲ့ အရည်အချင်းမရှိဘူး"]

 

[ဘုရားရေ! အဲ့တာ စွင်းမိုနဲ့လမ်းခွဲတုန်းက ရှုမုန့်ပြောခဲ့တဲ့  စကားအတိအကျပဲ၊ ဒါ တကယ် ထိပ်တိုက်တွေ့တာပဲ]

 

[ရှုမုန့် တုန်လှုပ်သွားသလို အရှက်ရမှုကြောင့် သူ့မျက်လုံး ထဲ မျက်ရည်တွေပြည့်လျှံနေခဲ့တယ်]

 

[ဒါပေမယ့် ယန်ဟုန်ကဂရုမစိုက်ဘဲ ကုမ္ပဏီကဒီအဆိုပြုချက်ကို အတော်လေးကျေနပ်တယ်လို့ပြောနေသေးတယ်၊ တရားဝင်မကြေငြာရသေးပေမယ့် သူတို့ကစုံတွဲတစ်တွဲအနေနဲ့ လူစိတ်ဝင်စားမှုရနေတာကိုး၊ ထိပ်တန်းနာမည်ကြီးတွေရဲ့ လက်ရှိကျော်ကြားမှုကိုပြိုင်ဖို့ဆို သူတို့အနေနဲ့ လူကြိုက်များအောင်လုပ်ဖို့လိုတယ်။]

 

[ဒါပေမယ့် ဖေးမင်ရွမ်က ပြတ်ပြတ်သားသားငြင်းခဲ့တယ်။ ရလာမယ့်အကျိုးအမြတ်နဲ့ ယှဉ်ရင် သူတို့ရဲ့အတိတ်ကဆက်ဆံရေးကို ရှာတွေ့လို့ကတော့ အဲ့အကျိုး ဆက်က မှန်းလို့မရတော့ဘူး။]

 

[လွန်ခဲ့တဲ့ငါးနှစ်အတွင်း၊ စွင်းမိုက ရှုမုန့်နဲ့ပတ်သက်တဲ့သတင်းကိုကြားတိုင်း စိတ်တိုတတ်တယ်။ သူ့စိတ်ခံစားချက်တွေကိုမထိန်းချုပ်နိုင်သလို ရှုမုန့်ကိုလျှို့ဝှက်ဖိအားပေးပြီး ဖျက်စီးဖို့အတွက် သူ့အနေအထားကိုအသုံးချခဲ့တယ်]

 

[မင်ရွမ်က သူ့ရဲ့ရန်လိုသည့်အပြုအမူတွေအတွက် အား ကိုးရာမဲ့ဖြစ်နေခဲ့တယ်၊ ဒါကို လျှို့ဝှက်အန္တရာယ်တစ်ခုလို့ခံစားရတဲ့အတွက် သူတို့နှစ်ယောက်ကိုစင်ပေါ်မှာ အတူတွဲမလုပ်စေချင်ခဲ့ဘူး]

 

ချင်ရှန့် နားထောင်နေစဉ်၊ ဤဖေးမင်ရွမ်သည် အားသာချက်အားနည်းချက်များကို ခွဲခြမ်းစိတ်ဖြာနိုင်သည့် ထူးချွန်သောမန်နေဂျာတစ်ဦးဟုတွေးမိသွားသည်။

 

သူမနှင့်စွင်းမိုတို့သည် အခက်အခဲတွေကြားတစ်ယောက်ကိုတစ်ယောက်အားကိုးခဲ့ကြပြီး သာမန်မဟုတ်တဲ့ ဆက် ဆံရေးမျိုးရှိနေခြင်းပင်။

 

မဟုတ်ပါက ချင်ရှန့်သည် ကျီဖေးအား စောင့်ရှောက်ရာတွင် ကောင်းဟောင်နေရာအားအစားထိုးရန် ဖေးမင်  ရွမ်ကိုခိုးယူဖို့စဉ်းစားမည်ဖြစ်သည်။

 

[Holly Shit !!!! ယန်ဟုန် ဒါကို ရည်ရွယ်ချက်ရှိရှိလုပ် နေတာမှတ်လား။ စင်ပေါ်မှာဒီလိုလုပ်ဖို့အတွက် နောက်ထပ်ရည်မှန်းချက်တစ်ခုရှိသေးတယ်လို့ သူ တကယ်ကြီးပြောခဲ့တယ် - သူတို့ပြိုင်ပွဲမှာအနိုင်ရရင် ရှုမုန့်ကိုစင်ပေါ်မှာလက်ထပ်ခွင့်တောင်းမယ် ? နေစမ်းပါဦး ဘဒို နင် နိုင်မှာသေချာလို့လား ?]

 

[မဟုတ်ဘူး၊ အဓိကအချက်က နင့်ရည်းစားဟောင်းရဲ့ Ex ရှေ့မှာ လက်ထပ်ခွင့်တောင်းမယ်ပေါ့ ?]

 

[ဘဒို၊ နင် အမြဲတမ်း အဲ့လိုသတ္တိရှိနေတာပဲလား ?]

 

[စွင်းမိုရဲ့အေးစက်နေတဲ့အမူအရာနဲ့ ရှုမုန့်ရဲ့ဖြူဖျော့သွားမယ့်မျက်နှာကို အခုချက်ချင်းမြင်ယောင်မသွားသလိုပဲ၊ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းမှာပဲ၊ အဲ့ဒါကြောင့် သူတို့ အရမ်းစိတ်လှုပ်ရှားပြီး ဒီကိုထွက်လာကြတာလား ? ငါ ကြည့်လိုက်ဦးမယ်...]