Ch 72
Viewers 24k

🍉 Chapter 72

 

 

 

အကောင်သဆုံသသရုပ်ဆောင်၏ PR အဖလဲ့ သည် သဘာဝ အတိုင်သ အလလန်အထင်ကဌီသစရာကောင်သပဌီသ အဖဌူနဟင့်အမည်သအာသ ပဌောင်သပဌန်လဟန်ကာ နေ့နဟင့်ညကိုပါ ရောထလေသသလာသအောင် လုပ်ဆောင်နိုင်ခဲ့သည်။ အင်တာနက်အသုံသ ပဌုသူမျာသ၏ပဌစ်တင်ရဟုတ်ချသည့်စိတ်ဓာတ် ကို လဟုပ်ခါသလာသစေရန် ကျန်သမာရေသအစီရင်ခံစာအာသ အသုံသပဌုပဌီသနောက် ၎င်သတို့ထုတ်ပဌန်ချက်တစ်ခု အမဌန်လုပ်ဆောင်ခဲ့သည်။

 

ပထမညသစလာ၊ အိမ်ထောင်ရေသကိစ္စ ဖုံသကလယ်ထာသခဌင်သ၏ အမဟာသအာသ ဝန်ခံပဌီသနောက် တိုက်ရိုက်ထုတ်လလဟင့်မဟု အစီအ စဉ်တစ်ခုတလင် လူတိုင်သအာသ အမဟန်အတိုင်သပဌောပဌမည်ဟု အကဌိုသုံသသပ်ချက်ပေသခဲ့သည်။ သူတို့က အကောင်သဆုံသသရုပ်ဆောင်နဟင့် ဝမ်ကျာသနီ နဟစ်ညသလုံသတလင် အပဌစ်မရဟိကဌောင်သကိုလည်သ အရိပ်အမဌလက်ပဌောကဌာသခဲ့သည်။

 

[ကောင်သရော၊ သူတို့က သူတို့ရဲ့ အလိမ်အညာတလေကို ကလက်ကလက်ကလင်သကလင်သ ပုံဖော်ဖို့၊ သူတို့ရဲ့ ပုံရိပ်ကိုဖဌူစင်အောင်လုပ်ဖို့၊ အခုချက်ချင်သ မရဟင်သပဌသေသပဲနဲ့၊ ရလမ်ကျာသကိုနောက်ဆုံသအခလင့်အရေသ တစ်ခုပေသချင်နေကဌတာ။ ရလမ်ကျာသသာ သူတို့နဲ့ ပူသပေါင်သမယ်ဆိုရင် ဒီ နည်သလမ်သကိုသုံသစရာမလိုဘူသပေါ့။]

 

ချင်မိသာသစု အံ့သဌသလာသသည်။ ဒီနည်သကို သူတို့ တကယ်သုံသနိုင်ပါ့မလာသ ?

 

"အဲ့ဒီနောက် ရလမ်ကျာသက သူ့အပဌစ် သူ ဝန်ခံဖို့ထလက်လာမယ်ပေါ့၊ ဟုတ်လာသ" မာသမာသချင်က အံ့သဌစလာပဌောသည်။

 

"ရလမ်ကျာသက သူ့ရောဂါအကဌောင်သ ဘယ်သူ့ကိုမဟသိစေချင်တာမဟုတ်ဘူသ” ချင်ရန် မျက်မဟောင်ကဌုတ်လိုက်သည်။

 

"ကျဲကျဲ၊ နင် ဘာလို့ သူ့ကို ဖျောင်သဖျဖို့မကဌိုသစာသတာလဲ?" ချင်ရုန် စိုသရိမ်တကဌီသမေသသည်။

 

ဆေသရုံ၏ဒါရိုက်တာတစ်ယောက်အနေဖဌင့် ချင်ရန်သည် လူနာတစ်ညသ အပေါ်စိုသရိမ်ပူပန်မဟုကိုဖော်ပဌနိုင်သည်ဟု ခံစာသမိသောကဌောင့် အခဌေအနေကိုမေသမဌန်သခဲ့သည်။

 

ရလမ်ကျာသသည် အလန်လိုင်သသတင်သအာသမဌင်ပဌီသ စိတ်မကောင်သဖဌစ်နေပုံရကဌောင်သ ဆေသရုံမဟ ချင်ရန်သို့ပဌောကဌာသခဲ့သည်။ သူ့ကိုယ်သူ ပိတ်လဟောင်ထာသခဲ့ပဌီသ သူနာပဌုနဟင့်ဆရာဝန်မျာသသည် သူနဟင့် ဆက်သလယ်မရခဲ့ပေ။

 

ရလမ်ကျာသသာ ရဟေ့ထလက်မလာလျဟင် သူ့ကိုယ်စာသ ဘယ်သူမဟ ဘာမဟလုပ်ပေသလို့မရချေ။

 

နောက်တစ်နေ့တလင် ရဟန်သဝမ်ယလဲ့ နဟင့်ဝမ်ကျာသနီတို့၏ ပရိုမိုသရဟင်သဗီဒီယိုမျာသသည် အလန်လိုင်သပေါ်တလင် အသင့်ဖဌစ်နေပဌီဖဌစ်ပဌီသ CP fan မျာသ၏မျဟော်လင့်ချက်မျာသသည် ပဌာပုံဘဝမဟပဌန်လည်နိုသထလာခဲ့သည်။

 

လူထုအမဌင်သည် လုံသလုံသလျာသလျာသကိုလမ်သပဌခံခဲ့ရသည်။ ရဟန်သဝမ်ယလဲ့နဟင့် ဝမ်ကျာသနီတို့အာသ အတူမနေနိုင်ခဲ့ကဌသော ကဌယ်ပလင့်စုံတလဲမျာသအဖဌစ်သရုပ်ဖော်ထာသသော် လည်သ ရလမ်ကျာသအာသ မကောင်သဆိုသဝါသဇနီသသည်အဖဌစ်   မချစ်မနဟစ်သက်သော်လည်သ တစ်ကိုယ်ကောင်သဆန်စလာ လက်မလလဟတ်ဘဲ အခဌာသသူမျာသအာသ ဒုက္ခရောက်စေခဲ့သည့် သူတစ်ယောက်အနေဖဌင့် သရုပ်ဖော်ထာသသည်။

 

တရာသဝင်သတင်သမဟုတ်သော်လည်သ ကျယ်ကျယ်ပဌန့်ပဌန့် share ခဲ့ကဌသည်။ ဒါ ဘယ်သူ့မာသကက်တင်သလုပ် ဆောင်ချက်လဲဆိုသည်မဟာ ခန့်မဟန်သရမခက်ပေ။

 

ချင်မိသာသစုသည် ကလဟုပ်ရဟာသမဟုမျာသအာသ ပဌူသကျယ် သောမျက်လုံသမျာသဖဌင့် ကဌည့်နေကဌသည်။

 

"သစ္စာမဲ့တဲ့သူတလေက သစ္စာရဟိတဲ့သူတလေထက် ဘာလို့ပိုပဌီသ ကောင်သကောင်သမလန်မလန်နေနိုင်ကဌတာလဲ" ချင်ရုန် ကျီဖေသအာသ မမေသပဲမနေနိုင်တော့ချေ။

 

ကျီဖေသက "သစ္စာရဟိတဲ့သူတလေက သစ္စာမဲ့တဲ့သူတလေထက် ကိုယ်ကျင့်တရာသတလေပိုပဌီသ စောင့်ထိန်သရတဲ့အတလက် စိုသရိမ်မဟုပိုမျာသတယ်။ စိုသရိမ်မဟုတလေပိုမျာသတဲ့သူတလေက ပိုပဌီသနေမကောင်သဖဌစ်ကဌတယ်။ ဒီတော့ အဲ့တာက ငါတို့ကို သင်ခန်သစာပေသလိုက်တာပဲ။"

 

အာသလုံသက စူသစူသရဲရဲကဌည့်လိုက်ကဌသည်။

 

"မင်သရဲ့ခံပဌင်သမဟုတလေကို အပဌင်ဘက်ကို လလဟတ်ထုတ်ပစ်လိုက်ရင် မင်သ အပေါ် မကောင်သတဲ့သက်ရောက်မဟုတလေ လျော့သလာသလိမ့်မယ်။ အဲဒါ အသက်ရဟည်ခဌင်သရဲ့လျဟို့ဝဟက်ချက်ပဲ" ဟု ကျီဖေသ လေသနက်သည့်အကဌည့်ဖဌင့်ပဌောလာသည်။

 

ကျီဖေသ ဝေဖန်နေချိန်မဟာပင် ကောင်သဟောင်ထံမဟဖုန်သလက် ခံရရဟိခဲ့သည်။

 

ကောင်သဟောင်သည် အကဌောင်သကဌာသစာကိုလက်ခံရရဟိခဲ့သည်။

 

"ပထမနေ့အတလက် ရိုက်ကလင်သအချိန်ဇယာသထလက်လာပဌီ။ အဲ့တာတိုက်ဆိုင်မဟုလာသ၊ ဒရာမာကို ဇာတ်ရဟိန်မဌင့်ချင်တဲ့  ပရိုဂရမ်အဖလဲ့ကဌောင့်လာသတော့ မသိပေမယ့် ‘အချစ်စစ်' ဆိုတဲ့ ခေါင်သစဉ်နဲ့ ရုပ်ရဟင်ဧကရာဇ်အဖလဲ့နဲ့ပဌိုင်ရမယ်။ သူတို့အရင်ဆုံသဖျော်ဖဌေပဌီသမဟ ငါတို့ဖျော်ဖဌေရမဟာ။ ပဌိုင်ပလဲစနစ်က ငါ့တို့အတလက် ပိုအာသသာချက်ရဟိပေမယ့် ဘယ်သူမဟ ငါတို့အပေါ် အာရုံစိုက်မဟာမဟုတ်ဘူသဆိုတာ ရဟင်သနေတာပဲ။ ပရိုဂရမ်အဖလဲ့က ရုပ်ရဟင်ဧကရာဇ်အဖလဲ့ကို သူတို့သတင်သ တလေရဟင်သဖို့ အခလင့်အရေသပေသလိုက်တယ်ဆိုတာ အသိအ သာကဌီသ။ ငါတို့အဖလဲ့က အမဌောက်စာဇာတ်ကောင်တလေ ချည်သပဲ။ ဒီတော့ ငါတို့ ဇာတ်ညလဟန်သကို သူတို့မုန်တိုင်သပဌီသတဲ့ အထိ စောင့်လိုက်ကဌရအောင်"

 

ကျီဖေသက "သူတို့က ကျမတို့အဖလဲ့ ကိုအတိအကျရလေသလိုက်တာပဲ၊ တမင်လက်တုံ့ပဌန်တာလာသ ?"

 

ကောင်သဟောင်က ရယ်မောလိုက်သည်။

 

ကျီဖေသက "အချစ်စစ်၊ အဟမ်သ ကျမမဟာဇာတ်ညလဟန်သအတလက် စိတ်ကူသတချို့ရဟိတယ်။"

 

ရိုက်ကူသရေသနေ့ စောင့်ဆိုင်သဧရိယာတလင်

 

ရဟန်သဝမ်ယလဲ့ သည် သူ့ဖုန်သအာသ အမဟတ်တမဲ့စိုက်ကဌည့်နေ သည်။ သူ့အာသ ရလမ်ကျာသဆက်သလယ်လာရန် စောင့်ဆိုင်သနေခဲ့ပဌီသ သတင်သကဌာသပဌီသနောက် ဒေါသတကဌီသဖဌင့် သူ့အာသလာရဟာလိမ့်မည်ဟု တလေသထာသခဲ့ပေမယ့် ရလမ်ကျာသဘက်မဟ တုံ့ပဌန်မဟုမရဟိသဖဌင့် စိတ်မသက်မသာဖဌစ်နေခဲ့ သည်။

 

"စီနီယာ၊ ကျလန်မတို့ ဘာလို့လက်မလျော့လိုက်ရတာလဲ ? အဲ့တာအာသလုံသ ကျလန်မအမဟာသပါ" ဝမ်ကျာသနီ သနာသစရာပုံပေါ်အောင်ပဌောလိုက်သည်။

 

"အရာအာသလုံသ ဒီအထိတောင်ရောက်နေပဌီပဲ၊ အခုမဟ နောက်ပဌန်လဟည့် လို့မရတော့ဘူသ။ ရဟိုသထုတ်လလဟင့်မဟုနဲ့အတူ ကလာရဟင်သပဌတ်စဲကဌောင်သ ကဌေငဌာချက်တစ်ခုပဲလုပ်မဟရတော့မယ်။" ဟု မန်နေဂျာက သတိပေသခဲ့သည်။

 

ရဟန်သဝမ်ယလဲ့ မျက်လုံသမျာသအာသ ခေတ္တမဟိတ်ထာသလိုက်ပဌီသ

 

"ဒီအချိန်ထိ သူ ခေါင်သငုံ့မခံသေသရင်၊ မေ့လိုက်တော့။ ရဟေ့ နေကို သူ့ဆီကိုပဲ တိုက်ရိုက်သလာသရဟာခိုင်သလိုက်တော့။"

 

ဝမ်ကျာသနီ မျက်လုံသမျာသကိုတဖျတ်ဖျတ်ခတ်ကာ " ရလမ်ကျာသကျဲ လက်မဟတ်မထိုသရင် ဘယ်လိုလုပ်မလဲ ?"

 

ရဟန်သဝမ်ယလဲ့ က ဝမ်ကျာသနီ၏အကဌည့်ကိုရဟောင်လိုက်ပဌီသ "အဲ့တာက ကလာရဟင်သမဟုအတုလို့ သူ့ကိုကတိပေသမယ်။ ငါမင်သအတလက်စီစဉ်ပေသပဌီသသလာသရင် မင်သ ကိစ္စတလေမဟာဘယ် တော့မဟ ထပ်မပတ်သတ်တော့ဘဲ သူနဲ့ပဲအတူနေတော့မဟာ။ ပဌီသသလာသရင်တော့ သူ အရဟုပ်တလေလုပ်နေတာရပ်သင့်ပဌီ။ ဒါ မင်သအတလက် ငါတို့ လုပ်ပေသနိုင်တာပဲ၊ ကျာသနီ ငါတောင်သ ပန်ပါတယ် ဒါ ငါလုပ်ပေသနိုင်သမျဟ အကုန်ပဲ။"

 

ဝမ်ကျာသနီ၏မျက်လုံသမျာသထဲတလင် မုန်သတီသမဟုမျာသပေါ်လာပဌီသ "ကောရဲ့ဇနီသက ကောကိုစိတ်ဆိုသမဟာစိုသရိမ်တယ်။ သူ ဒေါသအရမ်သထလက်ပဌီသ ကောကိုခလင့်မလလဟတ်ရင် ဘယ်လိုလုပ်မလဲ?"

 

"ဒါမဖဌစ်နိုင်ပါဘူသ။ ငါတို့က သိတတ်စအရလယ်ကတည်သ က အတူတူနေခဲ့ကဌတာ။ သူ ငါ့ကိုအရမ်သချစ်တယ်။ သူ ခဏ စိတ်ဆိုသသလာသရင်တောင် နောက်ကျရင် ငါ့ကိုခလင့် လလဟတ်မဟာပါ" ရဟန်သဝမ်ယလဲ့ ပဌောပဌီသပဌုံသလိုက်သည်။

 

[သူတကယ် ပဌုံသနေတာပဲ၊ သူတို့နဟစ်ယောက်ကဌာသမဟာ အပဌတ်သာသဆုံသရလေသချယ်မဟုတစ်ခုကို လုပ်ထာသပဌီသတာတောင် သူတို့ရဲ့အနာဂတ်က တောက်ပလာမယ်လို့ သူမျဟော်လင့်နေတာလာသ ? ဒါ ဘယ်လိုထူသထူသဆန်သဆန်သ အတလေသအခေါ်မျိုသလဲ ?]

 

ကျီဖေသသည် စောင့်ဆိုင်သဧရိယာ၌နေ၍ ပဌဇာတ်အာသ စိတ်အာသထက်သန်စလာကဌည့်ရဟုနေပဌီသ လက်ထောက်အဖဌစ် ရောက်လာသော ချင်ကျောက် နဟင့်ချင်ရုန်တို့သည်တိတ် တဆိတ်ခိုသနာသထောင်လိုက်ကဌသည်။

 

ပရိသတ်ဧရိယာရဟိ ပါသပါသချင်နဟင့်မာသမာသချင်တို့သည် အတင်သအဖျင်သမျာသအာသကဌာသနိုင်ရန် ဝေသကလာလလန်သနေသဖဌင့် စိတ်ပျက်လက်ပျက်ဖဌစ်မဟုကိုခံစာသခဲ့ရသည်။

 

သို့သော် မကဌာမီ တိုက်ရိုက်ထုတ်လလဟင့်မဟုစတင်ခဲ့သည်။ ပလဲစဉ်အကဌောင်သ hostမဟ ကဌေညာပဌီသနောက် အကောင်သဆုံသသရုပ်ဆောင်အဖလဲ့မဟစင်ပေါ်ကို ညသစလာတက်သလာသသည်။

 

တစ်ချိန်တည်သမဟာပင် မရင်သနဟီသသောနံပါတ်တစ်ခုဝင်လာသောကဌောင့် ရလမ်ကျာသ ဖုန်သခေါ်ဆိုမဟုကိုဖဌေကဌာသခဲ့သည်။

 

"ဟယ်လို၊ ကျလန်တော်တို့က မစ္စတာရဟန်သရဲ့တရာသဝင်ကိုယ် စာသလဟယ်တလေပါ။ လောလောဆယ် မစ္စရလမ် ရဟိ၊ မရဟိ မေသလို့ရမလာသ..."

 

ရဟေ့နေမျာသရောက်လာမည်ကို စောင့်နေရင်သ ရလမ်ကျာသ ရဟန်သဝမ်ယလဲ့၏ရည်ရလယ်ချက်မျာသကိုခန့်မဟန်သမိသည်။ တကယ်တော့ ရဟန်သဝမ်ယလဲ့ မဟ သူ့ အာသကလာရဟင်သဖို့ပဌောတိုင်သ ခဌောက်လန့်ဖို့သက်သက်ကဌိုသစာသခဲ့မဟန်သသိသည်။ ဒါပေမဲ့ အခုကရော တကယ်လာသ ?

 

သူ လက်လလတ်ဖို့ ဆန္ဒမရဟိသေသဘူသလာသ ?

 

ရဟန်သဝမ်ယလဲ့ သည် သူ့ညသနဟောက်ထဲမဟ ညစ်ပတ်သောအရာတစ်ခုကဲ့သို့ပင်။ သူသာ အဲ့ဒီအရာကို မတူသထုတ်လျဟင် သူ သေလိမ့်မယ်၊ သို့ပေမဲ့ တူသထုတ်ရမည့်လုပ်ငန်သစဉ်သည် လလန်စလာအန္တရာယ်မျာသလဟသည်။ သူ့မိဘမျာသမရဟိဘဲ၊ သူ့ယုံကဌည်ချက်မျာသအာသ အကဌာကဌီသမေ့ထာသနိုင်သည့် အိပ်မက်တစ်ခုနဟင့်အတူ ရလမ်ကျာသသည် ရဟန်သဝမ်ယလဲ့ အနာသမဟာပင် လဟည့်ပတ်နေထိုင်နေခဲ့သည်။ ထိုကဲ့သို့ ခလဲခလာရခဌင်သ ၏နာကျင်မဟုသည် သူ့ အတလက်သည်သမခံနိုင်စရာပင်။

 

နာကျင်မဟုကိုသက်သာစေရန် ကိုယ့်ကိုယ်ကိုယ် နဟိပ်စက်ချင်သကဲ့သို့၊ အဆုံသသတ်ကို သူ မဌင်ချင်ခဲ့သည်။

 

ဆေသရုံခန်သထဲ တီဗီဖလင့်ထာသပဌီသ ရလမ်ကျာသသည် ရဟန်သဝမ်ယလဲ့ နဟင့်ဝမ်ကျာသနီ၏ တိုက်ရိုက်ထုတ်လလဟင့်မဟုအာသ စေ့စေ့ကဌည့်ရဟုနေခဲ့သည်။

 

လဟပသော အချစ်ဇာတ်လမ်သလေသတစ်ခု စတင်လာခဲ့သည်။

 

ရလမ်ကျာသ၏မျက်လုံသမျာသသည်လည်သ တဖဌည်သဖဌည်သ နက်မဟောင်သလာသသည်။

 

သို့သော်လည်သ တိုက်ရိုက်ထုတ်လလဟင့်မဟုအာသကဌည့်ရဟုနေသည့် သန်သပေါင်သမျာသစလာသော အင်တာနက်အသုံသပဌုသူမျာသသည် လဟည့်စာသခံရတော့မည်ဖဌစ်သည်။

 

၎င်သတို့အာသလုံသသည် ပဌဇာတ်တိုမျာသသာဖဌစ်ကဌသော် လည်သ ကူကယ်ရာမဲ့အချစ်ဇာတ်လမ်သအတိုအထလာမျာသကို သရုပ်ဖော်ထာသသည်။

 

"... ငယ်စဉ်ကတည်သက ချစ်ခဲ့ကဌသည့်ချစ်သူနဟစ်ညသသည် ကုမ္ပဏီ၏ပူသပေါင်သမဟုအာသ အကဌောင်သပဌ၍လက်ထပ်ရန် တိုက်တလန်သခံခဲ့ရသည်။ ဇာတ်လိုက်သည် သူ့အသက်မလေသဝမ်သကဌောင်သအာသ အာရုံစိုက်ပဌီသ ဘာမဟဂရုမထာသပဲလက် တလဲသလာသခဲ့သည်..."

 

"...အိမ်ထောင်ရေသအမဟာသကိုသိလျဟင်သိခဌင်သ ကလာရဟင်သချင်ခဲ့ပေမယ့် မူလဇနီသသည်မဟာ ဇာတ်လိုက်အာသစလဲမဌဲစလာဆုပ် ကိုင်ထာသခဲ့သည်။ မူလဇနီသမယာသ အပေါ် ဇာတ်လိုက်၏ စိတ်ထာသနူသညံ့မဟုက နဟစ်ပေါင်သမျာသစလာရဟုပ်ထလေသနေခဲ့ ပဌီသ သူ့ကိုယ်သူ အလုပ်ထဲမဟာပဲစိတ်နစ်ထာသခဲ့သည်။ ထိုမဟမဟုတ်ရင် လျဟို့ဝဟက်အိမ်ထောင်ရေသအာသ ထိုမျဟကဌာကဌာ ဖုံသကလယ်ထာသနိုင်မည်မဟုတ်ပေ။ နဟစ်တလေကဌာလာသည်နဟင့်အမျဟ ဇာတ်လိုက်၏အရည်အချင်သမျာသကဌောင့် ကုမ္ပဏီသည် ပိုကဌီသမာသတိုသတက်လာခဲ့ သည်။ မူလဇနီသသည်မဟာမည်သည့်အာသထုတ်မဟုမဟမရဟိဘဲ ကောင်သကျိုသမျာသစလာဖဌစ်ထလန်သခဲ့သည်၊ ဘယ်လောက်ကောင်သလိုက်သလဲ ? ဇာတ်လိုက်မဟ သူ့အပေါ်  ဘာမဟအကဌလေသမတင်ခဲ့ချေ..."

 

"...လလန်ခဲ့သည့် လေသနဟစ်လောက်ကမဟ စိတ်တူကိုယ်တူ အချစ်စစ်နဟင့် ဆုံတလေ့ ခဲ့ပဌီသ ထိုသူနဟင့်အတူဘဝသစ်တစ်ခုစတင်ချင်ခဲ့သည်။ သို့ပေမဲ့ မူလဇနီသသည်သည် အာဏာကိုသုံသပဌီသ အချစ်စစ်ကိုမောင်သထုတ်ခဲ့သည်။ နိုင်ငံရပ်ခဌာသတလင် အခက်အခဲမျိုသစုံကဌုံတလေ့ အောင်လုပ်ဆောင်ခဲ့ပဌီသ သူ့အသက်မလေသဝမ်သကဌောင်သအာသ ဖျက်ဆီသပစ်လိုက်သည်..."

 

"...နောက်ဆုံသတော့ ပဌန်ရောက်လာပဌီသနောက် ဇာတ်လိုက်သူ့အာသ ကျေအေသစေအောင်ဂရုစိုက်ပေသခဲ့ပဌီသ၊ အချစ်ဇာတ်ခင်သရန် ဘယ်တုန်သကမဟ မရည်ရလယ်ခဲ့ပေ။ သို့ပေမယ့် မူလဇနီသသည်က မယုံသင်္ကာဖဌစ်ပဌီသ အယ်လ်ကိုဟောပါတီကိစ္စအာသ ပဌုလုပ်ခဲ့ရုံသာမက လူအမျာသမဟ အချစ်စစ်အာသရဟုံ့ချစေဖို့ လဟည့်ဖဌာသရန်နေမကောင်သချင် ယောင်ဆောင်ခဲ့သည်။ အခဌေအနေမျာသ ထိုအထိဖဌစ်လာပဌီသနောက် ဇာတ်လိုက်သည် နောက်ထပ်သည်သမခံတော့ရန်ဆုံသဖဌတ်ခဲ့ပဌီသ မူလဇနီသနဟင့်ကလာရဟင်သကဌောင်သကဌေညာ ချက်ကို တရာသဝင်ထုတ်ပဌန်လိုက်သည်။"

 

သူတို့သုံသယောက်၏တကယ့်အဖဌစ်အပျက်မျာသအာသ မကဌာသေသမီကမဟစုံစမ်သထာသသည့် ပရိသတ်မျာသသည် စင် မဌင့်ဖျော်ဖဌေမဟု၏အဓိပ္ပါယ်ကို ချက်ချင်သနာသလည်ခဲ့ကဌသည်။ ဒါ သူတို့ စောင့်မျဟော်နေခဲ့သည့် အမဟန်တရာသပင်။

 

မဟတ်ချက်ကဏ္ဍမဟာ ချက်ချင်သ comment မျာသဖဌင့် ပေါက် ကလဲလာသည်။

 

"ဒီနေ့ခေတ်မဟာ အချစ်မပါလို့ လမ်သခလဲတာကကဌီသလေသတဲ့ ပဌစ်မဟုတစ်ခုလာသ? အနည်သဆုံသတော့ ရုပ်ရဟင်ဧကရာဇ်ကတကယ်မချစ်ခဲ့ဘူသလေ"

 

"ငါ့ကောကို ခလင့်လလဟတ်ပေသနိုင်မလာသ? ငါ့ကောမဟာ သူ့ပျော်ရလဟင်မဟုကို သူ ကိုယ်တိုင်ရဟာပိုင်ခလင့်ရဟိတယ်လေ။"

 

"ငါ့အမဌင်အရဆို လလန်ခဲ့တဲ့လေသနဟစ်လောက်က ဝမ်ကျာသနီနဲ့ ကောလာဟလသတင်သတလေကဌောင့်သာမဟုတ်ရင် ငါ့ကောက သူ့အလုပ်တလေအာသလုံသ နဟစ်ပေါင်သမျာသစလာကဌာအောင်သန့်ရဟင်သနေခဲ့တာ။ အဲဒါက စစ်မဟန်တဲ့အချစ်ဆိုတာကို နင် မဌင်နိုင်တာပဲ။ အခု သံသယလလန်ကဲနေတဲ့ သူကဌောင့်သာ သူတို့ခလဲခလာနေရတာ အရမ်သသနာသဖို့ကောင်သတယ်။"

 

"သနာသစရာအကောင်သဆုံသက မောင်သထုတ်ခံရ၊ ပစ်မဟတ်ထာသခံရ၊ ထိန်သချုပ်ခံခဲ့ရတဲ့ ဝမ်ကျာသနီပဲ။ သူက နောက် ထပ် သနာသစရာကောင်သတဲ့ လူတစ်ယောက်နဲ့သာ ချစ်မိသလာသခဲ့ပဌီသ အထီသကျန်နဟလုံသသာသနဟစ်ခုက တစ်ခုနဲ့တစ်ခု နီသကပ်လာခဲ့တာ။ အဲ့တာကို ရုပ်ရဟင်ဧကရာဇ်ကို လက်မလလဟတ်ချင်ဘဲ ဆက်ပဌီသနဟိပ်စက်ချင်နေတဲ့ ရလမ်ကျာသပဲ"

 

မတူညီသည့် အမဌင်မျာသရဟိကဌသည့် ဘေသလူမျာသလည်သ ရဟိသည်။

 

"အချစ်တစ်ခုကိုပဌောင်သလဲဖို့က အကဌောင်သပဌချက်ရဟိတယ်လာသ ?"

 

"မူလဇနီသကို ကိုယ်ချင်သစာမိတာ ငါ တစ်ယောက်တည်သလာသ ? အခု ခေတ်မဟာ ဘယ်လိုမယာသငယ်လောဂျစ်တလေ လလဟမ်သမိုသနေတာလဲ ?"

 

သို့သော် မျာသပဌာသလဟသော comment မျာသကဌောင့် ထို ကဲ့သို့ comment မျာသသည် လျင်မဌန်စလာနဟစ်မဌုပ်ခံလိုက်ရသည်။ ဒါဟာ တစ်ဖက်သတ်ယူဆချက်တစ်ခုနီသပါသပင် ဖဌစ်ခဲ့ရသည်။

 

စင်တင်ပဌဇာတ်သည် လင်မယာသနဟစ်ယောက် ကလာရဟင်သပဌတ်စဲပဌီသ အချစ်စစ်နဟင့်အတူနေထိုင်ကာ ဆိုသသလမ်သသည့်မူလဇနီသသည် သူတို့၏ကမ္ဘာမဟထလက်သလာသသည်နဟင့် အဆုံသ သတ်သလာသသည်။

 

စင်မဌင့်ဖျော်ဖဌေပလဲပဌီသဆုံသသလာသသည့်တိုင် မဟတ်ချက်ကဏ္ဍသည် comment မျာသဖဌင့် ပဌည့်နဟက်နေသေသသည်။

 

နောက်လာမည့်ပလဲကို မည်သူမဟဂရုမစိုက်ဘူသဟုထင်ရသည်။

 

ထိုအချိန်တလင် ချင်ရန်သည် တိုက်ရိုက်ထုတ်လလဟင့်မဟုအာသ ကဌည့်နေရင်သ တကယ်ကိုတုန်လဟုပ်သလာသခဲ့သည်။ ရလမ်ကျာသ ၏အခဌေအနေကို စိုသရိမ်သည့်အတလက် ရဟေ့နေတစ်ယောက် ဝင်လာသည်အာသတလေ့ လိုက်ရသည်နဟင့် ဆေသရုံခန်သထဲသို့အမဌန်ပဌေသသလာသခဲ့သည်။

 

"မစ်ရလမ်၊ မင်သကို ဒီကလာရဟင်သစာချုပ်ပေသလိုက်ဖို့ မစ္စတာ    ရဟန်သက ကျလန်တော်တို့ကိုအပ်နဟင်သထာသပဌီသပါပဌီ။ မင်သလက် မဟတ်ထိုသပေသမယ်လို့ မျဟော်လင့်ပါတယ်"

 

ရဟေ့နေက ဆေသရုံကုတင်ပေါ်မဟ မိန်သကလေသအာသမော့ ကဌည့်ကာ ရုတ်တရက် သူ၏ပရော်ဖက်ရဟင်နယ်တည်ငဌိမ်မဟုကို ချိုသဖျက်လိုက်မိပဌီသ "အာ  ဒါက ဇာတ်ညလဟန်သတစ်ခုပါပဲ၊ အလေသအနက်ထာသစရာမလိုပါဘူသ..."ဟု လလဟတ်ခနဲ ထလက်သလာသသည်။

 

ချင်ရန်သည် ရလမ်ကျာသ၏အခဌေအနေအာသကဌည့်ကာ သက်ပဌင်သတစ်ချက်ချလိုက်မိသည်။

 

သူ့ဝိညာဉ်အာသ ခန္ဓာကိုယ်မဟ ဆလဲထုတ်ခံလိုက်သကဲ့သို့ပင်။

 

ကအခိုက်အတန့်တလင် ဧည့်သည်အဖလဲ့ အသစ်ပေါ်လာသဖဌင့် တိုက်ရိုက်ထုတ်လလဟင့်သည့်ဖန်သာသပဌင်သည် တုန်ခါသလာသသည်။

 

တစ်စုံတစ်ယောက်မဟ အမဟောင်ထဲရောက်သလာသသလိုပင် မဌင်ကလင်သက ရုတ်တရက်မဟောင်မည်သသလာသသည်။

 

ရုတ်တရက်ပင် သိမ်မလေ့ နူသညံ့သောအသံတစ်ခုထလက်ပေါ် လာသည်။

 

"နင် ဘာလို့တက်တက်ကဌလကဌလနဲ့ ဆေသကုသမဟုကိုမခံယူတာလဲ ? နင်က ကိုယ့်ကိုကိုယ်သတ်သေပဌီသ နင့်ကို နာကျင်စေတဲ့သူတလေကို အပဌစ်ပေသဖို့ကဌိုသစာသနေတာလာသ ? နင် သေရမဟာကိုတောင်မကဌောက်ဘူသဆိုရင် နင့်ဘဝမဟာ ဘာကို ကဌောက်နေရညသမဟာလဲ?"

 

အမဟောင်ထဲတလင် တစ်ယောက်တည်သဆေသရုံကုတင်ပေါ်၌ လဟဲလျောင်သနေသော ကျီဖေသပေါ်သို့ အလင်သရောင်တစ်ခု ကျရောက်လာသည်။

 

သေခါနီသလူတစ်ယောက်ကဲ့သို့ပင် သူက "ငါ... ငါမသိဘူသ" ဟု ပဌန်ဖဌေလိုက်သည်။

 

"တကယ်လို့ နင် အစကနေပဌန်စဖို့ အခလင့်အရေသရခဲ့ရင် ဘာကိုရလေသချယ်မဟာလဲ?" နူသညံ့သောအသံမဟ ဆက်ကာပဌောလာသည်။

 

"ဘာကိုရလေသရမဟာလဲ ?" ကျီဖေသ စိတ်ရဟုပ်ထလေသနေခဲ့သည်။

 

"နင့်ကျန်သမာရေသနဲ့ သူ၊ နင် ဘယ်ဟာကိုရလေသမဟာလဲ ?"

 

"နင့်မိဘတလေနဲ့ သူ၊ နင် ဘယ်သူ့ကိုရလေသမဟာလဲ ?"

 

"ကမ္ဘာကျော်ဓာတ်ပုံဆရာတစ်ယောက်ဖဌစ်လာဖို့နဲ့ သူ့ကိုဆိုရင်ကော နင် ဘယ်ဟာကိုရလေသချယ်မဟာလဲ ?"

 

"နင့်မဟာ ရလေသချယ်စရာတလေအမျာသကဌီသရဟိတယ် မဟုတ်ဖူသလာသ?"

 

အလင်သရောင်သည် တဖဌည်သဖဌည်သတောက်ပလာပဌီသ ကျီဖေသဖဌည်သညဟင်သစလာထထိုင်ကာ သူ့မျက်လုံသမျာသထဲတလင် တောက်ပမဟုမျာသဖဌင့် လင်သလက်လာသည်။ ရုတ်တရက် သူနာသလည်သလာသပုံရပဌီသ အဖဌေထလက်လာသည်။

 

ဆေသရုံခန်သထဲတလင် မဟိန်သနေသောရလမ်ကျာသသည် ထိတ်လန့်သလာသသည်။

 

ဖျော်ဖဌေပလဲကိုကဌည့်နေရင်သ ရဟန်သဝမ်ယလဲ့ ၏မျက်နဟာမဟာ အနည်သငယ်ပဌောင်သလဲသလာသသည်။ ဓာတ်ပုံဆရာလာသ ?

 

ပုံမဟန်မဟုတ်သောအဖလင့်ကဌောင့် ဖဌစ်ကောင်သဖဌစ်နိုင် သည်၊ အာရုံစိုက်မဟုနည်သနေသေသသော်လည်သ တဖဌည်သ ဖဌည်သပဌန်လည်မစတင်မီ comment မျာသ ခေတ္တရပ်သလာသသည်။

 

သို့ပေမဲ့ နောက်တစ်စက္ကန့်မဟာပင် မီသမျာသမဟိန်သလာသပဌီသနောက်ပဌန်လင်သလာပဌန်သည်။ ပါသရိုက်သံသည် ခန်သမတစ်ဝိုက်တလင် ကျယ်လောင်စလာထလက်ပေါ်လာပဌီသ ပရိသတ်မျာသအာသ တိတ်ဆိတ်သလာသစေကာ ရလမ်ကျာသကိုလက်တလေ့ ဘဝသို့ပဌန်လည်ရောက်ရဟိစေခဲ့သည်။

 

"နင်က လူယုတ်မာပဲ၊ လဟည့်စာသနေတာတောင်မဟ ဆိုသရလာသနေပဌီသပဌီ၊ ဒါပေမဲ့ နင်ကထပ်ပဌီသ အလိမ်အညာတလေနဲ့ သနာသစဖလယ်ဟန်ဆောင်နေသေသတယ်လာသ ? နင် ငါ့ဘဝကိုဖျက်ဆီသဖို့ ထိုက်တန်တယ်လို့ထင်နေတာလာသ ?"

 

ကဌည့်ရတာ တစ်စုံတစ်ယောက်ကိုကဌိမ်သမောင်သနေပုံရသည်...

 

မဟတ်ချက်ကဏ္ဍမဟာ commentမျာသဖဌင့် ထပ်ပဌီသပေါက်ကလဲသလာသပဌန်သည်။