Ch 87
Viewers 24k

 

 

🍉 Chapter 87

 

 

"မင်း ဘာကိုဆိုလိုချင်တာလဲ ? ငါ့ရဲ့ရိုးသားမှုကို မင်း မယုံဘူးလား" ကဲ့ရဲ့ခံရသလိုမျိုး ဆန်းမို၏မျက်နှာသည် ချက်ချင်းအေးစက်သွားသည်။

 

"ငါ တစ်ကြိမ်ပဲ Purpose လုပ်မှာ ဒီအခွင့်အရေးကိုလက် လွတ်သွားရင် နောက်တစ်ခါရှိတော့မှာမဟုတ်ဘူး။"

ဖေးမင်ရွမ် စွင်းမိုအား မယုံကြည်နိုင်စွာကြည့်လိုက်သည်။

 

ထိုအချိန်တွင် ချင်ရှန့်သည် သူ့အားမှီနေသောကျီဖေးမှ အထိန်းအကွပ်မဲ့စွာ တုန်လှုပ်သွားသည်ကိုသတိပြုမိ သည်။

 

ချင်ရှန့်  သူ့ကိုကြည့်လိုက်သည်။ အိုခေ၊ သူ မရယ်မိ‌ေအာင် ထိန်းဖို့ကြိုးစားနေတယ်။ သူ့မျက်နှာမှာနီရဲနေပြီး အနီးကပ်ကြည့်လိုက်ရင် သူ့မျက်လုံးထောင့်ကမှ မျက် ရည်များကျလာသည်ကိုပင်မြင်နေရသည်။

 

ချင်ရှန့်အား စူးစမ်းချင်စိတ်ဖြစ်စေသည်။ ဘာကများ ဒီလောက်ရယ်စရာကောင်းနေလို့လဲ ?

 

ကံမကောင်းစွာပင်၊ မေးခွန်းထုတ်ခံရသူသည် ရယ်မောခြင်းကိုသာအာရုံစိုက်ခဲ့ပြီး မည်သည့်အတွေးကိုမှမမျှဝေခဲ့ချေ။

 

ခဏကြာ ဖေးမင်ရွမ်၏အသက်ပြင်းပြင်းရှူသံကို သူကြားလိုက်ရသည်။

 

"ဒီလမ်း‌ကြောင်းပြောင်းတဲ့ကိစ္စက ငါတို့အတွက်အရေး ကြီးတယ်။ နင် ဒီလိုအချိန်မျိုးမှာ ဒရာမာလုပ်ချင်နေတယ်-- နင် ပရိသတ်တွေအများကြီးဆုံးရှုံးအောင်လုပ်ဖို့ကြိုးစားနေတာလား။"

 

ဖေးမင်ရွမ်သည် ၎င်း၏အသက်မွေးဝမ်းကြောင်းအလုပ်အတွက်စဉ်းစားနေဆဲဖြစ်ကြောင်းသိရသဖြင့် စွင်းမို၏ အမူအရာမှာ အနည်းငယ်တိုးတက်လာခဲ့သည်။ ဖေးမင် ရွမ်သည် သူ့အား မည်မျှချစ်ကြောင်း သူ သိပြီး သူမသည် သူလက်ထပ်ခွင့်တောင်းမည်ကိုပင် လက်မခံဝံ့ဘဲ သူ့အနာဂတ်အတွက် အာရုံစိုက်လွန်းနေသည်ဟုထင် သွားသည်။ ထို့ကြောင့် စွင်းမို၏နှလုံးသားကိုပျော့ ပျောင်းသွားစေပြီး ဖေးမင်ရွမ်အားလက်ထပ်ရန် ပိုမိုစိတ်ပိုင်းဖြတ်ကာ သူမအားကတိပေးလာသည်။

 

ရှုမုန့်သာ ယန်ဟုန်ကိုလက်ထပ်ဖို့သဘောတူခဲ့မယ်ဆိုရင် ဖေးမင်ရွမ်က ဘာကြောင့်လက်မထပ်နိုင်ရမှာလဲ ? ဖေးမင်ရွမ်သည် ရှုမုန့်ထက်များစွာပိုအနစ်နာခံခဲ့သည်။

 

သူ့အ‌နေဖြင့် သူ့အပေါ်‌ကောင်းသည့် မိန်းမနှင့်သာလက် ထပ်သင့်သည် အဲ့ဒီ မုန်းစရာကောင်းတဲ့မိန်းမမဟုတ်ဘူး..

 

ချင်ရှန့် သည် သူ့ရင်ခွင်ထဲရှိကျီဖေးမှာ ယခုပြင်းထန်စွာ တုန်ခါနေသည်ကိုသတိပြုမိပြီး ၎င်းတို့နောက်ရှိတံခါးအား အနည်းငယ်တုန်လှုပ်သွားစေသည်။

 

ကျီဖေး ရယ်ရန်အောင့်ထားရသောကြောင့် သူ အသက်ရှူကြပ်သွားမည်ကို သူတကယ်စိုးရိမ်နေမိသည်။

 

"အဲ့အတွက် စိတ်မပူနဲ့။ လက်ရှိကျော်ကြားမှုအဆင့်နဲ့ လုပ်သမျှကိုအရမ်းသတိထားနေရမယ်ဆိုရင် ငါ ထွက်လိုက်တာပိုကောင်းတယ်။ fangirls တွေကို အားကိုးနေတယ်လို့ မင်း ထင်နေတာလား။ ငါ့ အလုပ်ကို ငါအားကိုးတာ! ငါ့ကို အမြဲတမ်းလျှော့တွက်မနေနဲ့။"

 

ဖေးမင်ရွမ်၏အမူအရာမှာ ခဏတာစိတ်ညစ်သွားသော် လည်း သူက ဆက်လက်၍ "စွင်းမို၊ ငါတို့ ဒီနေရာကိုခက်ခက်ခဲခဲရောက်လာခဲ့တာ၊ နင့် ဘာလို့ပိုခက်အောင်လုပ်နေရတာလဲ ငါ့ကို ရှင်းပြစမ်းပါ"

 

သို့သော်စွင်းမိုသည်အကြောင်းပြချက်အားနားမထောင် ချေ။

 

"လက်ထပ်တာ ဘာဖြစ်လို့လဲ။ ယန်ဟုန်တောင် ဒါကို လက်နက်တစ်ခုအနေနဲ့သုံးနိုင်ရင် ငါက ဘာလို့မလုပ်နိုင်ရမှာလဲ"

 

"ဒါက အသွားနှစ်ဖက်နဲ့ဓားပဲ။ သူတို့ကျရှုံးရင်တောင် သူ့မိသားစုရဲ့အရင်းအနှီးနဲ့ ပရိတ်သတ်တွေကိုအားကိုးစရာမလိုဘဲအလုပ်အကိုင်အခွင့်အလမ်းတွေရနိုင်သေးတယ်။ ဒါပေမယ့် ငါတို့က သူတို့နဲ့တူညီတဲ့ အနေအထားမှာရှိမ နေဘူး။ ငါတို့ရဲ့ပုံရိပ်ကို ပြောင်းလဲချင်တယ်ဆိုရင် တောင် ပရိသတ်တွေကိုအားကိုးနေရတုန်းပဲ။ ဒါ  idol- type သရုပ်ဆောင်တွေရဲ့ အကျိုးကျေးဇူးအတွက်ပေး ဆပ်ရတဲ့အဖိုးအခပဲ။ ဒါ့ပြင် သူတို့ရဲ့ဆက်ဆံရေးက တရားဝင်မို့လို့ ကုမ္ပဏီဘက်ကလည်းသဘောတူထားတာ"

 

ထိုအချိန် စွင်းမိုသည် သူ ယန်ဟုန်ထက်နိမ့်ကျသည်ဟုကြားလိုက်ရသဖြင့် သည်းမခံနိုင်တော့ဘဲ မျက်လုံးများ ချက်ချင်းအေးစက်သွားသည်။ ဒါပေမယ့် ဖေးမင်ရွမ်ပြောတာ အဓိပ္ပာယ်ရှိတယ်ဆိုတာ သူ သိသည်။

 

အဆုံးမှာတော့ သူ အေးစက်စွာ "ကောင်းပြီ၊ မင်းမကြိုက်ရင် ငါ စင်ပေါ်မှာ Purpose မလုပ်တော့ဘူး၊ ဒါပေမယ့် ငါလယန်ဟုန်ကို အနိုင်ယူပြမယ်။"

 

ဖေးမင်ရွမ် နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချကာ "နင် အနိုင်ရချင်ရင် ငါ့အစီအစဥ်တွေကိုနားထောင်"

 

စွင်းမိုသည် နောက်ဆုံး ငြင်းခုံခြင်းအားရပ်တန့်လိုက်ပြီး တိတ်တဆိတ်သဘောတူချက်အဖြစ် သတ်မှတ်ခဲ့သည်။ ဖေးမင်ရွမ် လှည့်ထွက်သွားသောအခါ စွင်းမိုသည် သူမခြေကျင်းဝတ်လည်သွားသည်ကို ရုတ်တရက် သတိရလိုက်သည်။ သူမ တုံ့ပြန်မှုကိုမစောင့်ဘဲ ရှေ့သို့တိုးကာ မင်းသမီးချီနည်းဖြင့်ပွေ့ချီလိုက်သည်။

 

ဖေးမင်ရွမ် လန့်သွားပြီး "နင် ဘာလုပ်နေတာလဲ ?"

 

"မင်း ခြေချင်းဝတ်မနာဘူးလား၊ ငါ လိုက်ပို့ပေးမယ်။"

 

"နင် ရူးနေတာလား တစ်ယောက်ယောက်မြင်ရင်..."

 

ဖေးမင်ရွမ် နောက်ထပ်ဘာပြောလိုက်မျန်း မသိတော့ချေ တံခါးပိတ်ပြီးနောက် သန့်စင်ခန်းအစည်းအဝေးအား အဆုံးသတ်လိုက်သည်။

 

ချင်မိသားစုဝင် ၇ ဦးဖြင့် အနက်ရောင်လုပ်ငန်းသုံးကား သည်ပြည့်နှက်နေသည်။

 

အချိန်အတော်ကြာအောင် ပျောက်ကွယ်သွားမှတော့ နဲနဲပါးပါးတော့ရှင်းပြရတော့မှာပေါ့။

 

ကျီဖေးသည် လုပ်ငန်းစဉ်တစ်ခုလုံး သူမ စားသုံးခဲ့သည့် အတင်းအဖျင်းများကိုစတင်မျှဝေခဲ့သည်။ အမှန်တော့၊ သူမ လက်တွေ့တွင် အမှန်တကယ်ဖြစ်ပျက်ခဲ့သည်များကိုသာမျှဝေနိုင်သည်။

 

ကျီဖေးပြောပြီးသည်နှင့် သူမ၏ရယ်မောခြင်းကိုထိန်းထားရင်း ချင်ကျောက်က ညိုးငယ်သောမျက်နှာဖြင့်

 

"ဒီမြင်ကွင်းကို ငါ မြင်ခဲ့ရတာ မထူးဆန်းတော့ဘူး"

 

ဤစကားသည် လူတိုင်း၏စူးစမ်းချင်စိတ်ကို ချက်ချင်း ဖြစ်ပေါ်စေသည်။

 

"ဘာ မြင်ကွင်းလဲ ?"

 

ချင်ကျောက်၏ပါးစပ်က တုန်လှုပ်သွားပြီး "မင်းတို့ကို လိုက်ရှာတုန်းက ယန်ဟုန် ရှုမုန့်ကို သူ့ရင်ခွင်ထဲမှာ‌ဖက်ထားပြီး နမ်းနေတာကိုတွေ့လိုက်ရတယ်"

 

၎င်းတို့သည် တရားဝင်စုံတွဲများဖြစ်သော်လည်း၊ မြင်ရသူအဖို့ ကသိကအောက်ဖြစ်ရသည်။ သန့်စင်ခန်းထဲ စွင်းမိုနှင့် ရှုမုန့် ပြင်းပြင်းထန်ထန်နမ်းခဲ့သည့်အကြောင်း ကျီဖေးပြောတာကို သတိရပြီး ချက်ချင်းဆိုသလို...

 

[ဒါဆို သူတို့ အပြင်ထွက်ပြီး... လူနှစ်ယောက်ကအဲ့ပါးစပ်တစ်ခုတည်းကို အတူတူသုံးသွားတာလား ? ယန်ဟုန်က သူ စွင်းမိုရဲ့တံတွေးကိုအရသာခံမိနေတာကို သူ့ ကိုယ် သူသိရဲ့လား။]

 

ဒါကိုကြားတော့ ယန်ဟုန်ကို ရွံပဲရွံရမှာလား ဒါမှမဟုတ် သနားရတော့မှာလားဆိုတာ လူတိုင်းမသိခဲ့ကြပေ။

 

ဒါပေမယ့် ချင်ကျောက်ကဆက်ပြောလာသည်။

 

"ပြီးတော့ စွင်းမို ဖေးမင်ရွမ်ကိုပွေ့ပြီးလမ်းလျှောက်တယ်"

 

[အား၊ ဒီဇာတ်ကားမှာ နောက်ဆက်တွဲတစ်ခုတောင် ထပ်ရှိခဲ့သေးတာလား။ ငါသာ သူတို့နောက်ကိုလိုက်မီခဲ့မယ်ဆိုရင်၊ အဲ့‌ဒါ ချင်ရှန့်အပြစ်ပဲ သူ့ဘောင်းဘီနဲ့ရှုပ်ပြီးအရမ်းကြာနေတာ]

 

ချင်ကျောက်ဆီမှ ဖရဲသီးစားဖို့ စောင့်နေတဲ့ ချင်မိသားစုဝင်တွေ !!!! သူတို့ ဘာကြားလိုက်ရတာလဲ!!!

 

ချင်ရှန့်ကို အပြစ်တင်နေလား ? ဘောင်းဘီနဲ့ရှုပ်ပြီးအရမ်းကြာတာ ?

 

သန့်စင်ခန်းထဲမှာ ခိုးနားထောင်နေတာမဟုတ်လား ?

 

တခြားတစ်ခုခု လုပ်ခဲ့ကြသေးတာလား ?

 

လူတိုင်း၏စူးစူးရဲရဲအကြည့်များဖြင့် ချင်ရှန့်သည် လိမ် လည်စွပ်စွဲခံရသကဲ့သို့ အံ့ဩသွားပုံရသည်။

 

[သူ့အဝတ်အစားသာ အဲ့လောက်ဈေးမကြီးရင် ငါ အဲ့ဒီမှာတစ်ခါတည်း ဆုပ်ဖြပစ်လိုက်တာကြာပေါ့ ]

 

ချင်မိသားစု- ခဏလေး၊ ရပ်လိုက်တော့၊ ငါတို့ မကြားချင်တော့ဘူး။ လင်မယားနှစ်ယောက်ကြားက ဒီလိုရင်း နှီးတဲ့အသေးစိတ်လိုဟာမျိုး ငါတို့ ကြားသင့်တဲ့အရာမဟုတ်ဘူး။

 

ချင်ရှန့်၏မျက်နှာမှာ နီရဲလာသည်။

 

ကံကောင်းထောက်မစွာ၊ နောက်တစ်စက္ကန့်တွင် ကျီဖေး သည် ၎င်းတို့အားခေတ္တဆိုင်းငံ့မထားဘဲ အမှန်တရားကို ထုတ်ဖော်လာခဲ့သည်။

 

[အဲဒါကိုဖြုတ်ဖို့ အချိန်တွေအများကြီးကုန်ခဲ့ရတယ်၊ နောက်ဆုံး တံခါးလက်ကိုင်မှာငြိနေတဲ့အပိုင်းကိုလွတ်သွားအောင်လုပ်ဖို့ဘဲ ဘယ်နားဘယ်လို သွားချိတ်နေမိမှန်းမသိ ငါရဲ့ အတင်းအဖျင်းစုဆောင်းမှုက နှောင့်နှေးသွားရတော့တာပဲ]

 

 

 

 

 

 

 

 

 

 

ချင်မိသားစုဝင်များသည် ၎င်းတို့၏အကြည့်များဆုတ် ခွာသွားသည်- အတင်းအဖျင်းအတုတွေ အလွန်အကျွံ့မရောင်းသင့်ပါ။

 

ချင်ရှန့် : အဲ့တုန်းက သူမ ရွစိရွစိလှုပ်နေတာကြောင့်ပဲ...

 

ကျီဖေးသည် သူမ၏တဒင်္ဂအာရုံပျံ့လွင့်မှုသည် ပိုကြီး မားသောအကျပ်အတည်းဖြစ်စေလုနီးပါးဖြစ်နေသည်ကို သတိမထားမိဘဲ သူ့ စိတ်ပျက်မှုကိုထိန်းထားကာ နောက် ထပ်ဖြစ်ပျက်ခဲ့သည့် အသေးစိတ်အချက်အလက်များအား ချင်ကျောက်ကိုအမြန်မေးလိုက်သည်။

 

ချင်ကျောက်က ချောင်းဆိုးပြီး "ကျန်တာ သိပ်မရှိဘူး"

 

တစ်စုံတစ်ယောက်ချဉ်းကပ်လာသောအခါ၊ ရှုမုန့်သည် ယန်ဟုန်၏ပွေ့ဖက်မှုမှ အလျင်အမြန်ဆုတ်ခွာသွားကာ ဘယ်သူ့ကိုမှမကြည့်ရဲပေ။

 

စွင်းမိုသည် ဖေးမင်ရွမ်အားချီကာ သူတို့နားခေတ္တရပ်လိုက်သည်။

 

ယန်ဟုန်က စိုးရိမ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့သည်။

 

စွင်းမိုက "ရွမ် ခြေထောက်နာနေလို့လေ၊ ငါသူ့ကို လမ်း လျှောက်ခွင့်မပေးနိုင်ဘူး" ဟုဆိုကာ ထို့နောက် သူထွက်သွားတော့မည်။

 

"အိုး၊ မှတ်မိပြီ ဖေးမင်ရွမ်ကြည့်ရတာ ဆင်းချင်နေတဲ့ပုံပဲ စွင်းမိုက ခဏရပ်ပြီး သူ့နဖူးကိုနမ်းလိုက်တယ် ပြီးတော့ ဘာတဲ့ 'အဆင်ပြေတယ်၊ မလှုပ်နဲ့' လို့ပြောပြီး သူ ဖေးမင်ရွမ်ကို ခန်းမထဲကခေါ်ထုတ်သွားတော့တာပဲ။"

 

ပြီးနောက် ချင်‌ကျောက်သည် ထိုမှတ်ဉာဏ်ကြောင့် မှတ် မိသွားသဖြင့် စိတ်အနှောက်အယှက်ဖြစ်နေပုံပင်။

 

ဇာတ်လမ်းအားနားထောင်သူတိုင်း သက်ပြင်းတစ်ချက်ချကာ လေးပွင့်ဆိုင်ဇာတ်လမ်းဟုတွေးမိကြသည်။

 

"ယန်ဟုန် ကံမကောင်းပေမယ့် ဖေးကျဲကပိုဆိုးတယ်"

 

ယခင်အတင်းအဖျင်းဖြစ်ရပ်ကြောင့် လက်ထောက်ဖြစ် လာပြီးနောက် ဖေးမင်ရွမ်နှင့် အတော်လေးရင်းနှီးသူ ချင်ရုန်ကပြောလာသည်။

 

ကျီဖေး၏အစောပိုင်းဇာတ်ကြောင်းကို ပြန်သတိရသော အခါ အားလုံး ဖေးမင်ရွမ်အတွက် စိတ်မကောင်းဖြစ်ခဲ့ကြသည်။

 

"ဒီ စွင်းမိုက တကယ်အရှက်မရှိတာပဲ မဟုတ်ဖူးလား ? သူ သူ့ရည်းစားဟောင်းကိုနမ်းပြီး နောက်ကောင်မလေးကို Purpose လုပ်ဖို့စဉ်းစားနေတယ်" မားမားချင် သက် ပြင်းချလိုက်သည်။

 

"တစ်ကိုယ်ကောင်းဆန်တဲ့ လူယုတ်မာ၊ အဲ့ဒီမိန်းကလေးရဲ့ခံစားချက်အစစ်အမှန်ကို သစ္စာဖောက်တာပဲ" ပါးပါးချင်က လှောင်ပြောင်ခဲ့သည်။

 

"တကယ်တော့ သူ ဖေးကျဲကို အသုံးချနေတာပဲ" ဟု ချင်ရုန်က မတတ်နိုင်စွာပြောလိုက်သည်။

 

"ဖေးကျဲက တကယ်ချစ်ဖို့ကောင်းတယ်။ အရင် စင်နောက်မှာကျန်ခဲ့တော့ သမီးတို့လို့ လက်ထောက်တွေကို ဂရုစိုက်ပေးတယ်။ သူ သဘောတူမှာလား ? သမီးတို့ အမှန်အတိုင်းပြောပြသင့်လား ? သူနဲ့ နှစ်ပေါင်းများစွာ အတူရှိလာတဲ့ တခြားမိန်းမအူတိုအောင် လက်ထပ်ဖို့ပြောတာလေ နည်းနည်းတော့ သနားစရာကောင်းတယ်လိုခံစားရတယ်။"

 

ချင်ယန် ပိုလို့ပင်မျက်မှောင်ကြုတ်သွားရသည်။ သူမသည် ထိုသို့သောယောက်ျားများကို အမုန်းဆုံးဖြစ်သည်။

 

"သူ့မန်နေဂျာနဲ့ လက်ထပ်ပြီးရင် သူ့ရည်းစားဟောင်းနဲ့ လည်း အဆက်အသွယ်ကရှိနေဦးမယ်။ ဒါ အပြစ်ကင်းတဲ့မိန်းမတစ်ယောက်ကို ငရဲတွင်းထဲဆွဲချနေတာ"

 

သူတို့စကားပြောနေစဉ် ကျီဖေးသည် မည်သည့်ထင်မြင် ချက်မှမပြောလာသဖြင့် သူ့ဆီလျည့်ကြည့်လိုက်ကြသည်။ ကျီဖေး၏အမူအရာမှာ အသက်ရှုရခက်နေသလို  သဘာဝမကျဖြစ်နေသည်ကိုတွေ့လိုက်ရသည်။

 

ခဏကြာတော့ မထိန်းနိုင်သည့်ရယ်မောသံကိုကြားလိုက်ရသည်။

 

[ဟားဟား၊ ငါ ထိန်းလို့မရတော့ဘူး။ ဘာလို့ လူတိုင်းက စွင်းမိုလိုထင်နေကြတာလဲ။ ဖေးမင်ရွမ် သူ့ကိုသဘော ကျတယ်လို့ အားလုံးထင်နေကြတယ်။]

 

ချင်မိသားစု တုန်လှုပ်သွားသည်။ ဘာလဲ ? သူ့ကိုမကြိုက်ဘူးလား ?

 

ကျီဖေးရယ်နေတာကိုမြင်လိုက်ရတော့ ချင်းရှန့်၏အစော ပိုင်းမှန်းဆချက်မှာမှန်သွားသည်။

 

[မန်နေဂျာတစ်ယောက်က သူ့ Artist အတွက် အာလုံးလိုက်လုပ်ပေးနေရတာ၊ သူ့ ဘိုးဘေးလိုနှစ်ပေါင်းများစွာ  စောင့်ရှောက်ခဲ့တာ၊ ဘယ်တော့မှ မစွန့်ပစ်ခဲ့တာနဲ့ပဲ ချစ်ခြင်းမေတ္တာလို့ သတ်မှတ်လို့ရလား။]

 

[လိင် ခွဲခြားမှုကိုလျစ်လျူရှုလိုက်ရင်၊ ကောင်းကောလည်း ချင်ကျောက်ကို နက်နက်ရှိုင်းရှိုင်းချစ်မြတ်နိုးနေတယ်လို့ပြောရမှာပေါ့]

 

ချင်ကျောက် ရင်တွေတဆတ်ဆတ်တုန်ကာ အရမ်းထိတ် လန့်သွားသည်။

 

သို့သော် ထိုအံ့သြဖွယ်နှိုင်းယှဉ်မှုသည် လူတိုင်းကိုနိုး ကြားသွားစေခဲ့သည်။

 

အာ ဟုတ်သား၊ အရည်အချင်းပြည့်ဝတဲ့မန်နေဂျာဆိုတာ  ဖေးမင်ရွမ်လိုပဲ။

 

ငယ်ငယ်ရွယ်ရွယ်နဲ့ ချောမောတဲ့ ယောကျာ်းလေးအနု ပညာရှင်တစ်ယောက်နဲ့ တွဲလုပ်တဲ့အတွက် လူတွေက အချစ်ဇာတ်လမ်းရှိတယ်လို့ လွယ်လွယ်လေးထင်သွားကြတာ။

 

"အဟမ်း၊ ဖေးမင်ရွမ်ကို ပရော်ဖက်ရှင်နယ်မန်နေဂျာတစ်ယောက်လို့ ကျွန်တော် ထင်တယ်၊ သူ စွင်းမိုကို မကြိုက်ဘူး" ချင်ကျောက် ဝင်မပြောဘဲမ‌နေနိုင်ခဲ့ချေ။

 

ကျီဖေးသည် ပြုံးနေသော မျက်လုံးများဖြင့်လှမ်းကြည့်လိုက်သည်။

 

[ဉာဏ်ကောင်းတဲ့ ကောင်လေး]

 

[စွင်းမိုသာ နင့်ရဲ့ဦးနှောက်တစ်ဝက်လောက်ရှိရင် ငါ ဒီည ရယ်ရလို့ သေလုနီးပါးဖြစ်မှာမဟုတ်ဘူး။]

 

[ဖေးမင်ရွမ်ကသူ့ကို အမြဲတမ်းကြိုက်ခဲ့တယ်လို့ သူက ထင်နေတယ်၊ အဲဒါကြောင့် သူ့အတွက်အများကြီးလုပ်ပေးခဲ့တာပေ့ါ၊ ဒီအရူးရဲ့အမြင်မှာယောက်ျားတစ်ယောက်အတွက် နှစ်ပေါင်းများစွာ ကိုယ့်ကိုကိုယ်မြှုပ်နှံထားတဲ့ အမျိုးသမီးတစ်ဦးက သူ့ကိုချစ်နေတာပဲဖြစ်ရမယ်]

 

[ဒါပေမယ့် ဖြစ်နိုင်တာ တစ်ခုတော့ရှိပါတယ်၊ သူက     သူ့ဘာသာ သူတည်ဆောက်ထားတဲ့ အင်ပါယာကိုရိုးရိုးလေးချစ်နေ‌တာကော ဖြစ်နိုင်ခြေမရှိဘူးလား ? နင့်ကို  သူ ယောက်ျားတစ်ယောက်အနေနဲ့မမြင်ဘူး၊ နင့်ကို ပြုစုပျိုးထောင်နေရတဲ့ သားတစ်ယောက်လို့ပဲမြင်တာမျိုးလေ သူ နင့်ကို 'အုပ်ထိန်း' နေရတာပဲ မဟုတ်ဘူးလား ? သူက  တော့ နင့်ကို ကျေးဇူးမသိတတ်တဲ့သားတစ်ယောက်ဖြစ် လာလိမ့်မယ်လို့ မျှော်လင့်ထားမှာမဟုတ်ဘူး။]