Ch 79
Viewers 24k

🍉 Chapter 79

 

 

 

"ရွမ်ကျား နေမကောင်းဘူး၊ သူ ဆေးရုံတတ်နေရတယ်၊ ဒါကို မင်းက သိတောင်မသိဘူးပေါ့ ဟုတ်လား ? ငါ မင်းကို သတ်ပစ်မယ်၊ မင်း လူယုတ်မာ" ဟု ပါးပါးရှန်း ဒေါသတကြီးတုံ့ပြန်လိုက်သည်။

 

မားမားရှန်းလည်း အံ့အားသင့်သွားကာ "ရွမ်ကျားရဲ့ မိဘတွေ ဆုံးသွားပြီ၊ နင့်က သူ့မှာရှိတာအကုန်ပဲ၊ ပြီးတော့ နင်က နင့်ရဲ့အုပ်ထိန်းမှုအောက်မှာတောင် သူ့ကိုနေမကောင်းဖြစ်စေခဲ့တယ်ပေါ့ ? အရိုင်းအစိုင်းကောင်!"

 

မားမားရှန်းသည် ရှန်းဝမ်ယွဲ့အား ဒေါသထွက်လွန်းသဖြင့် ဟန်ချက်ပျက်လုနီးပါးအထိ ပါးရိုက်ခဲ့သည်။

 

ထင်ရှားကျော်ကြားသည့် အကောင်းဆုံးသရုပ်ဆောင်မင်းသားသည် လူတိုင်း၏ရှေ့မှောက်တွင်ပင် ၎င်း၏မိဘများထံမှရိုက်နှက်အရှက်ခွဲခံခဲ့ရသည်။ သူ့မန်နေဂျာသည် အခြေအနေများပိုဆိုးမသွားစေချင်သဖြင်ါတိုက်ရိုက်ထုတ်လွှင့်မှုအားဖြတ်တောက်ရန် ဒါရိုက်တာနှင့် ထုတ် လုပ်သူတို့အား အပြင်းအထန်တောင်းဆိုခဲ့သည်။

 

သို့သော် ဒါရိုက်တာနှင့် ထုတ်လုပ်သူတို့သည်လက်လျော့သွားခဲ့ပြီဖြစ်ပြီး ကိစ္စများမှာ ဤအဆင့်အထိရောက်နေပြီဖြစ်ရာ ၎င်းတို့သည် အမြင်နှင့် လူကြိုက်များမှုအပေါ် အခွင့်ကောင်းယူပြီး မရည်ရွယ်ဘဲ ကြံရာပါကဲ့သို့သော သံသယမျမှ လွတ်မြောက်ကောင်းလွတ်မြောက်နိုင်မည်ဟု ယူဆထားကြသည်။

 

၎င်းတို့၏အမြင်တွင် ထိုဖြစ်ရပ်ဖြစ်ပြီးနောက် ရုပ်ရှင်ဧကရာဇ်၏အသက်မွေးဝမ်းကြောင်းမှာ ဆုံးခန်းတိုင်သွားခဲ့ပြီဖြစ်သည်။

 

"ကျွန်တော် မသိခဲ့ဘူး၊ ကျွန်တော် တကယ်မသိခဲ့ဘူး၊ သူကျွန်တော်ကို မပြောပြခဲ့ဘူး..." ရှန်းဝမ်ယွဲ့ မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

 

ဘေးမှကြည့်နေကြသည့် ကျီဖေးနှင့် ချင်ကျောက်သည် ထိုစကားကြောင့် အံသြသွားခဲ့သည်။

 

[ဒီအချိန်ထိတောင် တာဝန်မယူပဲ ရှောင်ဖို့ကြိုးစားနေသေးတယ် တကယ်အရှက်မရှိတာဘဲ။]

 

ချင်ကျောက် လှောင်ပြောင်ပြီး "အခုထိ ငါတို့လုပ်ခဲ့တာက ဘာအတွက်မှမဟုတ်သလိုပါလား"

 

လူတိုင်း ထိုမြင်ကွင်းကို ပြန်သတိရသွားပြီး comment box ထဲ ကဲ့ရဲ့သံများဖြင့် ပေါက်ကွဲသွားလာခဲ့သည်။

 

ရုပ်ရှင်ဧကရာဇ်၏ဖုန်းသည် ဖွင့်ထားဆဲဖြစ်ပြီး ရုတ်တ ရက် အခြားတစ်ဖက်တွင် ချင်ရန်၏အသံအားကြား လိုက်ရသည်။

 

ရှေ့နေနှင့်ချင်ရန်တို့နှစ်ဦးစလုံးသည် ခွဲစိတ်ခန်း၏အပြင်ဘက်တွင် ရှိနေကြသည်မှာထင်ရှားသည်။

 

"ရုပ်ရှင်ဧကရာဇ်ရှန်းက နစ်နာသူလိုဟန်ဆောင်ဖို့ကြိုးစား နေတုန်းပဲလား? မစ္စရွမ်ကျား ဆေးရုံတက်တုန်းက သူ့မိသားစုကိုအကြောင်းကြားဖို့ ကျွန်မတို့တိုက်တွန်းခဲ့တယ်။ သူ ရှင့်ဆီကို ကျွန်မတို့ဝန်ထမ်းတွေရှေ့မှာတင် ဖုန်းဆက်ခဲ့တာ၊ ရှင် ဘယ်လိုတုံ့ပြန်ခဲ့တယ်ဆိုတာ ရှင် မေ့သွားပြီလား ?"

 

ရှန်းဝမ်ယွဲ့  တစ်စုံတစ်ခုအားသတိရသွားပုံပေါ်ပြီး သူ့အသက်ရှုသံများရပ်တန့်သွားသည်။

 

"သူ ရှင့်ကိုလှည့်စားဖို့လုပ်နေတာလို့ ရှင် ပြောခဲ့တယ်လေ သူ့ရဲ့မနာလိုစိတ်နဲ့ ကျိန်စာတိုက်မှုတွေကိုငြီးငွေ့ လာပြီလို့ပြောခဲ့တယ်လေ” ဟုချင်ယန်မှ အေးစက်စွာပြောလာသည်။

 

ရှန်းဝမ်ယွဲ့ သူထိုသို့သောအမှားမျိုးလုပ်ခဲ့သည်ကို လက် သင့်မခံနိုင်ပုံပေါ် ပြီး ထိတ်လန့်တကြားနဲ့ "ငါတို့ ငြင်းခုံနေကြတာ၊ သူ ဒေါသထွက်ပြီးပြောခဲ့တာလို့ပဲ ငါထင်နေတာ။ နောက်ပိုင်းမှာ သူ ဘာလို့ဘာမှပြန်မပြောခဲ့တာလဲ? သူသာ ဆေးစစ်ချက်ကိုပြခဲ့မယ်ဆိုရင်..."

 

"ရှင်နဲ့ အနီးစပ်ဆုံးလူက သူ နေမကောင်းပါဘူးပြောတာကို၊ သံသယဖြစ်ရအောင် အရင်က မစ်ရွှမ် ရှင့်ကိုမကြာ ခဏလိမ်ပြောခဲ့ဖူးလို့လား ?"

 

ဖုန်းထဲမှ မေးခွန်းအားကြားပြီးနောက် ပါးပါးရှန်းက "ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ရွမ်ကျား ဘယ်တုန်းကမှ အဲ့လိုလူမျိုးမဟုတ်ဘူး။"

 

မားမားရှန်းကလည်း ရှန်းဝမ်ယွဲ့ ၏ရင်ဘတ်အားရိုက် ပုတ်ကာ "နင် ဘာလို့ ဒီလိုဖြစ်လာရတာလဲ? နင် ရွမ်ကျားအကြောင်းမသိဘူးလား ? မဟုတ်ဘူး၊ ငါတို့ကသာ နင့်အကြောင်းသေချာမသိခဲ့ကြတာ!"

 

ရှန်းဝမ်ယွဲ့  စိတ်ထဲဗလာဖြစ်သွားသည်။

 

"နောက်ရက်မှာတင် ရှင် ဝမ်ကျားနီခြေကျင်းဝတ်လည်သွားလို့ ဆေးရုံလိုက်ပို့တယ်ဆိုတဲ့ ကောလဟာလတွေပျံ့သွားတယ်လေ။ မစ္စရွမ် ရှင့်ကို ဘာမှဆက်ပြောစရာအကြောင်းမရှိတော့ဘူးလို့ ခံစားသွားရတာနေမှာပေါ့" ဟု ချင်ရန်မှ ဓားဖြင့်ဆက်ထိုးလိုက်ပြန်သည်။

 

ရှန်းဝမ်ယွဲ့ မျက်နှာသည် ဖြူစုတ်သွားတော့သည်။

 

ဝမ်ကျားနီ မျက်နှာမှာလည်းဖြူဖျော့နေသည်။

 

ကျီဖေးမှကြားဖြတ် မပြောပဲမနေနိုင်တော့ချေ။ သူက

 

"တွေးကြည့်လေ၊ ရွမ်ကျား နေမကောင်းတာသုံးလနီးပါးရှိပြီ၊ ကျမ အဝတ်အစားဝယ်ရင်း သူ့ကို နောက်ဆုံးတွေ့ လိုက်တုန်းက သူ့ကို အရမ်းပိန်လို့ နေမကောင်းဘူးလို့ ထင်ခဲ့တာ။ ရုပ်ရှင်ဧကရာဇ်ရှန်းက သူ့မိန်းမနဲ့ မတွေ့ တာ သုံးလလောက်ရှိပြီဆိုတော့ သူ တခြားတစ်ယောက် ယောက်နဲ့လိုက်သွားတာလား ?"

 

ချင်ကျောက်မှ "သူ့မျက်လုံးတွေ မွဲနေတာဖြစ်နိုင်တယ်၊ ပြီးတော့ သူက နာကျင်တတ်ပြီး ကြောက်လန့်တတ်တဲါ  တခြားမိန်းမတွေကိုပဲ မြင်နိုင်တာလားမှမသိတာ ?"

 

"ကြည့်ရတာ တကယ်အမြင်ချို့ယွင်းတာဖြစ်နိုင်တယ်။ အဲ့အပြင် သူက အဲ့ဒီပေါက်ကြားခဲ့တဲ့ ဆေးရုံကဓာတ်ပုံတွေကိုတောင် အတုလို့ထင်ခဲ့သေးတာ၊ တကယ်နေမကောင်းဖြစ်နေတာကိုကျ မမြင်နိုင်ခဲ့ဘူး" ဟု ကျီဖေးမှ ချင်ကျောက်အား တီးတိုးပြောလိုက်သော်လည်း သူ့အသံသည် တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် လူတိုင်းထံသို့ပျံ့ လွင့်သွားသည်။

 

ရှန်းဝမ်ယွဲ့  ပြိုလဲလုနီးပါးလဲကျသွားသည်။ နှုတ်ခမ်းများတုန်ယင်နေပြီး တစ်ခုခုငြင်းချင်သော်လည်း ရူးသွပ်စွာခေါင်းခါရုံသာလုပ်နိုင်တော့သည်။ သူ့အမူအရာသည် အလွန်နာကျင်နေပုံရသော်လည်း စာနာပေးချင်စရာမရှိပေ။

 

ပိုမိုအသေးစိတ်သည့်ဖော်ပြချက်များကြောင့် ပွဲထဲတွင်ရှိနေသူများနှင့် အွန်လိုင်းပရိသတ်များအားလုံးကိုပါလုံး လုံးလျားလျား တုန်လှုပ်သွားစေသည်။ ထိုအကြောင်းအား များများတွေးလေလေ၊ အညစ်အကြေးများ စားမိသကဲ့သို့ ရွံရှာလေလေဖြစ်လို့နေသည်။

 

" ငါ အချိုတွေစားနေရတယ်ထင်နေတာ တကယ်တော့ ချီးတွေစားနေရတာပဲ။ ဝေါ့~ အန်ချင်လာပြီ"

 

"ရုပ်ရှင်ဧကရာဇ်ကို ချစ်တဲ့သူတွေဘယ်မှာလဲ၊ CP တွေ ship ပြီး တရားဝင်ဇနီးကိုစော်ကားတဲ့သူတွေ ဘယ်မှာလဲ၊ ထွက်လာပြီးအပြစ်ကိုရင်ဆိုင်ကြ တောင်းပန်ပါ"

 

"ငါ အရင်တောင်းပန်မယ်၊ ကျဲရေ မေ့မေ့ ဒူးထောက်ပြီး တောင်းပန်ပါတယ်၊ လူတွေကို အထင်လွဲခဲ့လို့ ၊ လူယုတ် မာကောင်နဲ့ စျေးပေါတဲ့ကောင်မကို ပံ့ပိုးပေးခဲ့မိလို့ ၊ ငါ့ သီလတွေ ဘယ်လောက်ဆုံးရှုံးသွားပြီလဲ မသိဘူး ၊ ဒါ ငါနဲ့ထိုက်တန်ပါတယ်"

 

"လူယုတ်မာနဲ့ ဈေးပေါတဲ့ကောင်မ၊ ဖျော်ဖြေရေးနယ် ပယ်ထဲက ထွက်သွားစမ်း!"

 

ရှေ့နေချောင်းတစ်ချက်ဆိုးကာ ပရော်ဖက်ရှင်နယ်ပုံရိပ်ကိုထိန်းထားရင်း "ဟုတ်ကဲ့၊ မစ္စတာရှန်း၊ ခင်ဗျားရဲ့ ကော်မရှင်နဲ့ ပတ်သတ်ပြီး ကျွန်တော့်တာဝန်ပြီးသွားပါပြီ၊ ဒါကြောင့် အခု ဖုန်းချလိုက်ပါတော့မယ်..."

 

သို့သော် ရှန်းဝမ်ယွဲ့ ရုတ်တရက် နိုးလာပုံရသည်။

 

"မဟုတ်ဘူး၊ မင်း ဘယ်မှာလဲ ? ငါ သူ့နားနေပေးရမယ်၊ သူ ဘယ်လိုလုပ် တစ်ယောက်တည်းခွဲစိတ်နိုင်မှာလဲ ? ငါသူ့ဆီ လာခဲ့မယ်၊ ငါတို့ မကွာရှင်းဘူး၊ ငါ သဘောမတူဘူး၊ အဲဒါ အတုပဲ"

 

ရှန်းဝမ်ယွဲ့ စိတ်ပူလွန်းသဖြင့် မျက်ရည်များစီးကျလာပြီး သူ့တစ်ကိုယ်လုံး ပြိုလဲလုနီးပါးဖြစ်နေပုံရသည်။ တစ်ချို့ အရာတွေက ဆုံးရှုံးသွားတော့မှတန်ဖိုးရှိပုံရသည်။

 

[အခုမှ သစ္စာရှိတဲ့သူပုံစံလုပ်ပြနေတာလား ? ရွံစရာပဲ~ သူ ရွမ်ကျားကို ဖက်တွယ်ထားဖို့ စဉ်းစားနေသေးတာတော့ မဟုတ်ပါဘူးနော် ဟုတ်တယ်မလား ?]

 

"မစ္စတာရှန်း၊ ကျွန်တော့်ကိုနောက်တစ်ကြိမ် ရှင်းပြခွင့်ပြုပါ၊ ခင်ဗျားရဲ့ရည်ရွယ်ချက်က မှန်သည်ဖြစ်စေ မမှန် သည်ဖြစ်စေ၊ နောင်တချိန်မှာ တခြားလုပ်ဆောင်မှုတွေရှိရှိ၊ မရှိရှိ၊ အဲ့တာ တရားဝင်လုပ်ခဲ့ပြီးပြီ၊ ပြီးတော့ ခင်ဗျားအရင်လက်မှတ်ထိုးပြီးမှ မစ္စရွမ်ကိုအပ်လိုက်တာဖြစ်တဲ့အတွက်ကြောင့် ခင်ဗျား မစ္စရွမ်ကိုကွာရှင်းဖို့ဆုံးဖြတ် ချက်ချခဲ့ပြီး၊ မစ္စရွမ်ကလည်း ကွာရှင်းဖို့ဆုံးဖြတ်ခဲ့တယ်"

 

"ငါ အရယ်လွန်ပြီးသေတော့မယ်၊ ရှန်းဝမ်ယွဲ့  သူ့ကိုယ့်သူနဲ့ဝမ်ကျားနီကို ဖြူစင်အောင်လုပ်ချင်လို့ သူ့ဇနီးနဲ့ ကွာရှင်မှုအတုလုပ်ဖို့ စီစဉ်ခဲ့တယ်တဲ့လား ? သူ့ဦးနှောက်က ဖွံ့ ဖြိုးမှုနောက်ကျနေတာလား ? သူဘာတွေ တွေးနေတာလဲ ?"

 

"မေးချင်တာက၊ ဒီလိုအဓိပ္ပါယ်မဲ့တဲ့ ကိစ္စတစ်ခုကိုသဘောတူလိမ့်မယ်လို့ ရှန်းဝမ်ယွဲ့က သူ့မိန်းမကို ဘယ် လောက်အထိ ယုံကြည်မှုရှိနေတာလဲ ?"

 

"သူ မယားငယ်မလှည့်ဖြားခံရပြီး ဥာဏ်ရည်နိမ့်ပါးသွားတယ်လို့ ငါ ထင်တယ်။"

 

ရှန်းဝမ်ယွဲ့ အားလှောင်ပြောင်သည့် comment များသည် လှိုင်းလုံးကြီးများကဲ့သို့ပေါ်လာပြီး ကြီးမားသော ဖန်သားပြင်ကို ကြည့်မရနိုင်အောင်ကာထားကြသည်။

 

အဆုံးမှာတော့ ရှန်းမိဘတွေသည် သောကများအားချိုးနှိမ်ကာ ဒေါသတကြီးဖြင့် ရှန်းဝမ်ယွဲ့ အားဆွဲထုတ်သွားခဲ့ကြသည်။

 

ရှန်းဝမ်ယွဲ့ ထွက်သွားပြီးနောက်၊ စခရင်တစ်ခုလုံးသည် "အရှက်မရှိတဲ့ မယားငယ်မ၊"ဟူသော စာသားဖြင့်ပြည့်နှက်နေသည်။

 

ဤအချက်ကြောင့် ဝမ်ကျားနီသည် မနေနိုင်တော့ဘဲ ငိုယိုကာစင်ပေါ်မှပြေးဆင်းသွားခဲ့သည်။

 

နောက်ဆုံးတွင်၊ မဲပေးခြင်းမစတင်မီ ထိပ်တန်းအဖွဲ့ တစ်ဖွဲ့ တည်းသာစင်ပေါ်တွင်ကျန်ခဲ့ပြီး ပထမဆုံး PK အား အပြတ်သတ်အနိုင်ရရှိခဲ့သည်။

 

အိမ်ပြန်ရောက်ပြီးနောက် ကျီဖေးနှင့် ချင်မိသားစုတို့ သည် အွန်လိုင်းပေါ် ရှိအတင်းအဖျင်းများနောက်သို့ ဆက်မလိုက်ဘဲမနေနိုင်ခဲ့ပေ။

 

ရှန်းဝမ်ယွဲ့ နှင့် ဝမ်ကျားနီတို့အကြား မလျော်ကန်သော အပြန်အလှန်ဆက်ဆံမှုများ ပိုများလာနေသည်ကိုတွေ့ လိုက်ရသော်လည်း သူတို့ဘက်မှ မတွဲခဲ့ဖူးကြောင်း အခိုင်အမာငြင်းဆိုနေကြဆဲဖြစ်ပြီး ကျီဖေး သူတို့၏ ရဲတင်းမှုအား မချီးကျူးဘဲမနေနိုင်ပေ။

 

အိပ်ရာမဝင်ခင်မှာပင် သတင်းအသစ်နှစ်ပုဒ်ကိုသိလိုက်ရသည်။ ပထမတစ်ခုသည် ရွမ်ကျား ခွဲစိတ်မှုပြီးသွားခဲ့သော်လည်း မနိုးသေးချေ။ ရှန်းမိဘများနှင့် ရှန်းဝမ်ယွဲ့ တို့သည် ဆေးရုံအားရှာတွေ့ ခဲ့သော်လည်း တရားဝင် ဆက်ဆံရေးမရှိတော့သဖြင့် ဆေးရုံမှ ၎င်းတို့အားပြုစုစောင့်ရှောက်သူများအဖြစ် နေထိုင်ခွင့်မပြုပဲ အပြင်ဘက်တွင်သာစောင့်ဆိုင်းခဲ့ကြရသည်။

 

ဒုတိယတစ်ခုသည် အာဏာပိုင်များမှရုပ်ရှင်ဧကရာဇ်နှင့် ဝမ်ကျားနီတို့အား အသရေဖျက်မှုဖြင့် နာမည်တပ်ကာ ကိုယ်ကျင့်တရားဖောက်ဖျက်မှုနှင့် ဆိုးရွားသောမကောင်းသည့် လွှမ်းမိုးမှုတို့ဖြင့် ကြေညာချက်ကိုထုတ်ပြန်ခဲ့သည်။ ၎င်းတို့၏ထောက်ခံချက်များနှင့် ပူးပေါင်းဆောင်ရွက်မှုများအားလုံး ညတွင်းချင်းရပ်ဆိုင်းခဲ့ပြီး ပို့စ်များအားဖျက်လိုက်ကာ ၎င်းတို့၏ယခင်အလုပ်များသည်လည်း အင်တာနက်သုံးစွဲသူများ၏စော်ကားသော comment များဖြင့် ပြည့်လျှံနေပြီး ၎င်းအားယာယီဖယ်ရှားပစ်ရန်တွန်းအားပေးခဲ့ကြသည်။

 

ယခုမူ ရုပ်ရှင်ဧကရာဇ်နှင့် ဝမ်ကျားနီတို့သည် လမ်းပေါ်ရှိ ကြွက်များကဲ့သို့ပင် လူအများသည် ၎င်းတို့အားရိုက်နှက်ရန်အော်ဟစ်နေကြပြီး နောက်လှည့်ပြန်ဖို့မဖြစ်နိုင်တော့ပေ။

 

အွန်လိုင်းပေါ်ရှိ လူအများအပြားသည် ရွမ်ကျားအတွက် ဆုတောင်းပေးခဲ့ကြပြီး သူ မကြာမီပြန်လည်ကောင်းမွန်လာကာ ဘဝသစ်တစ်ခုစတင်နိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။

 

သုံးရက်အကြာ ကျီဖေး အိပ်ရာထဲတွင်အိပ်ပျော်နေခဲ့ သည်။

 

၎င်းရှိုးရိုက်ကူးခြင်းများအပြီးတွင် သူမအား Training များ သင်ယူရန်စတူဒီယိုသို့မသွားစေပဲ သုံးရက်တာ အနားယူခွင့်ပေးထားခြင်းဖြစ်သည်။

 

ရုတ်တရက် တစ်စုံတစ်ယောက်မှ သူ့အခန်းတံခါးအား ခေါက်လာသည်။

 

တံခါးဖွင့်လိုက်ချင်းမှာပင် အပြင်ဘက်တွင် စိုးရိမ်တကြီး ရပ်နေသည့် ချင်ရုန်နဲ့ မားမားချင်အားတွေ့ လိုက်ရသည်။

 

"ချင်ရန်က group chat မှာပြောထားတယ်၊ ရွမ်ကျားနိုးပြီတဲ့"

 

ကျီဖေး ချက်ချင်းဆိုသလို ဝမ်းသာအားရဖြင့် "ဒါပဲလေ၊ ကောင်းတာတွေက လူကောင်းတွေဆီမှာတကယ်ဖြစ်လာပြီ။"

 

သို့သော် မားမားချင်နှင့်ချင်ရုန်တို့သည် အိပ်ပျော်နေချိန် လွတ်သွားမည်ကို စိုးရိမ်ပြီး သူ့အားနှိုးရန် အထူးတလည် လာခဲ့ကြသည်မှာ အဘယ်ကြောင့်နည်း ? ပုံမှန်အားဖြင့် သူနိုးမည့်အချိန်နှင့်ပတ်သတ်၍ ဂရုမစိုက်တတ်ကြချေ။

 

"ဒါပေမယ့်.. သူ မှတ်ဉာဏ်ပျောက်သွားပြီ" ဟု မားမားချင် အသက်ရှုကြပ်သလိုမျိုး စိတ်လှုပ်ရှားစွာပြောလိုက်သည်။

 

ကျီဖေး : ????

 

"ဘာ ?"