Ch 67
Viewers 25k

🍉 Chapter 67

 

 

 

ဖုန်းချပြီးနောက် ရှန်းဝမ်ယွဲ့သည် အလွန်စိတ်ပျက်သွားပုံရသည်။ ရွမ်ကျား ဤမျှမရိုးသားသူ ဖြစ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ ဝမ်ကျားနီအား "တောင်းပန်ပါတယ် ရွမ်ကျားကိုယ်စားတောင်းပန်တယ်။ သူ... သူ လုံးဝ ရူးသွားနေပြီ။ နောက်မှ သူနဲ့ သေချာလေးစကားပြောလိုက်မယ်"

 

"ရပါတယ်၊ သူ ကောကို ချစ်လို့ဆိုတာနားလည်ပါတယ်။ အချစ်က အမြဲတမ်း လူတွေကိုရူးသွပ်စေသည်။ ညီမ နားလည်ပါတယ်"

 

ရှန်းဝမ်ယွဲ့နှင့် ကွာရှင်းပြတ်စဲကြောင်းပြောသည်ကိုကြားသဖြင့် သူမသည် စိတ်လှုပ်ရှားသွားသည်။ ဤကံဆိုးမှု သည် ကောင်းချီးတစ်ခုအဖြစ်သို့ပြောင်းလဲသွားလိမ့်မည်ဟု သူ မမျှော်လင့်ထားဘဲ ရှန်းဝမ်ယွဲ့သည် သူမ ဘက်သို့ တဖြည်းဖြည်းပိုယိမ်းလာခဲ့သည်။

 

သူ ရှန်းဝမ်ယွဲ့အား ပရောပရည်အကြည့်များဖြင့် စိုက်ကြည့်လိုက်သော်လည်း သူ့အကြည့်အား အမှတ်တမဲ့ရှောင်လိုက်သည်။

 

ဝမ်ကျားနီသည် သနားစရာကောင်းသော၊ အပြစ်ကင်းစင်ပြီး မှားယွင်းသောအမူအရာဖြစ်သွားသည်။ ရှန်းဝမ်ယွဲ့တစ်ချက်ကြည့်လိုက်ပြီး သူ့စိတ်တွေပျော့သွားရပြန် သည်။ ထိုအခိုက်အတန့် သူ ဝမ်ကျားနီရဲ့လက်ကောက် ဝတ်ကိုဆုပ်ကိုင်လိုက်သည်။ ဝမ်ကျားနီ ဝမ်းသာသွားချိန်

 

"ငါ မင်းကို ရှင်းပြဖို့ခေါ်သွားမယ်!" ရှန်းဝမ်ယွဲ့မှပြောလာခဲ့သည်။

 

ဝမ်ကျားနီ၏မျက်နှာသည် ရုတ်တရက်ပြောင်းလဲသွားသည်။ သူမ ဘယ်လိုသတ္တိရှိနိုင်မှာလဲ ? ရှန်းဝမ်ယွဲ့ကိုပြန်ဆွဲဖို့ကြိုးစားပေမယ့် အရမ်းနောက်ကျသွားပြီ။

 

ရှန်းဝမ်ယွဲ့သည် သူမ၏သနားစရာကောင်းသောအကြည့်ကိုမြင်ပြီး သူမအတွက်စိတ်မကောင်းဖြစ်ကာနှစ်ယောက် စလုံး အတွက်တရားမျှတမှုကိုရှာဖွေရန် ဆုံးဖြတ်ထားသောကြောင့်ပင်။

 

(အူတတ်နေပြီ 🤣)

 

၎င်းတို့မန်နေဂျာသည် ပို့စ်များဖျက်ရန် အလုပ်များနေပြီး ရှန်းဝမ်ယွဲ့၏စိတ်အားထက်သန်သော တရားမျှတမှုရှာရန်အစီအစဉ်အား အချိန်မီမတားဆီးနိုင်ခဲ့ချေ။

 

မိတ်ကပ်အခန်းတံခါးကို ရုတ်တရက်တွန်းဖွင့်လိုက်သည်။ မကြာသေးမီ ဈေးကဲ့သို့ဆူညံနေသည့် အခန်းသည် ချက်ချင်းတိတ်ဆိတ်သွားသည်။ ၎င်းတို့ပြန်လာမည်ဟု မည်သူမှမမျှော်လင့်ထားပေ။

 

သူတို့အားလုံး နာမည်ကြီးမင်းသားအဖွဲ့နဲ့ မရိုက်ဖို့စိတ် ပြင်ဆင်ထားကြသည်။ တကယ်တော့ ဒီလိုအရှုပ်တော်ပုံ ကို လူသိရှင်ကြားထုတ်ဖော်ခြင်းသည်... ရှက်စရာကောင်းလွန်းလှသည်။

 

သို့ဖြစ်ရာ.. ယခု သူတို့ပြန်ရောက်လာသည်ကိုကြည့်ရသည်မှာ စိတ်မသက်မသာဖြစ်စေသည်။ ရှန်းဝမ်ယွဲ့နှင့် ဝမ်ကျားနီအား မည်သူမျှမျက်လုံးချင်းမဆုံချင်ကြပေ။

 

[ဟင်၊ သူတို့ တကယ်ပြန်လာတယ်ပေါ့၊ သူတို့ မျက်နှာတွေလာပြရဲသေးတယ်၊ မရှက်ကြဘူးလား မသိဘူး၊ အလုပ်ပြီးအောင်လုပ်ပြီးမှ လျှို့ဝျက်ထွက်သွားကြမယ်ပေါ့လေ]

 

ကျီဖေးသာမက ချင်ကျောက်နှင့် ကောင်းဟောင်တို့ ထိုနှစ်ယောက်အား တံခါးဝမှာတွေ့လိုက်သဖြင့် အံ့ဩသွားသည်။

 

[လေထုထဲ 'အဆင်မပြေ' ဘူးဆိုတဲ့စကားလုံးကို ခံစား နေရတယ်။ 'ငါမရှက်သရွေ့ တခြားသူတွေ လှည့်စားခံရလိမ့်မယ်' ဆိုတဲ့ စကားလုံးကို သုံးဖို့စဉ်းစားနေတာလား။ တကယ်တော့ ဖျော်ဖြေရေးနယ်ပယ်မှာ ရှင်သန်နိုင်တဲ့သူဆိုမှတော့ အရည်ပါးတဲ့သူ မရှိသလောက်ပဲ။]

 

ကျီဖေး စိတ်ထဲဝေဖန်နေချိန်တွင် ရှန်းဝမ်ယွဲ့သည်ရှက်နေသောမျက်နှာဖြင့် ဝမ်ကျားနီအား သူမဆီသို့ ဆွဲခေါ်လာသည်ကိုတွေ့လိုက်ရသည်။

 

သူ့အပြုအမူကိုကြည့်ပြိးဆုံးဖြတ်ရမယ်ဆိုရင် သူ ဒါကို ရင်ဆိုင်ဖို့ သူ့ကိုယ်သူအတင်းအကြပ်ဖိအားပေးခဲ့ပုံပင်။ သို့သော် ရှန်းဝမ်ယွဲ့သည် ကျီဖေးအားဒေါသအမျက်အ ဖြစ်သို့ပြောင်းလဲလိုက်ပြီး ချက်ခြင်းထိုးစစ်ဆင်လာသည်။

 

"မစ်ကျီဖေး၊ ကျားနီရဲ့၀တ်စုံကိုခိုးတာက တစ်ခုပဲ၊ ဒါပေမယ့် အခု မင်းက ဒီမှာဇာတ်လမ်းတွေဖန်တီးပြီး ငါ့နဲ့ ငါ့ဂျူနီယာရဲ့ ဆက်ဆံရေးအကြောင်း ကောလဟာလတွေ ဖြန့်နေတယ်၊ မင်း အရမ်းလွန်သွားပြီလို့ မထင်ဘူးလား"

 

ရှန်းဝမ်ယွဲ့ ပြောပြီးနောက် သူ့မျက်လုံးများသည် ကောင်းဟောင်နျင့် ချင်ကျောက်အား သတိပေးသည့်အကြည့်ဖြင့်ကြည့်လိုက်သည်။

 

ဝမ်ကျားနီ၏မျက်နှာမှာ ဖြူဖျော့နေပြီး အပြစ်ရှိသလို ခံစားနေရသည်။

 

သို့သော် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသော အခါ သူ့ မျက်လုံးများတောက်ပလာသည်။ ထိုစတိုးဆိုင်မျိုးသည် သုံးစွဲသူ၏ကိုယ်ရေးကိုယ်တာကို ချိုးဖောက်ကာ အမှတ်တံဆိပ်ဂုဏ်သတင်းပြဿနာများကို ဖြစ်စေသောကြောင့် ထောက်လှမ်းရေးဗီဒီယိုများအား မည်သည့်အခါမျှထုတ်ပေးလိမ့်မည်မဟုတ်ပေ။

 

ထို့ကြောင့် အဲဒီနေ့အဖြစ်အပျက်မှာ မည်သည့်သက်သေ အထောက်အထားမှမရှိခဲ့ချေ။ အားလုံး သူ ဇာတ်လမ်းပြောပြတဲ့အပေါ်မှာ မူတည်သည်။ ရှန်းဝမ်ယွဲ့ သူမအား အရမ်းယုံကြည်တဲ့အတွက် သူ စိတ်ပူခဲ့ရသည်။

 

ဝမ်ကျားနီ လှည့်စားမှုအား အဆုံးထိဆက်လုပ်ရန်ဆုံး ဖြတ်လိုက်သည်။ ကျီဖေးအားကြည့်ရင်း ကြီးစွာသော   မတရားမှုကိုခံစားခဲ့ရသူတစ်ဦး၏အကြည့်ကို ဝတ်ဆင်ထားသည်။

 

ယခုမူ အားလုံး၏မျက်လုံးတွေ တဖန်ပြန်တောက်ပလာသည်။ ဒီဒရာမာက အဆက်ရှိသေးတာလား။ စောနက မတော်တဆမဟုတ်ဘူးလား ? ဒါဆို တကယ်ပေါက်ကွဲ နေကြတာလား ?

 

ကျီဖေး အံ့သြသွားသည်။

 

သူမသည် မူလက သူတို့၏အပြုအမူကိုသည်းမခံနိုင်သောကြောင့် သင်ခန်းစာတစ်ခုပေးချင်ခဲ့သည်။ အပြစ်ရှိသောပစိတ်ကြောင့် သူတို့၏မာနကိုမျိုချရန် ရွေးချယ်သင့်သည်။ သူမအား ယခုလိုထိပ်တိုက်ရင်ဆိုင်လာဖို့ မမျှော်လင့်ထားခဲ့ပေ။

 

သူမ ရွမ်ကျားအတွက် ၀တ်စုံခိုးပေးရန် ပြင်ဆင်ထားသော်လည်း...

 

[ငါက ကောလဟာလဖြန့်တယ်။ သူ အမှားအမှန် မခွဲခြားတတ်ဘူးလား။ သူ ဘယ်လို ကောက်ချက်ချလာတာလဲ... ဟင် ဒါကြီးက လွန်လွန်းတယ်။ အခြေအနေကပြောင်း ပြန်လှန်သွားပြီး အရှိန်မထိန်းနိုင်တော့ဘူး။ မျှော်လင့်ထားတဲ့အတိုင်းပဲ လိမ်လည်လှည့်ဖြားတဲ့အမျိုးသားတွေက ဇနီးပြောသမျှ မုသားလို့အမြဲယုံကြတယ် တခြားအမျိုးသမီးများတွေကကြ အမှန်အတိုင်းပြောနေကြတယ်ပေါ။ ရွမ်ကျား ချင်ကျဲဆီက ငါ့အကြောင်းသိထားတာနဲ့ပဲ ငါနဲ့ ရွမ်ကျားကို တစ်ဖွဲ့တည်းလို့ထင်နေတာပဲ]

 

[သူ ဝမ်ကျားနီဘက်က ရပ်တည်ပြီး ငါနဲ့ယှဥ်ဖို့စဉ်စားနေတာလား။]

 

ချင်ကျောက် မျက်မှောင်ကြုတ်ပြီး ချက်ချင်းထရပ်လိုက် ကာ ကျီဖေးရှေ့မှာ သူ့ခန္ဓာကိုယ်ဖြင့်ကာပေးလိုက်သည်။ ကောင်းဟောင် သူ့ကိုမတားလိုက်ပါက သူ့၏ချွန်မြသည့် လျှာကိုအလုပ်ပေးတော့မည်ဖြစ်သည်။

 

ကောင်းဟောင် နှစ်ဘက်စလုံးအား မြင်ကွင်းတစ်ခုဖန် တီးရန် ခွင့်မပြုနိုင်သော်လည်း တစ်ဖက်လူအား ၎င်းတို့အပေါ်လျှောက်ခွင့်မပြုနိုင်ပေ။ ဒါနဲ့ သူပြုံးပြီးပြောလိုက်သည်။

 

"မစ္စတာရှန်း နားလည်မှုလွဲနေတာလား ? ကျီဖေးက တ ခြားတစ်ယောက်အကြောင်းပြောနေတာလေ၊ မင်းအ ကြောင်းလို့ ဘယ်လိုလုပ်ထင်ရတာလဲ။"

 

ရှန်းဝမ်ယွဲ့ မန်နေဂျာလည်း ရောက်လာသည်။ ဒါကို တိတ်တိတ်ဆိတ်ဆိတ်ကိုင်တွယ်ခြင်းသည် ထက်မြတ်ခြင်းပင်။ သို့သော် ရှန်းဝမ်ယွဲ့ စိတ်မြန်လက်မြန်လုပ်ထားပြီဆိုမှတော့ အဲဒါကိုအကြည့်ဖို့ကလွဲပြီး သူတို့မှာရွေးချယ်စရာမရှိတော့ချေ။ မဟုတ်ပါက လုပ်ငန်းနယ်ပယ်ထဲ နာမည်ကြီးမင်းသား၏နာမည်ဂုဏ်သတင်းကို စွန့်စားသလိုဖြစ်ကာ လူတွေ ဝိုင်းရယ်ကြလိမ့်မည်။

 

"မစ်ကျီ ဘယ်သူ့ အကြောင်းပြောလဲဆိုတာ အားလုံးသိပါတယ်။ ပြဿနာမရှာချင်ပေမယ့် ကြောက်မနေပါဘူး။ နောင်တစ်ချိန် အတူတူရှိုးရိုက်ကူးရမှာဆိုတော့နားလည် မှုလွဲတာတွေကိုရှင်းထားတာ အကောင်းဆုံးပဲ။ မစ်ကျီက သူယုံကြည်ရာကို ပြောသွားတယ်လို့ထင်ပါတယ်။ ဒီ့အ တွက် မစ်ကျီဘက်ကတောင်းပန်ချင်မယ်ဆိုရင်တော့ ဒီကိစ္စကိုဆက်မလုပ်တော့ပါဘူး" ဟု မန်နေဂျာက ပြောလာသည်။

 

[သောက်ခွေး၊ ဒီမန်နေဂျာနဲ့ ရှန်းဝမ်ယွဲ့က နှစ်ယောက်ပေါင်းရင်တောင် ပြီးပြည့်စုံတဲ့ ဦးနှောက်တစ်ခုမဖန်တီး နိုင်ဘူးပဲ။ သူတို့ ဝမ်ကျားနီစကားကို တကယ်ကြီးယုံတယ်ဟဲ့]

 

မန်နေဂျာနှစ်ယောက် မျက်နှာချင်းဆိုင်လိုက်သဖြင့် အငွေ့အသက်များတင်းမာလာသည်။ အခြားသောဝန် ထမ်းများသည် ဒါရိုက်တာနှင့် ထုတ်လုပ်သူအားရှာဖွေချင်ကြသည်။

 

သို့သော် အဖွဲ့ပေါင်းစုံမှကြည့်ရှုသူများသည် ဝိုင်းစုပြီး "တောင်းပန်၊ တောင်းပန် !"

 

"ဟမ်၊ ငါ့လူတွေကို တောင်းပန်ခိုင်းတာလား၊ လာနောက်နေတာလား ?" ချင်ကျောက် အေးစက်စွာပြောသည်။

 

ရှန်းဝမ်ယွဲ့နှင့် သူ့အဖော်နှစ်ယောက်၏ အမူအရာများ ပြောင်းလဲသွားသည်။

 

"အဲဒါ အရမ်းတောင်းဆိုမိသလိုဖြစ်သွားပုံပဲ၊ ငါတို့လည်း မစ်ကျီ ဘက်က ဘာမှအမှားအယွင်းမရှိခဲ့ဘူးလို့ယုံပါတယ်"

 

ကောင်းဟောင်၏မျက်နှာသည်လည်း မည်းမှောင်သွားသည်။

 

ကျီဖေး ပြဿနာဖြစ်မျာကို သူစိတ်ပူမိပေမယ့် ကျီဖေးမုသားမပြောဘူးဆိုတာ သေချာသည်။ ထို့ကြောင့် ယခုအချိန် ရှန်းဝမ်ယွဲ့၏အဖွဲ့သည် အရာအားလုံးကိုငြင်းဆန်ရန်ကြိုးစားနေပြီး ကျီဖေးဘက် စားပွဲလှည့်ရန်ပင်ကြိုး စားလာကြသည်။ ဒါကို ခွင့်မပြုနိုင်ဘူး။

 

"မင်း သူ့ကို ကာကွယ်ပေးဖို့ကြိုးစားနေတာလား ?"

 

ရှန်းဝမ်ယွဲ့၏အမူအရာမှာ အလွန်ဒေါသထွက်နေပုံပေါ် သည်။

 

ချင်ကျောက်နှင့် ကောင်းဟောင်စကားပြောခါနီးတွင် ကျီဖေး သူတို့အား နှောင့်ယှက်လိုက်သည်။

 

"အမ်၊ ကျမ နားမလည်ဘူး၊ မစ္စတာရှန်း ကောလဟာလတွေဖြန့်နေတယ်လို့ ရှင်က ပြောချင်တာလား ?"

 

ကျီဖေး အပြစ်ကင်းသောအကြည့်ဖြင့် ရုတ်တရက်မေးလိုက်သည်။

 

"မဟုတ်လို့လား ?" ရှန်းဝမ်ယွဲ့ အေးစက်သောအကြည့်ဖြင့် ပြန်ဖြေသည်။

 

ကျီဖေး "ဒါဆို ရှကင် အိမ်ထောင်မပြုရသေးဘူးလား ? မင်းက Single ပေါ့"

 

ထိုစကားကြောင့် ရှန်းဝမ်ယွဲ့ ရုတ်တရက် ဆွံ့အသွားကာ ဤမေးခွန်းသည် မည်သည့်နေရာမှထွက်လာသည်ကို နားမလည်နိုင်ပေ။

 

ကျီဖေး နှုတ်ခမ်းကိုအနည်းငယ်ကွေးပြီး "ဒါမှမဟုတ်   ရှင့်မိန်းမရဲ့ကတ်ကို ဝမ်ကျားနီကြောင့်ပိတ်တာမဟုတ်ဘူးလို့ပြောချင်တာလား ? ပြီးတော့ ရှင့်ရဲ့ VIP အပိုကတ်ကို  ဝမ်ကျားနီ သုံးဖို့မပေးခဲ့ဘူးလို့ပြောချင်တာလား။"

 

ရှန်းဝမ်ယွဲ့ သူငယ်အိမ်များ ကျုံ့သွားကြသည်။

 

"ဒါမှမဟုတ် ရှင့်မိန်းမရဲ့ဖုန်းခေါ်တာကို တမင်ဂရုမစိုက်ဘူးလို့ ဆိုလိုတာများလား ? ရှင့် လက်ထောက်ကိုခေါ်တာတောင် ရှင်နဲ့အဆက်အသွယ်မရဘူး၊ ဒါပေမယ့် ရှင် မစ်ဝမ်ရဲ့မက်ဆေ့ချ်တွေကျ ချက်ချင်းပြန်ခဲ့တယ်လေ"

 

ရှန်းဝမ်ယွဲ့ မျက်နှာသည် တဖြည်းဖြည်းနီရဲလာသည်။

 

"ရှင့်ဇနီးနဲ့ မစ်ဝမ်က အဲဒီနေ့မှ တွေ့ဖူးတာဖြစ်နိုင်တယ်"

 

ရှန်းဝမ်ယွဲ့ ပါးရိုက်ခြင်းအားသတိရပြီး နောက်ဆုံးအ သက်ရှူရခက်လာသည်။

 

ကျီဖေး စိတ်ရှုပ်သည့် အမူအရာနှင့် "မစ္စတာရှန်း၊ ကျမ ပြောခဲ့တဲ့ ကောလဟာလဆိုတာ ဘယ်အပိုင်းလဲ ?"

 

[ရှင် ကျမကို သက်သေပြသေချင်တာလား ? အရင်ဆုံး ရှင်က ကြောင်သူတော်ဆိုတာကို ဘာလို့အရင်မပြရမှာလဲ။]

 

ချင်ကျောက် ချက်ချင်းစိတ်သက်သာရာရသွားသည်။ မျှော်လင့်ထားသည့်အတိုင်း၊ သူ့မရီးသာ အခြားသူများအားအနိုင်ကျင့်နိုင်သည်။ တခြားသူတွေ သူ့ကို းအနိုင် ကျင့်ရန် အခွင့်အရေးမရှိချေ။

 

အစတော့လူတိုင်းက ရှန်းဝမ်ယွဲ့ ပြန်လည်ချေပရန် တိတ် တဆိတ်စောင့်ကြည့်နေပြီး သံသယရှိနေကြသည်။ ဒါပေမယ့် အချိန်အတော်ကြာစောင့်ဆိုင်းပြီးသည်အထိ ကျီဖေးအား ကောလာဟလဖြန့်တဲ့သည်ဟုဆိုကာ ယခုမူ စကားတစ်လုံးမှ မပြောနိုင်တော့သည်ကို တွေ့လိုက်ရသည်။

 

မန်နေဂျာတောင် အံကြိတ်နေရပုံပင်။

 

ဒီမေးခွန်းတွေအားလုံး အမှန်လို့သက်သေပြနေတာမဟုတ်ဘူးလား ?

 

လှည့်စားမှုမျိုးရှိမည်ဟု သူတို့ ထင်ခဲ့ကြသည်။

 

အားလုံး ရှန်းဝမ်ယွဲ့အား မယုံနိုင်စွာကြည့်နေကြသည်။

 

သူ ဘာလို့ သူ့ကိုယ်သူအရှက်ခွဲဖို့ပြန်လာရတာလဲ ?

 

သူ့ကိုယ်သူ မှန်တဲ့ပုံစံနဲ့ ဒေါနဲ့မောနဲ့ပြန်လာခဲ့သေးတာ!

 

သူ ဘယ်ကဘယ်လိုယုံကြည်မှုရလာတာလဲ ? သူ ရူးနေမဟုတ်ဖူးလား ?