Ch 70
Viewers 24k

🍉 Chapter 70

 

 

ယခုကိစ္စအား ကောင်းစွာမကိုင်တွယ်နိုင်ပါကနောက် ဆက်တွဲဆိုးကျိုးများမှာ မှန်းဆလို့မရနိုင်ဆိုသည်အား အေးဂျင့်ကနားလည်သည်။ သူ မှိန်းသေနေသည့် ရှန်းဝမ်ယွဲ့အား အခြေအနေကို အမြန်ကိုင်တွယ်ဖြေရှင်းဖို့ရာဆွဲ ထုတ်ချင်ခဲ့သည်။ သို့သော် သူ ခြေတစ်လှမ်းမလှမ်းခင်မှာပင် ကောင်းဟောင်၏ ချောင်းဆိုးသံအားကြားလိုက်ရပြီး တစ်ခုခုကိုသတိပေးနေသလိုပင်။

 

အေးဂျင့်ဖြစ်သူသည် သွေးအန်လုနီးပါးစိတ်လှုပ်ရှား နေမိသော်လည်း အခြားမည်သူ့ကိုမှထပ်မစော်ကားရဲတော့ချေ။

 

"စိတ်မကောင်းပါဘူး၊ ငါတို့ ဒီကိစ္စကိုရှင်းရှင်းလင်းလင်း မစုံစမ်းခဲ့မိဘူး။ မစ်ကျီကို တောင်းပန်ပါတယ်"

 

နောက်ဆုံး အေးဂျင့်သည် ပရော်ဖက်ရှင်နယ်ကျကျ သရုပ်ဆောင်ကာ လိုက်လျောညီထွေရှိစွာဖြင့် အေးဂျင့်မှတောင်းပန်စကားပြောလာခဲ့သည်။

 

သို့သော် တစ်ဖက်လူမှာမူ မည်သည့်တုံ့ပြန်မှုမပြဘဲ သူ့မျက်နှာထက်ရှုပ်ထွေးနေတဲပင်။

 

အေးဂျင့်သည် ရှန်းဝမ်ယွဲ့အား တင်းတင်းကြပ်ကြပ်ဆွဲရုံသာတတ်နိုင်ပြီး သူ့အသိစိတ်ပြန်ဝင်လာပြိးနောက် ရှက်ရွံခြင်းနှင့် ဒေါသများရောထွေးလာသည်ကိုတဖြည်းဖြည်း ခံစားလိုက်ရသည်။

 

အဆုံးမှာတော့ သူသည် အကောင်းဆုံးသရုပ်ဆောင်ဆုရရှိထားသူဖြစ်ကာ သူ့အဆင့်အတန်းသည် ထိုတတ်သစ်စကျီဖေးထက် အဆပေါင်းများစွာမြင့်မားသည်။ သို့ဖြစ်ရာ သူ အမှားတစ်ခုခုလုပ်မိလျှင်ပင် ကျီဖေး အနေဖြင့်မည်သည့်ဆုံးရှုံးမှုမှ မခံစားခဲ့ရချေ။ ထို့အတွက် အဘယ် ကြောင့် သူမအားတောင်းပန်ခိုင်းရန် ရန်လိုနေရသနည်း။

 

ရှန်းဝမ်ယွဲ့ မျက်နှာပျက်သည်ဟု ခံစားမိသော်လည်း သူ့ဂုဏ်သိက္ခာသည် ဤအခန်းထဲတွင် အကြိမ်ကြိမ်ရိုက်ချခံခဲ့ရပြီးဖြစ်သည်။ ထို့ကြောင့် သူ့ အပြုအမူ မည်မျှအ ကျည်းတန်စေကာမူ ၎င်းအတွက် အဟန့်အတားမရှိပေ။

 

အေးဂျင့် သူ့အားအပြင်းအထန်တိုက်တွန်းသဖြင့် ရှန်းဝမ်ယွဲ့က "တောင်းပန်ပါတယါ၊ နားလည်မှုလွဲသွားတယ်" ဆိုသည့် စကားလုံးကိုသာထုတ်ပြောနိုင်ခဲ့သည်။

 

အကောင်းဆုံးဇာတ်ဆောင်တစ်ဦးသည် လူသစ်တစ်ဦးရှေ့ခေါင်းငုံ့ရသော အဖြစ်အပျက်သည် - ဤဖျော်ဖြေရေးအသိုင်းအဝိုင်းထဲ ထူးခြားသောသတင်းဖြစ်သည်။

 

အခြားအဖွဲ့၀င်များအားလုံးသည် ဤအသစ်ဝင်လာသူ ကျီဖေးအား အမြင်သစ်ဖြင့်ကြည့်လိုက်ကြသည်။ သူမသည် တကယ်ထူးကဲကာ ဆန်းကြယ်လှသည်။

 

သို့သော် သူမထံ ရန်သူများလွန်းသည်ဟု ခံစားခဲ့ကြရသည်။ ဒီအချိန်မှာ ဒီကိစ္စကိုငြိမ်ခံနေပြီး မျက်နှာလွှဲမနေလိုက်သင့်ဘူးလား ? လူမြင်ကွင်းဆို ပြောမနေနဲ့၊ နောင်ကျ တွေ့ဆုံတဲ့အခါပိုလွယ်ကူလာမှာပဲလေ အဲ့လိုလုပ်လိုက်သင့်တာမဟုတ်ဖူးလား ? ဘာကြောင့် တောင်းပန် ခိုင်းနေရတုန်း ??

 

သို့သော် နောက်တစက္ကန့်တွင် ကျီဖေးအား ၎င်းတို့ ကောက်ချက်ချဖို့ရာ စောလွန်းသည်ဟုသိလိုက်ရသည်။

 

ကျီဖေး သက်ပြင်းချလိုက်ပြီး "ကျမ သဘောထားကြီးတဲ့သူပါ၊ မဖြစ်သင့်တဲ့ ဘေးဆိုးကြီးတစ်ခုကြုံတွေ့လုနိးပါးဖြစ်ခဲ့ပေမယ့် ကျမ စိတ်မဆိုးပါဘူး။ ဒါပေမယ့် မတောင်းပန်ရသေးတဲ့သူတစ်ယောက် ရှိနေသေးတယ်၊ ဒါကြောင့် ခွင့်လွှတ်ပါတယ်လို့တော့ မပြောနိုင်သေးဘူး။"

 

လူတိုင်း:!!!! မသေးသိမ်လွန်းဘူးလား ?

 

အေးဂျင့်၊ ဒါရိုက်တာ၊ ထုတ်လုပ်သူ- ဒါ ဘယ်သူ့က ဘေးကပ်ဆိုး အတိအကျလဲ ???

 

ရှန်းဝမ်ယွဲ့သည် ကျီဖေးမှ သူတို့အား ခွင့်မလွှတ်နိုင်ဘူးပြောလာမည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူ ထိတ်လန့်သွားပြီး နောက်ဆုံး အေးဂျင့်ဆီကဆွဲထုတ်ခံခဲ့ရသည်။

 

အကောင်းဆုံးသရုပ်ဆောင်အဖွဲ့သည် ၎င်းတို့၏ပရိုမိုးရှင်း ဗီဒီယိုအား ပုံမျန်အတိုင်းမရိုက်ကူးခဲ့ပေ။ အခြားအဖွဲ့များသည် အရင်ဆုံးရိုက်ကူးခဲ့ကြသော်လည်း လူတိုင်းသည် အလုပ်ထဲမှဒရာမာနောက်လိုက်ကာ အာရုံ ပြောင်းသွားကြသည်။

 

ထိုအကြပ်အတည်းအား အကောင်းဆုံးဇာတ်ဆောင် မည်သို့ဖြေရှင်းမည်နည်းဆိုသည်ကို လူတိုင်းသိချင်နေကြသည်။ ညနေခင်း ရိုက်ကူးရေးတွေပြီးနောက် အားလုံး အိမ်ပြန်ရောက်သည်အထိ အကောင်းဆုံးသရုပ်ဆောင်ဘက်မှ တုံ့ပြန်မှုမရှိသေးပေ။

 

ရှိုး၏ထုတ်လုပ်ရေးအဖွဲ့သည် ဘာမှမသိဘဲ ခပ်ခွာခွာနေရန်သာ စိတ်စောနေပြီး အရာအားလုံးသည်အကောင်းဆုံးသရုပ်ဆောင်၏တုံ့ပြန်မှုအပေါ် မူတည်သည်ဟုဆိုလာ သည်။

 

အွန်လိုင်းတွင် သစ္စာရှိ Fan များနှင့် CP Fan များသည် အဖြစ်မှန်အား ရင်ဆိုင်ရန်ဆန္ဒမရှိဘဲ အမှန်တရားကို တောင်းဆိုနေကြဆဲဖြစ်သည်။ သို့သော် သာမန်ပရိသတ်များနှင့်ဖြတ်သွားဖြတ်လာများသည် အကောင်းဆုံးသရုပ်ဆောင်မင်းသားနှင့် လျှို့ဝှက်ချစ်သူတို့၏ မျက်နှာ ဖုံးဆွဲခွာရာတွင် တတ်ကြွစွာပါဝင်ခဲ့ကြသည်။

 

လွန်ခဲ့သော 7 နှစ်ခန့် အိမ်ထောင်ပြုပြီးကတည်းက CP  ၏ပုံမှန်မဟုတ်သောအပြန်အလှန်ဆက်ဆံရေးများအထိ၊ ဝမ်ကျားနီအား ရုတ်တရက် နိုင်ငံခြားလွှတ်လိုက်ခြင်းဖြစ်ပြီး ယခုအခါ အမျိုးမျိုးသော 'အတိတ်မှ စိတ်ကူးယဉ်ဆန်သောအဖြစ်အပျက်မှသည် ယခု မျက်မြင်ကိုယ်တွေ့' ကောလာဟလများအထိ အင်တာနက်သုံးစွဲသူများသည် အရာအားလုံးကို စီစစ်ရှာဖွေခဲ့ကြသည်။

 

ခွဲခြမ်းစိတ်ဖြာသည့်ပို့စ်များ အလုံးအရင်းဖြင့်ထွက်ပေါ် လာပြီး ဝေဖန်မှုများပိုမိုပြင်းထန်လာသည်။ အကောင်းဆုံးသရုပ်ဆောင်နှင့် ၎င်း၏ ယခင် CP လမ်းကြောင်းသည် အဆုံးတွင် နောက်ဆုတ်သွားခဲ့ကြသည်ဟု ဆိုနိုင် သည်။

 

ချင်မိသားစုအိမ်တွင် ကျီဖေး၏ပထမဆုံးအလုပ်စဝင်သည့်နေ့တွင် ဖျော်ဖြေရေးနယ်ပယ်ထြ ရိုက်ခတ်မှုအကြီးစားအတင်းအဖျင်းအကြောင်း ညစာစားချိန်တွင်ပြောဆိုခဲ့ကြသည်။

 

သို့သော် အင်တာနက်တွင်ဒရာမာလိုက်ကြည့်ရန် အင်တာနက်သုံးနေသည့် ကျီဖေးကလွဲလို့ တခြားသူများသည် စကားစမြည်ပြောရင်း ကျီဖေးအတွင်းစိတ်ထဲမှအသံကို သာ အာရုံစိုက်နားထောင်ခဲ့ကြသည်။

 

အဆုံးတွင် အွန်လိုင်းအတင်းအဖျင်းသည် အမှန်ဖြစ်မည်ဟုအာမမခံနိုင်သော်လည်း ကျီဖေး၏အတွင်းစိတ်အသံသည် အစစ်အမှန်ဖြစ်ပြီး ပိုအရည်ရွှမ်းသည်။

 

[အင်တာနက်အသုံးပြုသူတစ်ဝက်လောက် ဝေဖန်နေကြတာဆိုတော့ စိုးရိမ်စရာပဲ။ ကျန်တဲ့တစ်ဝက်လောက်က သူတို့ရဲ့ကီးဘုတ်တွေ အခိုးခံလိုက်ရလို့လား။]

 

[ဝေဖန်တာက အရမ်းယဉ်ကျေးနေတယ် တစ်ခုခုမှားနေတာလား ?]

 

[ဘာ ? အပြစ်မရှိဘူးလို့ ထင်တဲ့သူတွေက ရှိသေးတယ်ပေါ့ ? မျက်ခုံးအောက်မှာ နှာခေါင်းနှစ်ပေါက်ရှိလား မရျိလား  မျက်တောင်ခတ်ပြီး မမြင်နိုင်ဘူးလား ?]

 

[မေ့လိုက်‌တော့၊ ဘာမှလည မတိုးတက်ဘူး၊ ဝမ်ကျားနီနဲ့ ဘာတွေဖြစ်နေလဲ ကြည့်ရအောင်။]

 

လူတိုင်းသည် ချက်ချင်းဆိုသလို နားရွက်များထောင်သွားကြသည်။

 

[အမ်... သူ့ ကိုယ်သူ သတ်သေဖို့ ကြိုးစားခဲ့တာလား။]

 

လူတိုင်း တုန်လှုပ်သွားကြသည်။

 

[အတုလား ? အော် ရှန်းဝမ်ယွဲ့ကို လှည့်စားနေတာကိုး]

 

လူတိုင်း:...

 

[သောက်ပဲ၊ တော်တော်လွန်နေပြီ၊ ဘာတဲ့ အရက်သောက်တဲ့ပါတီမှာလှည့်စားခံရတာကို မကျေမနပ်ဖြစ်မိလို့

စိတ်အခြေအနေမတည်ငြိမ်ဘဲနဲ့ လုပ်မိသွားတာ၊ ပြီးတော့ လုပ်ပြီးမှအရမ်းနောင်တရမိတယ်ပေါ့၊ ဒါပေမဲ့ ရှန်းဝမ်ယွဲ့  သူ့ကို မုန်းသွားမှာကြောက်လို့ လိမ်လိုက်မိတာ…

အဲ့တာနဲ့ပဲ သူက စိတ်ကျန်းမာရေးဌာနကို တာဝန်လွှဲပေး လိုက်တာလား ? ဆရာဝန် သဘောတူလားဆိုတာကော မေးပြီးပြီလား ? ရှန်းဝမ်ယွဲ့က ဒီအကြောင်းပြချက်ကို  ယုံတယ်ဆိုရင်၊ သူ့ ခေါင်းက ဝက်လောက်တောင်မကောင်းဘူးပဲ။]

 

လူတိုင်း ခေါင်းမညိတ်ဘဲမနေနိုင်ကြပေ။ အကြောင်းပြချက်က ဝေးလွန်းနေပြီး၊ ထိုအရက်သောက်သည့်ပွဲအားဝမ်ကျားနီကိုယ်တိုင်က ကြိုးကိုင်ထားမှန်း အားလုံးကြားသိထားပြီးဖြစ်သည်။

 

ထို့ပြင်၊ ဤအလိမ်အညာပေါ်ပြီးနောက်၊ ရှန်းဝမ်ယွဲ့အနေ ဖြင့် အရက်သောက်သည့်ဖြစ်ရပ် မှန်လား မှားသလား ပြန်စဉ်းစားသင့်တယ်မဟုတ်ပါလား ?

 

[အိုး ခိုင် မော့၊ သူ မယုံဘူးပဲ...]

 

ကျီဖေးထံမှ အလန့်တကြားအသံကြားလိုက်သောအခါ လူတိုင်းကသက်ပြင်းချကာ မျှော်လင့်ချက်ရှိနေဆဲဟု ခံစားလိုက်ရသည်။

 

 

 

 

 

[သူက ဝက်ထက်ပိုဆိုးတယ်၊ ရှန်းဝမ်ယွဲ့က သံသယတွေ ထုတ်ပြောလိုက်တဲ့အခါ ဝမ်ကျားနီက သူ့ကိုချစ်တဲ့အ တွက်ကြောင့်၊ လွန်ခဲ့တဲ့နှစ်တွေကခွဲခွာခဲ့ရတာကြောင့် နာကျည်းခဲ့ရပေမယ့် ဘာမှမလုပ်နိုင်ခဲ့ဘူး... Ah ah ah! Fuck ~]

 

ထိုတုံ့ပြန်သံကိုကြားလိုက်ရသဖြင့် အားလုံးထိတ်လန့်တုန်လှုပ်သွားသည်..၎င်းတို့က ကျီဖေးအားဖမ်းချုပ်ပြီး ဘာဖြစ်တာလဲဟု မေးလိုက်ချင်သည်။ ဘာဖြစ်တာလဲ ?

 

[တကယ်တော့ သူမ သူ့ကိုနမ်းလိုက်တယ်။ ပြီးတော့ သူ ကလည်း မရှောင်ဘူး။ သူသတိဝင်လာချိန်မှာ ဝမ်ကျားနီ ကိုတွန်းထုတ်လိုက်တယ်၊ တကယ်က သူ ရွမ်ကျားကိုတကယ်ချစ်တာကြောင့် တစ်ခဏတုံ့ပြန်နိုင်ဖြစ်ပြီး ခဏကြာအနမ်းခံခဲ့မိတာ... OMG! နင့်ပါးစပ် ပိတ်လိုက်စမ်း၊ ဘယ်လောက် ရွံဖို့ကောင်းလဲ!]

 

လူတိုင်း : Fuck!!!!

 

[ဘာ ? ဒါပဲလား ? ဝန်ခံပြီး နမ်းလိုက်တယ်၊ ရှန်းဝမ်ယွဲ့က ဝမ်ကျားနီ  ရွမ်ကျားကို အနိုင်ကျင့်တာကို သူဘာမှမပြောတော့ဘူးလား ? သူက ဒါက တစ်ခဏစိတ်ခံစားမှုကြောင့် ဖြစ်သွားတဲ့အများလို့ထင်နေတာ၊ သူက နားလည်ပေးလိုက်တယ် ?? သူ ဝမ်ကျားနီကိုတောင် နှစ်သိမ့်ပြီး မငိုဖို့ပြောပြီး လက်ရှိအခက်အခဲကို ဖြေရှင်းဖို့နည်းလမ်းရှာမယ်လို့တောင်ပြောလိုက်သေးတယ်]

 

[ဝမ်ကျားနီရဲ့အခန်းထဲမှာ နင်က ရွမ်ကျားကိုဖုန်းခေါ်ဖို့ သတ္တိရှိတယ်ပေါ့ ! တော်ပါသေးတယ် ရွမ်ကျားဖုန်းမဖြေလို့]

 

[သောက်ပဲ၊ ရွမ်ကျားက ဆေးကုသမှုခံယူနေလို့ သတိမေ့  နေတာ၊ ရွမ်ကျား တမင်တကာဖုန်းပြန်မဖြေဘူးလို့ သူထင်နေတာလား ? အစကတော့ သူ အပြစ်ရှိတယ်လို့ ခံစားမိပေမယ့် ခဏကြာတော့ ရွမ်ကျားက ဆင်ခြင်တုံ တရားမဲ့ပြီး မသိနားမလည်ဘူးလို့ သူ ထင်တယ်ပေါ့]

 

[ဟေး၊ ဘဒို၊  မင်း မှားတာကော မင်းသိရဲ့လား ? ရွမ်ကျားကိုကျ အေးစက်တဲ့ပုခုံးခဏမခဏပေးပြီး ဖုန်းမကိုင်တာကို နင် မေ့သွားပြီလား။]

 

[အမှန်ပဲ၊ အဝေးကလူရဲ့တိတ်ဆိတ်မှုက မျက်စိရှေ့မျာရှိတဲ့သူရဲ့ မျက်ရည်နဲ့တော့ မယှဉ်နိုင်ဘူး]

 

ထိုလူများအား လုံးလုံးမသိကြသော်လည်း ချင်မိသားစုဝင်များအားလုံး ဒေါသထွက်နေကြသည်။ တရားမျှတမှုကိုထိန်းသိမ်းရန်အတွက် ကီးဘုတ်စစ်သည်တော်များ သည် အွန်လိုင်းထက်ပစ်ခတ်ခြင်းအား နှစ်သက်ကြသည်မှာ အံ့ဩစရာမဟုတ်တော့ပ။၊ ၎င်းတို့ကိုသည်လည်း ပစ်ပစ်နှစ်နျသ်ကြမ်းကြမ်းတမ်းတမ်း ကျိန်ဆဲချင်လာကြသည်။

 

[Aaaaah!]

 

ရုတ်တရက် ကျီဖေး၏အတွင်းစိတ်ထဲ တုန်လှုပ်သွားပြီး ဒေါသကြောင့်အော်လိုက်သည်။

 

လူတိုင်း အသက်ရှုမဝတော့ပေ၊ ပိုဆိုးတာတစ်ခုခုရှိလာတာများလား ?

 

[ဒီအေးဂျင့်က ရှန်းဝမ်ယွဲ့ကို ရွမ်ကျားကိုအပြစ်တင်ကွာ ရှင်းပြီး ဝမ်ကျားနီနဲ့လက်ထပ်ဖို့အားပေးနေတယ်၊ အခုလိုပြောရတာကလည်း လက်ရှိအခြေအနေကို အဲ့လိုလုပ်မှကယ်တင်နိုင်မယ်ပေါ့လေ! ကိုယ် စကားကောကိုယ်ပြန်နားထောင်ကြည့်ရဲ့လား ? 'ကိုယ်ကျင့်တရားကင်းမဲ့ခြင်း' ဆိုတဲ့စကားလုံးကို နင့်နဖူးမှာ အလင်းပြတတ်တူးထိုးထားတာများလား ?]

 

လူတိုင်း- ဒီအေးဂျင့် ဘယ်လိုအလုပ်လုပ်လဲ ငါတို့မသိပေမယ့်၊ ဒီလူက တော်တော်သိက္ခာမရှိတာပဲ !!

 

ဝမ်ကျားနီ၏တိုက်ခန်း လသာဆောင်တွင်

 

အေးဂျင့်က "မင်း ဆုံးဖြတ်ချက်ချရမယ်၊ ကွာရှင်းလိုက်၊ ရွမ်ကျားကို အခု သူ့အမှားကိုဝန်ခံခိုင်းပြီး ကျားနီနဲ့ တရားဝင်လက်တွဲလိုက်၊ အခုအခြေအနေကို ကျော်ဖြတ်ဖို့ အဲ့ဒါက တစ်ခုတည်းသောနည်းလမ်းပဲ"

 

"ဟင့်အင်း!"

 

ရှန်းဝမ်ယွဲ့က "မင်း ရူးနေတာလား၊ သူက ငါ့မိန်းမ၊ သူ ကြောက်အောင်လို့သာ ကွာရှင်းမယ်လို့ပြောခဲ့တာ၊ သူ အမြဲပွစိပွစိပြောတာရပ်သွားအောင်လို့ပဲ၊ ငါ ဘယ်တုန်းကမှ  သူနဲ့ကွာရှင်းဖို့ မတွေးဖူးဘူး..."