Ch 83
Viewers 24k

🍉 Chapter 83

 

 

 

ကျီဖေးနှင့် သူ့အဖော်များသည် အတင်းအဖျင်းများ၏ အဓိက နေရာသို့ရောက်ပြီးနောက်တွင် သုံးပွင့်ဆိုင်အဖွဲ့ နှင့် ဆန့်ကျင် ဘက်အခန်းကို ယူလိုက်ကြပြီးနောက် ၎င်းသည် သူတို့စိတ်ကူးထားသည့်အတိုင်းမဟုတ်ပဲ အခြားသူ၏အခန်းထဲသို့အတိ အကျပင် ခိုးနားထောင်၍မရနိုင်ကြောင်း နောက်မှသိလိုက်ရသည်။

 

သို့ပေမယ့် ၎င်းတို့ရောက်နေပြီဖြစ်ရာ ဘယ်လိုပဲဖြစ်ဖြစ် ပျော်ဖို့ဆုံးဖြတ်လိုက်ကြသည်။

 

မန်နေဂျာမှယောက်ျားအဖော်များ ခေါ်ယူချင်ပါသလားဟု မေးရန် တက်ဘလက်အား ထုတ်လာသောအခါ ကျီဖေးစိတ်လှုပ်ရှားသွားသည်။

 

[ဒါက အတိအကျကို ငါ အမြဲလုပ်ချင်နေခဲ့တဲ့ဟာ မဟုတ်ဘူးလား ?]

 

ချင်မျိုးသမီးသုံးယောက် : ဘာကိုလဲ ?

 

ထိုသည်မှာ မန်နေဂျာမှ စိတ်အားထက်သန်စွာဖြင့် မတူညီသည့် ချောမောသော ကောင်လေးများ၏ပုံများအား တစ်ခုပြီးတစ်ခု ပြသည်ကို လှမ်းကြည့်လိုက်ချိန်အထိသာဖြစ်ပြီး ချင်အမျိုး သမီးသုံးယောက်၏ မျက်နှာများနီမြန်းလာကြသည်။

 

ချင်းမိသားစုသည် အထက်တန်းစားအသိုင်းအဝိုင်းများကြားတွင် ထိပ်တန်းအဆင့်ဟုသတ်မှတ်ခံထားရသော်လည်း ၎င်းတို့သည် ကောင်းမွန်သောမိသားစုတန်ဖိုးများအား အမြဲထိန်း သိမ်းထားကာ လွန်ကဲစွာဇိမ်ခံမှုများကို ရှောင်ရှားခဲ့ကြသည်။ ထို့ကြောင့် ချင်အမျိုးသမီးများအနေနှင့် ထိုကဲ့သို့နေရာမျိုးအားပထမဆုံးအကြိမ်ရောက်ဖူးပြီး ထိုကဲ့သို့အရာများနှင့် ပထမဆုံးအကြိမ်ကြုံဖူးခြင်းပင်။

 

သို့ပေမယ့် နာရီဝက်အကြာတွင် သီးသန့်ခန်းထဲအရက်မူးနေကြသည့် အမျိုးသမီးလေးဦးသည် ၎င်းတို့အပြင်ထွက်လာရခြင်း၏ မူလရည်ရွယ်ချက်ကိုမေ့သွားခဲ့ကြသည်။

 

မားမားချင်သည် သူမ၏အစ်မများ group chat ထဲသို့ ပို့ရန် nostalgic golden oldies သီချင်းအားဆိုရင်း ချောမောသည့်လူငယ်လေးဖြင့် ဓာတ်ပုံရိုက်နေသည်။

 

"နောက်ဆုံးတော့ ယောက်ျားတွေ ဘာလို့ ဒီလိုဖျော်ဖြေရေးတွေရှိတဲ့နေရာဆီ လာရတာကြိုက်ကြလဲဆိုတာ ငါ သိသွားပြီ။ ငါလည်း ဒါကိုကြိုက်တယ်၊"

 

ချင်ရန်သည် အရပ်မြင့်မြင့်ချောမောသော အမျိုးသားနှစ်ဦးနှင့် ဝန်းရံကာ အန်စာတုံးကစားနေကြသည်။ ချင်ရန်ရှုံးသွားသော အခါ သူ အရက်သောက်သည်။ ချောမောသည့် ကောင်လေးများရှုံးသွားသောအခါတွင် သူတို့၏ပါးများ၊ လက်မောင်းများ၊ နှာတံပေါ်ကဲ့သို့သော နေရာများအားဆွဲဆိတ်ခံရသည်။ အမြဲလိုလို ချင်ရန်သည် သူတို့၏လက်မောင်းကြွက်သား များအား ဆွဲဆိတ်သည့်အခါတိုင်း ရယ်ချင်နေသော်လည်း မိန်းမမပီသ သည့် အပြုအမူမျိုးမလုပ်ဝံ့ပေ။

 

သူသည် အထက်တန်းစားအသိုင်းအဝိုင်းထဲရှိ ကွာရှင်းထားသော အမျိုးသမီးများ group chat သို့ ပို့ရန် ဓာတ်ပုံများသာ ရိုက်ယူနိုင်ခဲ့သည်။ သူသည် သူ၏စစ်မှန်သောခံစားချက်များအား ထုတ်ဖော်ခဲ့သည်- "ငါ ယောက်ျားတွေကို နားလည်ပြီ၊ ယောက်ျားတွေကိုမနာလိုဘူး၊ ယောက်ျားလေးဖြစ်ချင်တယ်။"

 

ချင်ရုန်သည်ဆိုဖာပေါ်တွင်ထိုင်နေကာ မျက်နှာလေးသည် နီမြန်းနေပြီး လက်တစ်ဖက်ဖြင့် မျက်လုံးများကိုအုပ်၍ သူ့လက်ချောင်းများကြားမှ ချောင်းကြည့်ရင်း ရံဖန်ရံခါအော်သံထွက်လာသည်။

 

သူ့ရှေ့တွင် ဘောင်းဘီရှည်တစ်ခုတည်းသာ ဝတ်ထားသည့် အမျိုးသားသုံးဦးသည် အနုပညာကျောင်းသူလေးအတွက် မတူညီသည့် ကြွက်သားပုံစံများအားပြသကာ စွဲမက်ဖွယ်ကောင်းသည့်အကြည့်များ မကြာခဏပစ်လွှတ်လိုက်ကြသည်။

 

ချင်ရုန်သည် သူ၏ကောင်မလေးများ group chat သို့ ပို့ရန် ဓာတ်ပုံဆယ်ပုံအား စိတ်လှုပ်ရှားစွာ ရိုက်ယူခဲ့သည်။

 

"ကောင်လေးတွေအားလုံးက အရမ်းတော်ပြီးစကားပြောလည်းချိုတယ်။ ဒီမှာ အရမ်းပျော်ဖို့ကောင်းတာပဲ။"

 

ကျန်လူချောလေးယောက်သည် တိရစ္ဆာန်နားရွက်ပုံစံ ခေါင်းစည်းများနှင့် အမြီးများအား ဝတ်ဆင်ထားကာလွတ်နေသည့်နေရာ၌ ကျီဖေးအားပတ်ပတ်လည်ဝန်းရံထားသည်။

 

ကျီဖေးသည် ရှေးကျသော ဧကရာဇ်မင်းတစ်ပါးနှင့်တူနေပြီး ချောမောလှပသော ကောင်လေးများအား ဖမ်းရန်ကြိုးစားနေသည်။

 

"ကျဲကျဲ၊ ကျွန်တော်ဒီမှာ။"

 

"ကျဲကျဲ လာဖမ်းလေ၊"

 

ထိုအချိန်တွင် မောပန်းသွားသော တစ်စုံတစ်ယောက်သည် တံခါးဆီသို့လျှောက်သွားကာ အပြင်ဘက်တွင် အခြေအနေအား အဆက်မပြတ်စောင့်ကြည့်နေသည့် ရှောင်းထောင်ကို တွေ့ လိုက်ရသည်။

 

"ညီမလေး၊ အတူတူ လာမပျော်ချင်ဘူးလား" ဟု စိတ်အားထက်သန်စွာဖိတ်ကြားခဲ့သည်။

 

ရှောင်းထောင်မှလေးနက်သောမျက်နှာဖြင့် ငြင်းဆိုခဲ့သည်။

 

" ငါ ယောက်ျားတွေနဲ့  ဓာတ်မတည့်ဘူး "

 

ထိုလူသည် ထိတ်လန့်သွားပြီး ကျီဖေး၏အမိန့်အား စိတ်ပါလက်ပါလိုက်နာနေသည့် ရှောင်းထောင်၏နောက်တွင်ကျန်ရစ်ခဲ့သည်။

 

တစ်စုံတစ်ခုက တံခါးပေါက်မှဖြတ်ကနဲပေါ်လာပြီး ရှောင်းထောင်မှ "ဖေးကျဲ ၊ ဖေးမင်ရွမ် ညီမတို့ကိုတွေ့ ပြီး အထဲဝင်သွားပြီ။"

 

ကျီဖေး စိတ်အားထက်သန်နေပြီး စိတ်သိပ်မကြည်သည့်အ တွက် သူက "ငါတို့ ဘာမှမလုပ်သေးခင် တစ်ယောက်ယောက်ထွက်လာတဲ့အထိစောင့်အုန်း" ဟုပြောလိုက်သည်။ ထို့နောက် သူသည် လှပသောကောင်လေးများအား လိုက်ဖမ်းရန်ဆက် လက်ကြိုးစားတော့သည်။

 

ရှောင်းထောင်က " များပြားလှတဲ့ပန်းပွင့်တွေက မျက်လုံးတွေကိုမှိန်သွားစေတာပဲ။" ဟု မှတ်ချက်ပေးလိုက်သည်။

 

ထိုအချိန်တွင် မားမားချင်မှ သီချင်းဆိုပြီးသွားကာ ငွေစက္ကူများအား ပျော်ရွှင်စွာပစ်ကျဲနေလေသည်။

 

ချင်အမျိုးသားသုံးယောက်ရောက်လာသောအခါ၊ ဤသည်မှာ သူတို့မျက်မြင်တွေ့ ခဲ့ရသည့် သရုပ်ပျက်မြင်ကွင်းပင်ဖြစ်  တော့သည်။

 

သီချင်းသံသည် တောက်လောင်နေဆဲဖြစ်ပြီး ကျီဖေးမှလွဲ၍ ကျန် အမျိုးသမီးသုံးဦးသည် တံခါးဝတွင် ၎င်းတို့ မိသားစုမှ အမျိုးသားများ မတ်တပ်ရပ်နေသည်ကိုတွေ့ လိုက်ရသည်။ မူးနေသော်လည်း အလိုလိုအေးခဲသွားကြသည်။

 

ချောမောသည့် အဖော်ကောင်လေးများသည်လည်း ချင်အ မျိုးသားသုံးယောက်၏အရှိန်အဝါကြောင့် ကြောက်ရွံ့ ထိတ်လန့်သွားကြသည်။

 

အံ့ဩထိတ်လန့်နေသည့် ချောမောသောကောင်လေးတစ်ယောက်အား မျက်လုံးကိုအဝတ်ဖြင့်စည်းထားသည့် ကျီဖေးမှ ဖမ်းမိကာနီးတွင်၊ ချင်ရှန့်သည် ခြေတံရှည်များဖြင့်လျှောက်လာပြီး သူ့မျက်နှာသည် မှင်များလောင်းချထားသကဲ့သို့ မည်းမှောင်နေကာ ကျီဖေးရှေ့မှပိတ်ရပ်လိုက်သည်။

 

ကျီဖေးသည် ချက်ချင်းပင် ခိုင်မာသောလက်မောင်းအားဆုပ် ကိုင်လိုက်ပြီး "ငါ မင်းကို ဖမ်းမိပြီ၊ မင်း သောက်ရတော့မယ်၊"

 

ထိုစကားကိုပြောရင်း ကျီဖေး သူ၏မျက်လုံးအကာအားချွတ်လိုက်သော်ငြား မော့မကြည့်ခဲ့ချေ။

 

သူ့ရှေ့မှ ရုတ်တရက်ပေါ်လာသည့် ခါးကို ခပ်စူးစူးစိုက်ကြည့် လိုက်သည်။

 

အနက်ရောင်ရှပ်အင်္ကျီသည် ပိန်သွယ်သောခါးတွင် ရစ်ပတ်ထားပြီး ၎င်းသည် အပေါ်သို့ ခေါက်တက်လာကာ ခါးအောက်ပိုင်းတစ်လျှောက်ကျဆင်းသွားပြီး နှိုက်နှိုက်ချွတ်ချွတ်ကို တင်းကျပ်နေသည့် အရှိန်အဝါအားပေါ်လွင်စေသည်။ ရှပ် အင်္ကျီကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားလိုက်ရာ လေးနက်သည့် အသက်ရှူမှုတစ်ခုတိုင်းတွင် ဝမ်းဗိုက်ကြွက်သားများ၏ ကောက်ကြောင်းအားမြင်တွေ့နိုင်သည်။

 

ထိုမြင်ကွင်းကြောင့် ကျီဖေး ထိန်းမနိုင်သိမ်းမရဖြစ်စွာရူး ကြောင်ကြောင် အပြုံးမျိုးပြုံးပြလိုက်သည်။

 

[ဘယ်လိုတောင်ပြီးပြည့်စုံတဲ့ အချိုးအစားလဲ၊ ဘယ်လိုတောင် ကောင်းလိုက်တဲ့ ခါးလေးလဲ~]

 

ချင်ရှန်...

 

[အားးး၊ ငါသာ အိမ်ထောင်သည်မိန်းမ မဟုတ်ရင်၊ အာ မဟုတ်ဘူး အိမ်ထောင်သည်ယောက်ျားသာဆိုရင်- အဲ့တာကို ငါ့လက်နဲ့ ပွေ့ ဖက်ထားနိုင်လိမ့်မယ်။]

 

ချင်ရှန် : မင်းက အဲ့တာကို ပွေ့ ဖက်ထားချင်သေးတယ်လား ?!

 

ထို့နောက် ကျီဖေးသည် ချင်ရှန့်၏ဝမ်းဗိုက်အား ထိုးဖောက်ချင်သကဲ့သို့ လက်တစ်ချောင်းထုတ်ကာ သူမ၏ခန္ဓာကိုယ်မှာယိမ်း နွဲ့နေသည်ကို တွေ့ လိုက်ရသည်။

 

ကျီဖေး၏လက်ကောက်ဝတ်အား ဖမ်းဆုပ်လိုက်ရင်း ချင်ရှန့် ၏နဖူးထက် သွေးကြောတစ်ခုထောင်ထွက်သွားသည်။

 

ကျီဖေး အရက်သောက်ထား၍စိတ်တိုလာပြီး ချက်ချင်းပင်    မကျေနပ်သလို ခံစားလိုက်ရသည်။

 

[ဒီလို သိက္ခာရှိတဲ့လူက ဘယ်ကပေါ်လာတာလဲ၊ ဂွကျလိုက်တာ၊ နည်းနည်းလေးထိရုံပဲကို။]

 

ချင်ရှန်း၏မျက်ခုံးများသည် ဒေါသတကြီးတွန့်သွားသည်။

 

ကျီဖေး သူ့ခွန်အားများ အကုန်အစင်အသုံးပြုခဲ့သော်လည်း ချင်ရှန့်၏ လက်မောင်းသည် တစ်လက်မမျှပင် မရွေ့သေးချေ။

 

မထင်မှတ်ထားစွာ ကျီဖေးဟန်ချက်ပျက်သွားသည်။ ရှေ့ကို ငိုက်ဆိုက်ကျသွားပြီး၊ ချင်ရှန့်၏ရင်ဘတ်အား သူ့ခေါင်းနှင့် ဆောင့်လိုက်မိသည်။

 

ချင်ရှန့်သည် ရုတ်တရက်နာကျင်ညည်းတွားကာ တုန်ယင်သွား သော်လည်း ကျီဖေးမှာ ခွန်အားမရှိသဖြင့် ပြုတ်ကျသွားမည်အားစိုးရိမ်ပြီး သူ့ရင်ခွင်ထဲဆွဲသွင်းရန် လက်မြောက်လိုက်ရုံသာတတ်နိုင်တော့သည်။

 

သို့ပေမယ့် နောက်တစ်စက္ကန့်တွင် သူ့ဗိုက်ကြွက်သားများအား တစ်စုံတစ်ယောက်မှ လာထိနေသလိုခံစားလိုက်ရသည်။ သူ့ကြွက်သားများသည် အာရုံခံစားမှုအား မခံမရပ်နိုင်ဖြစ်ကာ တင်းကြပ်သွားသည်။ အိမ်ထောင်သက် ၂ နှစ်ကျော် ကာလအတွင်း ယခုလို မိန်းမတစ်ယောက်ထံမှဘယ်တုန်းကမှ အခွင့် ကောင်းအယူမခံခဲ့ရဖူးချေ။

 

[မာကျောပြီးတော့ ကျုံ့နိုင်ဆန့်နိုင်စွမ်းရှိတယ်၊ အရမ်းကောင်းတာပဲ၊ ချင်ရှန့် နှင့် တန်းတူလောက်တောင်ဖြစ်နိုင်တယ်!] မရိုးသားစွာ တခစ်ခစ်ရယ်လျက်...

 

ချင်ရှန့် ချက်ချင်းပင် ဒေါသထွက်သွားကာ ရှက်လာသည်။

 

"ကျီဖေး!"

 

သူ အခွင့်ကောင်းယူခံလိုက်ရခြင်းအား စိတ်မဆိုးချေ၊ ထို့အ ပြင် သူတို့ ကလက်ထပ်ပြီးသားဖြစ်သည့်အတွက် အခွင့် ကောင်းယူသည်ဟု မယူဆနိုင်ပေ။ သို့ပေမယ့် သူ မဟုတ်ပဲ တခြားတစ်ယောက်ယောက်က သူ့ကို ပွေ့ ဖက်ထားမည်ဆိုရင်လည်း အဲ့လူတွေကို အမှတ်တမဲ့နဲ့ ထိလိုက်မှာပဲလား ?

 

အရက်မူးနေခြင်းက အကြောင်းပြချက်တစ်ခုတော့မဟုတ်ချေ!

 

'အမျိုးသမီး လူရမ်းကား' ဟူသော စကားလုံးများသည် ချင်   ရှန်း၏စိတ်ထဲတွင် မဲနက်ပြီး ကြီးမားသည့် font ပုံစံဖြင့်ပေါ် လာသည်။

 

ထိုအချိန်တွင် ရောက်ရှိလာသူတိုင်းသည် ရယ်ချင်နေကြသော် လည်း မဝံ့မရဲဖြစ်နေကြသည်။

 

ကျီဖေးအော်သံကြောင့် လန့်ဖျပ်သွားပြီး နောက်ဆုံးတွင် ရေခဲကဲ့သို့အေးစက်နေသည့် မျက်နှာအား ချက်ချင်းဆ်ုသလိုမော့ ကြည့်လာခဲ့သည်။

 

သူမ၏ဦးနှောက်သည် နေရာဓာတ်လိုက်သွားသလိုပင်။

 

[ငါ ချင်ရှန့် ကိုတွေ့ နေရတာလား ? ချီးကိုပဲ၊ တကယ်ကြီး ချင်ရှန့် ဟ၊ သူ ဘယ်လိုလုပ်ပေါ်လာတာလဲ... ငါ… ငါ… နေမကောင်းသလိုခံစားရတယ်!]

 

ချင်ရှန်းသည် ကျီဖေးအား အထိတ်တလန့်နှင့် နောင်တရမည်ဟုထင်ခဲ့သော်လည်း သူ့တုံ့ပြန်မှုသည် သူ့အား ပိုလို့ပင်ဒေါသဖြစ်စေခဲ့သည်။

 

မင်းက စမ်းတဝါးဝါးလိုက်ရှာနေရတာကိုကျ အရမ်းပျော်နေပြီး ငါ့ မျက်နှာမြင်လိုက်တော့မှ မသက်မသာဖြစ်လာတယ်ပေါ့ ?

 

ချင်မိသားစုဝင်များသည်လည်း ထိုအတွေးများအား ကြားနေရသဖြင့်ထိတ်လန့်သွားကြသည်။

 

သို့သော် နောက်တစ်စက္ကန့်တွင် ကျီဖေးသည် နာကျင်လွန်းနေသည့် အမူအရာနှင့် ပါးစပ်အားဖုံးကွယ်ပြီး အပြေးအလွှားထွက်သွားသည်ကိုတွေ့ လိုက်ရပြီး အမူးလွန်ကာအန်ချင်နေ သည်မှာ ထင်ရှားသည်။

 

ချင်ရှန့်၏မျက်နှာသည် မတော်တဆမှုများအား ကာကွယ်ရန် သူ့ နောက်သို့ တိတ်တဆိတ်လိုက်မသွားမီ သက်တန့်ကဲ့သို့ အရောင်စုံသွားသည်။

 

ကျီဖေးမှ အမျိုးသမီးသန့်စင်ခန်းထဲသို့ အပြေးအလွှားဝင်သွားသည်ကိုကြည့်ရင်း အကြီးအကျယ်အန်လိုက်သည့် အသံများကိုကြားလိုက်ရသည်။

 

ချင်ရှန့်သည် မည်းမှောင်သော မျက်နှာဖြင့်သာ အပြင်ဘက်တွင် ရပ်စောင့်နေနိုင်သည်။ ခဏအကြာတွင် တိတ်ဆိတ်သွားသည်ကို သတိပြုမိပြီး ချက်ချင်းပင် စိုးရိမ်လာသည်။

 

"ကျီဖေး မင်းအဆင်ပြေရဲ့လား ?"

 

တုံ့ပြန်မှုမရှိဘဲ အကြိမ်အနည်းငယ်အော်ခေါ်ပြီးနောက်၊ ချင်  ရှန့် ချက်ချင်းမျက်ခုံးပင့်ကာ "ခွင့်ပြုပါ၊ အထဲမှာ တစ်ယောက် ယောက်ရှိလား" ဟု အော်မေးလိုက်သည်။

 

"တစ်ယောက်ယောက်ရှိလား ? ငါ့မိန်းမ အကူအညီလိုနေလို့" ဟု အကြိမ်ကြိမ်အော်ခေါ်သော်လည်း အဖြေမရချေ။

 

"တောင်းပန်ပါတယ် ငါ ဝင်လာပြီနော်။"

 

နောက်ဆုံးတွင် မစောင့်နိုင်တော့ဘဲ ချင်ရှန့်သည် အနီးနားရှိ 'Out of Order' ဆိုင်းဘုတ်အား ကောက်ယူပြီး အလျင်အမြန် တံခါးဝတွင် ထားလိုက်သည်။

 

သူဝင်လိုက်သည်နှင့် ကျီဖေးသည် ဘေစင်ဘေးတွင် ပြန့်ကျဲနေပြီး သူ သည် ခွန်အားမရှိတော့သည်အထိ အော့အန်ထားသည်ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။

 

ချင်ရှန့် ကူကယ်ရာမဲ့စွာ သူမအားဆွဲထူလိုက်သည်။ ကျီဖေး သည် အနည်းငယ်ထိတ်လန့်သွားပြီးနောက် အမူးပြေသွားပြီး ယခုမူ ရှက်ရွံ့ စွာဖြင့် မျက်လုံးများမှိတ်ထားကာ ချင်ရှန့်ကို သူ့အားကူညီဆေးကြောပေးခွင့် တိတ်တဆိတ်ပြုထားလိုက်ရသည်။

 

နောက်ဆုံး ချင်ရှန့်ပေးလာသည့် စက္ကူပုဝါအား ယူကာ စိုစွတ်နေသည့် ပါးစပ်နှင့် လက်များကိုသုတ်လိုက်သည်။

 

"ကျေးဇူးတင်ပါတယ်။"

 

[ချင်ရှန့်က တစ်ယောက်ယောက်ကို ဂရုစိုက်တဲ့အခါ အရမ်းဆွဲဆောင်မှုရှိမယ်လို့ မမျှော်လင့်ထားဘူး။ သူ့အမူအရာကို ကြည့်လိုက်၊ ရေခဲတောင်ကြီးအရည်ပျော်သွားပြီ။ သူ ဒီကိစ္စကို ဆက်ပြီး အပြစ်မယူလောက်တော့ဘူး ဟုတ်တယ်မလား ?]

 

ချင်ရှန့်  ကျီဖေးကို တစ်ချက်ကြည့်လိုက်သည်။ ဒီတော့ ငါ ဒီကိစ္စကို ဆက်ပြီးအပြစ်မယူလောက်ဘူးဆိုတာ မင်း သိတယ်ပေါ့၊ ဟမ် ?

 

"သွားကြစို့၊ ပြန်ဖို့အချိန်တန်ပြီ"

 

ဒီအဖြစ်ဆိုးကြီးပြီးသွားပြီးနောက် သူ ဒေါသထွက်ပုံမပေါ်တော့ချေ။

 

[ကြည့်ရတာ ပြဿနာကသိပ်ပြီးမပြင်းထန်ပုံရတယ်။ နောက် ဆုံး ငါ ဘာမှတောင်မလုပ်ဖြစ်ခဲ့ဘူး။ ငါ မတော်တဆ ထိမိလိုက်တဲ့ တစ်ခုတည်းသော Abs ကလည်း သူ့ဟာ...]

 

ချင်ရှန့်: တစ်ခုတည်းသောလား ?

 

သူ့နှုတ်ခမ်းထောင့် အနည်းငယ်မြင့်တက်လာခဲ့သည်။

 

[ဒါပေမယ့် တွေးကြည့်လိုက်တော့၊ တကယ့် ခံစားလို့ကောင်းတယ်!]

 

ချင်ရှန့် နားရွက်များ နီရဲသွားသည်။

 

[ငါ သူ့ကို 99 မှတ်ပေးမယ်]

 

ချင်ရှန့် က မျက်ခုံးပင့်လိုက်ပြီး : ဘာလို့ အမှတ်ပြည့်မဟုတ်တာလဲ ?

 

[ တစ်မှတ်က အဝတ်အစားဝတ်ထားလို့လျော့တာ၊ ခံစားချက်ကအစစ်အမှန်မဟုတ်လောက်သေးဘူး!]

 

ချင်ရှန့်၏နားများ လုံးဝကိုနီရဲနေပြီဖြစ်သည်။

 

သူ တကယ် အမျိုးသမီးလူရမ်းကားပဲ !

 

နှစ်ယောက်သားထွက်လာခါနီးတွင် အဝေးမှပြေးလာသော ခြေသံများကို ရုတ်တရက်ကြားလိုက်ရသည်။

 

" အဲ့ဒီမှာ ရပ်လိုက်စမ်း၊ ရှုမုန့်၊"

 

[ရှုမုန့် ? နေဦး! ဖြစ်နိုင်မလား...]

 

သူတို့ဆီသို့ ဒေါက်မြင့်ဖိနပ်သံများနီးကပ်လာသည်နှင့်အမျှ ချင်ရှန့် မတုံ့ပြန်မီတွင် အားနည်းပြီးနုံးချိနေသော ကျီဖေး သည် ရေထဲမှခုန်ထွက်လာသည့် ငါးကြင်းတစ်ကောင်ကဲ့သို့ ရုတ်တရက်တက်ကြွလာပြီး သူ့ အားသန့်စင်ခန်းထဲသို့ စိတ်လှုပ်ရှားစွာဆွဲခေါ်သွားခဲ့သည်။