Ch 75
Viewers 24k

🍉 Chapter 75

 

 

 

တိုက်ရိုက်ထုတ်လွှင့်မှု၏မှတ်ချက်နေရာသည် အသိ ဉာဏ်မရှိသော Fan များက လွှမ်းမိုးထားသည်။ ၎င်းတို့ သည် အမှန်တကယ် ဦးနှောက်ဆေးကြောခြင်းအား အောင်မြင်စွာပြုလုပ်ခြင်း သို့မဟုတ် အင်အားပြမှုတစ်ခုမျှသာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း တုံ့ပြန်မှုသည် ပြင်းထန်ပြီး ကဲ့ရဲ့မှုများနှင့်ပြည့်နှက်နေသည်။

 

၎င်းတို့သည် "မချစ်မနှစ်သက်သောသူသာလျှင် အငယ် အနှောင်း" ထိုသို့သော ဂန္တဝင်စကားများကိုပင်အသုံးပြုလာကြသည်။

 

Weibo တွင် ခေတ်စားနေသော အကြောင်းအရာများ သည် ဝေဖန်မှုများပေါက်ကွဲခဲ့သည်။ ချင်ကျောက်၏ ကြီးမားသော အမာခံပရိသတ်များပင်လျှင် ၎င်းတို့အား သည်းမခံနိုင်ကြပေ။

 

သို့သော် မကြာမီတွင် မတူညီသောအသံများက မျက်နှာ ပြင်ထက်လွှမ်းမိုးလာသည်။

 

လူတွေက မတုံးပေ။ ကျီဖေးသည် ၎င်းတို့အားခေါ်ထုတ်လိုက်ပြီး အားလုံးကိုယုတ္တိကို ရှင်းရှင်းလင်းလင်းချပြခဲ့သည်။ ငြင်းဆိုလည်းအသုံးမဝင်ချေ မည်သူမဆို ၎င်းအားမြင်နိုင်ကြသည်။

 

ဒါကိုကြည့်ရင် ရုပ်ရှင်ဧကရာဇ်အဖွဲ့၏ ရှင်းပြချက်များ သည် မထိန်းနိုင်လောက်အောင်ပင်။ ၎င်းတို့သည် စိတ်ခံစားမှုနောက်လိုက်ကာ အယူခံဝင်မှုအပေါ်လုံး၀မှီခိုအားထားကာ ယုတ္တိရှိရှိမစိစစ်နိုင်တော့ချေ။

 

နောက်ကွယ်မှ တိုက်ရိုက်ထုတ်လွှင့်မှုအားကြည့်ရှုနေသည့် ပရိသတ်များသည် ၎င်းတို့နှစ်ဦး၏မျက်နှာအားကြည့်ကာ မဝေဖန်ဘဲမနေနိုင်ပေ။

 

"သစ္စာမရှိတဲ့ယောင်္ကျားတွေက သူတို့ကိုယ်သူတို့ အကြောင်းပြချက် ပေးတဲ့နေရာမှာအတော်ဆုံးပဲ။ သူတို့ Show ကိုကြည့်ပြီး ကိုယ်ကျင့်တရားပျက်ပြားသလိုခံစားလိုက်ရတယ်။ တစ်ယောက်ယောက်ကို တကယ်မချစ်ရင် ဘာလို့ အိမ်ထောင်ပြုမှာလဲ။"

 

"အတိအကျပြောရရင် အိမ်ထောင်ကျပြီးရင် ကိုယ့်ကိုကိုယ်ထိန်းချုပ်ပြီး မလှည့်စားနေနဲ့။ 'အချစ်စစ်' ကို အကာအရံအဖြစ်သုံးတာ မပင်ပန်းဘူးလားမသိဘူး ရွံစရာပါဟယ်။"

 

"သူတို့ ဇာတ်လမ်းကအမှန်ဆိုရင် ရွမ်ကျားက အသုံးမဝင်တဲ့ချမ်းသာတဲ့အိမ်ရှင်မတစ်ယောက်မှ မဟုတ်တာ၊ စီးပွားရေး လုပ်ငန်းစဖို့ အခက်အခဲတွေကြားထဲက သူ့ ခင်ပွန်းနဲ့အတူ ရင်ဘောင်ပြီးတန်းပြီးစီးပွားရှာခဲ့တာလေ    ဘာမှ လှည့်ကြည့်စရာမလိုလို့ သူ့ခင်ပွန်းသရုပ်ဆောင်တာကိုအာရုံစိုက်နိုင်ခဲ့‌တာပေါ့။ သူတို့ Company အောင် မြင်ပြီးတော့လည်း သူ အာဏာကိုမဆုပ်ကိုင်ထားခဲ့ဘူး။ မိဘတွေကိုပြုစုပြီး တခြားသူတွေကိုလက်လွှဲပြီး သူ့ အဆင့်အတန်းကိုမြှင့်တင်ပေးခဲ့တာ။ အဲ့ဒါကပဲ ရုပ်ရှင်ဧကရာဇ်အဖွဲ့က အများအမြင်မှာ သက်သေရှာရခက်တော့ သူ့ကို လွတ်လွတ်လပ်သိက္ခာချခွင့်ရသွားတာပဲ"

 

"ငါ ဝမ်ကျားနီရဲ့အမာခံ ပရိသတ်တစ်ယောက်ဖြစ်ခဲ့ဖူးတယ်၊ ပြန်တွေးကြည့်မှ သူ့အကျိုးအတွက် နိုင်ငံကို စွန့်ခွာသွားခဲ့တယ်။ ပထမနှစ်မှာ ထုတ်လုပ်ရေးအကြီးကြီးတစ်ခုရခဲ့ပေမယ့် ဒုတိယနှစ်မှာအိမ်ထောင်ကျသွပြီး နောက်ပိုင်းသတင်းတွေ ပျောက်သွားခဲ့တယ်။ သူ့ရဲ့ကန ဦးအရင်းအနှီးက လုံးဝကိုကောင်းတယ်လို့ပြောလို့ရတယ်၊ အဲ့တော့ သူ့ဟာ သူ အရည်အချင်းမရှိလို့ဖြစ်တာကို ဘာကိစ္စတခြားသူတွေကို အပြစ်တင်နေရတာလဲ။"

 

"ဒါကိုကြားရတော့ ငါ အံ့ဩသွားတယ်။ အဲ့ဒါသာတကယ်ဆိုရင် ရှန်းဝမ်ယွဲ့ ဘယ်လိုများအလိမ်အညာဖန်တီးနိုင်တာလဲ၊ သူ့အသိစိတ်က မထိခိုက်သွားဘူးလား၊ ဒါ အကျင့်စာရိတ္တညံ့ဖျင်းတာပဲ၊ ငါ သူ့ကိုအရမ်းကြိုက်ခဲ့တာ ငါ မယုံနိုင်ဘူး"

 

"ငါကတော့ Idol အဖွဲ့က တကယ့်သတ္တိရှိတယ်၊ သူတို့ကို ဘယ်သူကများ သတ္တိပေးခဲ့တာပါလိမ့်။"

 

ပါးပါးချင်နှင့် မားမားချင်တို့သည် လူအုပ်ကြားထိုင်ကာ ပတ်ဝန်းကျင်ဆွေးနွေးချက်များကို နားထောင်ရင်း ကျီဖေးနှင့် ချင်ကျောက်ဆီသို့ တရွေ့ရွေ့မှီကာ ကျေနပ်ဂုဏ်ယူစွာဖြင့် ခေါင်းကိုမော့လိုက်ကြသည်။

 

ထိုအချိန် စောင့်ဆိုင်းနေရာ၌ လူတိုင်း၏အကြည့်များ သည် အလယ်ဗဟိုရှိနှစ်ယောက်အား စိစစ်ခံနေရသကဲ့ သို့ ခံစားလာရသည်။

 

ရှန်းဝမ်ယွဲ့သည် ဝေဖန်မှုများနှင့်တရစပ်ကြုံတွေ့လာရ သောကြောင့် သူ့ခေါင်းသည် အချိန်အတော်ကြာအောင် တုန်ခါနေသကဲ့သို့ခံစားခဲ့ပြီး တခါမှ ယခုလောက်အရှက်မကွဲဖူးပေ။

 

ကျီဖေးနှင့် ချင်ကျောက်တို့၏လုပ်ကြံဖန်တီးမှုများဖြစ်နိုင်သည်ဟုတွေးကာ သူ့စိတ်ထဲလုံး၀ကမောက်ကမဖြစ်နေသည်။

 

သူက ဝမ်ကျားနီအား မနေနိုင်ဘဲလှည့်ကြည့်လိုက်သည်။ "ရွမ်ကျား မင်းကိုမောင်းထုတ်တယ်လို့ မင်း ပြောတာမဟုတ်ဘူးလား ?"

 

ထို့ကြောင့် ရှန်းဝမ်ယွဲ့သည် နောက်ပိုင်းတွင် ထိုသို့သောအခြေအနေဆိုးဖြင့် အဆုံးသတ်သွားသော သူ့ဂျူနီယာအားမြင်လျှင် အမြဲတမ်း အပြစ်ရှိသလိုခံစားခဲ့ရသည်။ ထိုအချိန်က သူ လှည့်စားရန်မတွေးဖူးဘဲ ဝမ်ကျားနီ၏ အသက်အားထိခိုက်စေပြီး အကြောင်းပြချက်မရှိဘဲ လွန်လွန်ကဲကဲတုံ့ပြန်ပြီး မနာလိုဖြစ်သူမှာ ရွမ်ကျားဖြစ်သည်ဟုအမြဲလိုလိုခံစားခဲ့ရသည်။ ဒီအပြစ်ကင်းစင်တဲ့မိန်းက လေးအပေါ် သူ ဘယ်လိုမှအပြစ်ရှိစိတ် မဖြစ်ဘဲမနေနိုင်ခဲ့ချေ။

 

ဝမ်ကျားနီ၏မျက်လုံးများသည် အဆိပ်များဖြင့်ပြည့်နေပြီး ဒေါသကြောင့် မထိန်းနိုင်ဘဲတုန်လှုပ်သွားသည်။ ကျီဖေးနဲ့ တခြားသူတွေ ဘယ်လောက်သိထားလဲဆိုတာ သူ လုံးဝနားမလည်နိုင်ခဲ့ပေ။

 

တစ်ချို့အရာတွေက သူ့ စိတ်ထဲမှာတွေးထားသလိုပင်။

 

တကယ့်ပဲ တိုက်ဆိုင်မှုတစ်ခုဖြစ်နိုင်မလား ?

 

ရှန်းဝမ်ယွဲ့ သူ့အားမေးနေသည်ကို သိလိုက်ရချိန်မှာတော့ သူ့ရဲ့မျက်လုံးတွေက ထိတ်လန့်တကြားဖြစ်နေသည်။ နှုတ်ခမ်းတွေတွန့်ကွေးပြီး မျက်လုံးတွေနီရဲလာကာ

 

"လူကြီးတွေက ကျဲအတွက်လို့ပြောပြီး ထွက်သွားခိုင်းတာမဟုတ်ဘူးလား ? အဲ့‌တော့ ကျဲ ထွက်သွားခိုင်းတာပဲ မဟုတ်လား"

 

ရှန်းဝမ်ယွဲ့ ပါးစပ်ဟလိုက်သော်လည်း မချေပနိုင်ပေ။ သူခေါင်းကိုက်ခြင်းသာ ခံစားရပြီး အသက်ရှုရပင်ခက်ခဲလာသည်။

 

"ဒါဆို ရွမ်ကျား မင်းကိုတကယ်မသိတာလည်း ဖြစ်နိုင် တယ်မဟုတ်ဘူးလား ?"

 

ဝမ်ကျားနီက "ညီမတို့ CP က အဲဒီအချိန်က အရမ်းနာ မည်ကြီးနေတာလေ ကျဲ ဘယ်လိုလုပ်မသိဘဲနေမျာလဲ ၊ သူ ကုမ္ပဏီကိုစီမံခန့်ခွဲနေရတာ မဟုတ်ဘူးလား၊ ကုမ္ပဏီရဲ့အနုပညာရှင်တွေအကြောင်း သူ မသိသင့်ဘူးလား ?"

 

ထိုလူကြီးလေးယောက်အားလာဖို့ ညွှန်ကြားခဲ့သူမှာ ရွမ်ကျားဟု ဝမ်ကျားနီ တစ်ထစ်ချယုံကြည်နေတုန်းပင်။

 

သို့သော် ရှန်းဝမ်ယွဲ့ ရင်ခုန်သွားသည်။ ထိုအချိန်တွင် ရွမ်ကျားသည် စီမံခန့်ခွဲရန် တစ်စုံတစ်ဦးကိုရှာဖွေရန်နှင့် ကိစ္စအဝဝအား လွှဲပြောင်းပေးရန်အတွက် အလုပ်များနေချိန်ဖြစ်သည်။ ထိုအချိန်တွင်ရွမ်ကျား သူ့ကိစ္စများအားအာရုံစိုက်ခဲ့သလားဆိုသည်ကို သေချာစွာမပြောနိုင်ပေ။

 

သူ့နှလုံးသားထဲ ဝမ်ကျားနီ၏ဗားရှင်းအားမှီဖို့မတတ်နိုင်ခဲ့ချေ။ ရွမ်ကျားက သူ့မိန်းမ၊ သူ့ကို အရမ်းချစ်တယ်၊ အဲတုန်းက တစ်နိုင်ငံလုံးက CP ကိုရူးသွပ်ခဲ့ကြတာ၊ အဲ့တော့ရွမ်ကျား သိပြီးသားမဟုတ်ဘူးလား ?

 

"ဘာလို့ သူ့မိဘတွေကို အမှန်အတိုင်းမမေးရတာလဲ ?"

 

ရုတ်တရက် အနောက်မှ အသံတစ်ခုထွက်ပေါ်လာသည်။

 

ယင်းက ရှန်းဝမ်ယွဲ့နှင့် ဝမ်ကျားနီတို့သည် ၎င်းတို့၏အ ရှက်ကို ဖော်ထုတ်ခံလိုက်ရသကဲ့သို့ ရုတ်ခြည်းလှည့်    ကြည့်မိသွားစေသည်။

 

သို့သော် ၎င်းတို့နှစ်ယောက်အကြောင်း လုံးဝမပြောဘဲ စင်ပေါ်ကဖန်သားပြင်ကိုကြည့်ကာ လူတိုင်းကဇာတ်လမ်းအကြောင်းဆွေးနွေးနေကြဟည်ကို တွေ့လိုက်ရသည်။

 

"သူ့မိဘတွေ သူ့ကိုပြောပြရင်တောင် သူကမယားငယ်အပေါ် လုံးဝဘက်လိုက်နေပြီလေ အဲ့လိုလူက အမှန်တ ရားကိုယုံမယ်လို့ နင် ထင်နေတာလား ? သူ့မိဘတွေ သူ့မိန်းမအတွက်ဖုံးဖိပေးဖို့ လိမ်တာလို့ထင်လိမ့်မယ်"

 

ရှန်းဝမ်ယွဲ့သည် သူ့ခန္ဓာကိုယ်ရှိသွေးများအားလုံး အေးခဲသွားသလိုခံစားလိုက်ရသည်။

 

အခုလေးတင် သူ့မိဘတွေကို မေးဖို့ဖျတ်ခနဲတွေးလိုက်မိသော်လည်း နောက်တစက္ကန့်မှာတော့ သူ့မိဘတွေ သူ့အား အမှန်အတိုင်းမပြောနိုင်ဘူးဟု ခံစားလိုက်ရသည်။

 

"သူ့မိဘတွေကို မယုံဘူး၊ သူ့မိန်းမကို မယုံဘူး၊ အပြင်လူကိုကျယုံတယ်၊ အဲ့ဒါ တကယ်ပဲ... tsk tsk tsk"

 

ရှန်းဝမ်ယွဲ့ အပြစ်ရှိသလိုရှက်ရွံ့သလိုခံစားခဲ့ရသည်။

 

"မယားငယ်က သူ့ဘာသာ ထွက်သွားဖို့ရွေးချယ်ခဲ့တာကအဓိကအချက် မဟုတ်ဘူးလား။ စောနက သူတို့သရုပ် ဆောင်သွားတာအရဆို မယားငယ်က အဲ့ယောက်ျားကိုတစ်ခါမှတောင် မဆက်သွယ်ဖူးဘူးလေ။"

 

ရှန်းဝမ်ယွဲ့၏မျက်နှာသည် သိသိသာသာပြောင်းလဲသွားသော်လည်း အစောက သူ့အားဘာကြောင့် မဆက်သွယ်ခဲ့ရသနည်းဟု ဝမ်ကျားနီအားမေးခဲ့ဖူးကြောင်း သတိရမိသည်။ ဝမ်ကျားနီသည် သူ့အား ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်ဘူးဟုသာပြောခဲ့သည်။

 

ထိုအချိန်တွင် ဝမ်ကျားနီတစ်စုံတစ်ရာအားအရိပ်အမြွက်ပြောရန်ဝန်လေးနေပုံရသည်။ သူတို့ကြားရှိဆက်ဆံရေးသည် သူငယ်ချင်းထက်ကျော်လွန်ပြီး မသဲကွဲသောဆက် ဆံရေးမျိုးရှိနေသည်။

 

ဝမ်ကျားနီ သူ့အား သဘောကျသည်ဟု ရှန်းဝမ်ယွဲ့ခံစားမိပေမယ့် သူ့မိသားစုကိုမဖျက်ဆီးချင်တာကြောင့် သူ့အားအဆက်အသွယ်မလုပ်ခဲ့ချေ။ ဒါ သူ့အပေါ် ပိုလို့ပင် အပြစ်ရှိစိတ်ဖြစ်သွားရသည်။

 

ယခုမူကား...သူ တုန်လှုပ်စပြုလာသည်။

 

"သူ ဟိုမှာအဆင်မပြေလို့ ထမင်းဟောင်းပြန်စားချင်တာများလား ? တခြားသူရဲ့ခင်ပွန်းကို ခိုးဖို့လေ၊ အဲ့ဒါ သူအရည်အချင်းမရှိလို့ဆိုတာ ရှင်းနေပေမယ့် သူ့ကိုယ်သူ  တော့ သူရှုံးတာကို ဝန်ခံမှာမဟုတ်ဘူး။ တခြားသူတွေကိုလှည့်ဖြားပြီး သားကောင်အဖြစ်ဟန်ဆောင်ဖို့ပြန်လာတာ။ သူ့ကျရှုံးခဲ့တဲ့ဘဝအတွက် တစ်စုံတစ်ယောက်ကို ပေးဆပ်စေချင်တာကြောင့် ပြန်လာတာပဲဖြစ်ရမယ်။ သူ့ကိုယ်သူ သားကောင်အစစ်လို့တောင်တွေးနေနိုင်တယ်။"

 

"တကယ်တော့ သူက တော်တော်အရှက်မရှိတာပဲ။"

 

"နင်တို့တွေ!"

 

ဝမ်ကျားနီ နောက်ဆုံး လှောင်ပြောင်ခံရခြင်းအားသည်းမခံနိုင်တော့ပုံရသည်။ ဒီတစ်ခါ သူမ တိုက်ရိုက်ပြောလိုက်ကာ မျက်ရည်တွေတရစပ်ကျလာသည်။

 

သို့သော် စကားပြောနေခဲ့သည့်သူသည် အပြစ်ကင်းသည့်ပုံဖြင့် "ဘာလဲ ? ငါတို့ ဒီဇာတ်လမ်းအကြောင်း ဆွေး နွေးနေတာ၊ ဘာဖြစ်လို့လဲ ?"

 

"ကျီဖေး ကောင်းကောင်းသရုပ်ဆောင်နိုင်တာပဲ"

 

တစ်စုံတစ်ယောက်သည် မည်သည့်နည်းပညာမပါဘဲ စိတ်ခံစားမှုကိုအခြေခံသည့် ကျီဖေး၏အတုအယောင်သရုပ်ဆောင်စွမ်းရည်ကို ပြောင်ပြောင်တင်းတင်းလိမ် ညာပြီးချီးမွမ်းလိုက်သည်။

 

၎င်းတို့၏တိုက်ရိုက်ထုတ်လွှင့်မှုဧရိယာတွင်၊ ၎င်းတို့၏ မိုက်ခရိုဖုန်းကိုမဖွင့်သရွေ့၊ မည်သည့်အသံမှထုတ်လွှင့်မည်မဟုတ်ပေ။ ကင်မရာများအားလုံးသည် ရှန်းဝမ်ယွဲ့နှင့် ဝမ်ကျားနီတို့အား အာရုံစိုက်ထားပြီး အခြားသူများ ကိုမူဖြတ်သွားကြသည်။ ထို့ကြောင့် ပရိသတ်များသည် ဝမ်ကျားနီ၏မထိန်းချုပ်နိုင်လုနီးပါး‌အပြောအဆိုနှင့် ရှန်းဝမ်ယွဲ့၏စိတ်မထိန်းနိုင်လောက်အောင် စိတ်ပျက်နေသော အကြည့်များကိုမြင်တွေ့နိုင်သည်။

 

ဤသည်မှာ အချို့သောအရာများကိုသွယ်ဝိုက်သက်သေ ပြနေပုံရသည်။

 

မန်နေဂျာသည် နောက်ကွယ်ရှိ ဒါရိုက်တာ၊ ထုတ်လုပ်သူတို့နှင့် ဆက်သွယ်ရန် စိတ်အားထက်သန်စွာကြိုးစားနေပြီး ဝမ်ကျားနီနှင့် ရှန်းဝမ်ယွဲ့တို့အား အရင်ဆင်းစေလိုသည်။ နောက်ပိုင်း လူထု၏သဘောထားကို မည်သို့ကိုင် တွယ်ဖြေရှင်းမလဲဆိုတာ ဆွေးနွေးဖို့လိုသည်။

 

ကျီဖေးနဲ့ ချင်ကျောက်က အမှန်တရားကိုထုတ်ဖော်လာခဲ့တယ်ဆိုရင်တောင် ဘာအရေးလဲ ?

 

သူတို့ပြောတာ အမှန်တရားလား ? အထောက်အထားမရှိရင် တရားစွဲခံရမယ်ဆိုတာသတိထား !

 

ဆေးရုံခန်းထဲရှိချင်ရန်သည် အခြားချင်မိသားစုကဲ့သို့ပင် ကျီဖေး၏အတွင်းစိတ်မှအသံဖြင့် အကြမ်းဖျင်းအမှန်တရားကိုသိထားပြီးဖြစ်သော်လည်း ကျီဖေးနှင့် ချင်ကျောက်သည် ၎င်းအား အမှန်အတိုင်းလိုက်လုပ်သည်ကို မြင်တွေ့ရသည်သဖြင့် အလွန်အားရကျေနပ်နေဆဲဖြစ် သည်။ ရှန်းဝမ်ယွဲ့၏ ကိုယ်စားပြုရှေ့နေသည်ပင် သူ့အ လုပ်ပြီးအောင်လုပ်ဖို့မေ့သွားကာ စိုက်မကြည့်ဘဲမနေနိုင်ချေ။

 

ထို့ပြင် ရွမ်ကျားသည် ဆေးရုံကုတင်ပေါ်ရှိဖန်သားပြင်အား စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။

 

"မှန်တယ်... ငါ ဘာအမှားလုပ်မိလို့လဲ၊ အမြဲတမ်းမှားတဲ့သူက သူတို့ပဲ... ငါက ဘာလို့ အပြစ်ပေးခံရမှာလဲ။"

 

ထိုအချိန် စင်မြင့်ပေါ်မှ နောက်ဆုံးသရုပ်ဆောင်မှုစတင်လာခဲ့သည်။