Ch 73
Viewers 24k

🍉 Chapter 73

 

 

စကားဝိုင်းသည် ချက်ချင်းဆိသလို ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ စောင့်ဆိုင်းနေသည့်နေရာအား ကင်မရာများမှအဆက်မပြတ်အာရုံစိုက်နေပြီး အခြားအဖွဲ့များကြားတွင်ထိုင်နေသော ရှန်းဝမ်ယွဲ့နှင့် ဝမ်ကျားနီတို့သည် အလွန်စိတ်ပျက်နေပုံရသည်။

 

ချင်ကျောက်နဲ့ ကျီဖေးက ဘာဖြစ်သွားတာလဲ ? ဒီအခြေ အနေက သူတို့နဲ့ဘယ်လိုဆက်စပ်နေတာလဲ ? အဲ့အတွက်သူတို့ဘာအကျိုးအမြတ်ရလို့လဲ ?

 

သူတို့ဇာတ်လမ်းက အရှက်ရစရာ ပြဿနာတစ်ခုဖြစ်လာမှာကို မတွေးမိဘူးလား?

 

အခြားအဖွဲ့ဝင်များ၏ မျက်နှာဖော်ပြချက်တွေမတူညီကြပေ၊ Show အား စိတ်ဝင်တစားကြည့်နေကြသည်။

 

တကယ်တော့ လူတိုင်း မတုံးအကြပေ။ အကောင်းဆုံးသရုပ်ဆောင်အဖွဲ့သည် Top Idol အဖွဲ့နှင့် ယှဉ်ပြိုင်ရန် တမင်ရွေးချယ်ခဲ့ခြင်းမှာ ၎င်းတို့၏ယခင်အထိန်းအကွပ်မရှိသောမှတ်ချက်များအတွက် သင်ခန်းစာတစ်ခုပေးရန် သိသာသည်။

 

လောလောဆယ် အများသူငှာထင်မြင်ချက်အားလုံးသည် ရှန်းဝမ်ယွဲ့နှင့် ဝမ်ကျားနီတို့ အခြေအနေအပေါ်အာရုံစိုက်လာကြသည်။ ယခုတင်ဆက်မှုသည် ၎င်းတို့အရင်ကထုတ်ဖော်ပြောထားသည့် အမှန်တရားပင်။

 

အင်တာနက်တစ်ခွင်လုံးပျံ့နှံ့နေတဲ့ အချစ်စစ်အကြောင်း ဒီဇာတ်လမ်းအား ဆွေးနွေးကြမှာဖြစ်လို့ အကောင်းဆုံးမင်းသားနဲ့ ယှဉ်သည့်မည်သူမဆို အမြောက်စာဖြစ်သွားလိမ့်မည်။

 

ဤတိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်သည် မူလက ၎င်းတို့၏လူကြိုက်များမှုကိုမြှင့်တင်ရန် ရည်ရွယ်ထားသော ကြောင့် ဇာတ်လမ်းတွဲတစ်ခုအား နောက်ခံဇာတ်လမ်းအဖြစ် မည်သူကဖြုန်းတီးချင်မည်နည်း ?

 

သို့သော်၊ ချင်ကျောက်နှင့် ကျီဖေး၏ချဉ်းကပ်မှုမှာ ပညာမရှိဟုခံစားခဲ့ရသည်။

 

တစ်ယောက်က တစ်လက်မလောက်ထိလာတိုက်သည်နှင့် တစ်မိုင်လောက်ထိသွားပြီး လက်တုံ့ပြန်တာမျိုးမလုပ်သင့်ပေ။

 

အာရုံမလွှဲနိုင်ခြင်းကြောင့် မလွှဲမရှောင်သာဒုက္ခမပေးသင့်ဘဲ ၎င်းတို့၏ကံဆိုးမှုကိုသာလက်ခံလိုက်သင့်သည်။

 

သို့သော် ၎င်းတို့၏စိတ်ပျက်မှုတွေကို ဖြေဖျောက်ဖို့ရာ Show အစတွင် လှောင်ပြောင်နေရမယ့်အစား၊ ဤအပိုင်းတိုအား ဇာတ်ညွှန်းရေးသားထားသည်ဟု ဆိုသော်လည်း အင်တာနက်အသုံးပြုသူများနှင့် ပရိသတ်များကမူ တိုက် ခိုက်နေဆဲဖြစ်သည်။

 

အာရုံစူးစိုက်မှုမရရုံသာမက Show ပြီးသွားချိန်၌လည်း ဝေဖန်ခံရမည်ဖြစ်သည်။ အဲ့ဒါက ရိုးရိုးလေးပဲ သူတို့ဒုက္ခသူတို့ ရှာနေကြတာမဟုတ်ဖူးလား ? 

 

စောင့်ဆိုင်းနေသည့်ဧရိယာရှိ ဧည့်သည်များနှင့် ပရိသတ်များ နှစ်ဖွဲ့စလုံးသည် ၎င်းတို့အတွက်ရှက်ရွံ့နေကြသည်။

 

ချင်ကျောက်နှင့် ကျီဖေးတို့သည်အစပိုင်းတွင် အနည်း ငယ်စိတ်အနှောင့်အယှက်ဖြစ်မည်ကို မည်သူမဆိုခန့်မှန်း နိုင်သောကြောင့် လာမည့်တင်ဆက်မှုအား လူတိုင်းစိတ် ဝင်စားမှုလျော့နည်းသွားကြသည်။ စင်ပေါ်မှဆင်းပြီးနောက် အသင်းနှစ်သင်းမည်သို့ ရင်ဆိုင်ကြမည်ကိုပိုသိချင်လာကြသည်။

 

ပါးပါးချင်၊ မားမားချင်နှင့် ချင်ရုန်တို့ကသာ တောက်ပ သောမျက်လုံးများဖြင့် စင်ပေါ်ကိုစိုက်ကြည့်နေကြဆဲဖြစ်ပြီး ၎င်းတို့၏အပြုံးများသည် AK-47 ထက် ဖိနှိပ်ရန်ပိုခက်ခဲလှသည်။

 

ထိုအချိန်ကျီဖေးနှင့် ချင်ကျောက်တို့က အဓိကဇာတ် ဆောင်အဖြစ် လူငယ်ကျောင်းဝင်းအတွင်း ဒရာမာဇာတ် လမ်းတိုတစ်ခုနှင့်ဆင်တူပြီး ဇာတ်စင်၏ပုံစံသည်ပြောင်း လဲသွားသည်။

 

...

 

မိသားစုနှစ်စုသည် အိမ်နီးချင်းဖြစ်ပြီး နျစ်ယောက်အတူတကွကြိးပြင်းလာကာ တစ်ယောက်နား တစ်ယောက်ရှိကြသည်။

 

မူလတန်းကျောင်းတွင် ကောင်လေးသည် ကောင်မလေးအတွက် နေ့တိုင်း မနက်စာယူလာပေးသည်။ အလယ် တန်းကျောင်းတက်ချိန် စက်ဘီးစီးပြီးကျောင်းအတူသွား တက်ကြသည်။ အထက်တန်းကျောင်းတွင် အတူတူစာ သင်ကြသည်၊ အတူတူအော်ဟစ်ရယ်မောရင်း အတူတူ ပြေးလွှားကြသည်။ ၎င်းတို့၏ ငယ်ရွယ်နုပျိုသောချစ်ခြင်းများ ပွင့်လန်းလာကာ သူတို့၏ဘဝအတွက် အရေးအကြီးဆုံးသံစဥ်လိုပင် တစ်ယောက်အတွက် တစ်ယောက်ဖြစ်လာခဲ့ကြသည်။

 

တစ်ယောက်သည် ဖျော်ဖြေတာကိုသဘောကျပြီး ဖျော် ဖြေရေးလောကထဲဝင်ရောက်လာခဲ့ကာ နောက်တစ်ယောက်သည် ဓာတ်ပုံရိုက်ဖို့ ကင်မရာကိုင်ဆောင်ကာ မဂ္ဂဇင်းတိုက်‌တွေထဲ ‌ဝင်ထွက်နေခဲ့သည်။

 

စင်မြင့်နောက်ဘက်ရှိကြီးမားသော Screen ကို နှစ်ပိုင်းခွဲထားသည်။ ဘယ်ဘက်ခြမ်းသည် ကောင်လေးသရုပ် ဆောင်ရာမှာကြိုးကြိုးစားစားနျင့် နောက်ဆုံးမှာ စင်ပေါ်မှာဆုရသည်ကို ပြသထားသည်။

 

ညာဘက်ခြမ်းတွင် တောင်တန်းများ၊ ပင်လယ်များ၊ ရေ ကန်များ၊ နှင်းဖုံးလွင်ပြင်များ၊ သဘာဝတရား၏ကျက် သရေနှင့် တက်ကြွမှုကိုပြသထားသည့် အမျိုးမျိုးသော ဆုများနှင့် ဖိတ်စာများနှင့်အတူ မဂ္ဂဇင်းတိုက်များမှပြန် လည်ပေးပို့သောဆုများနှင့် ဖိတ်ကြားလွှာများနှင့် အတူ ညာဘက်ခြမ်းတွင် ဓာတ်ပုံများကိုပြသထားသည်။

 

...

 

ကျီဖေးရဲ့သရုပ်ဆောင်ချက်သည် အတော်လေးတောင့် တင်းနေပေမယ့် ဒီဇာတ်လမ်းက ဘယ်လောက်ထိဖမ်း စားနိုင်သလဲဆိုရင် အနှောင့်အယှက်မဖြစ်ချေ။

 

ဒါငယ်စဉ်ကလေးဘဝ အချစ်ဇာတ်လမ်းတစ်ခုလိုဖြစ်သွားပေမယ့် ရုပ်ရျင်ဧကရာဇ်ဘက်ကလို တစ်ဖက်သတ်အစွဲအလမ်းကြီးတာမျိုးနှင့်မတူဘဲ Top Idol အဖွဲ့ရှိအတွဲသည် တကယ့်ကလေးဘဝ ခင်မင်ရင်းနှီးမှုမှ တစ်ဖက်ကို တစ်ဖက်တွယ်ကပ်မနေဘဲ နှစ်ဦးနှစ်ဘက်စလုံးက သူတို့နည်း သူတို့ဟန်နှင့် အရွယ်ရောက်လာလာကြသည်။

 

ဤကွဲပြားခြားနားသော ဇာတ်လမ်းများသည် ထိန်းချုပ်မှုတစ်ခုလိုခံစားရစေသည်။

 

လူတိုင်းသည် ဒရာမာ၏ရနံ့ကိုဖမ်းမိပြီး ချက်ချင်းဆိုသလို တည့်တည့်မတ်မတ်ထထိုင်ကြကာ ကျီဖေးနှင့် ချင်ကျောက်တို့ ထိုမျှခေါင်းကြောမာသည်ကိုမယုံနိုင်ကြချေ။ သူတို့ကို လျှော့တွက်ခဲ့မိသည်။

 

သူတို့ အပြင်လူတွေရဲ့ အာရုံစိုက်မှုလှိုင်းလုံးတွေကိုတွန်း လှန်ဖို့ကြံစည်နေကြတာလား ?

 

ဘုရားရေ၊ ဒီဒရာမာကို တိုက်ရိုက်ကြည့်ရတာ စိတ်လှုပ် ရှားစရာပဲ။ သူတို့ကြည့်ရတာ ရန်ထဖြစ်တော့မယ့်ပုံနော်

 

အွန်လိုင်းမှတ်ချက်များသည် ပိုလို့ပင်ပေါက်ကွဲလာခဲ့သည်။ မူလဖျော်ဖြေတင်ဆက်မှုမှ အများကြီးမမျှော်လင့်ခဲ့ကြဘဲ ချင်ကျောက်နှင့် ကျီဖေးတို့အား ဆန့်ကိင်ရန်တွေးထားခဲ့ကြသည်။ ယခုမူရုတ်တရက်ဆိုသလို ဒါကသာအစဟု ပြောခံလိုက်ရသည်။

 

ဒါပရိသတ်တွေရဲ့မျက်လုံးတွေကို အက်ဆစ်နဲ့ပက်လိုက်သလိုပင်။

 

အခြေအနေအားစောင့်ကြည့်နေသည့် ပရိုဂရမ်အဖွဲ့မှ အံ့အားသင့်သွားသည်။ ၎င်းသည် သူတို့တင်ပြခဲ့သော ဇာတ်ညွှန်းနှင့်မတူဘဲ၊ ၎င်းတို့ ပြန်လည်လေ့ကျင့်ထား သည့် ဇာတ်ညွှန်းလည်းမဟုတ်ပေ။

 

(ဘယ်နှယ့်ရှိစ မတ်နဲ့မရီးပေါင်းပြီး တကွက်ပြသွားပြီ)

 

အိမ်ပြိုကျသွားသော ဧည့်သည်များနှင့် ရုတ်တရက်ရင်ဆိုင်ရန် အခြေအနေကိုကယ်တင်နိုင်မည့် နည်းလမ်းအားတွေးတောရင်း တိုက်ရိုက်ထုတ်လွှင့်မှုဒေတာသည် ရှေ့တွင် ဖျော်ဖြေသွားသောရုပ်ရှင်ဧကရာဇ်အဖွဲ့ထက် အမှန်တကယ်သာလွန်နေခဲ့ပြီး View များလျင်မြန်စွာမြင့်တက်လာဆဲဖြစ်သည်။

 

အစီအစဉ်အဖွဲ့ : !!! လမ်းသွားလမ်းလာ ဘယ်နှစ်ယောက်  တောင်ဝင်လာလဲ ? လူတိုင်းက ဖရဲသီးစားရတာကို အဲါလောက်တောင်နှစ်သက်တာလား ??

 

အသိဉာဏ်ပညာရှိသော အင်တာနက်သုံးစွဲသူများသည်  လျင်မြန်စွာပင် အွန်လိုင်းထက်စတင်လှန်လှောရှာဖွေနေကြပြီဖြစ်သော်လည်း၊ ဓာတ်ပုံဆရာတစ်ဦး၏ ဆက်တင်ကိုအတိအကျထည့်သွင်းရန် အကြောင်းပြချက်မရှိပေ။ ၎င်းသည် တိုက်ဆိုင်မှုမဟုတ်ချေ။

 

ရှာဖွေမှုရလဒ်အရ အကောင်းဆုံးသရုပ်ဆောင်အဖွဲ့နှင့် ထိပ်တန်း Idol အဖွဲ့တို့ကြား ရန်ဖြစ်မှုတွင် ပထမဆုံးသော သက်‌သေအထောက်အထားများစွာ ထွက်ပေါ်လာခဲ့သည်။

 

အမှန်တရားကိုသိမြင်သူများ လျင်မြန်စွာမျှဝေလိုက်ကြသည်။

 

ရုပ်ရှင်ဧကရာဇ်၏ မူလလက်တွဲဖော်သည် တစ်ချိန်က ဓာတ်ပုံဆရာဖြစ်ခဲ့ဖူးပြီး သူမ၏လက်ရာများကို အွန်လိုင်းတွင်တွေ့နိုင်မည်ဟု မည်သူထင်မည်နည်း။ စင်မြင့်ထက်ရှိစခရင်ကြီးပေါ်ရှိ လွှင့်တင်သူများမှာအတိအကျ ဖော်ပြထားခြင်းပင်။

 

Show ဇာတ်ညွှန်းတစ်ခုဖြစ်သောကြောင့်၊ များသော အားဖြင့်အသေးစိတ်အချက်အချို့ကို လုပ်ကြံဖန်တီးထားသော်လည်း Top Idol အဖွဲ့သည် အခြားသူ၏  ဇနီး လက်ရာများကို တိုက်ရိုက်အသုံးပြုရန် အလွန်သတ္တရှိမည်ဟု မည်သူမျှမထင်ထားသလို ဆုရရှိထားသည့်အချက်အလက်များမှာ မှန်ကန်မှုရှိသည်။

 

ထို့ပြင် အဆိုပါဓာတ်ပုံများ၏ Upload ရက်စွဲများသည် လွန်ခဲ့သည့် ခုနစ်နှစ်ခန့်ကဖြစ်ကြောင်း စောင့်ကြည့်လေ့ လာသူများ သတိပြုမိမည်ဖြစ်သည်။

 

ဆိုလိုတာက ရွမ်ကျား ရှန်းဝမ်ယွဲ့နှင့်လက်ထပ်ပြီးနောက် သူ ဘာမှထပ်မထုတ်တော့ဘူးဟုဆိုလိုခြင်းပင်။

 

ရုပ်ရှင်ဧကရာဇ်အဖွဲ့၏ ဖျော်ဖြေတင်ဆက်မှုတွင် မူလလက်တွဲဖော်သည် တစ်ချိန်က ထိုသို့သောဓာတ်ပုံကောင်းများကို ရိုက်ယူနိုင်ခဲ့ကြောင်း ၎င်းတို့ လုံးဝမဖော်ပြဘဲ သူမသည် အရူးအမူးစွဲလမ်းကာ ရုပ်ရှင်ဧကရာဇ်အားစွဲလမ်းနေပုံတို့ကိုသာ ပြသထားရုံဖြစ်ပြီး သူမသည် ကိုယ်ပိုင်ဘဝမရှိသူဖြစ်ကာ ခင်ပွန်းကိုသာမျက်စိစုံမှိတ်ချစ်သည့် ကျက်သရေမရှိသည့်အရူးတစ်ယောက်သာ...

 

ဤနှိုင်းယှဉ်ချက်သည် ဓာတ်ပုံများအားရှာဖွေတွေ့ရှိထားသူများ၏နှလုံးသားကိုနစ်မြုပ်သွားစေသည်။ သံသယသည် လူတစ်ဦးတည်း မရှာဖွေသင့်ဟူသောနိယာမကို လိုက်နာပြီးနောက် ၎င်းတို့သည်လျင်မြန်စွာပျံ့နှံ့သွားခဲ့သည်။

 

ဆေးရုံခန်းထဲရှိ ရွမ်ကျား၏အကြည့်သည် Show အပေါ် အာရုံမရှိဘဲ ထိုကြီးမားသော Screen ကိုသာကြည့်နေမိ သည်။ ၎င်းပေါ်ရှိဓာတ်ပုံများသည် မရေမတွက်နိုင်သော အလင်းအပိုင်းအစများကဲ့သို့ပင် ရွမ်ကျား၏မျက်လုံးများထဲ တောက်ပနေသည်။

 

တဖြည်းဖြည်းနဲ့ သူ့ မျက်လုံးထဲလင်းလက်လာသည်။

 

သူ့ဘေးနားက ဖုန်း ရုတ်တရက်လင်းလာပြီး တိုက်ရိုက်ထုတ်လွှင့်ဟည်ကိုမြင်လိုက်သူ တစ်ယောက်က သူမအားမက်ဆေ့ခ်ျပို့ခဲ့တာဖြစ်မည်။ Lock Screen နောက်ခံပုံသည် ရှန်းဝမ်ယွဲ့၏ဓာတ်ပုံဖြစ်ကြောင်း သူ မြင်လိုက်သည်။

 

အမှန်တော့၊ သူမ၏ကနဦးနောက်ခံပုံသည် သူမ ဓာတ်ပုံရိုက်ယူခဲ့ဖူးသည့် လက်ရာဖြစ်သည်။

 

၎င်းသည် အာတိတ်စက်ဝိုင်းတွင် တစ်လလုံးစခန်းချပြီးနောက် သူမ ရိုက်ယူခဲ့ပြီး စိတ်ကျေနပ်မှုအရှိဆုံးဓာတ်ပုံပင်။

 

သူမ တိုက်ပွဲဝင်စိတ်ဓာတ်အပြည့်ရှိခဲ့ဖူးသည်... သူ ဘာဖြစ်သွားခဲ့တာလဲ ? သူ ဘယ်လိုဖြစ်သွားရတာလဲ ?

 

ရွမ်ကျား ရုတ်တရက်တောင့်တင်းသွားပြီး သူမနှလုံးသားက ပွင့်ထွက်သွားတော့မည်ဟုခံစားလိုက်ရသည်။ အစောကအသံလိုင်းတွေ သူမ စိတ်ထဲပဲ့တင်ထပ်နေသည်။

 

"ကမ္ဘာကျော်ဓာတ်ပုံဆရာ ဒါမှမဟုတ် သူ့ကို မင်း ဘာကိုရွေးမလဲ ?"

 

ထိုအချိန်တွင် ရှန်းဝမ်ယွဲ့နှင့် ဝမ်ကျားနီ တို့နှစ်ယောက် စလုံးတုန်လှုပ်နေကြသည်။ ဝမ်ကျားနီသည် ကျီဖေးနှင့် ချင်ကျောက်တို့အား ဒေါသထွက်ခဲ့သည်။

 

သို့သော် ရှန်းဝမ်ယွဲ့သည် ရင်ဘတ်ကိုသံတူဖြင့် ပြင်းထန်စွာအရိုက်ခံလိုက်ရသကဲ့သို့ စူးစူးရှရှနာကျင်မှုများပျံ့နှံ့သွားသည်။

 

ဖျော်ဖြေတင်ဆက်မှုတွင် ချဲ့ကားသည့်အချက်များပါဝင်သော်လည်း ၎င်းတို့ပုံဖော်ထားသည့်အရာမှာ အမှန်ပင် သူနှင့် ရွမ်ကျားတို့၏အတိတ်၊ အထူးသဖြင့် ထိုဓာတ်ပုံများဖြစ်သည်။ လုံး၀မမှတ်မိသော်လည်း ၎င်းတို့ထံ ရွမ်ကျား၏အထင်ကြီးမှုတစ်ခုရှိခဲ့သည်။

 

နာကျင်ကိုက်ခဲမှုအပြီး တုန်လှုပ်ချောက်ချားမှုတစ်ခုပေါ် လာသည်။ ဤရက်များထဲ ရွမ်ကျား၏ငြင်းဆိုမှုသည် ဤအခိုက်အတန့်အား စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း သူ သံသယဖြစ်မိသည်။ သူမ ချင်ကျောက်၊ ကျီဖေးတို့နှင့်အဆက်အသွယ်ရှိခဲ့လိမ့်မည်၊ မဟုတ်ပါက ဤ Show ထက် ထိုဇာတ်လမ်းပေါ်လာစရာအကြောင်းရှိမည်မဟုတ်ပေ။

 

သူမ သူနှင့် ဝမ်ကျားနီအားလက်စားချေရန် အမှန်ပင် စီစဉ်နေခဲ့သည်။ သူ သူမနှင့်ကောင်းကောင်းနေရန်စိတ် ကူးထားပြီး ဝမ်ကျားနီနှင့်တွေ့မည်မဟုတ်ပေ။ သို့သော် သူ အရမ်းတုံးသည်၊ ဒါသည် သူနှင့်ဝမ်ကျားနီအားဖျက် ဆီးပစ်လိုက်လိမ့်မည်။

 

ရွမ်ကျားထံမှ ရှင်းလင်းသောတိုက်ခိုက်မှုနှင့် ပထမဆုံးအကြိမ်ရင်ဆိုင်ခဲ့ရပြီး ရှန်းဝမ်ယွဲ့သည် သူ့အားအရမ်းချစ်သော အမျိုးသမီးမှ သူ့အပေါ် ယခုလိုပြုမည်ကို လက်ခံရန်ခက်ခဲနေခဲ့သည်။

 

သူ့ကိုယ်သူ သံသယဝင်ကာ၊ နားလည်မှုလွဲခြင်းဟုသာ တွေးလိုက်ပြီး ချင်ကျောက်နှင့် ကျီဖေးတို့၏ ဇာတ်လမ်း မှာတိုက်ဆိုင်စွာထပ်တူညီနေခြင်းပင်။

 

သို့သော် မည်သို့သော အခြေအနေမျိုးဖြစ်ဖြစ် အရေးမကြီးတော့ချေ။ အများသူငှာထင်မြင်ချက်သည် သူ၏ များပြားသော Fan များ၏လက်ထဲတွင်ရှိသည်။ ကျီဖေးနှင့် ချင်ကျောက်တို့သည် ဒရာမာဖန်တီးပြီး သူ့နှင့်ဝမ်ကျားနီဝေဖန်ခံရရန် အမှန်နှင့်အမှားများကို တမင်တကာ ရောနှောနေကြသည်ဟုသာ လူတိုင်းကထင်မြင်ကြလိမ့်မည်။