Ch 76
Viewers 24k

 

🍉 Chapter 76

 

 

 

ထိုအချိန်တွင် ဒုတိယမြောက်အမျိုးသမီးဇာတ်ဆောင်မှ ကောင်မလေးထံ ဆက်သွယ်လာသည်ဟု ဟန်ဆောင်ကာ လျှို့ဝှက်စွာ ဖုန်းခေါ်ဆိုလာသည်ကိုတွေ့ခဲ့ရသည်။ သို့ သော် စင်မြင့်တစ်ဖက်တွင် မိန်းကလေးသည် ဆေးစစ် ချက်ရလဒ်များကိုကိုင်ဆောင်ကာဆေးရုံတွင် တစ်စုံတစ် ရာကို ထိတ်လန့်သောအမူအရာဖြင့် တိုင်ပင်နေခဲ့သည်။ ဒုတိယအမျိုးသမီးခေါင်းဆောင်သည် အမျိုးသားခေါင်း ဆောင်ကို အကူအညီတောင်းရင်း မျက်ရည်များစီးကျလာခဲ့သည်။ တစ်ချိန်တည်းမှာပင် မိန်းကလေးသည် တစ်စုံတစ်ခုကို သိရှိခဲ့ပြီး ယောက်ျားခေါင်းဆောင်ထံ ဆက်သွယ်မေးမြန်းရန်ကြိုးစားခဲ့သော်လည်း ဖုန်းဖြေဆိုရန်အချိန်မရှိခဲ့‌ဘဲ၊ ဒုတိယအမျိုးသမီးခေါင်းဆောင်အား ကယ်တင်ရန်လမ်းတွင်ရှိနေခဲ့သည်။

 

အဆုံးမှာတော့ အမျိုးသားခေါင်းဆောင်သည် ဒုတိယအမျိုးသမီးခေါင်းဆောင်အား ကာကွယ်ပေးပြီး “မင်း တကယ်ရက်စက်တာပဲ၊ အဲ့လိုတွေလုပ်ဖို့အထိ မင်း သေချာကြံစည်ထားတာပဲ…” ဟုမိန်းကလေးအား ပြောခဲ့သည်။

 

မိန်းကလေးဘက်မှ ရှင်းပြဖို့ကြိုးစားပေမယ့် အမျိုးသားခေါင်းဆောင်က သူ့အား မယုံဘဲ သူမရဲ့ခရက်ဒစ်ကတ်ကိုပိတ်လိုက်သည်။ မိန်းကလေးသည် သူမနေမကောင်းဟုပြောသော်ဘည်း အမျိုးသားခေါင်းဆောင်မှ သူ့အား အတုလုပ်တယ်ဟုစွပ်စွဲခဲ့သည်။

 

နောက်ဆုံး မိန်းကလေးသည် တစ်ယောက်တည်းကုသမှုခံယူခဲ့သော်လည်း ဓာတ်ပုံများရိုက်ယူကာ အွန်လိုင်းပေါ်အတင်ခံခဲ့ရသည်။

 

အမျိုးသားခေါင်းဆောင်သည် ဒုတိယအမျိုးသမီးခေါင်း ဆောင်အားခေါ်ယူကာ ကောင်မလေးနှင့် ထိပ်တိုက်တွေ့ပြီးခြိမ်းခြောက်ခဲ့သည်။

 

"မင်းက သာမန်လူပဲ၊ ငါတို့က နာမည်ကြီးတွေ၊ ငါတို့ရဲ့ပုံရိပ်ကိုသန့်ရှင်းအောင်လုပ်ဖို့ မင်း အနစ်နာခံပေးမှရမယ်။ မင်း ငါ့ကို အရမ်းချစ်တယ်မျတ်လား ? မင်း သဘောတူမှာလား ? မင်း မပူးပေါင်းပေးရင် ငါ ကွာရှင်းမယ်။"

 

ဒီတစ်ခါတော့ အလင်းအမှောင် အပြောင်းအလဲမရှိတော့ချေ။ လူနာအဖြစ်သရုပ်‌ဆောင်နေသည့် ကျီဖေးသည် ဘီးတပ်ကုလားထိုင်ပေါ်မှ ထခုန်လိုက်သည်။ လူနာမှာ ရုတ်တရက် အသက်ပြန်ရှင်လာသလိုပင်။

 

စင်မြင့်တိုက်ခိုက်ရေးနည်းစနစ်အား အသုံးပြုကာ ချင်ကျောက်အားပါးရိုက်လိုက်ရာ မြေပြင်ပေါ်သို့ပစ်လဲသွားသည်။ ထို့နောက် နောက်လှည့်ကာ ဒုတိယအမျိုးသမီးဇာတ်ဆောင်အားပါးရိုက်လိုက်ရာ ချင်ကျောက်ရင်ခွင်ထဲရောက်သွားသည်။

 

ထို့နောက် သူမသည် ၎င်းတို့နှစ်ဦးအား အကြိမ်ကြိမ်အတုအယောင်ကန်ကျောက်လာသည်။

 

"နင် ခွေးကောင်၊ ငါ့ကို ကျိန်ဆဲနေတာပဲ၊ ရဲတောင် အမှုအခင်းဖြေရှင်းဖို့အတွက် သက်သေတွေလိုတယ်၊ ဒါပေမယ့် နင်က တစ်ခုခုကြားလိုက်တာနဲ့ ငါ့ကို အပြစ်ပေးချင်တယ်‌ပေါ့၊ နင်က အံ့သြစရာပဲ၊ ဒါကို ရဲစခန်းကကော သိရဲ့လား ? နင့်ကို တိုင်းပြည်တစ်ခုလုံးလက်လွှဲပေးသင့်‌ေနပြိထင်တယ်။ တစ်စုံတစ်ယောက်ရဲ့စကားကို နားယောင်ပြိး သက်သေမလိုပဲ ဆုံးဖြတ်နိုင်တယ်ပေါ့၊ ဟင့်အင်း တိုင်းပြည်က အဲ့လိုအမှိုက်တွေလက်မခံဘူး။"

 

...

 

"အိုး ခိုင် မော့၊ စောနက ရုပ်ရှင်ဧကရာဇ်အဖွဲ့ အယ်ကိုဟောပါတီကီစ္စသရုပ်ဆောင်ပြသွားတုန်းက တစ်မျိုးကြီးလို့ထင်သားပဲ။ ဝမ်ကျားနီ အဲ့လိုပြောထားလို့ သူ့ဇနီးလုပ်တာဆိုပြီး ယုံနေတာများလား။"

 

"အင်း၊ နောက်မှ သူတို့ သက်သေပြဘယ်လိုပြမလဲ‌ စောင့်ကြည့်ရအောင်။"

 

ရှန်းဝမ်ယွဲ့နှင့် ဝမ်ကျားနီတို့သည် စင်ပေါ်မှနောက်သို့ သွားရာ တီးတိုးပြောသံကြားလိုက်ရသည်။

 

ရှန်းဝမ်ယွဲ့၏ ခန္ဓာကိုယ်တောင့်တင်းလာပြီး သေမင်း၏ ခတွင်းဝတွင် ရုန်းကန်နေရသကဲ့သို့ သူ့မျက်နှာမှာထုံကျင်နေသည်။ သူ့မှာ သက်သေမရှိပေမယ့်...

 

...

 

ယခုတစ်ခါ ချင်ကျောက်သည် ဇာတ်ညွှန်းအတိုင်းပြန်တိုက်ခိုက်ခွင့်ရသည်။ သူက ဒေါသတကြီးအော်လာသည်။

 

"မင်းမှာ အပြစ်မရှိဘူးဆိုတာ သက်သေပြဖို့အထောက် အထားမရှိဘူး!"

 

ကျီဖေးသည် ဤတစ်ကြိမ်တွင် သူ့မျက်နှာကိုတိုက်ရိုက်ကန်လိုက်သည်။ သူမ၏ရပ်တည်ချက်ကြောင့် ချင်ကျောက်သည် သူ့မရီး ဤအခြေအနေအားအခွင့် ကောင်းယူကာ သူ့မျက်နှာကိုတစ်ကယ်ကန်ထုတ်မလားဆိုသည်နှင့်ပတ်သက်၍ သံသယဖြစ်ခဲ့သည်။

 

"နင်ပြောတဲ့စကား နင် ပြန်ကြားလား ? နင်က ကိုယ့်ဇနီးကိုကျ သက်သေလာတောင်းနေတယ် တခြားလူကျ နင်မတောင်းဘူးမှတ်လား ? ဘာလဲ၊ သူက နုနယ်‌တော့ နင့်အနေနဲ့ ပိုကာကွယ်ပေးသင့်တယ်လို့ခံစားရတယ်ပေါ့၊အဲ့ ဒါနဲ့ပဲ သူက အပြစ်ကင်းတယ်လို့ပြောရင် နင် ငါ့ကို မနက် ဖြန်ထောင်ထဲပို့တော့မှာ မဟုတ်လား ? ငါက မနုနယ်ဘူး၊ မငိုဘူးလေ၊ ငါက လူကြမ်းမကြီးဆိုတော့"

 

...

 

ရှန်းဝမ်ယွဲ့တစ်ကိုယ်လုံး ထုံကျင်သွားကာလမ်းပင် ကောင်းကောင်းမလျှောက်နိုင်ချေ။ ဝမ်ကျားနီအားကြည့်လိုက်ရာ သူ့မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားသည်ကို တွေ့လိုက်ရသည်။

 

နောက်ကွယ်မှ အတင်းအဖျင်းပြောသောအုပ်စုသည် ၎င်းတို့ကို သတိမပြုမိဘဲဆင်းလာကာ တက်ကြွစွာဆွေးနွေးနေကြဆဲဖြစ်သည်။

 

"ငါ သိသားပဲ၊ ငါမှတ်မိသွားပြီ၊ ဒီတစ်ခါတော့ paparazzi ဖမ်းမိတဲ့အရှုပ်တော်ပုံတွေထဲကတစ်ခုပဲ၊ အဲဒီနေ့က တရားဝင်ဇနီး ဘယ်မှာရှိတယ်ဆိုတာ သက်သေပြနိုင်ရင် သက်သေပြနိုင်မှာပဲ။"

 

"တကယ်လို့ ငါတို့ သိခဲ့ရင်တောင်မှ ရုပ်ရှင်ဧကရာဇ်က ဓာတ်ပုံအတုလို့ပြောနေဦးမယ်။ ဘာပဲဖြစ်ဖြစ် သူတို့ ကျန်းမာရေးစစ်ဆေးချက်ကို ထုတ်ပြထားတယ်မဟုတ်ဘူးလား ? ရုပ်ရှင်ဧကရာဇ်က သူ့မိန်းမကျန်းမာရေးမကောင်းတာကို သူ သိတယ်ထင်လား ?"

 

ရှန်းဝမ်ယွဲ့ တုန်လှုပ်သွားပြီး သူ့မန်နေဂျာသာ သူ့အားမဖမ်းထားပါက လဲကျသွားလိမ့်မည်။

 

နေမကောင်းဘူး…မဖြစ်နိုင်ဘူး…မဖြစ်နိုင်ဘူး…သူတ ကယ်ဖျားနေတာ… ဒါ လုံးဝမဖြစ်နိုင်ဘူး! ရွမ်ကျား သူ့ကို ကြောက်လန့်ပြီး လက်စားချေနေတာ။

 

ရင်ဆိုင်ရမှာကြောက်သလို ရှန်းဝမ်ယွဲ့ အသဲအသန်ငြင်းလိုက်သည်။သို့သော် ညည်းညူနေတဲ့လူအုပ်ကြီးအား  သူ မတားနိုင်ခဲ့ချေ။

 

"အခုတော့ Idol အဖွဲ့ရဲ့ version ကအမှန်တရားလို့ ခံစားရတယ်။ ရုပ်ရှင်ဧကရာဇ် သူ့မိန်းမကိုတကယ်မှားခဲ့တာပဲ"

 

ရှန်းဝမ်ယွဲ့သည် သူ့အမူအရာကိုပင် မထိန်းနိုင်တော့ချေ။ လူတိုင်း သူ့အကြောင်းကို ဘာမှမသိဘဲ ဘာလို့ခုလိုပြော နေရတာလဲ ? ရွမ်ကျားအပေါ် သူ မမှားခဲ့ဘူး။

 

သူတို့ရဲ့သရုပ်ဆောင်မှုသည် တကယ်အတုဖြစ်သော် ငြား ရွမ်ကျား သူ့အတွက်လုပ်ဆောင်ပေးသမျှအားလုံး ကို သူ မငြင်းဆန်နိုင်ခဲ့ပေ။

 

အင်တာနက်အသုံးပြုသူများသည် ရိုးရှင်းသောရှင်း လင်းချက်အား ယုံမည်မဟုတ်သောကြောင့် ရှန်းဝမ်ယွဲ့သည် ဤအကျပ်အတည်းအားကျော်ဖြတ်ရန် စိတ်ကူးယဉ်နည်းလမ်းအသုံးပြုရန်မှအပ ရွေးချယ်စရာလမ်းမရှိခဲ့ချေ။

 

ရွမ်ကျားအား အနည်းငယ် အဆင်မပြေဖြစ်နိုင်သော် လည်း သူ့စိတ်ထဲ အမှန်တရားကိုသိရုံနဲ့ မလုံလောက်ဘူးလား ?

 

ချင်ကျောက်နဲ့ ကျီဖေးက ဘာလို့ ဒီလိုလုပ်တာလဲ ? ခုလို အသေးစိတ်အကြောင်းအရာတွေကို ရွမ်ကျားကသာ ပေးနိုင်မည်ဖြစ်သည်။

 

ကျီဖေးနှင့် ချင်ကျောက်တို့သည် တရားမျှတသည့် လက် စားချေသူတွေမဟုတ်ကြပေ။ သူတို့သည် သူနှင့်ရွမ်ကျား ၏အတိတ်ကို သရုပ်ပျက်စေကာ သူ့အားကျေးဇူးကန်းသော၊ ဖောက်ပြန်သူအဖြစ်ပုံဖော်ထားကြသည်။ တကယ် တော့ သူ...သူ...

 

ရှန်းဝမ်ယွဲ့ ပြန်လည်ချေပချင်သော်လည်း သူ့စိတ်ထဲ လွတ်သွားသည်။ ဒီစွပ်စွဲချက်တွေကို ဘယ်ကနေ ဘာ်လိုစပြီး ရှင်းပြရမှန်းမသိတော့ဘဲ အလွန်အမင်းမှားနေသည်ဟုသာ ခံစားရသည်။

 

ရွမ်ကျား နားလည်မှုလွဲနေလို့ သူ့ကိုဆန့်ကျင်ချင်တာလား ? အမှန်တရားကို လုံးဝနားမလည်ချင်ဘူးလား ?

 

သူ့ကိုသစ္စာဖောက်ဖို့ ဘယ်တုန်းကမှမတွေးခဲ့ဖူးသလို သူမနဲ့ကောင်းမွန်တဲ့ ဘဝနေထိုင်ချင်သည်။ သူ့နှလုံးသားလမ်းလွဲသွားခဲ့လျှင်ပင် သူ ရွမ်ကျားအားချစ်ဆဲပင်။

 

[ T/N : ဒဲ့ရွံတာ ]

 

ရှန်းဝမ်ယွဲ့ အတွေးပျောက်သွားသကဲ့သို့၊ သူ့အတွင်းစိတ်တစ်စိတ်တစ်ပိုင်းနှင့် ဆင်တူသည့် စာကြောင်းများသည် ဇာတ်ရုံထက် ပေါ်လာခဲ့သည်။

 

...

 

"ငါ မင်းကို သစ္စာမဖောက်ဘူး! ငါ မင်းကို ချစ်တယ်"

 

[ T/N : ပြန်ရင်း သောက်လက်စရေတောင် ထွေးမိတယ် 🤣 ]

 

ကျီဖေးသည် ချင်ကျောက်၏ကော်လာကို ဖမ်းကိုင်လိုက်ပြီး။ ပါးရိုက်လိုက်သည်! (ဖြန်း~)

 

"နင် တော်တော်လေးမှားနေတာ မဟုတ်ဘူးလား ? နင်  သူ့ကိုပွေ့ဖက်လိုက် နမ်းလိုက်လုပ်နေပေမယ့် နင် ငါ့ကို ချစ်တယ်ပေါ့"

 

ပါးရိုက်! (ဖြန်း~)

 

"နင် သူ့ကို နေရာတိုင်းမှာကာကွယ်ဖို့ ငါ့ ဂုဏ်သိက္ခာကို ပါချနင်းတယ်၊ အဲ့တာလား  နင် ငါ့ကို ချစ်တယ်ဆိုတာ"

 

ပါးရိုက်! (ဖြန်း~)

 

"သူ့ကို ကာကွယ်ဖို့၊ ငါ့ကို ဆဲဆိုတယ်၊ ပုတ်ခတ်ဝေဖန်မှုတွေ အားလုံးကို ငါ့ဆီ လွှဲချတယ်၊ ဘာလဲ နင် ငါ့ကို ချစ်တဲ့အတွက် ပြဿနာမဟုတ်ဘူးလား ?"

 

ပါးရိုက်! (ဖြန်း~)

 

"နင်က ဘာလဲ ? နင့်အောက်ပိုင်းကို ချုပ်ထားနိုင်ပြီး၊ သူနဲ့မအိပ်တာနဲ့ပဲ နင် ငါ့ အပေါ်ဘာမှမမှားဘူးပေါ့၊ မလှည့် စားဘူးပေါ့၊ နင့်ကိုယ် နင် အပြစ်ကင်းတယ်ထင်နေတာလား ?"

 

နောက်ဆုံး ပါးရိုက်သံ။ (ဖြန်း~)

 

"ပြီးတော့ ငါ နည်းနည်းလောက်သည်းမခံနိုင်တာနဲ့ပဲ ငါက ယုတ္တိမရှိဘူး၊ နင့်ကို မယုံကြည်ပေးဘူး၊ နင့်ကို နားမလည်နိုင်ဘူးပေါ့လေ"

 

ချင်ကျောက်၏သရုပ်ဆောင်မှုသည် အပြစ်အနာအဆာမရှိသော်လည်း၊ သူ့ခေါင်းသည် လည်ပင်းပြဿနာဖြစ်ရ လောက်အောင် တဆတ်ဆတ်တုန်နေသော်လည်း၊ သူဘာအမှားမှ မလုပ်ခဲ့ဘူးဟု ‌ေခံစားရသလို အရှက်နဲ့ ဒေါသကိုမြန်မြန်ဆန်ဆန်နဲ့ ကျွမ်းကျင်စွာပြသနိုင်ခဲ့သည်။

 

"ရှင့်ကို တစ်ခုလောက်မေးပါဦးမယ်၊ ကျမက ယောက်ျားတစ်ယောက်နဲ့တွေ့ပြီး ရှင် သူနဲ့လုပ်ခဲ့သလို သူနဲ့အတူတူလုပ်ခဲ့ပြီး ရှင့်ကိုချစ်တယ်ဆိုရင်ကော၊ အဲ့အတွက် ရှင် ပျော်မှာလား ?"

 

ချင်ကျောက် အရှက်နှင့် ဒေါသကြောင့်တင်းမာသွားသည်။

 

"ဟာဟား၊ ဘယ်လောက် စက်ဆုပ်စရာကောင်းလိုက်သ လဲ၊ ကြောင်သူတော်ကများ အချစ်အကြောင်းပြောရဲ သေးတယ်၊ ရှင့်အချစ်က တကယ့်တုန်လှုပ်ချောက်ချားစရာပဲ။ ရှင့် အချစ်ကိုရဖို့အတွက် ကျမအတိတ်ဘ၀က လူသတ်၊ မီးရှို့မှုတစ်ခုခု လုပ်ထားတာပဲဖြစ်ရမယ်။"

 

...

 

ဤအခိုက်တွင် ရှန်းဝမ်ယွဲ့တကယ်ပင်အသက်မရှူနိုင်ပေ။ သူ ခေါင်းကိုဆုပ်ကိုင်ထားရင်း နာကျင်လွန်းလို့နံရံအား မှီကာ အမြန်ထိုင်ပြီးလေကိုရှိုက်ရှုလိုက်ရသည်။ ဝမ်ကျားနီ ရှန်းဝမ်ယွဲ့အား ထိတ်လန့်ကာအကူအညီမဲ့စွာ ကြည့်နေရုံသာတတ်နိုင်ခဲ့ပြီး သူမ ဇာတ်သိမ်းအား ဆက်မထိန်းနိုင်တော့မည်ကိုစိုးရိမ်နေခဲ့သည်။

 

ဤအရှုပ်တော်ပုံသည် နောက်ကွယ်မှအတင်းအဖျင်းပြောသူများ၏ အာရုံကိုချက်ချင်းဖမ်းစားခဲ့သည်။ လယ် ကွင်းထဲတွင် ဖရဲသီးများကိုမြင်နေရသကဲ့သို့ လူတိုင်း၏ မျက်လုံးများတောက်ပလာပြီး အဓိကဇာတ်ကောင်များကိုမေးခွန်းအနည်းငယ်မေးရန် စိတ်အားထက်သန်နေကြသည်။

 

သို့သော် သူတို့ထဲမှတစ်ယောက်သည် ခေါင်းကိုင်ကာ နံရံအားပြေးဆောင့်တော့မည့်ပုံပေါက်သည်ကို မြင်လိုက်ရ သဖြင့် အနည်းငယ်ထိန်းလိုက်ရသည်။

 

အားလုံး ဒီရေပြန်ကျသွားတဲ့ခံစားချက်ကို တဖြည်းဖြည်း ခံစားလာရသည်။

 

ချင်ရုန် တိုးတိုးလေး "သူ ခေါင်းနည်းနည်းကိုက်နေပုံပဲ"

 

ရှောင်းထောင်က "သူ့ဦးနှောက်က အသစ်ထပ်ထွက်လာတော့မှာမို့လို့ ယားနေတာထင်တယ်။"

 

မန်နေဂျာလည်း လုံးဝရှုပ်ထွေးသွားသည်။

 

"ဝမ်ယွဲ့၊ သူတို့ရဲ့ဇာတ်လမ်းကိုစွဲလန်းမနေနဲ့၊ မင်း သူ့အ‌ ပေါ် ဘယ်တုန်းက မှားခဲ့မိလို့လဲ ? မင်းကသာ သား ကောင်ပဲ၊ မင်း..."

 

...

 

စင်ပေါ်ရှိ ချင်ကျောက်သည်လည်း မှားယွင်းသောအမူ အရာကို တိုက်ဆိုင်စွာပြသလာခဲ့သည်။

 

ကျီဖေး လှောင်ပြောင်ရယ်မောရင်း "မလိမ်ညာမိအောင် ထိန်းချုပ်နိုင်တာနဲ့ပဲ ငါ့ကို ကောင်းကောင်းဆက်ဆံနေတယ်လို့ နင် ထင်နေတာလား ? ငါ ကကျေးဇူးတင်ပေးရမှာလား ? နောက်ဆုံး ငါ့ကို ပြီးပြည့်စုံတဲ့မိသားစုလေးဖြစ်အောင် နင့် အချစ်စစ်ကိုစွန့်လွှတ်ပေးခဲ့တယ်ပေါ့၊ နင်တာဝန်ကျေအောင် အကောင်းဆုံးလုပ်ပေးခဲ့ပြီးပြီ၊ သနားစရာကောင်းလောက်အောင် စတေးပြီးသွားပြီ၊ အဲ့တာတောင် ငါက ဒေါသူပုန်ထနေတယ်ဆိုတော့၊ ယုတ္တိမရှိတော့ဘူးဖြစ်သွားတယ်ပေါ့"

 

ကျီဖေး သူ့အားလွှတ်ချလိုက်ရာ ချင်ကျောက်မြေပြင်ပေါ်လှဲချလိုက်သည်။

 

"အဲ့ဒါ အမှန်ပဲလေ၊ ငါ မင်းအတွက် စစ်မှန်တဲ့အချစ်ကို စတေးခဲ့တယ်၊ ငါလည်း သားကောင်ပါ"

 

"နင့် ခေါင်းကမကောင်းတော့ဘူးလား ? ငါက ပိုကောင်းတဲ့ဘဝကိုရနိုင်မယ်ပေါ့။ နင် ဖောက်ပြန်ချင်ရင် ထွက်သွားလိုက်တော့၊ ဘာလို့ ငါ့ကိုပါ ဆွဲချနေရတာလဲ။ ကိုယ့်ကိုကိုယ်သနားစရာဖြစ်အောင်လုပ်ပြီး ငါ့ကိုအပြစ်တင်ဖို့ ကြိုးစားနေတာရပ်လိုက်တော့။ နင့်ရဲ့ အနစ်နာခံမှုကို ဘယ်သူက လိုချင်လို့လဲ ? နင့် ကိုယ် နင် လေလို့ထင်နေတာလား ? နင် မရှိရင် ငါ အသက်မရှင်နိုင်ဘူးလို့လေ။ မဟုတ်ဘူး၊ နင်က အနံ့အသက်အပြည့်နဲ့ ခွေးချေးပုံကြီးပဲ"

 

...

 

ဒီအချိန်မှာ မန်နေဂျာပင် မတည်မငြိမ်ဖြစ်သွားသည်။    ရှန်းဝမ်ယွဲ့ ဖန်သားပြင်ကြီးအား စူးစူးဝါးဝါးစိုက်ကြည့်ကာ သူ့မျက်နှာဖြူရော်သွားသည်။ ကျီဖေး သူ့စိတ်အား တိကျစွာခန့်မှန်းနိုင်ပုံကို တွေးတောရန်ကျိုးကြောင်းဆီ လျော်မှုမရှိခဲ့ပေ။ ထိုကျိန်စာများသည် မရေမတွက်နိုင်သော မိုးကြိုးများနှင့်ဆင်တူသည်။

 

၎င်းသည် သူ၏အမြင်အာရုံကို ထပ်ခါတလဲလဲမည်းမှောင်သွားစေကာ ပါးစပ်ထဲသွေးများကို အမှန်တကယ် မြည်းစမ်းမိခဲ့သည်။

 

ကျိန်ဆဲခြင်းသည် ဖန်သားပြင်ထက် ဆက်လက်တည်ရှိနေခဲ့သည်။

 

"တကယ်တော့ နင်က ပိုစက်ဆုပ်ရွံရှာစရာကောင်းတယ်၊ အရှက်မဲ့တယ်၊ သူ့ထက်တောင် ပိုဆိုးတယ်။ နင်က *beep* *beep* *beep*..."

 

စေ့စေ့နားထောင်နေသော အွန်လိုင်းနှင့် အော့ဖ်လိုင်းကြည့်ရှုသူအားလုံး- ???

 

ကျိန်ဆဲတာက အရမ်းအောက်တန်းကျလွန်းလို့ ဆင်ဆာဖြတ်ခံလိုက်ရတာလား။ ဟမ် ? ခဏလေး..

 

"ဘာလို့ ကိုယ့်ဘာသာ ကိုယ် ဆင်ဆာဖြတ်နေသေးတာလဲ ? ငါတို့ ကြားချင်သေးတယ်လေ ကျိန်ဆဲတာကိုကြားချင်တယ်လို့၊ တိုက်ရိုက်ထုတ်လွှင့်မှုက အချိန်နဲ့တစ်ပြေးညီပြနေတာလေ ဆင်ဆာဖြတ်ဖို့ကခက်တဲ့ဟာကို။"

 

သို့သော် ကျီဖေးသည် မိမိကိုယ်ကို ဆင်ဆာဖြတ်ရန် အခိုင်အမာပြောခဲ့သည်။ နောက်ဆုံး သူမ၏ကျိန်ဆဲခြင်းသည် အနည်းငယ်ညစ်ပတ်သွားသည်မဟုတ်ပါလား ?

 

သို့သော် လက်ရှိချင်မိသားစုဝင်များသည် ၎င်းကိုအလွန်ပျော်မွေ့နေကြသည်။

 

နောက်ဆုံး မီးတွေတဖြည်းဖြည်းမှိန်သွားသည်။

 

အလင်းတန်းတစ်ခုသာ ကျန်ရှိတော့ပြီး ဖန်သားပြင်ကြီးထက် ဖြည်းဖြည်းချင်းပြန်ပေါ်လာသည့် ရှုခင်းအမျိုးမျိုး ဓာတ်ပုံများအား တောက်ပစေသည်။

 

ကျီဖေး မျက်နှာမပြဘဲ သူ့အသံဖြည်းညှင်းစွာထွက်ပေါ် လာသည်။

 

"နင် မရှိရင် ငါ့ကို တကယ်လေးစားတဲ့သူ၊ ငါ့ကို ဂရုစိုက်တဲ့သူ၊ ငါ့ကို အားပေးတဲ့သူ၊ ငါ့အတွက်ပဲ သစ္စာရှိတဲ့သူနဲ့ ငါ တွေ့နိုင်တယ်။ ဒီလိုဆက်ဆံခံရဖို့ ထိုက်တန်တယ်။"

 

"အဲ့လိုလူနဲ့ မဆုံဖြစ်ရင်တောင် နင့်အတွက် ဆုံးရှုံးခဲ့ရတဲ့ ဖြုန်းတီးခဲ့သမျှပြန်ယူနိုင်ပြီး ကိုယ့်ကိုကိုယ်ချစ်ဖို့အသုံး ချနိုင်မှာပဲ!"

 

"ကိုယ့်ကိုကိုယ် ကောင်းကောင်းချစ်ပါ၊ ဒါကသာ စစ်မှန်တဲ့အချစ်ရဲ့အမြင့်ဆုံးပုံစံပဲ"

 

ဒရာမာအား စိတ်လှုပ်ရှားစွာလိုက်ကြည့်ခဲ့ကြသော ပရိ သတ်များအားလုံး နောက်ဆုံးစာကြောင်းကြောင့် အံ့အား သင့်ခဲ့ကြသည်။

 

သူတို့သည် မူလကထိပ်တန်း Idol အဖွဲ့နှင့် ရုပ်ရှင်ဧကရာဇ်အဖွဲ့သည် ဤဇာတ်လမ်းအား တမင်ဖန်တီးခြင်းဟုသာ သူတို့ထင်ခဲ့မိသည်။

 

သို့သော် အဆုံးမှာတော့ ဇာတ်ကြောင်းနှင့်အမှန်တရားအား ပြန်ချည်နှောင်သွားလိမ့်မည်ဟု သူတို့မမျှော်လင့်ထားခဲ့ကြချေ။

 

ဟုတ်ပါတယ် ပြိုင်ပွဲရဲ့ခေါင်းစဉ်က 'အချစ်စစ်'

 

စစ်မှန်တဲ့အချစ်က ကိုယ့်ကိုချစ်လို့မရဘူးလို့ ဘယ်သူမှ မပြောခဲ့ကြဘူး။

 

ပရိသတ်များ နားမလည်နိုင်လောက်အောင် လင်းထိန်သွားသလိုခံစားလိုက်ရပြီး ကျီဖေးအား စိတ်ပါလက်ပါ လက်ခုပ်တီးပြီးမချီးကျူးဘဲမနေနိုင်ခဲ့ကြချေ။ မင်းက တကယ်လိမ္မာပါးနပ်တဲ့ နတ်ဆိုးလေးပဲ။ ပါးချတဲ့ကျဲ မဟုတ်ဘူး ကျီစယ်တတ်တဲ့ကျဲ

 

သို့သော် မီးလုံးတွေအားလုံးမှောင်သွားတဲ့အခါ ဖျော်ဖြေပွဲပြီးသွားပြီဟုထင်ကြသည်။

 

ထိုစဉ် ကျီဖေး၏အသံသည် တစ်စုံတစ်ဦးအားအထူးပြောပြနေသကဲ့သို့ အပျော်သဘောအရိပ်အမြွက်ဖြင့်  ပြန်ပေါ်လာသည်။

 

"မင်း ဘဝမှာသေးငယ်တဲ့ ကိစ္စတစ်ချို့ကိုအမြဲကြုံတွေ့ရလိမ့်မယ်။ အဲဒါတွေကို တစ်လှမ်းချင်းစီလှမ်းပြီး ဆက်လျှောက်သွားပါ၊ မဟုတ်ရင် အဲဒါကိုစိတ်လှုပ်ရှားစရာကောင်းတဲ့ဘဝလို့ ဘယ်လိုခေါ်နိုင်မှာလဲ။ ရှေ့ကိုမျှော် ကြည့်လိုက်ပါ၊ ဘဝသစ်တစ်ခုက စတင်နေပါပြီ!"