Ch 68
Viewers 24k

🍉 Chapter 68

 

 

ရှန်းဝမ်ယွဲ့သည် အချို့သောကိစ္စရပ်များအတွက်လိပ်ပြာ သန့်သန့်ရှိသည်ဟုခံစားမိသောကြောင့် ၎င်းတို့အား မလိမ်ညာခဲ့ပေ။ သို့သော် သင်အပြစ်ကင်းသည်ဟု ခံစားရသော်လည်း တစ်စုံတစ်ခု ထပ်ခါထပ်ခါပေါ်လာသော အခါ၊ ပတ်ဝန်းကျင်မှ လူများ၏အကြည့်များသည် သင့်မျက်နှာအား ရှုံ့တွသွားစေနိုင်သည်။

 

"အဲဒါက ငါ ပြောချင်တာ မဟုတ်ဘူး၊ ငါဆိုလိုတာ..."

 

ရှန်းဝမ်ယွဲ့ ရုတ်တရက် စကားစပျက်သွားသည်။

 

ကျီဖေး သူ့အား ပြောဖို့အခွင့်အရေးမပေးခဲ့ချေ။

 

"အဲ့လို မဟုတ်ဘူးလား ? ဒါ... ဒါဆိုအကုန်အမှန်လား  ? တကယ်တော့ အဲဒီနေ့ ရှင့်မိန်းမနဲ့ မစ်ဝမ် ငြင်းခုံနေတာ ဟုတ်၊ မဟုတ်တော့ ကျမလည်း သေချာမသိဘူး။ ဒါပေမယ့် အခု..."

 

မပြီးဆုံးသေးသော စာကြောင်းများသည် အတွဲလိုက်ပါရှိသည်။

 

ရှန်းဝမ်ယွဲ့ မည်သို့တုံ့ပြန်ရမည်ကို မသေချာတော့ပေ။ "အဲ့ဒါတွေအားလုံးအတွက် အကြောင်းပြချက်ရှိတယ်၊ သူ အမှားလုပ်ထားလို့ပဲ..."

 

"သူ ဘာအမှား လုပ်မိလို့လဲ"

 

ဝမ်ကျားနီသည် ရှန်းဝမ်ယွဲ့ အားလုံးကိုထုတ်ပြောမိမည်ကိုစိုးရိမ်နေမိသည်။ အလွန်အကျွံပြောခြင်းသည် ပိုဆိုးသွားစေမည်ကိုသိကာ အပြစ်ရှိသလိုခံစားရသည်။ ရှန်းဝမ်ယွဲ့ရဲ့အကျင့်ကိုနားလည်သဖြင့် သူ ကိုယ်တိုင်ခြေ လှမ်းဖို့ ဆုံးဖြတ်လိုက်သည်။

 

"စကားလမ်းကြောင်းလွှဲနေတာ ရပ်လိုက်။ အခုငါတို့ ပြောနေတာ အဝတ်စားလုတဲ့ကိစ္စနဲ့ နင် ငါ့အကြောင်း ကောလဟာလဖြန့်နေတာကိုပဲ၊ အဲ့လိုမျိုးတစ်ခါမှ မဖြစ်ဖူးဘူး။ တစ်ယောက်ယောက်က နင့်ကို ဒီလိုပြောလိုက်တာ မဟုတ်ဘူးလား ?"

 

ဤထုတ်ပြန်ချက်သည် အဆသ်မပြေသောလေထုထဲ ချောင်းဆိုးခြင်းများ ချက်ချင်းဖြစ်လာစေသည်။

 

ဝမ်ကျားနီအံ့အားသင့်သွားပြီး ချီတုံချတုံဖြင့်ခေါင်း လှည့်လိုက်သည်။

 

မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်သေးဘူး၊ တရားဝင်ဇနီးနဲ့ လျှို့ဝှက်ချစ်သူအကြောင်း အတင်းအဖျင်းပြောနေတာက အဝတ်စားကိစ္စနဲ့ပတ်သက်ပြီးပြောနေတာဆိုတော့ ဒါ တိတ်တဆိတ်ဝန်ခံလိုက်သလိုပဲ။

 

အဓိကအချက်မှာ မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ အကောင်းဆုံးမင်းသားရှန်းသည် လျှို့ဝှက်ထားသောဇနီးအား နှိပ်စက်ညှဉ်းပန်းပြီး အခြားအမျိုးသမီးဘက်မှခုခံကာကွယ်ခဲ့သည်။ အခု သူ ဒီမှာ တခြားသူတွေကိုပြန် မေးခွန်းထုတ်နေပြန်သည်။ နင်တို့နှစ်ယောက် တကယ်  ပဲအပြစ်မရှိကြဘူးလား?

 

ဝမ်ကျားနီ ရုတ်တရက်အရှက်ကွဲသွားပြီး တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။

 

ရှန်းဝမ်ယွဲ့ပင်လျှင် ပတ်ဝန်းကျင်ရှိလူတိုင်း၏ကဲ့ရဲ့ရှုတ် ချမှုကို ခံစားနိုင်သည်။

 

ဒါပေမယ့် ဘာကြောင့်လဲဆိုတာ သူနားမလည်ဘူး၊ သူ ဘာအမှားမှ မလုပ်ခဲ့မိဘူး...

 

(T/N : ဆက်ကန်းနေလိုက်ပါ နင့်မိန်းမကို ဘယ်တော့မှ ပြန်လိုက်လို့မရပါစေနဲ့)

 

သူတို့ မတုံ့ပြန်ခင်မှာပင် ကျီဖေး မျက်မှောင်ကြုတ်ကာ "ဘာလဲ၊ နင်ပြောတာက တစ်ခါမှမဖြစ်ဖူးဘူးပေါ့ တစ်စုံ တစ်ယောက်က ငါ့ကို ပြောခိုင်းလိုက်တယ်‌ဆိုတာလား ? ဘယ်သူကလဲ ? အော် အဲ့တရားဝင်ဇနီးက ငါ့ကို နင့်ကိုခုလိုလုပ်ဖို့ညွှန်ကြားခဲ့တာလို့ ပြောချင်နေတာလား။"

 

အန္တရာယ်ကိုအာရုံခံမိပြီး အေးဂျင့်က "ဟုတ်တယ်၊ သူက မင်းကို သိတယ်လို့ဝန်ခံခဲ့တယ်!"

 

"ကျမက နာမည်ကြီးတစ်ယောက်လေ၊ သူ့ခင်ပွန်းနဲ့ အတူ တူရှိုးရိုက်နေတာ၊ သူ ကျမကို သိနေတာ ပုံမှန်မဟုတ်ဘူးလား ? " ကျီဖေး မယုံကြည်နိုင်စွာမေးလိုက်သည်။

 

"သူ ကျမကို လုပ်ခိုင်းထားတာလားလို့ မေးနေတာလား"

 

ထိုမေးခွန်းသည် သူတို့သုံးယောက်အားနှုတ်ဆိတ်သွား စေပြန်သည်။

 

"ဘယ်သူက ဒီလိုကိစ္စကို ဝန်ခံမှာလဲ !" ဝမ်ကျားနီ ချက် ချင်းပြန်ပက်လာသည်။

 

ကျီဖေး ဝမ်ကျားနီအားလှောင်ပြောင်ပြီး "နင်က လိမ်ဖို့လွယ်တာဘဲ။ မစ္စတာရှန်း၊ ကျမ လိမ်နေတာမဟုတ်ဘူး၊  ဒီတော့ ရှင် ဘယ်သူ့ကိုယုံမလဲ ? ကျမကိုလား သူ့ကိုလား "

 

ကျီဖေး ရုတ်တရက် ပေါက်ကွဲသံသည် လူတိုင်းအားတခဏအတွင်း စိတ်ရှုပ်ထွေးစေခဲ့သည်။

 

ဝမ်ကျားနီ  ခဏမျှအံ့အားသင့်သွားပြီး ဖြစ်ပျက်နေသည်ကိုသိသွားသောအခါ အကျယ်ကြီးအော်ရယ်လိုက်သည်။

 

ရှန်းဝမ်ယွဲ့လည်း ကျီဖေးအားထိတ်လန့်တကြားကြည့်ရင်းလာသည်။ သူစိမ်းတစ်ယောက်ဖြစ်တဲ့ မင်းကို ငါ့ဂျုနီယာထက် ယုံဖို့မျှော်လင့်နေတာလား ၊ ငါ မင်းကို ဘယ် လောက်ထိ သိလို့လဲ ?

 

အားလုံးက မစ်ကျီဖေးရေ အမှန်တရားဘယ်လိုပဲဖြစ်ဖြစ် မင်းတို့ရဲ့ဆက်ဆံရေးကိုပဲကြည့်ဦး ဘယ်လိုဖြစ်ပြီး သူက မင်းကိုယုံမှာလဲ ? ဤငြင်းဆိုချက်သည် အလွန်လိမ္မာပါးနပ်မှုမရှိပေ။ မြန်မြန်လေး အခြားတစ်ခုခုစမ်းကြည့်၊ မင်း မဆုံးရှုံးစေနဲ့။

 

မထင်မှတ်ပဲ ကျီဖေး၏နောက်ထပ်လှုပ်ရှားမှုသည် ဝမ်းနည်းသည့်မျက်နှာဖြင့်

 

"ဟုတ်သား၊ ကျမမေးသင့်ဘူး။ မစ္စတာရှန်းက သူ့မိန်းမကိုတောင်မယုံတာ၊ ဒီတော့ သူနဲ့ အခုမှတွေ့ဖူးတဲ့လူကို ဘာလို့ယုံရမှာလဲ"

 

ဤဖော်ပြချက်သည် ရှန်းဝမ်ယွဲ့၏မျက်နှာအားချက်ချင်းအေးခဲသွားစေသည်။

 

လူတိုင်း : ဟင် ?

 

"မစ်ဝမ်က တကယ်အထင်ကြီးစရာပဲ၊ သက်သေပြစရာ မလိုဘဲနဲ့ စကားလုံးအနည်းငယ်နဲ့ မစ္စတာရှန်းဆီကအကြွင်းမဲ့ယုံကြည်မှုရရှိနိုင်တယ်။ ကျမနဲ့မတူဘူး။ ဘယ်သူက သက်သေမရှိဘဲ ယုံကြမလဲနော်"

 

ဝမ်ကျားနီ တစ်ခုခုပြောချင်သော်လည်း ဘယ်လိုစရမှန်း မသိဖြစ်နေသည်။ သူ့မျက်နှာ တဖြည်းဖြည်းဖြူဖျော့လာသည်။

 

လူတိုင်း: အိုး ?!

 

"ကျမ မကျေနပ်ဘူး၊ ဘာပဲဖြစ်ဖြစ်ပါ မစ္စတာရှန်းရဲ့ဇနီး စွပ်စွဲခံရတုန်းကလည်း သူ့မှာသက်သေပြဖို့ အခွင့်အရေး တောင်မရခဲ့ဘူး။ မစ်ဝမ်ကို အနိုင်ကျင့်ဖို့တစ်ယောက် ယောက်ကိုရှာတယ်လို့တောင် စွပ်စွဲခံလိုက်ရသေးတယ်။ တကယ်ပဲ... အဲ့လိုဆိုတော့လည်း ကျမက သူ့လောက်မဆိုးသေးဘူးပဲ၊ အခုမှ ကျမ စိတ်ထဲပိုနေလို့ကောင်းသွား တော့တယ်။"

 

အေးဂျင့်ဖြစ်သူမှာ စကားပင်ဝင်မပြောနိုင်တော့ချေ။

 

လူတိုင်း- ဝိုး! အထင်ကြီးစရာပဲ! ချက်ကောင်းထိအောင်ပြောချလိုက်တာပဲ !!

 

မိတ်ကပ်ခန်းအတွင်း အပူချိန်များမြင့်တက်လာပြီးအချို့ သောလူများသည် စိုးရိမ်ထိတ်လန့်မှုနှင့် ရှက်ရွံ့မှုကိုခံစားလာရသည်။

 

သို့သော် ဝမ်ကျားနီသည် သူမ၏အင်္ကျီလက်ကိုကိုင်ထားဆဲဖြစ်ပြီး ရုတ်တရက် သူမ မျက်ရည်တွေကျလာကာ ငိုရှိုက်ပြီးတောင်းပန်လိုက်သည်။

 

"ကျမ အခုနားလည်သွားပြီ၊ ရှင်က ယောင်းမဘက်ကနေ ကျမကို ပစ်မှတ်ထားနေတာဘာကြောင့်လဲ ? ဒါပေမယ့် ကျမနဲ့ စီနီယာရဲ့ဆက်ဆံရေးက တကယ်အပြစ်ကင်းတယ်၊ သူ ကျမတို့ကို မတရားစွပ်စွဲနေတာ။ ရှင်တို့ယုံ အောင် ကျမကို ဘာလုပ်ပေးစေချင်လဲ။ ကျမကို သေစေချင်တာလား"

 

ဒီစကားသည် လူတိုင်းကအား နည်းနည်းတော့လန့်သွား စေသည်။ သူတို့ ဒရာမာအတွက် ဒီမှာရှိနေကြတာလေ၊ ဒါက ဘယ်လိုလုပ် အဲ့အခြေအနေထိဖြစ်ကုန်တာလဲ။

 

ရှန်းဝမ်ယွဲ့ ချက်ချင်းဆိုသလို အဖြစ်မှန်ကိုပြန်ပြောလိုက်သည်။ ဝမ်ကျားနီထံ မိမိကိုယ်ကို ထိခိုက်နာကျင်စေမှုနှင့် စိတ်ကျန်းမာရေးဆိုင်ရာပြဿနာများရှိခဲ့ဖူးပြီး မကြာသေးမီကမှ သူမ ကုသမှုဖြင့်ကျော်လွှားနိုင်ခဲ့သည်။ အကယ်၍ သူ မှားယွင်းစွာ စွပ်စွဲခံရခြင်းမရှိပါက၊ သူမသည် အဘယ်ကြောင့် ထိုကဲ့သို့စိတ်လှုပ်ရှားမှုအားထပ်မံခံစားနိုင်မည်နည်း။

 

"လုံလောက်ပြီ၊ မင်း ရွမ်ကျားကို ခုလိုခုခံကာကွယ်နေပြီး မင်း သူ့ကို မသိဘူးလို့ပြောနေတုန်းပဲ!"

 

ရှန်းဝမ်ယွဲ့ ယခင်သံသယများအားလုံးကို လုံးဝလျစ်လျူ ရှုခဲ့ပြီး ဝမ်ကျားနီ အားအသည်းအသန်ကာကွယ်ခဲ့သည်။

 

"ကျားနီကို အခြေအမြစ်မရှိတဲ့စွပ်စွဲမှုတွေ ဆက်လုပ်နေရင် တရားမျှတမှုအတွက် ရွမ်ကျားနဲ့ဆက်ပြီးလက်တွဲမှာမဟုတ်ဘူးလို့ ငါ သူ့ကို သတိပေးထားပြီးသား!"

 

[မိသားစု‌ကို‌ကျော်ပြီး တရားမျှတမှုဘက်မှာ ရပ်တည်နေ‌ချင်‌ သေးတယ်ပေါ့ ? လာစမ်းပါ၊ အဲ့စကားကို ဘယ် လိုရေးရမှန်းတောင် သိလို့လား ? အမှားကို အမှန်ဖြစ် အောင်ပြောင်ပြောင်တင်းတင်းပြောတဲ့လူမျိုး တစ်ခါမှမတွေ့ဖူး‌သေးဘူး။ ပြဿနာက အခုထိ သူမှန်တယ် ဇွတ်ထင်နေတာပဲ]

 

ကျီဖေး၏အတွင်းစိတ်အတွေးများကြောင့် အမှန်တရား တစ်ခုလုံးကိုသိလိုက်ရသော ချင်ကျောက် အလွန်ထိတ် လန့်သွားကာ "မစ္စတာရှန်း၊ မင်းဘက်က နောက်ပြန်မဆုတ်‌တော့ဘူးလား"

 

ဒီလို မရည်ရွယ်ဘဲ ပုတ်ခတ်ပြောဆိုမှုကပိုလို့ပင်ပြင်း ထန်လာစေသည်။

 

လူတိုင်းအားချောင်းဆိုးစေကာ ချင်ကျောက်အားလျှို့ဝှက်စွာလက်မကြိးကြီးပေးလိုက်ကြသည်။

 

မျက်နှာကိုကယ်ဖို့ပဲဖြစ်ဖြစ် သူ့ကိုယ်သူ မှန်ကန်ကြောင်း ယုံကြည်ဖို့ပဲဖြစ်ဖြစ် ရှန်းဝမ်ယွဲ့က

 

“ဒါ ဝမ်ကျားနီ ကို ငါ့မိန်းမ ဘာလုပ်ခဲ့မှန်းမသိလို့ပဲ။ သူ  ကြောက်လန့်ပြီး ငါ့ကိုမယုံသလို ကျားနီကို အမြဲပြဿနာ ရှာဖို့ကြိုးစားနေတယ်။ ကျားနီ သူ့ကို ဘယ်တုန်းကမှ မထီမဲ့မြင်မပြုခဲ့ဘူး။"

 

ဒါကို အစက သူ ထုတိမပြောချင်ဘူး - မိသားစုအရှက်ကို လူသိရှင်ကြားလွှင့်မပစ်သင့်သလို ရွမ်ကျားအား ပြောင်းလဲဖို့အခွင့်အရေးပေးရန်ဆန္ဒရှိခဲ့သည်။ သို့သော် ဝမ်ကျားနီသည် အပြစ်ကင်းကာသည်းမခံသင့်ချေ။

 

"ကျီဖေး သူ မင်းကိုဘာပြောခဲ့လဲ ငါ ဂရုမစိုက်ဘူး၊ ဒါပေမယ့် ဒီကောလာဟလပျံ့နေတဲ့အဖြစ်အပျက်ကို အဆုံး ထိလိုက်ရလိမ်မယ်။"

 

ကျီဖေးသည် ယခုချိန်ထိ ရှန်းဝမ်ယွဲ့ ဝမ်ကျားနီအားခြွင်း ချက်မရှိယုံကြည်ဆဲဖြစ်မည်ဟု မထင်ထားခဲ့ပေ။ အမှန်ပင်၊ ငယ်ငယ်တည်းကချစ်ခဲ့တဲ့အချစ်က နောက်မှဖြစ် လာတဲ့ အချစ်ဇာတ်လမ်းကိုတကယ်မယှဉ်နိုင်ဘူးပဲ၊ တကယ့်ကို ဩချရလောက်ပါပေတယ်။

 

သူမ ချက်ချင်း ရဲခေါ်ဖို့စဉ်းစားလိုက်သည်။ ထိုဆိုင်များ သည် ၎င်းတို့၏ဂုဏ်သိက္ခာကို ကာကွယ်ရန်ထောက် လှမ်းရေး ဗီဒီယိုများပံ့ပိုးပေးမည် မဟုတ်သော်လည်း ကျီဖေး ရဲထံသတင်းပေးပို့ပါက ၎င်းတို့မှသင့်လျော်သော CVTV record ကို ရယူနိုင်သည်။

 

အရေးကြီးတဲ့အချိန်တွေမှာ ဥပဒေကိုယုံကြည်လိုက်တာအကောင်းဆုံးပဲ။

 

ထိုအချိန်တွင် ဖုန်းနိုတီများသည် မိတ်ကပ်ခန်းတစ်ခန်းလုံး ရုတ်တရက်ဒလ‌ဟောထွက်လာတော့သည်။

 

လူများသည် အစပိုင်းဂရုမစိုက်ချင်သော်လည်း ရုန်းရင်း ဆန်ခတ်ဖြစ်မှုသည် လျစ်လျူမရှုနိုင်လောက်အောင်ဖြစ် လာပြီး လူတိုင်း ၎င်းတို့ရဲ့ဖုန်းတွေကိုကြည့်လိုက်ကြသည်။

 

တစ်ချက်ကြည့်လိုက်ပြီးနောက် ၎င်းတို့သူငယ်အိမ်မျတွေ လှုပ်ခါသွားကြသည်။

 

ရှန်းဝမ်ယွဲ့နှင့် သူ့အေးဂျင့်၏ဖုန်းသည် တပြိုင်နက် နိုတီများကြောင့် ဝရုန်းသုန်းကားဖြစ်လာသည်။

 

ရှန်းဝမ်ယွဲ့ လျစ်လျူရှုနိုင်ပေမယ့် သူ့ကိုယ်စားလှယ်မှာ စစ်ဆေးဖို့လိုအပ်သည်။ သူ့ဖုန်းကို ကောက်ကိုင်ကြည့်လိုက်ရာ တခဏအတွင်း သူ့မျက်နှာဖြူဖျော့သွားသည်။ သူ ခက်ခက်ခဲခဲမျိုချလိုက်ပြီး တုန်ရီနေသောနှုတ်ခမ်းများဖြင့် ဝမ်ကျားနီကိုကြည့်လိုက်သည်။

 

ထိုအချိန် ရှန်းဝမ်ယွဲ့သည် ဝမ်ကျားနီအတွက် ခုခံကာကွယ်နေဆဲဖြစ်ပြီး ကျီဖေးအား မီးထဲသို့လောင်စာထပ်မထည့်တာပိုကောင်းသည် ဆိုသည့်အကြည့်ဖြင့်သတိပေးနေခဲ့သည်။ သို့သော် ကျီဖေးမျက်နှာထက် ရုတ်တရက်ဆိုသလို ထူးဆန်းပြီးစိတ်လှုပ်ရှားသည့်အပြုံးတစ်ခုပေါ်လာခဲ့သည်။

 

ကောင်းဟောင်သည် အဆက်မပြတ်တုန်ခါနေသော ဖုန်းအား မကြည်မသာထုတ်ယူလိုက်သည်။ ချင်ကျောက် သူ့ဖုန်းအား မစစ်ဆေးလိုက်သော်လည ကျီဖေး၏အတွင်းစိတ်ထြမျအသံကိုကြားနေရသည်။

 

[ကောင်းကင်ကတောင် ကြည့်မနေမနေနိုင်တော့ဘူးထင်တယ်! အမှန်ပဲ၊ အတင်းအဖျင်းအထောက်အထားတွေရှာနေတဲ့ အင်တာနက်အသုံးပြုသူများရဲ့စွမ်းအားကို ဘာကတောင့်ခံနိုင်မှာလဲ ?]

 

[စောနက ကိစ္စပေါက်ကြားသွားတော့ အတင်းအဖျင်းအ ချက်အလက်တွေကြောင့် အင်တာနက်အသုံးပြုသူတွေပိုမိုစိတ်အနှောင့်အယှက်ဖြစ်သွားတယ်၊ ဆက်တိုက်ဆိုသလို သတင်းကပိုကြီးသွားတော့ စတိုးဆိုင်ထဲလျှို့ဝှက်ရိုက်ကူးထားတဲ့ ဗီဒီယိုတစ်ခုရလာခဲ့ကြတယ်]

 

[အိုး၊ အဲ့က ဝန်ထမ်းတစ်ယောက်က အတင်းအဖျင်းကို လျှို့ဝှက်ပြိးရိုက်ထားခဲ့တာပဲ။ ဒီနည်းနဲ့ဆို ရဲတွေစုံစမ်းရင်တောင် အဲ့ကဝန်ထမ်းရိုက်ထားတာဆိုပြီး သက်သေမပြနိုင်ဘူး။]

 

[ထို့နောက် အဆိုပါဝန်ထမ်းသည် အွန်လိုင်းတွင်ထူးဆန်း သောဖောက်သည်များအကြောင်း ဝေမျှလေ့ရှိသည်။ ဗီဒီယိုထဲ မျက်နှာများကိုမပြသထားပေမယ့်၊ စျေးကွက်ရှာဖွေရေးအကောင့်တွေ တစ်ယောက်ပြီး တစ်ယောက်ပြန်တင်ထားတဲ့ဇာတ်လမ်းနဲ့ကိုက်ညီပြီးတော့ ချက်ချင်းဆိုသလို ခိုင်လုံတဲ့သက်သေတစ်ခုဖြစ်လာတာပဲ။]

 

[လျှို့ဝျက်ချစ်သူရဲ့အအနိုင်ကျင့်မှုကို မျက်ဝါးထင်ထင်မြင်လိုက်ရတော့ ပရိသတ်တွေ အထိတ်တလန့်ဖြစ်သွားကြတာပဲ]

 

[ရွမ်ကျားနဲ့ ရှန်းဝမ်ယွဲ့တို့ လက်ထပ်စာချုပ်တောင် ပေါက်ကြားသွားတယ်၊ မူလတန်းအရွယ်ကနေ အလုပ်အထိ၊ ငယ်ချစ်ဆက်ဆက်ဆံရေးကနေ အခုကြီးပြင်းလာတဲ့အထိ အဲ့ဆက်ဆံရေးပါပေါက်ကြားသွားတာ]

 

[တစ်ယောက်ယောက်ကဆေးရုံမှာ နေပူခံပြီးတော့တောင် ရွမ်ကျားကိုဓာတ်ပုံသွားရိုက်ခဲ့သေးတယ်။ ရွမ်ကျား အ ပြင်းဖျားနေတယ်လို့ လူတွေက ထင်မြင်ယူဆလာကြတယ်။]

 

[ CP fan တွေအံ့အားသင့်သွားတယ်၊ အွန်လိုင်းပေါ်မှာ ထင်မြင်ချက်တွေပြောင်းလာပြီး သူတို့သိလာတာနဲ့ ကီးဘုတ်စစ်သည်တော်တွေဆီက ဗုံးကြဲခံလိုက်ရတယ်။ လျှို့ဝှက်လက်ထပ်မှု၊ အိမ်ထောင်ရှင်အမျိုးသား၊ CP ကောလာဟလ၊ လှည့်စားခြင်း၊ အပြင်းအထန်ဖျားနာနေသော တရားဝင်ဇနီး၊ လျှို့ဝှက်ချစ်သူထံမှ အနိုင်ကျင့်ခံရခြင်း - ဒါ လုံးဝကိုဒေါသထွက်စရာပါပဲ၊ သူ့ရဲ့အကောင်းဆုံးသရုပ်ဆောင်ပုံရိပ်က လုံးဝအက်ကွဲသွားပြီ]

 

[ဟားဟား! ဒီအင်တာနက်အသုံးပြုသူတွေက ငါ တွေ့ဖူးသမျှထဲ အကောင်းဆုံးအသုတ်ပဲ။]

 

[ခဏလေး၊ ငါ ရှန်းဝမ်ယွဲ့ကို အနီးကပ်စောင့်ကြည့်ရမယ်။ သူ အဲ့ဗီဒီယိုကိုမြင်ပြီးရင် သူ့ရဲ့ 'ကောင်းကင်ဘုံက ပေးပို့တဲ့' အချစ်ကို သူ ဘယ်လိုအခိုင်အမာ ခုခံကာကွယ်ဦးမလဲဆိုတာ ကြည့်ချင်သေးရဲ့]

 

အေးဂျင့်မှ ရှန်းဝမ်ယွဲ့အားဆွဲမထုတ်ရသေးခင် ထုတ် လုပ်သူနှင့် ဒါရိုက်တာသည် နောက်ဆုံးပုန်းနေတာကိုရပ်လိုက်ပြီး သူ့ကိုရှာဖို့အပြေးလာခဲ့သည်။ ဒါ အရမ်းကြီးတဲ့ အဖြစ်အပျက်တစ်ခုပင်။