Ch 81
Viewers 24k

🍉 Chapter 81

 

 

 

ရှန်းဝမ်ယွဲ့ သည် သူတို့ထံစောင့်ရှောက်ပေးရမည့် ကလေးလေး ရှိခဲ့လိမ့်မည်ဟု ဘယ်တုန်းကမှစိတ်မကူးခဲ့ဖူးပေ။ ရှန်းဝမ်ယွဲ့ တင်မက သူ့မိဘများကလည်း ထိုသတင်းအားကြားသည်နှင့် မထိန်းနိုင်တော့ပေ။ မားမားရှန်းသည် မူးလဲလုနီးပါးဖြစ်သွားပြီး ပါးပါးရှန်းမှထိန်းထား ပေးခဲ့ရသည်။

 

ကိုယ်ဝန်ကိုသာဖျက်မချခဲ့ဘူးဆိုလျှင် ၎င်းတို့လိုချင်ခဲ့သည့် ကလေးလေးသည် ယခုဆို လေးနှစ်ခန့်ရှိလောက်ပြီဖြစ်သည်။

 

အတင်းအဖျင်းနားထောင်နေသည့် လေးယောက်လုံးသည်လည်းထိတ်လန့်သွားခဲ့သည်။

 

ကျီဖေးသည် ထိုကဲ့သို့သော အတင်းအဖျင်းကြီးအား လွတ်သွားခဲ့သည်ဆိုတာကို မယုံနိုင်ခဲ့ပေ။ စနစ်သည် သူရှာဖွေခဲ့သည့် အဖြေများကိုသာပေးနိုင်သောကြောင့်ပင်။

 

[ဒီလိုအရည်ရွှမ်းတဲ့ ဇာတ်လမ်းမျိုးရှိသတဲ့လား ? ကြည့်ဦးမယ်... အိုးးးး မိုင် ဂေါ့!! တကယ်ကြီးဟ!!!!!!! တကယ်တော့ သူတို့မှာ ကလေးမရှိတာ နှစ်အတော်ကြာပြီ ဘာလို့ဆိုတော့ သူတို့ကအရမ်းပင်ပန်းလွန်းနေပြီး ကိုယ်ဝန် ဆောင်ဖို့အတွက် ဟိုလိုဒီလိုအချိန်မပေးနိုင်လို့ပဲ။ ကိုယ် ဝန်ရသွားတာက တကယ်တော့မတော်တဆလေ။]

 

[ဒါပေမယ့် ရွမ်ကျားရဲ့ပင်ကိုယ်စရိုက်အရဆိုရင် သူက သူတို့ရဲ့အချစ်ရေး မသေချာရင် ကလေးမယူချင်မှာ သေချာတယ်။ သူက ယောက်ျားကိုဆွဲထားဖို့အတွက်နဲ့ ကလေးကိုသနားစရာကောင်းအောင် အသုံးချမဲ့ မိန်းမမျိုး မဟုတ်ဘူး။ ကလေးကသာ သူ့ကို ချည်နှောင်ထားမဲ့ ကြိုးတစ်ချောင်းလို့ပဲ သူ ခံစားရလိမ့်မယ်။]

 

"ဘာလို့လဲ... မင်း ဘာလို့ဆက်မလွယ်ထားခဲ့တာလဲ၊ မင်းကိုယ့်ကို ဘာလို့မပြောပြခဲ့တာလဲ ? ကိုယ်သာ သိခဲ့ရင်၊ ကိုယ်.. ကိုယ် အမှားလုပ်မိခဲ့တာ မင်း ကိုယ့်ကိုပြန်ပြင်ဖို့အခွင့်အရေးပေးသင့်တယ်၊" ရှန်းဝမ်ယွဲ့ ရူးသွပ်သွားသလိုမျိုး ခေါင်းကိုခါယမ်းလိုက်သည်။

 

ရွမ်ကျား ဒေါသတကြီးနှင့်ပြန်ဖြေသည်။

 

"အဲဒီတုန်းက ကျွန်မ ရှင့်ကို မကွာရှင်းခဲ့တာက ရှင့်ကို အခွင့်ရေးပေးခဲ့တာပဲ မဟုတ်ဘူးလား ? ဒါပေမယ့် အဲဒီတုန်းက ကျွန်မရဲ့ဆုံးဖြတ်ချက်က မမှားခဲ့ဘူးဆိုတာ သက်သေပြနေတာပဲလေ၊ ရှင်က ကျွန်မကို စိတ်ပျက်ရတုန်းပဲ။"

 

နက်နဲသည့်ခံစားချက်များ သို့မဟုတ် အပြောင်းအလဲများအားကြောက်ရွံ့ခြင်းကြောင့် အိမ်ထောင်ရေးတွင် အနည်းငယ်သော စည်းမစောင့်မှုအား တစ်ကြိမ်ခန့် ခွင့်လွှတ်ထားနိုင်သော်လည်း အဆုံးတွင်သည်းမခံနိုင်တော့မည်မှာသေချာသည်။

 

[ဟုတ်တယ်။ အရင်တုန်းက ရှန်းဝမ်ယွဲ့ ရဲ့ စွန့်ဦးတီထွင်မှုခရီးစဉ်တစ်လျှောက်မှာ အတူလိုက်ပါခဲ့တဲ့သန်မာတဲ့မိန်းမတစ်ယောက်အနေနဲ့ ရွမ်ကျားက သူ့ယောကျာ်းရဲ့ သစ္စာဖောက်မှုနှင့် သူ့မိဘတွေရဲ့သေဆုံးမှုလိုမျိုးထိုး နှက်ချက်တွေကြောင့်သာ မဟုတ်ရင် အခုထိအချိန်ဆွဲနေ မယ့်အစား သူလိုချင်တဲ့အရာတွေကို ရှင်းရှင်းလင်းလင်းသိပြီးလောက်ပြီ။]

 

ကျီဖေး စိတ်ထဲမှဝေဖန်လိုက်ပြီး အတင်းအဖျင်းနား ထောင်နေသည့် သုံးယောက်လည်း သဘောတူကာ ခေါင်းမညိတ်ပဲမနေနိုင်တော့ချေ။

 

ထို့အပြင် ရွမ်ကျားမှ သူ၏နက်နဲလှသောလျှို့ဝှက်ချက်အား ဖော်ထုတ်ခဲ့ခြင်းသည် သူ့မှတ်ဉာဏ်ဆုံးရှုံးခဲ့ခြင်းကြောင့်သာမကပဲ နောက်တစ်ကြိမ်ပတ်သတ်ခြင်းမှ ရှောင်ရှားရန်ဆုံးဖြတ်ခဲ့သည့် သူ၏ ပြတ်သားသော ဆုံးဖြတ်ချက် တစ်ခုလည်းဖြစ်ကြောင်း လူတိုင်းသိကြသည်။

 

ရှန်းဝမ်ယွဲ့ လည်း ထိုအရာအား သဘာဝအတိုင်းသဘော ပေါက်သွားပြီး သူ့တစ်ကိုယ်လုံးတုန်ခါလာကာ သူ့အမူ အရာသည် နဖူးပေါ်ရှိသွေးပြန်ကြောများဖောင်းပွလာပြီး နာကျင်နေသည့်ပုံပေါက်လာသည်။

 

"ရွမ်ကျား ကိုယ် မင်းကို လက်မလျှော့နိုင်ဘူး။ မင်းက ကိုယ့်ရဲ့ချစ်ရသူဆိုတာ ကိုယ်သိတယ်။ အရင်က ကိုယ် မင်းအပေါ် အပြစ်လုပ်ခဲ့မိတယ်၊ ဒါပေမယ့် ကိုယ် မင်းကို ထပ်လိုက်ချင်တယ်၊ မင်း ပြန်လာမှာကို ကိုယ် စောင့်နေမယ်၊ ကိုယ် မင်းကိုစောင့်နေမယ်..."

 

[ဒီစာကြောင်းတွေက အရမ်းရင်းနှီးနေသလိုပဲ]

 

ချင်မိသားစု၏အတင်းအဖျင်းအုပ်စု- ကံမကောင်းအ ကြောင်းမလှတဲ့ အပေါင်းအသင်းတစ်ယောက်ကို သတိရနေမိတယ်။

 

စတူဒီယိုတွင်၊ ကောင်းဟောင်နှင့် စီးပွားရေးအကြောင်း ဆွေးနွေးနေရင်း ချင်ကျောက် ပြင်းပြင်းထန်ထန်နှာချေလိုက်သည်။

 

"အဲ့မှာ ရပ်လိုက်စမ်း!"

 

ရွမ်ကျား မျက်မှောင်ကြုတ်ပြီး "ရှင်ဘာပဲတွေးတွေး ကျွန်မ ဂရုမစိုက်ဘူး။ ပြောစရာရှိတာ အကုန်ပြောပြီးသွားပြီ။ ရှင် မထွက်သွားသေးရင် ကျွန်မ ရဲကို ဖုန်းဆက်ပြီး နှောင့်ယှက်မှုနဲ့တိုင်မယ်"

 

ထို့နောက် သူ အေးစက်စက်အသံဖြင့် “ကျွန်မ နောက်နေတာမဟုတ်ဘူး”

 

ရှန်းဝမ်ယွဲ့ သည် ရွမ်ကျားမျက်နှာပေါ်ရှိ အေးစက်မှုကြောင့် ခံပြင်းခဲ့ရသည်။

 

တစ်ခုခုပြောရန် စိတ်စောနေသည့် ပါးပါးရှန်းကိုလည်း  ရွမ်ကျားက "ကျွန်မ လူကြီးတွေအပေါ်ကို လေးစားပါတယ်၊ ဒါပေမယ့် လူကြီးတွေ ဘက်ကသာ အခြားသူတွေကိုစိတ်ကျေနပ်စေဖို့အတွက် ကျွန်မကို စိတ်မသက်မသာနဲ့ မပျော်မရွှင်ဖြစ်အောင် ခြိမ်းခြောက်အကြပ်ကိုင်လာခဲ့ မယ်ဆိုရင်တော့ လေးစားနေမှာမဟုတ်ဘူး"

 

"ကျွန်မ တစ်ခါသေပြီးပြီ၊ ကျွန်မ မိဘတွေလည်းဆုံးသွားပြီ။ အဲ့တော့ အခု ကျွန်မရဲ့ကိုယ်ပိုင်ခံစားချက်တွေအပေါ် ပဲ ကျွန်မ စိတ်ကျေနပ်မှုရှိတယ်"

 

ဤစကားလုံးများသည် ကျီဖေး၏ဖျော်ဖြေတင်ဆက်မှုခေါင်းစဉ်နှင့် တူညီလုနီးပါးဖြစ်သည်။

 

နောက်ဆုံးတွင် ပါးပါးရှန်းသည် စကားတစ်ခွန်းမှမပြောနိုင်တော့ဘဲ ဝမ်းနည်းစွာဖြင့် မားမားရှန်းကိုသာ ထိန်းထားနိုင်ခဲ့ပြီး ထို့နောက် သူတို့ထွက်သွားခဲ့သည်။

 

ရှန်းဝမ်ယွဲ့သည် ထွက်မသွားချင်ခဲ့ဘဲ ဆက်လက်ကြိုး စားခဲ့ပေမယ့် ရဲကို ဖုန်းဆက်ဖို့တော့မလိုအပ်ခဲ့ပေ။ ၎င်းတို့သည် ကွာရှင်းပြတ်စဲထားပြီးဖြစ်၍ ချင်ရန်သည် ၎င်းတို့အားဖယ်ရှားရန် လုံခြုံရေးကိုတောင်းဆိုပိုင်ခွင့်ရှိသည်။

 

အပြင်သို့ အတင်းအကြပ်မောင်းထုတ်ခံနေရသော်လည်း ရှန်းဝမ်ယွဲ့က စိတ်အလိုလိုက်သည့်စကားများပြောချင်နေသေးသည်။

 

ရွမ်ကျား ဘာမှမပြောဘဲ နားကိုသာသန့်ရှင်းရေးလုပ်နေလိုက်သည်။ ချင်မိသားစုဝင်များသည် ရွမ်ကျားအား စိုးရိမ်တကြီးဖြင့်ကြည့်နေရင်း သန်မာသည့် အမျိုးသမီးများသည်ပင် ဇွဲကောင်းသည့်ယောက်ျားနှင့် တွေ့ လျှင် စုတ်ပြတ်သတ်သွားနိုင်သဖြင့် ရွမ်ကျား စိတ်ပျော့သွားမည်ကို စိုးရိမ်နေခဲ့သည်။

 

[အူတက်နေရောပဲ။ ချင်ကျောက်တောင်မှ မအောင်မြင်ခဲ့တာ ရှန်းဝမ်ယွဲ့ သာလုပ်နိုင်ခဲ့ရင် ငါ ကင်းမှီးကောက်ထောင်ပြီးတော့ကို ခေါင်းလျှော်ပြမယ်။]

 

ချင်မိသားစု- *အဟွတ် ~ အဟွတ် ~ အဟွတ် ~*

 

အခြားတစ်ဖက်တွင်လည်း ချင်ကျောက်၏နားများ ရုတ်တရက် အလွန်ပူလာသည်။

 

[ငါတို့ မရောက်ခင်ကတည်းက၊ ရွမ်ကျားက အလွတ်တန်းဓာတ်ပုံဆရာအဖွဲ့ ကို ဖုန်းဆက်ခဲ့ပြီးပြီ။ တွယ်တာမှုမရှိတဲ့ ရွမ်ကျားလိုလူက သူ့ဘဝကိုနှစ်တွေအကြာကြီး ဖြုန်းတီးခဲ့မိတဲ့အတွက် နောင်တရနေပြီး အခုချိန်မှာ သူက သူ့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ချင်နေတာ၊ ဘယ်အရာကမှ သူ့ကိုဆွဲထားလို့မရဘူး။ ဆေးရုံကနေထွက်သွားတာက နိုင်ငံထဲကနေထွက်သွားတာနဲ့ အတူ တူပဲလို့ ငါ ထင်တယ်။]

 

[ ရှန်းဝမ်ယွဲ့ သူ့ကိုလိုက်ချင်ရင်တောင်မှ အရင်တွေ့ အောင်ရှာရလိမ့်မယ်။ အရင်က ရွမ်ကျားကိုလျစ်လျူရှုခဲ့တာကြောင့်ရော သူ့ကိုယ်ပိုင်အသက်မွေးဝမ်းကြောင်းကိုပဲ အာရုံစိုက်နေခဲ့တာကြောင့် သူ ရွမ်ကျားရဲ့ပရော်ဖက် ရှင်နယ်အသိုင်းအဝိုင်းထဲ ဘယ်တုန်းကမှခြေမချခဲ့ဖူးဘူး။ ရွမ်ကျား ထွက်သွားတဲ့အခါ သူ ဘယ်သူ့ကိုလိုက်မေးရမလဲတောင် သိမှာမဟုတ်ဘူး၊ ဟားဟား။]

 

[သူ အခုချိန်ထိ လက်မလျှော့သေးဘဲ သူ့မိန်းမကိုအနိုင်ယူနိုင်လိမ့်မယ်လို့ တွေးထားပေမယ့် သိပ်မဝေးတော့တဲ့အနာဂတ်ရောက်ရင် သူ့မှာ စိတ်ပျက်အားငယ်စရာတွေကလွဲလို့ ဘာမှကျန်တော့မှာမဟုတ်ဘူး။]

 

စိတ်အနှောက်အယှက်ဖြစ်စရာလူများ မရှိတော့သည့် နောက် အားလုံး ရွမ်ကျားအား ခဏတာနှစ်သိမ့်ပေးကြသည်။ ရွမ်ကျားသည် သူ့ဘာသာ သူ လုံးဝအဆင်ပြေနေသည်ကိုတွေ့ လိုက်ရသည်၊ ပြန်လည်မွေးဖွားလာ သကဲ့သို့ စိတ်လှုပ်ရှားနေသည့် ပုံစံအားပြသခဲ့ပြီး သူ့အိပ်မက်များကို အကောင်အထည်ဖော်ရန် စိတ်အားထက်သန်နေသည့်အတွက် အားလုံးစိတ်ချသွားကာ ရွမ်ကျားအား အနားယူခွင့်ပြုလိုက်ကြသည်။

 

သူတို့ထွက်လာသည်နှင့် အတင်းအဖျင်းများကြောင့် စိတ်လှုပ်ရှားနေသည့် ချင်ရုန်သည် အားလုံးအတူတူ ဈေးဝယ်ထွက်ကြရန် အကြံပြုခဲ့သည်။ နောက်ဆုံးအခေါက်တွင် သူတို့တစ်မိသားစုလုံး အတူတူဈေးဝယ်ထွက်မည့်အခွင့်အရေးအားလက်လွတ်ခဲ့ရပြီး သူတို့အတွက် ဒီနေ့ လိုအပြင်ထွက်နိုင်ဖို့ဆိုတာရှားပါးလှသည်။

 

ကျီဖေးသည် ဒါ သူ့ရဲ့နောက်ဆုံးအားလပ်ရက်ဟု တွေးကာသဘာဝအတိုင်း ပျော်စရာလေးများလုပ်ချင်ခဲ့သည်။ ပွဲကောင်းတစ်ပွဲအားကြည့်ခဲ့ရရုံဖြင့် သူ အလွန်စိတ်လှုပ် ရှားနေသည်။ သူတို့ ဂုဏ်ပြုသင့်သည်ဟုလည်း ခံစားရသည်။

 

ချင်ရန်သည်လည်း ဘာမှအရေးတကြီးလုပ်စရာမရှိသောကြောင့် ပါဝင်လာခဲ့သည်။

 

သို့သော် ပင်မဝင်ပေါက်သို့ ရောက်သောအခါ စိတ်အနှောက်အယှက် ဖြစ်စရာကိစ္စများ မကုန်သေးသည်ကို တွေ့ လိုက်ရသည်။

 

ထို့အပြင် ထိုသူတို့နှစ်ယောက်မှာ ပိုညစ်ပတ်သည်။

 

မန်နေဂျာနှင့် ဝမ်ကျားနီတို့ဖြစ်သည်။

 

ဝမ်ကျားနီက ရှန်းဝမ်ယွဲ့ ၏ပံ့ပိုးမှုကို အားကိုးပြီးပြန်လာခဲ့သော်လည်း ယခုအခါ ဖျော်ဖြေရေးအသိုင်းအဝိုင်းတွင် သူမ၏ဂုဏ်သတင်းသည် လုံးဝပျက်စီးသွားခဲ့ရပြီဖြစ် သည်။ တခြားဘယ်ကိုမှ သွားစရာမရှိတော့သဖြင့် သူ    ရှန်းဝမ်ယွဲ့ ကိုသာ အသဲအသန်ကပ်တွယ်နိုင်တော့သည်။

 

သို့သော် ယခုမူ ရှန်းဝမ်ယွဲ့သည် နိုးထလာပုံရပြီးဝမ်ကျားနီအား မညာမတာတွန်းထုတ်ကာ ပြင်းပြင်းထန်ထန် ပုတ်ခတ်ပြောဆိုနေတော့သည်။

 

"အဲ့တာအားလုံး မင်းကြောင့်ပဲ၊ မင်း အပျက်မ၊ မင်းက ငါ့မိသားစုနဲ့ ငါ့ အသက်မွေးဝမ်းကြောင်းကို ဖျက်ဆီးပစ် လိုက်တာ။ မင်းသာ မပေါ်လာခဲ့ရင် မင်းသာ ပြန်မလာခဲ့ရင် ရွမ်ကျားနဲ့ ငါ အခုလိုဖြစ်မှာမဟုတ်ဘူး။ အဲ့တာအား လုံး မင်းကြောင့်ပဲ။ မင်း ဘယ်လိုများ ငါ့ရှေ့မျက်နှာလာပြရဲတာလဲ၊ ငါမင်းကို လည်ပင်း ညစ်သတ်လိုက်ချင်တယ်!"

 

ရှန်းဝမ်ယွဲ့ ထံမှပါးရိုက်ခံရခြင်းသည် ဝမ်ကျားနီအဆုံး သတ်သွားခြင်း၏ အဓိကအချက်ဖြစ်ပုံရသည်။ သူ တစ်ခဏတာထိတ်လန့်သွားပြီး ရှန်းဝမ်ယွဲ့ အား အရူးအမူး ကုတ်ခြစ်ကာရူးသွပ်သွားခဲ့သည်။

 

"နင် ငါ့အပေါ်အပြစ်တွေအကုန်လုံးပုံချရုံနဲ့ နင့်အပြစ်တွေကိုလျော့သွားအောင် လုပ်နိုင်မယ်လို့ထင်နေလား ? နင်သာ ငါ့ကိုအထာပေးခွင့် မပေးခဲ့ဘူးဆိုရင် ငါ့မှာအခွင့် အရေးရှိတယ်လို့ထင်အောင် မလုပ်ခဲ့ဘူးဆိုရင် ငါအခုလိုအဆုံးသတ်သွားမှာမဟုတ်ဘူး။ ငါ့ကို မျှော်လင့်ချက်တွေပေးခဲ့တာ နင်လေ နောက်ပြီးတော့ ရွမ်ကျားကိုနာကျင်အောင်လုပ်ဖို့ ငါ့ကို အခွင့်အရေးပေးခဲ့တာလဲ နင်ပဲလေ။ နင်ကသာ အရာအားလုံးကိုဖြစ်မြောက်အောင်ခွင့်ပြုခဲ့ပြီး အခုကျမှ ခေါင်းရှောင်ချင်နေတာလား ? နင် အိပ်မက် မက်နေတာလား ? နင်က ပြောင်းလဲလွယ်ပြီး သစ္စာမရှိတဲ့ လူယုတ်မာပဲ၊ ရွမ်ကျား နင့်ကိုကြိုက်တာကန်းနေလို့ပဲဖြစ်ရမယ်၊ သူက ငတုံးမတစ်ယောက်ပဲလေ!"

 

အနုနယ်ဆုံးပန်းတစ်ပွင့်အဖြစ် တစ်ချိန်က သူကာကွယ်ပေးခဲ့သောမိန်းကလေးထံမှ ကျိန်ဆဲခြင်းကိုခံရသော ရှန်းဝမ်ယွဲ့ သည် သူ့စိတ်လွှတ်နီးပါးဖြစ်ခဲ့သည်။ ရှန်းမိဘများမှ အေးစက်စွာစောင့်ကြည့်နေသဖြင့် ထိုနေရာတွင်ပတိုက်ပွဲစတင်ခဲ့ပြီး မန်နေဂျာမှရန်ပွဲအား ရပ်တန့်ရန် အသည်းအသန်ကြိုးစားခဲ့ရသည်။

 

အတင်းအဖျင်းနားထောင်နေသည့်အုပ်စုသည် သွေးများစွန်းထင်းခြင်းမှကာကွယ်ရန် အဝေးမှကြည့်ရှုနေခဲ့ကြသည်။

 

[ဘယ်လိုတောင် ခွေးနှစ်ကောင်ကိုက်နေတဲ့ မြင်ကွင်းလဲ။ အိုး၊ ခြံစည်းရိုးအပြင်က လူတွေသတိထားမိပြီး ဖုန်းနဲ့ အသံသွင်းနေတာကို ငါ မြင်နေရသလိုပဲ။ ကြည့်ရတာ ဆိုရှယ်မီဒီယာပေါ်မှာ ထပ်ပြီးပေါက်ကွဲကြဦးမဲ့ပုံပဲ။]

 

ကျီဖေး လျို့ဝှက်စွာမှတ်ချက်ပေးပြီးသည်နှင့် တပြိုင် နက် ချင်မိသားစုမှ အမျိုးသမီးသုံးယောက်လုံး စိတ်လှုပ်ရှားစွာဖြင့် ဖုန်းထုတ်ကာမြင်ကွင်းအားမှတ်တမ်းတင်နေကြသည်ကို တွေ့ လိုက်ရသည်။