Ch 74
Viewers 24k

🍉 Chapter 74

 

 

 

စင်မြင့်ထက် ဇာတ်ပို့သရုပ်ဆောင်များစင်ပေါ်တက်လာပြီး နှစ်ဖက်မိသားစုမှသက်ကြီးရွယ်အိုများ အဖြစ်ရပ် တည်ကာ လက်ခုပ်တီးပြိး ပျော်ရွှင်စွာကပြဖျော်ဖြေခဲ့ကြသည်။

 

လူငယ်က ဒူးထောက်ပြီး “ငါ့ကို လက်ထပ်ပြီး ငါ့ဇနီးဖြစ်လာပေးပါ”

 

အမျိုးသမီးလေးက "ဒါပေမယ့် အနုပညာရှင်အတွက်က လက်မထပ်တာ အလုပ်အတွက်ပိုကောင်းတာ မဟုတ်ဖူးလား ?"

 

လူငယ်က "ဘာပဲဖြစ်ဖြစ် တစ်သက်လုံးအတူရှိချင်တာက မင်းပဲလေ၊ အနှေးနဲ့အမြန်ကတော့ အတူတူပဲ၊ နောက် ပြီး မင်းအတွက် ခက်ခဲနိုင်ပေမယ့် ငါတို့ လျှို့ဝှက်အိမ် ထောင်ရေးလုပ်လို့ရတယ်လေ"

 

အမျိုးသမီးလေး တခဏမျှတုံ့ဆိုင်းသွားသော်လည်း မိသားစုနှစ်ဖက်စလုံးက အလွန်ပျော်ရွှင်ခဲ့ကြပြီး လူငယ်သည် အလွန်ရိုးသားသောကြောင့် နောက်ဆုံးတွင် သူမ ခေါင်းညိတ်သဘောတူခဲ့သည်။

 

တခဏချင်းမှာပင်၊ နောက်ကျောရှိဖန်သားပြင်ရှိ ညာ ဘက်ခြမ်းမှ အမျိုးသမီးဇာတ်ဆောင်၏ဘဝပုံရိပ်များ သည် အဖြူအမည်းအဖြစ် အစိတ်စိတ်အမွှာမွှာဖြစ်သွားပြီး အဆက်မပြတ်ကျုံ့သွားကာ ရွေ့လျားသွားခဲ့သည်။ ကုမ္ပဏီစတော့ရှယ်ယာများ၏ အမျိုးမျိုးသောအချက် အလက်ဇယားများနှင့်ဆင်တူသော ပုံအသစ်များ အောက်တွင်ပေါ်လာသည်။

 

လူငယ်လေးသည် စင်မြင့်တစ်ဖက်ရှိ လူတစ်စုနှင့် စတင်ဖျော်ဖြေကာ ရိုက်ကူးရေးမြင်ကွင်းများကို စတင်သရုပ်  ဆောင်ခဲ့ပြီး အမျိုးသမီးလေးသည် ရုံးခန်းတွင်ထိုင်ကာ ဖုန်းခေါ်ဆိုကာ စာရွက်စာတမ်းများကိုင်ဆောင်ပုံအားသရုပ်ဆောင်ခဲ့သည်။၎င်းတို့၏အသက်မွေးဝမ်းကြောင်းလုပ်ငန်းအား စီမံခန့်ခွဲဖို့ လက်တွဲလုပ်ဆောင်နေသည့် စုံတွဲတစ်တွဲ၏ ခံစားချက်ကိုပေးစွမ်းခဲ့သည်။

 

သို့သော် ၎င်းတို့၏စုံတွဲဖျော်ဖြေမှုသည် ရုတ်တရတ်ရပ် တန့်သွားသည်။ အလင်းများအားလုံးပျောက်ကွယ်သွားပြီးနောက် ကျီဖေးအား လုံးလုံးလျားလျားမီးထိုးပြထား သည်။ ကျီဖေးသည် သူမ၏မူလအခန်းကဏ္ဍမှထွက်ခွာလာကာ ရှေ့သို့ထွက်လာပြီးအမှောင်ထဲ ချင်ကျောက် ၏မျက်နှာကိုပါးရိုက်လိုက်သံသည် ခန်းမတစ်ခုလုံးပဲ့ တင်ထပ်သွားသည်။

 

သူမ အနာဂတ်ကပြန်ရောက်လာပြီး ရိုက်ချိုးခံခဲ့ရသည့်အနာဂတ်အတွက် ပါးလာရိုက်သလိုပင်။

 

"ရှင် ကျွန်မကို အိမ်ထောင်ပြုဖို့ပြောခဲ့တာက ကျွန်မရဲ့ ဓာတ်ပုံရိုက်တဲ့အိပ်မက်အတွက်နဲ့ တစ်ကမ္ဘာလုံးအနှံ့‌ေခြဆန့်ပြီး ပြန်မလာနိုင်မှာကိုစိုးရိမ်လို့ပဲ။ ရှင်က ကျွန်မကို ရှင့်အပိုင်အဖြစ် ထားချင်နေတာပဲ။ ရှင့်ရဲ့အကောင်းဆုံး အကူအညီပေးသူအဖြစ်နေဖို့အတွက် ကျွန်မရဲ့တောင်ပံတွေကိုဖြတ်ပြီး ရှင်မရှိရင် ဘဝမဖြစ်နိုင်အောင်လုပ်ခဲ့တယ်။ ကျွန်မ အရမ်းတုံးတယ်၊ အချစ်ဆိုတာ စွန့်လွှတ်မှု၊ ချုပ်ချယ်မှုနဲ့ အလျှော့ပေးမှုတစ်ခုပဲလို့မှတ်ယူခဲ့တာ။ ဒါပေမဲ့ ဘာကြောင့်လဲ ? ရှင့်အနာဂတ်အတွက် ကျွန်မရဲ့အိပ်မက်တွေကိုစွန့်လွှတ်ခဲ့ရပြီး ရှင်က ကျွန်မကိုစွန့်ပစ်သွားတာ်ပေါ့ ? ရှင့်ရဲ့အသိစိတ်တွေဘယ်ရောက်ကုန်တာလဲ ? ခွေးစားသွားတာလား?"

 

...

 

ကျီဖေးသည် စူးစူးဝါးဝါးအော်လိုက်ပြီး ဒေါသအမျက်ထွက်ကာစွပ်စွဲပြောဆိုလိုက်သည်။

 

ဖျော်ဖြေတင်ဆက်မှုမည် အဆင်မပြေသော်ငြားပရိသတ်အား လုံးဝကိုစွဲဆောင်သွားခဲ့သည်။ အမှန်တရားနှင့် ရသ ကို ခွဲခြားမရသော်လည်း လူတိုင်းသည် ပူးပေါင်းကြံစည်မှုသီအိုရီများအား ကျေနပ်နှစ်သက်ကြသည်။

 

ထို့ပြင် နှစ်ဖက်မိဘမှ အိမ်ထောင်ပြုဖို့တွန်းအားပေးခဲ့ခြင်းမဟုတ်သလို၊ ရုပ်ရှင်သရုပ်ဆောင်ဘက်မှ သူ့ခံစားချက်အတိုင်းလုပ်ခဲ့ခြင်းဖြစ်သည်။ အမှန်မှာ ရုပ်ရှင်သ ရုပ်ဆောင်ကိုယ်တိုင် သူမကိုယ်ကို စတေးပြီး သူ့အတွက်ဆက်နေဖို့တောင်းဆိုခဲ့ခြင်းပင်။ ထို့နောက် သူနှင့်ကွာရှင်းပြတ်စဲဖို့ဘယ်တုန်းကမှမလိုချင်ခဲ့သလို သူမသည် တွယ် ကပ်မနေဘဲ စိတ်နှလုံးအကြွင်းမဲ့ကူညီပေးခဲ့သည်။

 

မျိုးစေ့မကြဲပါက ရိတ်ခြင်းဟုမည်သို့ ခေါ်ဆိုနိုင်မည်နည်း။

 

အကြွေးလို့ မခံစားရဘူးလား ? ဒါ ကြီးမားတဲ့အကြွေးတစ်ခုမဟုတ်ဘူးလား ?

 

အကယ်၍ Idol အဖွဲ့၏ဇာတ်လမ်းသည်ညအမှန်တရားဖြစ်ပါက ရုပ်ရှင်ဧကရာဇ်အဖွဲ့၏ ရှင်းလင်းချက်ဟုခေါ်သည့် စကားသည်ရွံရှာစရာကောင်းလွန်းသည် မဟုတ်ပါလား ? ကောလာဟလများဖြန့်ခြင်းနှင့် အသရေဖျက်ခြင်းတို့သည် အဖြစ်မှန်ကိုလုံးဝလွဲမှားသွားစေသည်။

 

အဆိပ်အပြင်းဆုံးက ကျေးဇူးကန်းတဲ့နှလုံးသားဆိုတာ အမှန်ပဲလား ??

 

သူမသည် သူ့အတွက် အရာအားလုံးပေးခဲ့သည်၊ သို့ သော် သူသည် သူမအား လျှို့ဝှက်ချစ်သူအတွက်နှင့် ဘတ်စ်ကားအောက် လွှတ်ပစ်လိုက်သည်။

 

အခင်းဖြစ်ပွားရာနေရာရှိ လူများသာမက ကျည်ဆန်စခရင်ထက် မှတ်ချက်များပါတုန်လှုပ်ခြောက်ခြားသွားကြသည်။

 

တစ်ဝက်သည် ကျိန်စာများဖြစ်ပြီး ကျန်တစ်ဝက်မှာ သံသယများ၊ ဆွေးနွေးမှုများနှင့် ထင်ကြေးများဖြင့် ပြည့်နှက်နေသည်။

 

လူများသည် Weibo ထက် နေရာအနှံ့အထောက်အထားရှာဖွေကြသည်။

 

ဆေးရုံခန်းထဲရှိ ရွမ်ကျားသည် ကျီဖေး၏နောက်ဆုံးတစ် ကိုယ်တော် စကားတစ်ခွန်းကိုနားထောင်ရင်း နိုးလာကာ အဆူခံလိုက်ရသကဲ့သို့ မယုံနိုင်လောက်အောင်မျက်လုံးများပြူးကျယ်သွားသည်။

 

ဟုတ်သည်၊ ထိုအချိန်က သူထွက်သွားဖို့စီစဉ်နေခဲ့သည်၊ ထိုစဉ် သူတို့တကယ်ချစ်နေခဲ့ကြတာကြောင့် ချီတုံ ချတုံ ဖြစ်ခဲ့ရပေမယ့် သူမ ဘာကြောင့် စတေးခဲ့မိတာလဲ ? ရှန်းဝမ်ယွဲ့သာ သူ့ကိုတကယ်ချစ်ရင်၊ သူ့အိပ်မက်တွေအ ကောင်ထည်ဖော်ရာမှာ သူ့ကိုပံ့ပိုးပေးရမှာမဟုတ်ဘူးလား ??

 

သို့သော် ရှန်းဝမ်ယွဲ့သည် အစမှအဆုံးဘာမှ မပြောခဲ့ဘဲ သူမ၏အိပ်မက်သည် သူမ၏အသက်မွေးဝမ်းကြောင်းဖြစ်သည်ကို လုံးဝလျစ်လျူရှုခဲ့သည်။

 

အေးစက်စက်သင်္ချာပုစ္ဆာလို တချို့အရာတွေကို သေသေ ချာချာမတွက်သင့်ဘူးပေ၊ နှစ်ဖက်စလုံး စတွေးလိုက်ပြီဆိုသည်နှင့် အသက်ရှင်ဖို့ရာမဖြစ်နိုင်တော့ဘူးဟု လူတွေပြောလေ့ရှိသည်။

 

သို့သော် လူတစ်ဦးသည် သင်၏အနစ်နာခံမှုကိုကျေးဇူး ကန်းကာ တဖြည်းဖြည်းထုံထိုင်းလာပြီး မေ့လျော့သွားသောအခါ၊ ဤလူသည် စွန့်လွှတ်အနစ်နာခံရန်မထိုက် တန်တော့ချေ။

 

ဤအခိုက်အတန့်အား စောင့်ကြည့်ရာနေရာရှိ ရှန်းဝမ်ယွဲ့သည် အဝေးမှအကြိမ်ပေါင်းမရေမတွက်နိုင်အောင် ပါးရိုက်ခံလိုက်ရသကဲ့သို့ခံစားရသည်။ ရှင်းရှင်းလင်း လင်းနှင့် ပြတ်ပြတ်သားသား နှိုင်းယှဥ်ကြည့်သောအခါတွင် သူ အရှက်ရပြိး ဒေါသကြောင့်မတ်တပ်ရပ်လုနီးပါး ဣန္ဒြေပျက်သွားလေသည်။

 

ထိုချိန်တွင် သူ အမှန်တရားအားဖော်ထုတ်ရန် ဒေါသကို တဖြည်းဖြည်းလျစ်လျူရှုလိုက်သည်။ သူ ချေပလိုသည်၊ သူ ကျီဖေးဖော်ပြခဲ့သည့်အတိုင်း မဟုတ်ဟု ခံစားမိသည်။ ချစ်ပြီးအတူနေဖို့ဆိုရင် လူတစ်ယောက်ကတော့ ပေးဆပ်ဖို့ အမြဲလိုတယ်ဟုတ်ဘူးလား ?

 

မဟုတ်ရင် ဘယ်လိုလုပ်အကြင်လင်မယားဖြစ်နိုင်မှာလဲ။

 

သူသည် သရုပ်ဆောင်ရသည်ကို ဝါသနာပါပြီး သရုပ် ဆောင်ချင်သဖြင့် သူထံ ရွေးချယ်စရာမရှိဘူချေ...

 

ပါးပါးချင်နှင့် မားမားချင်သည် အနီးနားရှိပရိသတ်များ တီးတိုးပြောလာသည်နှင့်အမျှ အချို့သောလူများက စောင့်ဆိုင်းနေရာမှ တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ရှုနေကြပြီး ကင်မရာမန်းသည် ရှန်းဝမ်ယွဲ့နှင့် ဝမ်ကျားနီထံသို့ ကင်မရာကိုတိုက်ရိုက် ရိုက်ပြလာသည်ကိုတွေ့လိုက်ရသည်။

 

လူတိုင်းသည် ၎င်းတို့၏မျက်နှာအမူအရာအား ခွဲခြမ်း စိတ်ဖြာလိုက်ကြသည်။ ၎င်းတို့သည် အမှန်တရားဖော် ထုတ်ခံခဲ့ရခြင်းကြောင့် သို့မဟုတ် မှားယွင်းစွာစွပ်စွဲခံရခြင်းအတွက် ဒေါသဖြစ်နေခြင်းလော ??

 

ဇာတ်ခုံပေါ် အထူးဧည့်သည်အမျိုးသမီးတစ်ဦး တက်လာပြီး ဖျော်ဖြေရေးထဲ ပါဝင်ကူညီပေးလာသည်ကို တွေ့ရသည်။

 

လူတိုင်းသည် ချက်ချင်းအသက်ရှုကြပ်သွားကာ ကျည်ဆံစခရင်မှ မှတ်ချက်များသည် ဤလူမည်သူမည်ဝါဖြစ်သည်ကို လူတိုင်းသဘောပေါက်သွားသလိုပင်။

 

လူတိုင်းက ရင်တထိတ်ထိတ်နှင့်ကြည့်နေကြသည်။

 

စင်နောက်ကွယ်ရှိအဖွဲ့တစ်ဖွဲ့စီမှ ဝန်ထမ်းများအားလုံး ဖရဲသီးစေ့စားကာ ဒရာမာကြည့်ရန်စုရုံးလာကြသည်။

 

ချင်ရုန်သည် မျက်နှာငယ်လေးဖြင့် နီမြန်းနေပြီး စိတ်လှုပ်ရှားစွာကြည့်နေသော်လည်း အစ်ကိုဖြစ်သူကြောင့်  ကောင်းဟောင်၏ ဆွံ့အနေသည့်ပုံစံကိုမြင်လိုက်ရသော အခါ သူမ ဘေးနားရှိရှောင်းထောင်မှ စိုးရိမ်တကြီးမေးလိုက်သည်။

 

"ကောင်းကော၊ ကော အဆင်ပြေရဲ့လား ?"

 

ရှောင်းထောင်သည် ကျီဖေးနှင့် ချင်ကျောက်မှဇာတ်ညွှန်းအား ကောင်းကောထံ တစ်စိတ်တစ်ပိုင်းဖုံးကွယ်ထား သည်ကိုသိသဖြင့် ယင်းအားသနားမိသည်။ ကောင်းကောသည် ထိုဇာတ်ညွှန်းအတွက် အခြားသောဝန်ထမ်းများကိုလှည့်စားခဲ့သည်။

 

ယခုမူ ထိုကဲ့သို့ပြဿနာအရှာတော်သော အနုပညာရှင်များကိုမူ မည်သူကယူဝံ့မည်နည်း ??

 

သူမ သက်ပြင်းချလိုက်ပြီး "တချို့လူတွေကြည့်ရတာ အေးဆေးပဲနော်၊ ဒါပေမယ့် ခဏနေရင် အေးဆေးမနေနိုင်လောက်တော့ပါဘူး"

 

အနီးနားရှိ ရှေနန်းတွင်းဒရာမာ idol ၏ အမျိုးသမီး မန်နေဂျာသည် ကောင်းဟောင်အားကြည့်ပြီး "ရှင့် အနု ပညာရှင်တွေ ကောင်းကောင်းသရုပ်နေကြတာပဲ၊ သူတို့   အသက်မရှင်ချင်တော့ဘူးလား။"

 

သူမ စကားပြောနေစဉ်မှာပင် ရှန်းဝမ်ယွဲ့၏မန်နေဂျာသည် ကောင်းဟောင်ထံ အပြေးအလွှားရောက်လာပြီး

 

"မင်း ဘာလုပ်ဖို့ကြိုးစားနေတာလဲ ? အခုချက်ချင်းရပ်လိုက်!"

 

မင်းသမီးသည် စင်ပေါ်တက်လာတော့မယ့်ပုံပင်။ အရာအားလုံးကို အကောင်အထည်ဖော်ဖို့စီစဉ်နေကြတာလား။

 

ကောင်းဟောင် သတိပြန်ဝင်လာပြီး ချောင်းဟန့်လိုက်သည်။ သူ စင်ပေါ်ရှိ ထိုနှစ်ယောက်အား နားရွက်ဆွဲကာ ဆွဲထုတ်လိုက်ချင်သော်လည်း သူ့ဘက်က မျက်နှာပျက်စရာအကြောင်းမရှိချေ။

 

"အိုး၊ ဒါတွေအားလုံး သရုပ်နေဆောင်တာလေ၊ မင်းက ကြမ်းတမ်းလိုက်တာ ဥပဒေကိုဂရုမစိုက်တော့ဘူးလား ? ငါတို့က အရှက်မရှိသလို အရည်အချင်းလည်းမရှိဘူးဆိုတော့ ဘာမှ သိပ်မကွာဘူး။"

 

စကားတစ်ခွန်းတည်းနှင့် တစ်ဖက်သားအားစကားမပြော နိုင်တော့ဘဲ တိုက်ရိုက်ထွက်ခွာသွားစေနိုင်သည်။

 

အခြားလူများသည် ကောင်းဟောင်အား တိတ်တဆိတ်လက်မထောင်ပြလိုက်ကြသည်။

 

ဒီလိုမျက်နှာချင်းဆိုင် ထိပ်တိုက်ရင်ဆိုင်မှုသည် ဖျော်ဖြေရေးနယ်ပယ်တစ်ခုလုံးအား အတော်လေးပေါက်ကွဲစေခဲ့သည်။ ဒါရိုက်တာနှင့် ထုတ်လုပ်သူတို့သည် ဦးနှောက်ဆဲလ်များပျက်စိးလုနီးပါးဖြစ်နေကာ ကျည်ဆံစခရင်၏ မှတ်ချက်များသည် နေရာအနှံ့ပျံ့နှံ့သွားသည်။

 

ကောင်းဟောင်သည် ဒဏ်ရာကိုဆားသိပ်ကာ“ကံကောင်း လို့ပေါ့ ငါတို့အရွေးခံရပြီး ဒီလိုဇာတ်လမ်းကောင်းကိုပြသခွင့်ရတာ၊ အခွင့်အရေးပေးတဲ့အတွက် မ္စတာရှန်းနဲ့ မစ်ဝမ်တို့ကို ကျေးဇူးတင်ရမယ်။ အထူးသဖြင့် မင်းပဲ၊ စီနီယာ့ကိုဆိုရင် ဘိုးဘွားဗိမာန်မှာ ကဗျည်းတိုင်ထားဖို့အထိကိုထိုက်တန်တာ။”

 

တစ်ယောက်ယောက်သာ သူ့ကိုမကိုင်ထားရင် မန်နေဂျ မူးလဲသွားနိုင်သည်သို့သော် စင်ပေါ်ပိုလို့ပင်ပေါက်ကွဲနေသည့် ဖျော်ဖြေမှုတွေကြောင့် သူ မူးမေ့လဲဖို့အခွင့်အရေးမရှိချေ။

 

...

 

အမျိုးသားဇာတ်ဆောင်ဘက် ထူးခြားသည့်ဒုတိယမြောက်အမျိုးသမီးဇာတ်ဆောင်တစ်ယောက် ပေါ်လာတာကိုမြင်တွေ့လိုက်ရပြီး သူတို့နှစ်ဦးသည် အတူတူရိုက်ကူးပြီးနောက် ရင်းရင်းနှီးနှီးဆက်ဆံခဲ့ကြသည်။ တစ်ဖက်က အမျိုးသမီးခေါင်းဆောင် အလုပ်ဆက်လုပ်နေတုန်း သူ့နောက်မှာဖြစ်ပျက်နေသည်ကို လှည့်ကြည့်လိုက်သည်။

 

အမျိုးသားနှင့် အမျိုးသမီးခေါင်းဆောင်သည် ရံဖန်ရံခါအတူရှိကြသော်လည်း စကားဝိုင်း၏ဘုံအကြောင်းအရာမှာ တဖြည်းဖြည်းပျောက်ကွယ်သွားကြသည်။

 

အမျိုးသားဇာတ်ဆောင်သည် အချစ်ဇာတ်လမ်းနဲ့ အနု ပညာအကြောင်းကိုပြောပြခဲ့သည်။

 

အမျိုးသမီးခေါင်းဆောင်သည် စတော့ရှယ်ယာများ၊ စီမံခန့်ခွဲမှုများနှင့် ဝန်ထမ်းများနှင့်အတွေ့အကြုံများကို  ဆွေးနွေးခဲ့သည်။

 

"အခု မင်းပိုက်ဆံတွေက အပုပ်နံ့တွေနဲ့ပြည့်နေတယ်လို့ ခံစားရတယ်" ဟု အမျိုးသားဇာတ်ဆောင်က ပြောပြီး ရိုက်ကွင်းထဲလှည့်ကာ ဒုတိယမြောက်အမျိုးသမီးဇာတ် ဆောင်နှင့် ပျော်ရွှင်စွာစကားစမြည်ပြောလိုက်သည်။

 

"မင်းမှာ အနုပညာရောင်ဝါရှိတယ်၊ မင်းက အရမ်းတော်တယ်"

 

ဒုတိယအမျိုးသမီးခေါင်းဆောင်က တခစ်ခစ်ရယ်ရင်း "ကျေးဇူးတင်ပါတယ် စီနီယာ"

 

ထိုအချိန်တွင် အမျိုးသမီးခေါင်းဆောင်သည် အလုပ် များနေသေးပြီး ဖြစ်ပျက်နေသည်ကို သတိမထားမိပုံပေါ်သည်။

 

ရုတ်တရက် သက်ကြီးရွယ်အိုလေးယောက်သည် ဒုတိယအမျိုးသမီးဇာတ်ဆောင်ရှေ့ ပေါ်လာကြသည်။

 

အမျိုးသားဇာတ်ဆောင်သည် ထူးထူးခြားခြားဘာမှသတိမထားမိဘဲ ဆက်လက်သရုပ်ဆောင်ခဲ့သည်။ ထို့နောက် ဒုတိယအမျိုးသမီးခေါင်းဆောင် စင်ပေါ်မှထွက်ခွာသွားသည်။ ဒုတိယအမျိုးသမီးဇာတ်ဆောင် ပျောက်ကွယ်သွားသည်ကို တွေ့ရှိပြီးနောက် အချိန်အ တော်ကြာ စိတ်ရှုပ်ခဲ့ရသော်လည်း တုံ့ပြန်မှုသိပ်မရှိပေ။

 

အမျိုးသမီးခေါင်းဆောင်သည် ဆက်လက်အလုပ်ကြိုး စား‌နေဆဲဖ်စ်ကာ စားပွဲခုံပေါ်စာရွက်စာတန်းများပိုများလာသည်နှင့်အမျှ သူမသည်ပိုအလုပ်ရှုပ်လာသည်။ နောက်ဆုံးတွင် သူမသည် သူမ၏အလုပ်တာဝန်ကိုခွဲဝေရန် လူများစွာကိုခေါ်ဆောင်လာခဲ့သည်။ တဖြည်းဖြည်းနှင့် သူမသည် စင်မြင့်မှထွက်ကာ စခရင်ကြီးပေါ်ရှိ ကုမ္ပဏီဇယားမှသည် သူမမိဘများ၏ ဆေးရုံအခန်းအဖြစ်သို့ ပြောင်းလဲသွားသည်။

 

ဒီတစ်ခါတော့ အမျိုးသမီးခေါင်းဆောင်သည် သူ့မိဘတွေကိုဆေးရုံမှာပြုစုစောင့်ရှောက်နေသည့်အနေဖြင့်ပြန်ပေါ်လာသည်။

 

သူမ မိဘများစင်မြင့်မှမထွက်မချင်း ဒုတိယအမျိုးသမီးဇာတ်ဆောင်သည် အမျိုးသားခေါင်းဆောင်၏ရင်ခွင်ထဲသို့လှဲချရင်း ငိုယိုကာပြန်လည်ပေါ်လာသည်။ ထို့နောက် နှစ်ယောက်စလုံးဒေါသတကြီးဖြင့်ပေါ်လာသော အမျိုး သမီးခေါင်းဆောင်အား လှည့်ကြည့်လိုက်ကြသည်။

 

ဤအခိုက်တွင် အလင်းရောင်သည် တစ်ဖန်ပြောင်းသွားပြီး ကျီဖေးသည် သူမ၏နဂိုအနေအထားမှခုန်ထွက်ကာ ပါးရိုက်လိုက်ပြန်သည်။ (ဖြန်း~)

 

"ရှင် အကြင်နာမဲ့တဲ့သားရဲ၊ ရှင်က ကျမတို့မှာတူညီတာဘာမှမရှိဘူးလို့ ဆိုလိုတာလား။ ကျမနဲ့ ဘာမှမမျှဝေချင်တဲ့သူက ရှင်ပဲ၊ ကျွန်မလည်း အနုပညာရှင်တစ်ယောက်ဖြစ်နိုင်ခဲ့သားပဲ၊ ဒါပေမဲ့ ကျွန်မကိုပိုက်ဆံနံ့ထွက်အောင်လုပ်တာလည်း ရှင်ပဲ၊ အခုတော့ ရှင်က ကျွန်မကိုအနံ့ဆိုးထွက်တယ်လို့ခံစားရတယ်ပေါ့၊ ရှင် ဘယ်လိုလုပ်ကျမကို ဝေဖန်ရဲသေးတာလဲ ? ရှင့် နှလုံးသားက အဲ့လောက်အ ပြောင်းအလဲမြန်ရလား ? ရှင့် အချစ်ရေးကိုမျှတအောင် ချုပ်တည်းဖို့ စိတ်မပိုင်းဖြတ်ထားဘူးဆိုရင် တခြားသူတွေကိုနာကျင်အောင်လုပ်ဖို့ အိမ်ထောင်ပြုမနေနဲ့။"

 

နောက်ထပ် ရိုက်ချက်တစ်ချက်! (ဖြန်း~)

 

"ရှင်က ကျမသူ့ကိုအာဏာသုံးပြီး အဝေးပို့တယ်လို့ပြော တယ်နော်၊ တွေးကြည့်မှ သူဘယ်သူမှန်းတောင် ကျမ မသိဘူးပဲ၊ ပြီးတော့ သူမကလည်း ကျမ သူ့အပေါ်အကြွေး တင်နေတယ်ဆိုပြီး လာအော်နေတယ်။ ငါ နင့်အ‌ပေါ် ဘာအကြွေးမှတင်မနေဘူး ! နင်က ငါတို့ကုမ္ပဏီက၊ သူ့မှာ မိန်းမရှိမှန်းလည်း နင်သိတယ်၊ ဒါတောင် အိမ်ထောင် သည်ယောက်ျားကိုလှည့်ဖြားနေတုန်းပဲ။ ဘယ်လိုလုပ် နင့်ကိုယ်နင် မှန်တယ်လို့လာထင်နေတာလဲ ? အကျင့်ပျက်တဲ့အချစ်ကို အချစ်စစ်လို့ခေါ်လို့ရတာလား ? စိတ်တူကိုယ်တူ! ဟာသပဲ!"

 

သူ တစ်ဖက်ကိုရိုက်ပြီးနောက် နောက်တစ်ဖက်ကိုရိုက်ချလိုက်သည်။ ထို့နောက် နောက်ထပ်ကျယ်လောင်သော ရိုက်ချက်ထွက်ပေါ်လာသည်။ (ဖြန်း~)

 

"ပြီးတော့ မင်းက တကယ်ကိုတစ်ခုခုပဲ။ မင်း ဘယ် လောက်ထိစက်ဆုပ်စရာကောင်းလဲဆိုတာကို ချီးကျူးရမယ့်ပုံပဲ၊ မင်း တကယ်ဖိအားပေးခံရလို့ထွက်သွားခဲ့တာလား ? အကြိးအကဲတွေက နင် တစ်စုံတစ်ယောက်ရဲ့ မိသားစုကိုဖျက်စီးပစ်ဖို့ကြံရွယ်နေလို့ နင့်ကို အငယ် အနှောင်းဖြစ်ချင်လား ? ဘာလုပ်မှာလဲဆိုပြီးရွေးချယ်ခွင့်ပေးခဲ့တာ‌လေ ပိုကောင်းတဲ့အခွင့်အလမ်းတွေအတွက် နိုင်ငံခြားကိုသွားဖို့ရွေးခဲ့တာ နင်ပဲ မဟုတ်ဘူးလား ? တကယ်လို နင် အတင်းအကြပ်ဖိအား‌ပေးခံခဲ့ရတယ်ဆိုရင် ဒီအမှိုက်ကောင်ကို နင်တစ်ကြိမ်လောက်အကူအညီတောင်းခဲ့ရမှာ မဟုတ်ဘူးလား ? နင် အဲ့လိုလုပ်ခဲ့လား။"

 

နောက်ထပ်တစ်ချက် (ဖြန်း~)

 

"နင် နိုင်ငံခြားမှာ အရင်းအနှီးတွေအများကြီးရခဲ့တယ်၊ ဒါပေမယ့် နင် အောင်မြင်အောင်မလုပ်နိုင်ခဲ့ဘူး။ အဲ့ဒါနဲ့ ပဲ ဒီအမှိုက်ကောင်ကိုဆွဲခေါ်ပြီး ငါ့ကို အပြစ်တင်တယ်။ ဘာလဲ ငါ နင့်လို မယားငယ်မအတွက် အခန်းမပြင်ပေးလို့စိတ်ရှုပ်သွားတာလား ? ဒါမှမဟုတ် ငါ နင့်အတွက် နိုင်ငံခြားဖျော်ဖြေရေးနယ်ပယ်မှာ ရုပ်ရှင်သရုပ်ဆောင်ဖြစ်ဖို့ လမ်းမခင်းပေးခဲ့လို့လား ? ငါ ဘယ်နား နင့်အပေါ် မှားသွားလဲဆိုတာ ငါ တကယ်မသိလို့ပါ။ ကြည့်ရတာ ငါ့ယောင်္ကျားရဲ့စိတ်တူကိုယ်တူအဖော်နဲ့ နေရာလဲသင့်ပြီထင်တယ်"

 

...

 

တိုက်ရိုက်ထုတ်လွှင့်မှု ရပ်တန့်သွားခြင်း၊ Weibo ဆာဗာများပျက်ကျခြင်း၊ ပရိသတ်ဧရိယာ၌ ကမောက်ကမဖြစ်ခဲ့ပြီး စောင့်ဆိုင်းဧရိယာရှိလူတိုင်းသည် အလယ်ဗဟိုရှိလူနှစ်ဦးအားကြည့်လိုက်ကြသည်။

 

ထိုပါးရိုက်ချက်လေးချက်သည် ၎င်းတို့၏မျက်နှာများပေါ်ကျရောက်သွားပုံရပြီး ဖြူဖျော့ကာနီမြန်းသွားစေ သည်။

 

ထို့နောက် သူတို့၏သူငယ်အိမ်များ တုန်လှုပ်သွားကြသည်။