Ch 80
Viewers 24k

🍉 Chapter 80

 

 

 

အံ့ဩတုန်လှုပ်ဖွယ်သတင်းကို ထုတ်ဖော်ပြီးနောက်၊ မားမားချင်နှင့် ချင်ရုန်တို့သည် ကျီဖေးအား စိတ်အားထက် သန်စွာကြည့်နေကြသည်။ သေချာသလောက်ရှိသည်၊ နောက်တစ်စက္ကန့်တွင် ကျီဖေး၏အတွေးများသည် မုန်တိုင်းတစ်ခုကဲ့သို့ အရှိန်ပြင်းလာသည်။

 

[အတိတ်မေ့တယ်၊ အဲ့တာ တကယ်လား အတုလား ? ငါကြည့်အုန်းမယ်၊ Holy shit!!! တကယ်ကြီးဟ၊ ပြီးတော့ သူက လူတစ်ယောက်ထဲကိုပဲ ကွက်ရွေးပြီး မေ့ပစ်နိုင်တဲ့ အံ့ဩစရာအမျိုးအစားပဲ! ရှန်းဝမ်ယွဲ့ကို အစကနေအဆုံးထိ သူ လုံးဝကိုမေ့သွားတာ!]

 

မားမားချင်နှင့်ချင်ရုန်၏အတွေး- ချင်ရန်ဘက်က ဆရာ ဝန်တွေက စုံစမ်းစစ်ဆေးနေတုန်းဘဲ၊ ဒါပေမယ့် ထင်ထားသလို ကျီဖေး၏အတင်းအဖျင်းကွန်ရက်ကသာ အမြန်ဆုံးပင်။ ဒါ အံ့သြဖို့ကောင်းလွန်းတယ်- သူ ရှန်းဝမ်ယွဲ့ တစ်ယောက်တည်းကိုပဲ မေ့တာလား?!

 

[လူတစ်ယောက်ကို ဘယ်လောက်တောင်မုန်းနေလို့ ခန္တာကိုယ်ကအလိုလိုကို အဲ့ဒီလူနဲ့ပတ်သတ်တဲ့ အချစ်တွေ အမုန်းတွေအကုန်လုံးမေ့ ဖျောက်ပစ်လိုက်တာလဲ ?! ဒါပေမယ့် ဒါ ရှန်းဝမ်ယွဲ့ရဲ့ ခြယ်လှယ်မှုကိုခံရနိုင်တဲ့အား နည်းချက်ဖြစ်မသွားဘူးလား? တကယ်လို့ သူသာ အရှက်မရှိပဲ နောက်တစ်ကြိမ်လက်ထပ်ဖို့ လုပ်မယ်ဆိုရင်ရော... အင်း~]

 

မားမားချင်နှင့် ချင်ရုန်: အင်း~

 

[ဘယ်လိုလုပ်ရမလဲ၊ သတိမေ့နေတဲ့ ရွမ်ကျားကို ရှန်းဝမ်ယွဲ့ ဘယ်လိုတုံ့ပြန်မလဲဆိုတာ အရမ်းသိချင်နေပြီ!]

 

မားမားချင်နှင့် ချင်ရုန်တို့သည်လည်း အလွန်ပင်သိချင်နေကြသည်။

 

ထို့ကြောင့် သုံးယောက်သား အကြည့်ချင်းဖလှယ်လိုက်ကြသည်။

 

"ကျဲရဲ့လုပ်ငန်းခွင်ကို ကျွန်မတို့အရင်ကတစ်ခါမှမရောက်ဖူးဘူးနော်" ဟု ကျီဖေး ပြောလိုက်သည်။

 

မားမားချင်နှင့် ချင်ရုန်မှခေါင်းညိတ်ပြပြီး သူတို့လည်း။  မရောက်ဖူးကြောင်း ဖော်ပြနေသည်။

 

"ကျဲဆီကို အတူတူသွားလည်ကြမလား ?" ကျီဖေးမှ အကြံပြုလိုက်သည်။

 

မားမားချင်နှင့် ချင်ရုန်တို့ အပြင်ထွက်ရန်ပြင်ဆင်ဖို့ အမြန်လှည့်ထွက်သွားကြသည်။

 

သူတို့ ဆေးရုံသို့ရောက်သောအခါ ချင်ရန်အားဆင်းပြီး လာခေါ်ရန် ဖုန်းဆက်လိုက်သည်။

 

သူတို့သုံးယောက်အစပိုင်းတွင် အနည်းငယ်စိတ်လှုပ်ရှားနေကြသော်လည်း ချင်ရန်မှ သူတို့အားနှုတ်ဆက်ပြီး သည်နှင့် သူက "မြန်မြန်လိုက်ခဲ့၊ ရှန်းမိသားစုက ရွမ်ကျားရဲ့အခြေအနေကိုသိပြီးပြီ၊ အခု သူတို့အခန်းထဲမှာ ရှိနေကြတယ်"

 

သုံးယောက် : !!!!

 

ဒီလိုနှင့် သူတို့လေးယောက်သည် လူနာထံသို့လာလည်ဟန်ဆောင်ကာ အတင်းအဖျင်းများအားရရှိရန် ရွမ်ကျား ၏လူနာခန်းထဲသို့ ဦးတည်သွားလိုက်ကြသည်။

 

တံခါးဝသို့ရောက်သည်နှင့် ခံစားချက်နှင့် နာကျင်မှုများ ပြည့်နှက်နေသည့် ရှန်းဝမ်ယွဲ့ ၏ကြမ်းတမ်းသောအသံကိုကြားလိုက်ရသည်- "ရွမ်ကျား၊ မင်း ကိုယ့်ကို တကယ်မမှတ်မိဘူးလား၊ ကိုယ် မင်းရဲ့ခင်ပွန်းပါ"

 

အတင်းအဖျင်းနားထောင်ရန် ရောက်လာသည့်လေးယောက်အဖွဲ့ သည် တုန်လှုပ်ခြောက်ခြားပြီး စိတ်မသက်မသာဖြစ်ကာ အနည်းငယ်စိုးရိမ်သွားကြသည်။

 

ထို့နောက် သူတို့သည် သူစိမ်းများအား ရင်ဆိုင်နေသည့် တက္ကသိုလ်ကျောင်းသူမိန်းကလေးတစ်ဦးကဲ့သို့ ကြည် လင်တက်ကြွနေသည့် ရွမ်ကျား၏အသံကို ကြားလိုက်ရသည်။

 

"ကျွန်မ မှတ်ဉာဏ်ထဲမှာ ရှင့်ကို မမှတ်မိတော့ပေမယ့် ကျွန်မက ငတုံးတစ်ယောက်တော့မဟုတ်ဘူး။ ရှင်က ဦးလေးရှန်းနဲ့ အန်တီရှန်းတို့ရဲ့ သား၊ ကျွန်မရဲ့ ငယ်သူ ငယ်ချင်း၊ ကျွန်မတို့ လက်ထပ်ခဲ့ကြတယ်ဆိုတာကိုသိတယ်။ ဒါပေမယ့် အခုကွာရှင်းပြီးသွားပြီ။ ကျွန်မဖုန်းထဲမှာ ကွာရှင်းစာချုပ်နဲ့ ပိုင်ဆိုင်မှုပြေစာပုံတွေရှိတယ်။ အမှိုက်ပုံးထဲမှာက လက်ထပ်လက်စွပ်တစ်ကွင်းရှိတယ်၊ အဲ့ဒါကြောင့် ရှင် ကျွန်မကို အရူးလုပ်နေတာရပ်တော့။ အခု ရှင်က ကျွန်မရဲ့ခင်ပွန်းဟောင်းပဲ။"

 

"အဲ့ဒါ မတော်တဆပါ၊ ကိုယ်တို့ ကွာရှင်းမှုအတုလုပ်ဖို့စီစဉ်နေတာ၊ ကိုယ်ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပါဘူး..."

 

"အဲ့ဒီမှာ ရပ်လိုက်၊ အရင်က ရှင် ဘာကိုစီစဉ်ခဲ့တာလဲဆိုတာ ကျွန်မဂရုမစိုက်ဘူး။ ကျွန်မကိုယ် ကျွန်မသိတယ်၊ ပြီးတော့ ကျွန်မ ဒီလိုရူးကြောင်ကြောင်ဂိမ်းတွေကိုလိုက် လျောပြီး ကစားပေးမယ့် သူမျိုးမဟုတ်ဘူး။ ကျွန်မ ဘယ်တုန်းကမှ အရာရာတိုင်းကိုမဆင်မခြင်ဆုံးဖြတ် ချက်ချတာမျိုးမလုပ်ဖူးဘူး။ ကျွန်မ မေ့သွားခဲ့ရင်တောင်မှ ကျွန်မဆုံးဖြတ်ချက်ကို ကျွန်မယုံတယ်။ အဲဒါက ကျွန်မ ရှင့်ကို နောက်ထပ်မလိုချင်တော့တာပဲဖြစ်ရမယ်၊ ဒီတော့တော်လိုက်တော့၊ ကျွန်မကို လှည့်စားလို့ရမယ်မထင်နဲ့ အလုပ်ဖြစ်မှာမဟုတ်ဘူး!"

 

ကျီဖေးနှင့်တခြားသူများ ဝင်လာချိန်မှာ ရွမ်ကျား၏ 'ငါ့ကို လှည့်စားဖို့မကြိုးစားနဲ့' ဆိုသည့် အမူအရာမျိုးအား တွေ့ လိုက်ရသည်။ ခေါင်းတစ်ဝိုက်တွင် ပတ်တီးဖြူများဖြင့် ပတ်ထားသော်လည်း သူမ၏မျက်လုံးများသည် တောက်ပပြီးသတိရှိနေသည်။

 

သူသည် ယခင်ကကဲ့သို့ ရှန်းဝမ်ယွဲ့ အား အာရုံစိုက်မနေတော့ချေ။ အသစ်ရောက်လာသူများအား သတိထားမိ သည်နှင့် သူ့အာရုံသည် ကျီဖေးနှင့်တခြားသူများထံချက် ချင်းပြောင်းသွားသည်။

 

"အာ၊ မစ္စကျီဖေး ဟုတ်တယ်မလား ? မင်္ဂလာပါ ၊ ကျွန်မ ရှင့်ကို မှတ်မိတယ်။ အဲဒီတုန်းက ရှင် ကျွန်မကိုကုန်တိုက်မှာကူညီပေးခဲ့တာ။ ကျွန်မ ရှင့်ကို အွန်လိုင်းပေါ်မှာလည်း တွေ့ ဖူးတယ်၊ ရှင့်ရဲ့ သရုပ်ဖော်ခဲ့တဲ့ဇာတ်လမ်းအတွက် ကျေးဇူးတင်ပါတယ် - အဲဒါ ကျွန်မအတွက် ကြီးမားတဲ့ အထောက်အကူဖြစ်ခဲ့တယ်။"

 

ရွမ်ကျား သူအား ကျေးဇူးတင်ကြောင်းပြောပြီး စိတ်ရင်းမှန်ဖြင့် တောက်ပစွာပြုံးပြလိုက်သည်။ ထို Show သည် သူ့မှတ်ဉာဏ်ပျောက်ဆုံးမှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများအားသက်သာစေခဲ့သည်။

 

ကျီဖေးက ပြုံးပြီး "ရှင် နိုးလာပြီလို့ကြားလို့ ကျွန်မလာလည်တာ"

 

[ ရှန်းဝမ်ယွဲ့ ရဲ့နှောက်ယှက်မှုမရှိရင် သူ ဒီလောက်တက်ကြွတဲ့ လူဖြစ်လိမ့်မယ်လို့ ငါ ဘယ်တုန်းကမှမထင်ခဲ့မိဘူး။]

 

ချင်မိသားစုသုံးယောက်သည်လည်း မယုံကြည်နိုင်စွာခံစားလိုက်ရသည်။ သူသည် လုံးဝကို မတူသည့်လူတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။

 

သူတို့အားလုံးသည် ရွမ်ကျားအား ယခင်ကတွေ့ ဖူးပြီး ထိုစဉ်က သူသည် ညှိုးနွမ်းနေသည့်ပန်းတစ်ပွင့်နှင့်တူကာ တဖြည်းဖြည်းမှိန်သွားသလိုခံစားရသည်။ ယခုမူကား၊ သူသည် မြေကြီးထဲမှ ဖောက်ထွက်လာသည့် မျိုးစေ့နှင့်တူသည်။

 

ကျီဖေး အခန်းထဲသို့ ဝှေ့ပြီးကြည့်လိုက်သည်။ ရှန်းဝမ်ယွဲ့ သည် ဆေးရုံကုတင်ဘေးတွင် ဒူးထောက်ကာသနားစရာကောင်းစွာတောင်းပန်နေသည့် ပုံစံဖြင့်ရှိနေသည်ကို သူ မြင်လိုက်ရသည်။ ပါးပါးရှန်းနှင့် မားမားရှန်း တို့သည် မျက်ရည်များသုတ်ရင်း အနားတွင်ရပ်နေကြသည်။

 

ရွမ်ကျားမှ ကျီဖေးနှင့် စကားပြောနေစဉ် ရှန်းဝမ်ယွဲ့ အေးခဲသွားသည်။ တစ်ချိန်က သူ့အားအကြွင်းမဲ့နှလုံးသားဖြင့်ချစ်ခဲ့ဖူးသော တစ်စုံတစ်ယောက်ထံမှလျစ်လျူရှုခံရခြင်းသည် ကြောက်မက်ဖွယ်ကောင်းလှသည်။

 

"ရွမ်ကျား!"

 

ရှန်းဝမ်ယွဲ့ စိုးရိမ်တကြီးနှင့် ရွမ်ကျား၏လက်အားလှမ်းဆွဲကာ "ကိုယ့်ကိုကြည့်ပါဦး၊ မင်း မေ့သွားရင်တောင်မှ တစ်ခုခုတော့ခံစားမိဦးမှာပါ။ မင်း ကိုယ့်ကိုချစ်တယ်လေ။ မင်းကိုယ့်ကို နှစ်တော်တော်ကြာအောင်ချစ်ခဲ့တာ။ ကိုယ် တောင်းပန်ပါတယ် ရွမ်ကျား၊ ကိုယ် မင်းကို တောင်းပန်ပါတယ်။ မင်း မရှိဘဲ ကိုယ်မနေနိုင်လို့ပါ၊ ကိုယ် တကယ်..."

 

စကားပင်ဆက်မပြောနိုင်တော့ပဲ ရှိုက်ကြီးတငင် ငိုတော့ သည်။

 

သို့ပေမဲ့ ရွမ်ကျား ထိုအတွက်နှင့် ကျရှုံးမသွားချေ။ သူ့အားထိတွေ့ ရန် ဘာအခွင့်အရေးမှမပေးဘဲ ရွံရှာစွာဖြင့် ထိုသူ၏ အထိအတွေ့ အားရှောင်လိုက်သည်။

 

"ကျွန်မက ရှင့်ကို နှစ်ပေါင်းများစွာချစ်ခဲ့တာလား? ဒါဆို ကျွန်မ ကန်းနေတာပဲဖြစ်ရမယ်။ လွန်ခဲ့တဲ့လေးနှစ်က ရှင် ကျွန်မကို လိမ်လည်လှည့်ဖြားခဲ့တယ်၊ ရှင်က လူယုတ်မာပဲ။ ရှင့်ကို ချစ်ဖို့က ဘာရှိသေးလို့လဲ? ရှင့်ရဲ့ သစ္စာမဲ့မှုလား ? ရှင့်ရဲ့ မလေးစားမှုလား ? ရှင့်အတွက် ကျွန်မ ရဲ့ အိပ်မက်တွေကိုတောင်စွန့်လွှတ်ခဲ့ရတယ်။ ရှင် ကျွန်မကို စကားလုံးတွေနဲ့ သိမ်းသွင်းဖို့လုပ်နေတာလား ?"

 

ထိုသို့ပြောပြီးနောက် ရွမ်ကျား သူ့ခေါင်းအား မယုံနိုင်စွာဖြင့် ထိလိုက်သည်။

 

ရှန်းဝမ်ယွဲ့ အား စူးစူးရဲရဲကြည့်ကာ ရှုံ့ချနေပုံရသည့် သူ့မျက်လုံးများသည် စစ်မှန်သောရွံရှာဖွယ်အကြည့်မျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။

 

ပါးပါးရှန်းနဲ့မားမားရှန်းသည် စကားပင်မပြောနိုင်ဘဲ အသံများတုန်ယင်ကာ သတိထားနေသည်။

 

"ဒီမိုက်မဲတဲ့ကောင်လေးက မင်းအပေါ် အမှားလုပ်ခဲ့တယ်။ သူက စိတ်ရှုပ်ထွေးပြီး ဆင်ခြင်တုံတရားကင်းမဲ့နေတာပါ။ ဒါပေမယ့် သူ မင်း ကိုတကယ်ချစ်ပါတယ်။ မင်း နိုးလာဖို့ စောင့်နေတဲ့နေ့တွေတုန်းက သူက သေလူ တစ်ယောက်လိုပဲ ဘာမှ မစားမသောက်ခဲ့ဘူး။ သူ့နှလုံး သားထဲမှာ မင်းရှိနေတယ်လို့ ငါတို့ ယုံတယ်။"

 

"ငါတို့လည်း ဒီကောင်လေးကိုမုန်းတယ်၊ ဒါပေမယ့်... မင်း သူ့ကို အခွင့်အရေးပေးနိုင်မလား? မင်း မကောင်းတဲ့အရာတွေကိုမေ့ပစ်လိုက် ပြီး မင်းကို တစ်သက်လုံးပြုစုစောင့်ရှောက်ခွင့် မပေးတော့ဘူးလား?"

 

အတင်းအဖျင်းနားထောင်နေသည့် လေးယောက်သည် ထိုစကားလုံးများမျာ အလွန်ဒေါသထွက်ဖွယ်ကောင်းကြောင်းတွေ့ ရှိခဲ့သည်။

 

ကံကောင်းထောက်မစွာပင်၊ ရွမ်ကျားသည် နောက်ထပ် ရှုပ်ထွေးမနေတော့ချေ။

 

"အန်ကယ်၊ အန်တီ၊ သူ ကျွန်မအပေါ် မှားခဲ့တဲ့သူဆိုက တည်းက ကျွန်မ မတောင်းပန်နိုင်ဘူး။ အန်တီတို့ကကျွန်မ ကြီးပြင်းလာတာကိုကြည့်ခဲ့တာဆိုတော့ ကျွန်မရဲ့ ပင်ကိုယ်စရိုက်ကိုနားလည်သင့်တယ်။ ကျွန်မ မချစ်တဲ့သူတစ်ယောက်နဲ့ ဘယ်တော့မှ မနေနိုင်ဘူး၊ သူ ကျွန်မကို

နာကျင်အောင်အများကြီးလုပ်ခဲ့မှန်း ဒီလောက်သိသာနေတာ ကျွန်မ အခု သူ့ကိုမတွေ့ ချင်တော့ဘူး။ သူ ကျွန်မရှေ့ မှာထပ်ပေါ်လာအုံးမယ်ဆိုရင် ကျွန်မ နောက်တစ်ကြိမ် ခွဲစိတ်ရလောက်တယ်လို့ ခံစားနေရတယ်။"

 

ရွမ်ကျားသည် သူ မကြာသေးမီက ခွဲစိတ်ထားသောခေါင်းအားကိုင်ကာ နာကျင်နေပုံပေါ်သည်။

 

ယင်းကအတင်းအဖျင်းနားထောင်နေသည့် လေးယောက်အား ရယ်မောစေခဲ့သည်။

 

"ရှန်းဝမ်ယွဲ့ ၊ ရည်းစားဟောင်းတစ်ယောက်က သေသွားတဲ့လူနဲ့ တူသင့်တယ်။ အနှောက်အယှက်မပေးပဲ ရှင် ကျွန်မကို လမ်းခွဲပေးမယ်ဆိုရင်တော့ ရှင့်အပေါ် အမြင်ကောင်းလေးတွေ ရှိလာနိုင်မယ်လို့ထင်တယ်။"

 

ထို့နောက် ရွမ်ကျား သူ့လက်အားဝှေ့ယမ်းပြီး "အန်ကယ်၊ အန်တီ၊ ကျေးဇူးပြုပြီး သူ့ကိုခေါ်သွားပေးပါ။ ကျွန်မရဲ့ နာလန်ထူမှုကို မထိခိုက်စေချင်ဘူး"

 

ရှန်းဝမ်ယွဲ့ ၏ခန္ဓာကိုယ်သည် ယိမ်းယိုင်သွားကာ ဒူးပင်မထောက်နိုင်တော့ချေ။

 

"ရွမ်ကျား၊ ရွမ်ကျား၊ ကိုယ်မှားနေတာ သိပါပြီ၊ ကိုယ့် နှလုံးသားထဲမှာ မင်း တစ်ယောက်ထဲပဲရှိတယ်ဆိုတာ အခုမှသဘောပေါက်သွားတာ။ တခြားသူတွေက လှည့် စားမှုတွေပဲ၊ ကိုယ်...

 

"ဟုတ်လား ?" ရွမ်ကျားသည် ရုတ်တရက်မျက်ခုံးပင့်ကာပြောလိုက်ပြီး အနီးနားရှိ ဖုန်းအားကောက်ကိုင်လိုက်ကာ တစ်စုံတစ်ခုကိုပုတ်ပြလိုက်သည်။

 

ထို့နောက် သူက "အောက်တိုဘာလ 10 ရက်နေ့၊ ဝမ်ယွဲ့ က ဘာလို့ ငါ့ အပေါ် အေးစက်နေလဲဆိုတာ ငါသိသွားပြီ။ သူမူးပြီး 'ကျားကျား မသွားပါနဲ့' လို့အော်ပြီး ငါ့ကို ပွေ့ ဖက်နမ်းဖို့တောင်ကြိုးစားခဲ့တယ်။ ငါ ရွံသွားပြီ။ သူ ငါ့ကို ကျားကျားလို့ ဘယ်တုန်းကမှမခေါ်ဖူးဘူး၊ အဲဒါ ငါ မဟုတ်ဘူး၊ လွန်ခဲ့တဲ့တစ်နှစ်လောက်က ကျားကျား ထွက်သွားတာ ငါ သိတယ်။"

 

ထိုစကားလုံးများကြောင့် ရှန်းဝမ်ယွဲ့ ၏မျက်နှာသည် ဖြူဖျော့သွားပြီး သူ့မျက်လုံးများသည် မယုံကြည်နိုင်စွာ တုန်လှုပ်သွားကြသည်။

 

အတင်းအဖျင်းနားထောင်နေသည့် လေးယောက်သည် အုံကြွသွားကြသည်။ အားလုံးက ရှန်းဝမ်ယွဲ့ အား အထင် အမြင်သေးစွာဖြင့် ကြည့်နေကြသည်။

 

"ရှင်ပြောသလို ကျွန်မတစ်ယောက်တည်းလား ? ဟုတ် လား ?"

 

ရွမ်ကျား လှောင်ပြောင်စွာဖြင့် "အောက်တိုဘာလ 12 ရက်နေ့၊ ငါ့ ကိုယ်ဝန်အကြောင်း ရှန်းဝမ်ယွဲ့ ကိုမပြောပြဖို့ဆုံး ဖြတ်လိုက်ပြီ။ ဒီ ကလေးကို ထိန်းထားလို့မရဘူး။ ငါ သူ့ကိုဆက်လွယ်ထားဖို့ ဆုံးဖြတ်လိုက်ရင် ကလေးအတွက် အရမ်းမတရားဘူး။ အခု သူက ငါ့ကလေးရဲ့ဖခင်ဖြစ်ဖို့ မထိုက်တန်ဘူး။"

 

ထိုအသံအားကြားလိုက်ရသည်နှင့် သူ့ပတ်ဝန်းကျင်တွင် အေးခဲသွားသလိုပင်။ ရှန်းဝမ်ယွဲ့ သညါ သူ့လည်ပင်းအား တစ်ယောက်ယောက်ဆုပ်ကိုင်ထားသကဲ့သို့ တုန် တုန်ယင်ယင်ဖြင့် ရွမ်ကျားအား စိုက်ကြည့်ကာ မျက်လုံးများနီရဲလာသည်။

 

"ကလေး ? ကိုယ်တို့မှာ ကလေးရှိခဲ့တာလား ?"

 

.............................

 

နောက်တစ်ပတ် PK မျာယှဉ်ပြိုင်မယ့်သူတွေက အမျိုး သားနတ်ဘုရားအဖွဲ့ပဲ၊ သူတို့ရဲ့အတင်းအဖျင်းကတော့ နည်းနည်းပျင်းစရာမို့လို့ ပြင်လိုက်တယ်။

 

အခုတော့ – Xianxia ဒရာမာ အမျိုးသာနတ်ဘုရားနဲ့

သူ့ Ex ရဲ့လက်ရှိချစ်သူ နှစ်ယောက်ပေါင်းပြီး Stage ပေါ်မှာပူးပေါင်းဖျော်ဖြေမယ်ဆိုတာပဲ!

 

...............