Ch 71
Viewers 24k

🍉 Chapter 71

 

 

အေးဂျင့်က "လွန်ခဲ့တဲ့လေးနှစ်လောက်တုန်းက ဝင်စွက်ဖက်ခဲ့လို့သာပေါ့ မဟုတ်ရင် မင်းတို့နှစ်ယောက်အတူတူရှိနေလောက်ပြီ၊ ဘာလို့ ကိုယ့်ကိုကိုယ် လိမ်နေတာလဲ?"

 

ရှန်းဝမ်ယွဲ့ ၏မျက်လုံးများထဲ ထိတ်လန့်နေသော အကြည့်များပေါ်လာသည်။

 

"ငါ ရွမ်ကျားကိုလှည့်စားဖို့ ဒါမှမဟုတ် နာကျင်အောင်လုပ်ဖို့ ဘယ်တုန်းကမှမစဉ်းစားဖူးဘူး။"

 

"ဒါပေမယ့် အခု လူတွေကအဲ့လိုမမြင်ဘူးလေ၊ ဒီပေါက်ကြားလာတဲ့ အချက်အလက်တွေကို အိမ်ထောင်ရေးဖောက်ပြန်မှုလို့ တံဆိပ်ကပ်ခွင့်မပြုနိုင်ဘူး။ မဟုတ်ရင် မင်းနဲ့ ဝမ်ကျားနီနှစ်ယောက်လုံး ကိစ္စပြတ်သွားလိမ့်မယ်။"

 

ရှန်းဝမ်ယွဲ့ မတုန်လှုပ်သေးသည်အား မြင်လိုက်ရသည် နှင့် အေးဂျင့်မှ သူ၏တုန်လှုပ်ချောက်ခြားဖွယ် ခွဲခြမ်း စိတ်ဖြာမှုအား ဆက်လက်လုပ်ဆောင်လာခဲ့သည်။

 

"ဝမ်ကျားနီကို ဗီလိန်ဖြစ်အောင်လုပ်ပြီး မင်းနဲ့ရွမ်ကျားတို့နှစ်ယောက်ကအေဂျင်စီက ဂျူနီယာလေးကိုကူညီပေးနေတာပါ၊ နားလည်မှုလွဲသွားဖို့ မမျှော်လင့်ထားပါဘူးလို့ ပြောရင်တောင်မှ မင်းရဲ့အပြစ်ကင်းမှုကို သက်သေပြဖို့မလုံလောက်ဘူး။ မင်းရဲ့အပြုအမူက မဆီလျော်ဘူးလို့လူတွေပြောကြလိမ့်မယ်၊ မင်း သံသယတွေကို ရှောင်လို့မရဘူး..."

 

ရှန်းဝမ်ယွဲ့ က ဒေါသတကြီးဖြင့် "ငါ့ အသိစိတ်က ရှင်းတယ်လေ၊ ငါ အပြစ်ကင်းတယ်။"

 

"ဒါပေမယ့် မင်းရဲ့ထောက်ခံချက်တွေ၊ ကုမ္ပဏီရဲ့ စတော့ဈေးတွေ အကုန်လုံးထိခိုက်သွားပြီလေ။ မင်း အသိစိတ်က ရှင်းပါတယ်လို့ပြောရုံ နဲ့ ပြောင်းလဲနိုင်တဲ့အရာမှ မဟုတ်တာ"

 

"မင်း အမှားလုပ်လို့မရဘူး။ မင်းမှာ ရှိတဲ့အရာအားလုံးကို ဆက်ပြီးထိန်းထားနိုင်ဖို့ နစ်နာသူအဖြစ်ပဲနေရမယ်။ ငါ့စကားကိုနားထောင်နေသရွေ့ မင်းကွာရှင်းနိုင်လိမ့်မယ်..."

 

"လုံလောက်ပြီ၊ တော်လိုက်တော့၊ ငါကွာရှင်းမှာ မဟုတ်ဘူး" ရှန်းဝမ်ယွဲ့ မှ ခိုင်မာစွာပြောသည်။

 

"ဒါဆို ဒီကိစ္စ ဘယ်လိုဖြေရှင်းဖို့ စဉ်းစားထားလဲ? ဒီဗီဒီယိုသာပျံ့သွားရင် ဝမ်ကျားနီမဖြေရှင်းနိုင်ဘူး။ ဒါကို ဖြတ်ပစ်လိုက်ရင်လည်း ရလဒ်ကအတူတူပဲ၊ သူ အားလုံးရဲ့ ရှုံ့ချတာကိုခံရမှာ။ ဒါပေမယ့် မင်း သည်းခံနိုင်ပါ့မလား? ဝမ်ကျားနီက အရည်အချင်းရှိတဲ့ မင်းသမီးတစ်ယောက် ပဲ။ ငါတို့ ဒီလမ်းကိုတကယ်ရွေးရင် သူ လုံးဝဖျက်စီးခံရလိမ့်မယ်။ သူ ထပ်ပြီးသတ်သေဖို့ ကြိုးစားမှာကို မင်းမစိုးရိမ်ဘူးလား ? မင်းပဲ မင်းနဲ့ ရွမ်ကျားက သူ့အပေါ်အ ကြွေးတင်နေခဲ့တာလို့ အမြဲပြောနေတာမဟုတ်ဘူးလား?"

 

ရှန်းဝမ်ယွဲ့ ၏ခန္ဓာကိုယ်တောင့်တင်းလာပြီး မျက်လုံးများ အသက်မဲ့လာသည်။ သူ့နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်နေပြီး "ငါ ရွမ်ကျားအပေါ် ဒီလိုမလုပ်နိုင်ဘူး၊ သူ ဘာအ မှားမှ မလုပ်ခဲ့ဘူးလေ။"

 

အေးဂျင့်၏အမူအရာပြောင်းလဲသွားပြီး "ဒါ မဖြစ်နိုင်ဘူး"

 

ရှန်းဝမ်ယွဲ့ အေးဂျင့်အား ထိတ်လန့်စွာ ကြည့်လိုက်သည်။ "ဘာကိုဆိုလို တာလဲ?"

 

အေးဂျင့်က အေးအေးဆေးဆေး ခွဲခြမ်းစိတ်ဖြာပြီး "သူရဲ့ နေမကောင်း ဖြစ်နေတဲ့ဓာတ်ပုံတွေကရော ဘယ်လိုလဲ ?"

 

ရှန်းဝမ်ယွဲ့ ထိုကိစ္စအား မှတ်မိသွားသကဲ့သို့ တုန်လှုပ်သွားပြီး စိုးရိမ်နေ သည့်အရိပ်အယောင်များ စိတ်ထဲဖြတ်သွားသည်- သူ တကယ်နေ မကောင်းနေတာဖြစ်နိုင်လား ?

 

"မင်း ဝမ်ကျားနီကို ကူညီနေတာရပ်အောင် သူဖျားချင်ယောင်ဆောင်ခဲ့တာလို့ မင်းမပြောဖူးဘူးလား ? ကမ္ဘာပေါ်မှာ ဒီလိုတိုက်ဆိုင်မှုမျိုး ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ?" အေးဂျင့်ကပြောသည်။

 

"အဲ့လိုဖြစ်သွားပြီးနောက် သူ ဘာလို့ ဖုန်းပြန်မဖြေတာလဲ ? သူ အပြစ်ရှိသလို ခံစားရလို့မဟုတ်ဘူးလား?"

 

ရှန်းဝမ်ယွဲ့ အေးခဲသွားပြီး မျက်မှောင်ကြုတ်ကာ "မင်းပြောချင်တာက သူက အဲ့ဓါတ်ပုံတွေကို မီးလောင်ရာလေပင့်ဖို့အတွက် တမင်ဖန်တီးခဲ့တာလို့ ဆိုလိုတာလား?"

 

"သူ မင်းကို လက်စားချေဖို့ အခွင့်အရေးမြင်လိုက်တာပဲ မဟုတ်ဘူးလား၊ အင်တာနက်သုံးစွဲသူတွေရဲ့ စာနာမှုကိုယူပြီး၊ ကိုယ်ကျင့်တရား မြင့်မားတဲ့ နေရာမှာ ရပ်တည်ပြီးတော့ မင်း ဝမ်ကျားနီကို စွန့်ပစ်ပြီး စိတ်ပြောင်းသွားအောင်လို့ တွန်းအားပေးခဲ့တာ မဟုတ်ဘူးလား?"

 á€Ąá€ąá€¸á€‚ဝငအ် ပြတ်ပြတ်သားသားပြောလိုက်သည်။

 

ရှန်းဝမ်ယွဲ့ ၏အမူအရာ ပြောင်းလဲသွားသည်။ အမှန်ပင်၊ ရုတ်တရက်ကြီး ရွမ်ကျားနေမကောင်းဖြစ်မသွားနိုင်ပေ၊ ထိုဓာတ်ပုံများသည် အတုသာဖြစ်နိုင်သည်။ ရည်ရွယ် ချက်ရှိရှိ လုပ်ဆောင်ခဲ့သည်မှာ ထင်ရှားသည်။

 

"သူက မင်းပုံရိပ်ကိုတောင် မထောက်ဘဲ ငါတို့ကို ဒုက္ခတွေအများကြီးရောက်စေတယ်။ ဝမ်ယွဲ့ ၊ မင်း သူ့ကို သင်ခန်းစာတစ်ခုခု ပေးသင့်တယ်။ သူ မင်းရဲ့ အသက် မွေးဝမ်းကြောင်းကိုမကူညီနိုင်ရုံတင်မကဘူး ဟန့်တားဖို့ပါကြိုးစားနေတာ။"

 

ရှန်းဝမ်ယွဲ့၏သရုပ်ဆောင်စွမ်းရည်ကြောင့် လက်ရှိတွင် သူ့ကျော်ကြား မှုသည် အထွတ်အထိပ်သို့ရောက်နေပြီဖြစ်ကြောင်း အေးဂျင့်သိသည်။ သူ့အသက်အရွယ်အရ ဦးတည်ချက်ပြောင်းပြီး ပိုမိုတိုးတက်မှုကို ရှာဖွေရမည့်အချိန်ဖြစ်သည်။ ထို့ကြောင့် သူ့အစီအစဉ်သည် အနောက်တွင်သာ ပုန်းအောင်းနေပြီး အချိန်မရွေး စိုးရိမ်ပူပန်နေရသည့် သာမန်မယားတစ်ယောက်ထက် ထိပ် တန်းမင်းသားနှင့် မင်းသမီးတို့အတူတူလက်တွဲပြီး အလယ်အလတ် အသက်မွေးဝမ်းကြောင်းလမ်းဆီသို့ တိုးတက် အောင်သွားဖို့လုပ်ရန်သာဖြစ်သည်။

 

အေးဂျင့်အတွက်မူ ရှန်းဝမ်ယွဲ့ ၏အမြင်အား နားလည်ရန်မဖြစ်နိုင်ပေ၊ သို့ပေမဲ့ ရှန်းဝမ်ယွဲ့ သည် သူ့စည်းကမ်းများကိုအမြဲလိုက်နာခဲ့သည်။ သို့သော်၊ ရှန်းဝမ်ယွဲ့ သည် နောက်ဆုံးတွင် သူ့နှလုံးသားနောက်လိုက်၍အချစ်စစ်အား ရွေးချယ်သွားမည်ဟုလည်း သူ ခံစားရသည်။

 

ဤသည်မှာ အခွင့်အရေးတစ်ခုဖြစ်ကောင်းဖြစ်နိုင် သည်။

 

ရှန်းဝမ်ယွဲ့ ၏မျက်နှာသည် မည်းမှောင်လာပြီး ရွမ်ကျားအား ထပ်မံခေါ် ဆိုရန် ဒေါသတကြီးကြိုးစားလာသည်။ သို့သော် မည်သူမှ ဖုန်းမကိုင်ချေ။

 

အေးဂျင့်က သူ့အား ထပ်ပြီးတိုက်တွန်းချင်သော်လည်း  ရှန်းဝမ်ယွဲ့ကတော့ ဆန္ဒမရှိသေးပေ။

 

အေးဂျင့် သက်ပြင်းချ၍ လက်ရှိအခြေအနေကိုပြောပြကာ "တကယ်တော့ မင်း ရွမ်ကျားကိုနှစ်သိမ့်ပေးပြီး ကွာရှင်းစာချုပ်တွေ အရင်လုပ်ထားလို့ရတယ်။ အဲဒါကို ကွာရှင်းမှုအတုတစ်ခုအနေနဲ့ သဘောထားလို့ရတယ်၊ နောက်ဘာဆက်လုပ်ရမလဲဆိုတာ မဆုံးဖြတ်ခင် ဒီမုန် တိုင်းပြီးသွားအောင် စောင့်နေလိုက်ရုံပါပဲ။"

 

သူတို့ နောက်မှပြန်လက်ထပ်သည်ဖြစ်စေ နောက်အိမ် ထောင်ပြုသည်ဖြစ်စေ အေးဂျင့်ဂရုမစိုက်ချေ။

 

ရှန်းဝမ်ယွဲ့ ခဏလောက်ရပ်တန့်သွားသည်။ ကွာရှင်းမှုအတုနှင့် အစစ်အမှန်ကွာရှင်းမှု နှစ်ခုစလုံးသည် 'အမှန်တကယ်ကွာရှင်းခြင်း' ဖြစ်သော်လည်း သူ့မျက်လုံးများထဲတွင် လုံးဝကွဲပြားသောအဓိပ္ပါယ်များအား ဖော်ပြနေပုံရသည်။

 

အေးဂျင့်က ဖြစ်နိုင်ချေတစ်ခုကိုစဉ်းစားမိပြီး "ရွမ်ကျားကိုအကောင်းအဆိုး သေချာရှင်းပြလိုက်ပါ။ မင်းဇနီးကို ငါပစ်မှတ်ထားတာ မဟုတ်ပါဘူး၊ ငါတို့ ရွမ်ကျားကိုပဲ ဗီလိန်ဖြစ်အောင်လုပ်လိုက်ရင် ဆုံးရှုံးမှုတွေ နည်းသွားလိမ့်မယ်။ သူက သာမန်လူပဲဟာ၊ အွန်လိုင်းပေါ်က လူတွေ သူ့ကိုမုန်းတီးခဲ့ရင်တောင်မှ သူနိုင်ငံခြားကိုခဏလောက်ရှောင်နိုင်တာပဲ။ အချိန်တစ်ခုကြာသွားရင် သူ့အပေါ် အာရုံစိုက်မှုတွေ မရှိနိုင်တော့ဘူး။ ဝမ်ကျားနီနဲ့ ကုမ္ပဏီတစ်ခုလုံးကို ဖျက်ဆီးပစ်တာထက် ပိုကောင်းတာပေါ့၊ ကုန်ကုန်ပြောရရင် မင်းသူ့ကို နောက်မှ အလျော်ပေးလိုက်လို့ရ တယ်။ သူ မင်းကိုတကယ်ချစ်ရင် မင်းကိုတကယ်ထိခိုက်အောင် မလုပ်မှာသေချာတယ်၊ သူ မင်းနဲ့ သေချာ ပေါက်ပူးပေါင်းပေးလိမ့်မယ်။"

 

ရှန်းဝမ်ယွဲ့မျက်လုံးများ အနည်းငယ်မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားသည်။ ထို့နောက် ဖုန်းဝင်လာသည်။

 

ရှန်းဝမ်ယွဲ့ စိတ်ထဲ ထိတ်လန့်သွားသလို ခံစားလိုက်ရပေမယ့် အေးစက်စက်လေသံဖြင့် "မင်းဘယ်မှာလဲ ? မင်းဘာလို့ ငါ့ဖုန်းကိုပြန် မဖြေတာလဲ? ငါ မင်းကိုပြောစရာတယ်။ တွေ့ ကြရအောင်။"

 

"... ငါ ဆေးရုံတက်နေတယ်"

 

ရှန်းဝမ်ယွဲ့ အံ့အားသင့်သွားကာ ဒေါသတဟုန်းဟုန်း ထွက်လာသည်။ သူ စိတ်ညစ်ပြီး ခေါင်းကိုက်နေပြီဖြစ်သော်လည်း ရွမ်ကျားသည် လိမ်ညာမှုများဖြင့် ပြည့်နှက်နေသေးသည်။

 

"တော်သင့်ပြီ! ဘယ်တော့မှပြီးမှာလဲ ? ရွမ်ကျား၊ ဒီဗီဒီယိုကိစ္စက မင်း အတွက် တကယ်မတရားတာမှန်တယ်၊ ငါ့အပြစ်ပါ၊ ဒါပေမယ့် မင်း မီးလောင်ရာလေပင့်မလို့လား? ငါ မင်းကိုပြောပြီးပြီ၊ ငါနဲ့ ကျားနီကြားမှာဘာကိစ္စမှမရှိဘူးလို့၊ ငါတို့အိမ်ထောင်ရေးကို ငါသစ္စာဖောက်မှာမဟုတ် ဘူး။ ဘာလို့ မင်းဒီလို နေမကောင်းချင်ယောင်ဆောင်ပြီး ငါ့ကိုထိန်းချုပ်ဖို့ လှည့်ကွက်တွေသုံးနေသေးတာလဲ?"

 

ရှန်းဝမ်ယွဲ့သည် ရွမ်ကျားနေ မကောင်းတာမဖြစ်နိုင်ဟု အခိုင်အမာယုံကြည်ထားသကဲ့သို့ အလိုလိုပြန်ပြောလိုက်သည်။

 

အဆုံးတွင် ရွမ်ကျားတိတ်ဆိတ်နေခဲ့သည်။ ရှန်းဝမ်ယွဲ့ သည် ခဏတာမျှအသက်ရှူကြပ်သွားသလို ခံစားလိုက်ရသော်လည်း မူမမှန်သည့်အရာအားလုံးအား ဒေါသတကြီးလျစ်လျူရှုလိုက်သည်။

 

"မေ့လိုက်တော့၊ ငါ မင်းနဲ့ ငြင်းခုန်နေမှာ မဟုတ်ဘူး ပြီးတော့ ဒီဓာတ်ပုံတွေတင်လို့လဲ ငါမင်းကို အပြစ်တင်မှာ မဟုတ်ဘူး။ အခု အွန်လိုင်းက အခြေအနေကိုမင်းသိရမယ်၊ အဲ့တာက အရမ်းပြင်းထန်နေပြီ၊ ကျားနီက အခုသေလုနီးပါးပဲ။ ငါတို့ အခု ဖြေရှင်းဖို့စဉ်းစားပြီးပြီ။"

 

သူပြောခဲ့သည့်အတိုင်း ရှန်းဝမ်ယွဲ့သည် မည်သူက အပြစ်တင်ခံရသင့် သည်နှင့်ပတ်သတ်ပြီး ကောင်းကျိုးဆိုးကျိုးများအား လျင်မြန်စွာရှင်းပြသော်လည်း ကွာရှင်း ခြင်းအတုအကြောင်း ပြောပြသောအခါတွင်မူ ထူးထူး ခြားခြား စိုးရိမ်ပူပန်နေပုံပေါ်သည်။ အေးဂျင့်က သူ့အား ဆက်တိုက်တွန်းနေချိန်မှာတော့ ရွမ်ကျား ရုတ်တရက် ပေါက်ကွဲသွားသည်။

 

" ရှန်းဝမ်ယွဲ့ ! ငါ နားကြားမှားသွားတာလား? နင်က ငါ့ကို ဗီဒီယိုထဲမှာ ငါ သူ့ကို ရန်စခဲ့တာပါဆိုပြီးဝန်ခံစေချင်တာလား၊ ငါက နေမကောင်းချင်ယောင်ဆောင်ခဲ့တာပါ ဆိုပြီး ဝန်ခံစေချင်တာလား? နင်က ငါ့ကို အွန်လိုင်းပေါ်က လူအားလုံးကို တောင်းပန်စေချင်တာလား၊ နင် ရူးနေလား ? နင့်မိန်းမ ငါကသာ အနိုင်ကျင့်ခံရတာဆိုတာကို ရှင်းရှင်းလင်းလင်းသိရက်နဲ့တောင်မှ နင် ဝမ်ကျားနီကို ကာကွယ်ပေးပြီး ဒီမမှန်မကန်စွပ်စွဲမှုတွေကို ငါ့ကို ဝန်ခံစေချင်နေသေးတယ်လား ? ဒါက နင်ပြောတဲ့ သစ္စာမဖောက်ပါဘူးဆိုတဲ့ အိမ်ထောင်ရေးလား ? ဒါဆို သစ္စာ ဖောက်ဆိုတာကို နင် ဘယ်လိုသတ်မှတ်လဲ၊ နင် သူနဲ့ အိပ်ပြီးသွားမှလား?"

 

ရွမ်ကျားသည် ယခု ကုတင်ပေါ်တွင်ပက်လက်လှဲနေပြီး မတည်မငြိမ် ဖြင့် သူမ၏ ခန္ဓာကိုယ်သည်နာကျင်မှုကြောင့် ချွေးများရွှဲစိုကာ ဒေါသများဖြင့် တုန်တုန်ယင်ယင် ဖြစ်နေသည်၊ သူ စိတ်မထိန်းနိုင်တော့ပဲ အသံကျယ်ကျယ်ဖြင့် အော်ငေါက်လိုက်သည်။

 

ရှန်းဝမ်ယွဲ့ သည် အော်ငေါက်ခံလိုက်ရသဖြင့် အံ့ဩသွားပြီး "သူနဲ့ အိပ်တယ်" ဟူသော စကားအားကြားသောအခါ သူ့ ဂုဏ်သိက္ခာစော်ကားခံ လိုက်ရသကဲ့သို့ တုန်လှုပ်သွားခဲ့သည်။

 

သူက ဒေါသတကြီးဖြင့် "မင်းဘာတွေပြောနေတာလဲ၊ ငြင်းခုံနေတာရပ်လိုက်တော့ ရွမ်ကျား။ မင်း ဒီတခေါက် မှားသွားပြီ ၊ ငါ မင်းအတွက် လုပ်ပေးနေတာပါ၊ ငါပြောတာနားထောင် … "

 

"မဖြစ်နိုင်ဘူး! နင်က ငါ့ကို သူ့အတွက် ပြဿနာတွေရှင်းပေးစေချင်နေတာ၊ နင့် အနာဂတ်အတွက် လမ်းခင်းပေးစေချင်နေတာ၊ ဘယ်လိုမှမဖြစ်နိုင်ဘူး၊ သူ သတ်သေရတာကြိုက်ရင် ဘာလို့မသေသေးတာလဲ ? သေသင့်နေတာကြာပြီ!"

 

တစ်ယောက်ယောက်က သေရတာကြိုက်နေရင်လည်း ဘာလို့ သူ့အစားမသေပေးတာလဲ...

 

ရွမ်ကျား ထိုသို့ကြမ်းတမ်းသော စကားများအားပြောလိမ့်မည်ဟု ရှန်း ဝမ်ယွဲ့မမျှော်လင့်ခဲ့ပေ။ ရွမ်ကျား၏ငိုသံကိုမကြားရတော့လောက်အောင် စိတ်ဆိုးသွားပြီး

 

"မင်း မပူးပေါင်းရင်လည်း ကွာရှင်းကြတာပေါ့!"

 

အမြဲလိုလိုပင်၊ ထိုစကားသည် သူ့အပေါ် နှစ်ပေါင်းများစွာချစ်ခဲ့တဲ့ ရွမ်ကျားအား ခြိမ်းခြောက်ရန် လုံလောက်သည်ဟု သူခံစားရသည်။ ပြောပြီးသည်နှင့် ဖုန်းချလိုက်ပြီး စဉ်းစားရန်အချိန်ပေးလိုက်သည်။

 

ဒါပေမယ့် ရွမ်ကျားထံ စိတ်ခံစားချက်မဲ့စွာဖြင့် အေးစက် စက်ပြောသည်ကိုသာကြားလိုက်ရသည်။

 

"ငါက ပူးပေါင်းမဲ့အစား သေလိုက်ချင်တယ်၊ အိပ်မက် မက်မနေနဲ့၊ ကွာရှင်းချင်တယ်မလား၊ ကွာရှင်းလိုက်ပေါ့။"

 

ထို့နောက် ရွမ်ကျား ဖုန်းအရင်ချလိုက်သည်။

 

ရှန်းဝမ်ယွဲ့ သူ့ဖုန်းအား စိုက်ကြည့်နေပြီး သူ့အမူအရာမှာ အလွန်ဆိုးရွားနေသည်။ ကုမ္ပဏီသည် နောက်ဆုံးအခြေ အနေသို့ ရောက်ရှိနေပြီး စဉ်းစားရန်အချိန်မရှိတော့ပေ။

 

ချင်မိသားစုဘက်တွင်

 

ကျီဖေး၏အတွေးများအား ကြားနေရသော မိသားစုဝင်အားလုံး အနည်းငယ် တုန်လှုပ်သွားပြီး သူတို့၏ ဖုန်းထဲရှိ hot search အားပြန် ကြည့်ကာတောက်လျောက်ပြင်း ပြင်းထန်ထန်ရှုံ့ချနေကြပြီး ရှန်းဝမ်ယွဲ့ အနေဖြင့် သူ၏ အပြစ်ကင်းစင်သည့်ဇနီးအား တကယ်စွန့်လွှတ်မည်လားဟုသံသယဖြစ်နေကြသည်။

 

ငယ်စဉ်ကလေးဘဝမှစ၍ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ခဲ့ကြသည့် ချစ်သူရည်းစားတွေဖြစ်သည့် အတွက်ကြောင့် နဝေတိမ်တောင်နှင့် သူ့မယားအား ယခုလောက်အထိ အရှက်ရအောင်လုပ်လိမ့်မည်မဟုတ်ဟု ထင်ခဲ့ကြသည်။

 

သို့သော် Black card နှင့် အပိုဆောင်းခံစားခွင့်ကတ်ကိစ္စအား ပြန်တွေးကြည့်လိုက်ရာ ချင်မိသားစုဝင်အားလုံး    မဖြစ်နိုင်ဟုယူဆလိုက်ကြသည်။

 

မကြာခင်မှာပဲ ပထမဆုံး ပေါက်ကွဲစရာသတင်းထွက်လာသည်။

 

ရွမ်ကျား၏ဆေးစစ်ချက်အစီရင်ခံစာအား ခေါင်းဆောင်မင်းသား၏စတူဒီယိုမှ ပင်မစာမျက်နှာပေါ်တွင် "ကျန်းမာသည်" ဟူသည့် စာလုံးကြီးအား အစိမ်းရောင်ဖြင့်ရိုက်နှိပ်ထားသည်။

 

လူထု၏သဘောထားများက ချက်ချင်းပေါက်ကွဲထွက်လာသည်။

 

"ဒီဆေးဘက်ဆိုင်ရာအစီရင်ခံစာက ဘယ်ကလာတာလဲ? သူတို့က ဒါကိုတောင် အတုလုပ်ရဲတာလားည?"

 

ထိုအကြောင်းအား ချင်ရန်အများဆုံးပြောခဲ့သည်၊ အဆုံးမှာတော့ ထိုလူဟာ သူတို့ဆေးရုံမှာ ဆေးကုသမှုခံယူနေဆဲပင်။

 

ကျီဖေး ပို့စ်အားမြင်ပြီး "ဒါ… လုံးဝကိုအရှက်မရှိတာ၊"

 

"ဒီအစီရင်ခံစာက အတုဟုတ်ပုံမရဘူး၊ ဒါပေမယ့်... အချိန်ကပြတ်နေတယ်" ဟု ချင်ရှန့်ဟည် ကျီဖေး၏ဖုန်းကိုလှမ်းကြည့်ရင်း ပြဿနာအားချက်ချင်းဆိုသလိုသိလိုက်ရသည်။

 

[ငါ စစ်ကြည့်မယ်။ သေချာသလောက်ပဲ၊ ဒါက လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ရွမ်ကျားရဲ့ ဆေးဘက်ဆိုင်ရာအစီ ရင်ခံစာဖြစ်ပေမယ့် ရက်စွဲကိုဖြတ်တောက်ထားတယ်။ သူတို့က အင်တာနက်သုံးစွဲသူတွေကို တမင်လှည့်စားပြီး လူနာဝတ်စုံဝတ်ထားတဲ့ ရွမ်ကျားရဲ့ဓာတ်ပုံတွေကို မေးခွန်းထုတ်စေခဲ့တယ်။ ရွမ်ကျားကို အမှုတစ်ခုလုံး လိမ်လည်လှည့်ဖြားသူအဖြစ်တိုက်ရိုက်စွပ်စွဲခံရအောင် သူတို့လုပ်နေတာပဲဖြစ်ရမယ်။]