Ch 69
Viewers 24k

🍉 Chapter 69

 

 

"မစ္စတာရှန်း၊ မစ္စဝမ်၊ ဒီကိစ္စ မင်း ငါတို့ကို ရှင်းပြဖို့လိုလိမ့်မယ်!" ထုတ်လုပ်သူ စိုးရိမ်တကြီးအော်ဟစ်ခဲ့သည်။

 

ကျီဖေးအာူ ဓားမြှောင်လိုမျက်လုံးများဖြင့် ထိပ်တိုက်တွေ့ခဲ့ကြသော ရှန်းဝမ်ယွဲ့နှင့် ပြိုကွဲပျက်စီးလွယ်သည်ဟု ဟန်ဆောင်နေသော ဝမ်ကျားနီ တို့နှစ်ဦးစလုံးသည် ထိုစကားကြောင့် အေးခဲသွားကြသည်။

 

မိတ်ကပ်ခန်းတစ်ခုလုံး တင်းမာသွားသည်ကို သူတို့သိလိုက်ပုံရသည်။

 

လူတိုင်းသည် ရှက်ရွံ့သောအမူအရာကိုဝတ်ဆင်ကြပြီး ဖုန်းများကိုကြည့်ကာ ထူးဆန်းသောအကြည့်များဖြင့် ကြည့်လာကြသည်။

 

ထိုအကြည့်ထဲ အမျိုးမျိုးသော စိတ်ခံစားမှုတွေပါ၀င်ပါသည် - တချို့က စကားပြောချင်သော်လည်း ထိန်းထားရသလို တစ်ချို့ကလှောင်ပြောင်သရော်ချင်ကြပြီး တချို့ကတော့ အရိုအသေမဲ့မှုများနှင့်ပြည့်နှက်နေသည်။

 

အခု ဘာဖြစ်တာလဲ ? အွန်လိုင်းမှာ တစ်ခုခုဖြစ်သွားတာလား ?

 

ကျီဖေး နှိုးဆော်ခဲ့သည့်ပြဿနာမှာ ပေါက်ကြားခဲ့သည်ကို သူတို့သိထားသော်လည်း သက်သေမရှိသဖြင့် ၎င်းတို့ပရိသတ်များ၏ငြင်းဆိုမှုကြောင့် ပပျောက်သွားသင့်သည်။

 

"ဘာဖြစ်တာလဲ ?" ရှန်းဝမ်ယွဲ့ မေးလိုက်သည်။

 

မန်နေဂျာသည် ထိတ်လန့်တုန်လှုပ်သောအကြည့်ကိုပြန်သိမ်းလိုက်ပြီး ရှန်းဝမ်ယွဲ့၏ဖုန်းကိုပြတော့မည်ဖြစ်သော် လည်း သူ့လက်သည် တုန်ရီနေသည်။ ဤကိစ္စရပ်တစ်ခုလုံးတွင် အစမှအဆုံးထိ လိမ်ညာခဲ့သူမှာ ဝမ်ကျားနီဖြစ်မည်ဟု သူ တကယ်မထင်ထားခဲ့ပေ။

 

၎င်းတို့ သရုပ်ဆောင်ခြင်းမပြုမီတွင် သိပ်အသုံးမပြု လေ့ရှိသော ပရိုဂျက်တာမှာ မိတ်ကပ်ခန်းအတွင်းရုတ်တ ရက်လင်းလာသည်။

 

ရှန်းဝမ်ယွဲ့နှင့် ဝမ်ကျားနီတို့ စိတ်ရှုပ်ထွေးနေကြဆဲ အသံတစ်ခုရုတ်တရက်ထွက်ပေါ်လာသည်။

 

"ဒီလောက်စျေးကြီးတာ ရွမ်ကျားကျဲ တတ်နိုင်လို့လား"

 

ရင်းနှီးသောအသံနှင့် ဖော်ပြထားသောအမည်သည် ရှန်းဝမ်ယွဲ့၏ခေါင်းအား တချက်ယမ်းသွားစေခဲ့သည်။

 

ကြီးမားသော အဖြူအမည်းမျက်နှာပြင်ပေါ်တွင် လည် ပင်းအောက်မှ ကိန်းဂဏာန်းများကိုမြင်နေရပြီး ဖောက် သည် အမျိုးသမီးနှစ်ဦး မျက်နှာချင်းဆိုင်ရပ်နေခဲ့ကြသည်။

 

၎င်းတို့ထဲမှတစ်ယောက်သည် အရမ်းဆွဲဆောင်မှုရှိပုံရပြီး ဝမ်ကျားနီဓာတ်ပုံရိုက်ကာ ထို့နေ့ သူ့အားပေးပို့လာသည့် တူညီသည့်ဝတ်စုံကို ဝတ်ဆင်ထားသည်။

 

ရှန်းဝမ်ယွဲ့သည် ရွမ်ကျား၏ရုပ်ပုံနှင့် ဝမ်ကျားနီ၏ ဆန့် ကျင်ဘက်အဝတ်အစားများကြောင့် ချက်ခြင်းမခွဲခြားနိုင်ပေ။ ပိန်လွန်းပြီး သူမ၏အဝတ်အစားများမှာ အလွန်ချောင်နေပုံရသည်။ black Card နှင့် စပီကာမှထွက်လာသောအသံကြောင့်သာ သူ့အားခွဲခြားနိုင်ခြင်းပင်။

 

ရွမ်ကျား၏ရှက်ရွံ့မှုကိုကြည့်ရင်း ဖုန်းခေါ်ဖို့ကြိုးစားတာကိုကြည့်ကာ နောက်ဆုံးမှာ ဝမ်ကျားနီ သူ့အပိုကတ်အား ထုတ်ယူလိုက်သည်ကို တွေ့လိုက်ရသည်... ပြီးနောက် ပါးရိုက်လိုက်သည်...

 

"မဟုတ်ဘူး !" ဝမ်ကျားနီသည် နောက်ဆုံး ထိန်းမနိုင်သိမ်းမရအော်ဟစ်ကာ သူမ၏နူးညံ့သိမ်မွေ့သော၊ လှပပြီး သနားစရာကောင်းသောပုံရိပ်အား ထိန်းသိမ်းရန် မေ့လျော့သွားကာ သူ့ စိတ်ထဲဗလာကျင်းသွားခဲ့သည်။

 

"ပိတ်လိုက်၊ ပိတ်လိုက်၊ ဘယ်သူ လုပ်တာလဲ၊ ပိတ်လိုက်"

 

ချင်ကျောက်သည် ဝမ်ကျားနီ၏လူရွှင်တော်အပြုအမူကို ကြည့်ကာ ဖုန်းကိုတိတ်တဆိတ်ဖယ်ထုတ်လိုက်သည်။

 

ကျီဖေးက "ငါတို့သာ သူတို့ကို လူသိရှင်ကြားထုတ်ပြနိုင်ရင်" ဟု ကျီဖေး ရုတ်တရက်စောဒကတက်ခဲ့သဖြင့် ချင်ကျောက် ဒီနည်းသုံးဖို့စိတ်ကူးရခဲ့သည်။

 

ဘယ်သူက ဝမ်ကျားနီကို ဒီလို စက်ဆုပ်စရာတွေလုပ်ပြီး ကျီဖေးကိုရွှံ့နဲ့ပစ် ငြင်းဖို့ကြိုးစားခိုင်းလို့လဲ ? ချင်မိသား စုသည် မိမိကိုယ်ကိုကာကွယ်ရာတွင် နာမည်ကြီးသည်။

 

တစ်စုံတစ်ယောက်သည် ဝမ်ကျားနီ၏ဆူညံသံကိုမခံနိုင်တော့သဖြင့် ဖြတ်ပြောလာသည်။

 

"အိုး မစ္စဝမ်၊ ထိတ်လန့်နေလို့လဲအပိုပဲ၊ ဒီဗီဒီယိုက အင်တာနက်တစ်ခုလုံးပျံ့နှံ့နေပြီ၊ လူတိုင်း မြင်ပြီးလောက်ပြီထင်တာပဲ။"

 

ဤစကားများသည် ဝမ်ကျားနီ၏ခြေထောက်များကို လွတ်ထွက်သွားစေကာ မိုးကြိုးထိသကဲ့သို့ မြေပေါ်သို့လဲကျသွားသည်။

 

ဤအခိုက်အတန့်တွင်၊ ရှန်းဝမ်ယွဲ့သည် ဗီဒီယိုအားဆက် လက်ကြည့်နေချိန် သူ့အသက်ကိုဆုံးရှုံးသွားပုံရသည်။

 

ကျီဖေးသည် လူသိရှင်ကြားထုတ်ပြခံရလိမ့်မည်ဟုမထင်ထားခဲ့သဖြင့် သူမ ဟားတိုက်ချင်စိတ်ကို မထိန်းထားနိုင်လုနီးပါးပင်။

 

[အခုအချိန်က သူ့ကို ကန်ထုတ်ရမယ့်အချိန်ပဲ၊ ငါ လုပ်တာကိုကြည့်]

 

သူ ရှေ့ကိုလှမ်းပြီး ဝမ်ကျားနီအား "မစ္စဝမ်၊ ရှင်အခုကော သက်သေပြီး အပြစ်ကင်းကြောင်းသက်သေပြဖို့လိုသေးလား ?"

 

ဝမ်ကျားနီ၏အမူအရာအေးခဲသွားပြီး ကျီဖေးအားဖြင့် ကြည့်နေမိသည်။ ကျီဖေး မျက်တောင်ခတ်လိုက်ပြီး

 

"ကျမ ပြောချင်တာက၊ ပရော်ဖက်ရှင်နယ် လေ့ကျင့်ထားသူပီပီ မျှော်လင့်ထားသလိုပါပဲ၊ ကျမ ဒီ Show ကိုလာတာ အများကြီးပညာရသွားတယ် "

 

ဝမ်ကျားနီ၏အမူအရာသည် ချက်ချင်းပင်တွန့်လိမ်သွားကာ သူ့မျက်နှာသည် စိတ်ခံစားမှုများကြောင့်မတည်မငြိမ်ဖြစ်နေသည်။

 

ဒါကိုကြားတော့ တခြားသူများရယ်ချင်သော်လည်း အောက့်လိုက်ကြရသည်။ အားလုံး ဝမ်ကျားနီ အစောပိုင်းသရုပ်‌ဆောင်မှုကိုသတိရပြီး လန့်ဖျပ်သွားကြသည်။

 

ဟုတ်ပါ့၊ ကျွမ်းကျင်စွာလေ့ကျင့်ထားတဲ့ အနုပညာရှင်တစ်ယောက်လို့မပြောရဘူး သရုပ်ဆောင်မှုစွမ်းရည်က   တော့ တကယ့်ကို ပရော်ဖက်ရှင်နယ်ပဲ။

 

Show မစခင်မှာ သရုပ်ဆောင်သင်တန်းတက်ပြီးပြီလို့  ဘယ်သူက ခန့်မှန်းထားနိုင်မှာလဲ ??

 

ကျီဖေးလှည့်ကြည့်လိုက်ကာ ရှန်းဝမ်ယွဲ့အားပြုံးပြလိုက်သည်။

 

"နောက်တစ်ခုရှိသေးတယ်။ သူခိုးကို ချက်ချင်းမိသလို၊ ချိုးဖောက်နေတဲ့သူကိုပါ လုပ်နေချိန်မှာမိလိုက်သလိုပဲ မင်းလည်း မလွတ်မြောက်နိုင်ပါဘူး"

 

"အဲ့ဒါက မစ္စတာရှန်း ဘာကိုဆိုလိုတာလဲ ?

 

ရှန်းဝမ်ယွဲ့သည် ပြီးခါလုနီးပါး Screen အားကြည့်ရင်း ကျီဖေးဘက်မှပြောလာသဖြင့် ကျီဖေးအားလှည့်ကြည့်ကာ "ကျားနီ သူ့အပေါ် ဘယ်တုန်းကမှ မလေးစားတာမျိုးမရှိဘူး... ဟမ်..."

 

ရှန်းဝမ်ယွဲ့မျက်နှာသည် တစ်လက်မချင်းအရောင်ပြောင်းသွားသည်။

 

အဆိုပါဗီဒီယိုထဲ အသွင်သဏ္ဌန်နှစ်ခုကြားမှ ရွမ်ကျားဖြတ်သွားသည့် အပိုင်းကိုပြသထားခြင်းဖြစ်သည်။

 

ကျီဖေးသည် သူတို့ထဲက တစ်ယောက်အားတိုက်ရိုက် လက်ညှိုးထိုးပြလိုက်ပြီး "ဒါ ကျမပဲ၊ ရှင့်ဇနီး ကျမကို ဘာစကားတစ်ခွန်းမှ မပြောသွားဘူးဆိုတော့..."

 

ရှန်းဝမ်ယွဲ့၏ခန္ဓာကိုယ်သည် ယိမ်းယိုင်သွားသည်။ ထို့ ကြောင့် သူတို့သည် တစ်ယောက်နှင့် တစ်ယောက် မသိခဲ့သလို လှုံ့ဆော်မှုလည်းမရှိခဲ့ချေ။ အရာအားလုံး တိုက် ဆိုင်မှုတစ်ခုမျှသာဖြစ်သည်။

 

ကျီဖေး တောက်ပစွာပြုံးလိုက်ပြီး "ဒါဆို ကောလဟာလ ဖြန့်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျမဘက်က အဆုံးထိသွားမှာပါ၊ ရှင့်ဘက်က မတောင်းပန်သရွေ့ပေါ့"

 

ကျီဖေးသည် ရှန်းဝမ်ယွဲ့နှင့် ဝမ်ကျားနီတို့၏စွပ်စွဲချက်အားလုံးပြန်ချေပလိုက်သည်။

 

"မစ္စတာရှန်း အခု အမှန်တရားကိုသိသွားပြီဆိုတော့၊ ပုဂ္ဂိုလ်ရေးဆက်ဆံရေးထက် တရားမျှတမှုတဲ့ဘက်ကနေ ရပ်တည်နိုင်မယ်လို့ ယုံကြည်ပါတယ်!"

 

ထိုအချိန် လူတိုင်း ၎င်းတို့၏ရယ်မောချင်စိတ်အားမထိန်းနိုင်တော့ပေ။

 

ဘယ်လိုပြုမူရမှန်း မသိလို့မဟုတ်ဘူး၊ အဲ့ဒါကိုထိန်းထားဖို့ဆိုတာ လုံးဝမဖြစ်နိုင်တော့လို့ပဲ။

 

၎င်းတို့၏မန်နေဂျာ မျက်နှာမှာဖြူဖျော့လာသည်။အစော ပိုင်းမောက်မာစွာဝင်လာခဲ့ကြပေမယ့် ယခုအခါအခြေ အနေကိုဖြေလျှော့ဖို့ ရှေ့ကိုလှမ်းလိုက်ချင်သော်လည်း ကြောက်ရွံ့တုန်လှုပ်နေကြပြီဖြစ်သည်။

 

"မစ္စကျီ၊ ဒါတွေအားလုံးက နားလည်မှုလွဲနေတာ၊ ဒါကို  ငါတို့ ကောင်းကောင်းကိုင်တွယ်နိုင်ပါတယ်"

 

ကောင်းဟောင် ချက်ချင်းခေါင်းမော့လာပြီး "မဟုတ် သေးဘူး၊ ငါတို့ဘက်က မင်းတို့တောင်းပန်တာလိုတယ်။ အွန်လိုင်းမှာသာ ရုတ်တရက်မပေါက်ကြားခဲ့ဘူးရင် ငါတို့ မစ္စကျီက သေလောက်အောင် မတရားစွပ်စွဲခံရလိမ့်မယ်။" 

 

မန်နေဂျာသည် ရှန်းဝမ်ယွဲ့အား အလျင်အမြန်တွန်းလိုက်သည်။

 

သို့သော် ရှန်းဝမ်ယွဲ့၏အမူအရာမှာ ကွဲအက်နေပြီဖြစ်ပြီး၊ လူအုပ်၏လှောင်ပြောင်မှုကိုဂရုမစိုက်နိုင်သလို အခြားမည်သည့်အရာကိုမျှဂရုမစိုက်‌နိုင်တော့ပေ။

 

သူ ဝမ်ကျားနီအားမယုံကြည်နိုင်စွာ ငုံ့ကြည့်ရင်း၊ ဒီတစ်ကြိမ် သူ့အား သနားကြင်နာစွာကူညီပေးခြင်းမဟုတ်သော်လည်း တုန်တုန်ယင်ယင်အသံဖြင့် "ဘာတွေဖြစ်နေတာလဲ ? မင်း ငါ့ကို လိမ်ထားတာလား ?"

 

ဝမ်ကျားနီ ခေါင်းမထောင်ရဲတော့ချေ။ ထိုကဲ့သို့သော သက်သေအထောက်အထားများဖြင့် သူမ တုန်တုန်ယင် ယင်မဖြစ်ဘဲမနေနိုင်တော့ပေ၊ ရှိုက်ကြီးတငင်ငင်ဖြင့်သာ ငိုနေတော့လေသည်။

 

"ပြော၊ မင်း ဘာလို့ လိမ်ခဲ့တာလဲ!" ရှန်းဝမ်ယွဲ့ ရုတ်တ ရက် ဒေါသထွက်သွားသည်။

 

ဇနီးသည်အား မှားယွင်းစွာစွပ်စွဲမိခြင်းအတွက် နောင်တ ရနေခြင်းလား သို့မဟုတ် လှည့်စားခဲ့သူအား တရားမျှတစွာခုခံကာကွယ်ခဲ့ခြင်းအတွက် ရှက်ရွံ့ဒေါသဖြစ်မိခြင်းကြောင့်ပေလား မရှင်းလင်းချေ။

 

"မဟုတ်ဘူး စီနီယာ၊ အဲ့လို မဟုတ်ဘူး... ညီမ မလုပ်ချင်ခဲ့ပါဘူး ညီမ..."

 

ထွက်လမ်းမရှိမှန်းသိသဖြင့် ဝမ်ကျားနီ ရုတ်တရက် မျက်ရည်များဝဲလာပြီး ပြေးထွက်သွားတော့သည်။

 

ဝမ်ကျားနီ၏လက်ထောက်နှင့် အခြားဝန်ထမ်းများသည် သူမနောက်လိုက်ကာ ထိုအခြေအနေမှ ရုန်းထွက်လိုက်ကြသည်။ ရှန်းဝမ်ယွဲ့သည် အခင်းဖြစ်နေရာတွင် အမြစ်တွယ်နေဆဲဖြစ်ပြီး၊ သူ့တစ်ကိုယ်လုံး ဒေါသကြောင့် တုန်တုန်ယင်ယင်ဖြစ်နေသော်လည်း၊ ဤအဖြစ်မှန်အား မယုံနိုင်သည့်နှယ် သူ့မျက်နှာသည် တုန်လှုပ်ချောက်ချားမှုများနှင့်ပြည့်နှက်နေသည်။

 

သို့သော် မန်နေဂျာသည် ပူနွေးသောဒယ်အိုးပေါ်မှ ပုရွက် ဆိတ်ကဲ့သို့ကြောက်ရွံ့နေလေပြီ။

 

 

 

 

 

 

 

ရုပ်ရှင်ဧကရာဇ်၏အိမ်တွင်းရေးကိစ္စများ Weibo ထက် Hot ဖြစ်နေခဲ့သည်။ အင်တာနက်အသုံးပြုသူများသည် ဗီဒီယိုအား အတိုချုံ့အဖြစ်ပြောင်းလိုက်ကြရာ Short vedio သည် နာရီဝက်အတွင်း တောမီးကဲ့သို့ပျံ့နှံ့သွားပြီး ရေဘဝဲလက်တံကဲ့သို့ပြောင်းလဲကာ အသင့်စောင့်ဆိုင်းနေသော PR အဖွဲ့ပင် အချိန်မီကြားဖြတ်မတားဆီးနိုင်ခဲ့ကြပေ။

 

ရှန်းဝမ်ယွဲ့၏ အသက်မွေးဝမ်းကျောင်းတစ်လျှောက် ဤအရာသည် အကြီးမားဆုံးအကျပ်အတည်းဖြစ်ကြောင်း သူ သိသည်။ နောက်ဆုံးပြဿနာသည် ဗီဒီယိုကြောင့်မဟုတ်ဘဲ အကျင့်စာရိတ္တအပိုင်းဖြစ်လာသည်။ ဒါရိုက် တာနှင့် ထုတ်လုပ်သူတို့သည် ၎င်းတို့၏ဖြေရှင်းချက်အား ဆာလောင်မွတ်သိပ်စွာစောင့်နေခဲ့ကြသည်။

 

“Youth Comeback” အဖွဲ့သည် "My Acting, Cut!" Show အစီအစဉ်အတွက် လူကြည့်အများချင်ဆုံးအဖွဲ့အဖြစ်ခန့်မှန်းလို့ရသည်။ အကယ်၍ တစ်ခုခုမှားယွင်းသွားပါက Show အတွက် ကြည့်ရှုသူ‌တွေအများကြီးရလာနိုင်သော်လည်း ထုတ်လုပ်ရေးအဖွဲ့အား အငြင်းပွားမှုထဲရောက်သွားစေနိုင်သည်။ အမှန်မှာ ၎င်းတို့သည်  “film emperor” မှ သူ့ယခင်တွဲဖက်အားလက်တွဲခေါ်ပေးခြင်းနှင့် (CP) အားပြန်လည်ထူထောင်ရန် ကူညီနေခြင်းဆိုသည့် အမည်အောက်ဝယ်လုပ်ဆောင်နေကြခြင်းပင်။

 

အွန်လိုင်းထက် ဇနီးအားအနိုင်ကျင့်ကာ လျှို့ဝှက်ချစ်သူအားကူညီပေးခြင်းဆိုသည့် စွပ်စွဲမှုတွေလည်းရှိလာခဲ့သည်။

 

ထို့ကြောင့် ဒါရိုက်တာနှင့် ထုတ်လုပ်သူတို့ အရမ်းစိတ်လှုပ်ရှားနေခြင်းဖြစ်ပြီး တန်ပြန်အစီအမံများကိုချက် ချင်းလုပ်ဆောင်ရန်လိုအပ်သည်။