Ch 66
Viewers 24k

🍉 Chapter 66

 

 

ရှန်းဝမ်ယွဲ့သည် အတင်းအကြပ်ယဉ်ကျေးချင်ယောင်  ဆောင်ကာ စကားပြောလာသောအခါ ကျီဖေးသည် သိုးအဝတ်အစားဝတ်ထားသော ဝံပုလွေတစ်ကောင်ဆိုသည့် အဓိပ္ပါယ်ကိုသိရန် အနီးကပ်မကြည့်ဘဲမနေနိုင်ပေ။

 

[သူ့က အေးအေးစက်စက်နဲ့ ဝေးဝေးကနေအကြည့်ခံတဲ့အမျိုးအစားကိုမှ လူကြိုက်များတဲ့အနုပညာရှင်ပုံစံမျက်နှာတစ်ခုရှိတယ်။ နောက်ကျရင်လည်း၊ အဲ့ဒီဂုဏ် မောက်နေတဲ့ပုံစံလေးကိုမမေ့မဘဲ ဆက်ထားပေးဦးနော်]

 

သူ ရယ်ရန်မအောင့်နိုင်တော့မည်စိုးသဖြင့် ကျီဖေးသည် လျင်မြန်စွာ ယဉ်ယဉ်ကျေးကျေးခေါင်းညိတ်ပြပြီး အပြစ်ကင်းသော စိတ်သက်သာရာရသည့်အမူအရာဖြင့်ဆုတ်ခွာသွားခဲ့သည်။

 

ထိုအချိန် သူ့အနားရှိကောင်းဟောင်သည် သူ့အနုပညာရှင်သည် မတော်တဆကမ္ဘာကြီးတုန်လှုပ်အောင်နှိုးဆော်မိခဲ့သလားဟု မတွေးတောဘဲမနေနိုင်အောင်ဖြစ်ခဲ့သည်။

 

အဲဒါ... မတော်တဆ ဟုတ်တယ်မလား ?

 

ဒါကို ပြင်လို့ရသေးလား ?

 

တွေးကြည့်ရအောင်၊ မြန်မြန်တွေးစမ်း၊ တစ်ခုခုမဖြေရှင်းနိုင်ရင် ဒါ မန်နေဂျာတစ်ယောက်အနေနဲ့ ငါ့ အသက်မွေးဝမ်းလမ်းကြောင်းရဲ့ အကြီးမားဆုံးအရှုပ်တော်ပုံဖြစ်လာလိမ့်မယ် !!!!

 

ချင်ကျောက် ကောင်းဟောင်အားစာနာစိတ်ဖြင့် တစ်ချက်ကြည့်လိုက်သော်လည်း သူ့နှလုံးသားသည် စတင်တုန် လှုပ်နေပြီဖြစ်သည်။ မကြာခင်... အချိန်မရွေး...

 

၎င်းတို့အုပ်စုထဲမှလူတိုင်းသည် အသေးစိတ်အချက်တစ်ချက်ကိုမှ အလွတ်မပေးချင် မှန်၏ရောင်ပြန်ဟပ်မှုဆီသို့ မသိစိတ်ကနေကြည့်နေခဲ့ကြသည်။

 

အခြားအဖွဲ့များမှ လူများသည်လည်း အလားတူပင်၊ အချို့သည် အခန်းကန့်များကို တမင်ရွှေ့ခြင်းပင်ပြုလုပ်လာကြသည်။ (သိပ်မစပ်စုရှာပါဘူး 🤣)

 

ယခုအချိန် ရှန်းဝမ်ယွဲ့နှင့် ဝမ်ကျားနီတို့သည် ကျီဖေး၏ တုံ့ပြန်မှုကိုမကျေနပ်ကြသော်လည်း ၎င်းတို့သည် ယင်းကိစ္စအားအလျော့ပေးရန် ဆုံးဖြတ်လိုက်ကြပြီး ၎င်းတို့ရှေ့တွင် ဒါရိုက်တာ၊ ထုတ်လုပ်သူတို့နှင့် စကားစမြည်ပြောဆိုတော့မည်ဖြစ်သည်။

 

သို့သော် ၎င်းတို့ရှေ့မှလူနှစ်ဦးသည် ရုတ်တရက်ဝမ်း ချုပ်သည့်အမူအရာများပေါ်ပေါက်လာကာ မျက်လုံးများ ထိတ်လန့်တုန်လှုပ်သွားကာ အကြည့်ချင်းမဆုံမိအောင်  သတိထား‌နေသည်ကို သတိပြုမိသွားသည်။

 

ရှန်းဝမ်ယွဲ့ ၊ ဝမ်ကျားနီ ??

 

"အင်း... အခုမှ စီစဉ်စရာရှိသေးတာကို သတိရတယ်" ဒါရိုက်တာ ထွက်ပြေးသွားသည်။

 

"အခုမှ သတိရတယ်... ဒါရိုက်တာအတွက် ဘာမှမစီစဉ် ပေးရသေးဘူးပဲ" ဟုဆိုကာ ထုတ်လုပ်သူပြေးထွက်သွားပြန်သည်။

 

ကျန်ရစ်ခဲ့သူနှစ်ယောက်သည် အံသြသည့်အမူအရာဖြင့်  ကျန်ခဲ့ကြသည်။ ခေါင်းကိုလှည့်လိုက်ရာ မန်နေဂျာမှလွဲလို့ ၎င်းတို့အဖွဲ့ထဲရှိအဖွဲ့ဝင်အားလုံး စိုးရိမ်တကြီးခေါင်းငုံ့ထားကာမကြားဟန်ဆောင်ပြီး အလုပ်ရှုပ်နေကြသည်ကိုတွေ့လိုက်ရသည်။

 

တစ်ဖက်တွင် မန်နေဂျာသည် မျက်နှာအရောင်ဖျော့သွားကာ ပါးစပ်ဖွင့်ချည် ပိတ်ချည်ပြုပြီး၊ သူ့အကြည့်များ သည် ဝမ်ကျားနီ နှင့် ရှန်းဝမ်ယွဲ့ကြား‌ကူးလူးနေခဲ့သည်။

 

မန်နေဂျာသည် မကြာခဏ သဘောထားမတိုက်ဆိုင်သည့် မစ္စရှန်းအား အမှန်ပင်သဘောမကျသော်လည်း Idol အတွက် ပိုတန်ဖိုးရှိသော လက်တွဲဖော်ကိုရှာပေးလိုသည်။ ရှန်းဝမ်ယွဲ့နှင့် ဝမ်ကျားနီတို့သည် လိုက်ဖက်ညီကာပျော်ရွှင်နေသဖြင့် ၎င်းတို့ကိုအောင်မြင်စွာစျေးကွက် တင်နိုင်ပါက ရှန်းဝမ်ယွဲ့၏အသက်မွေးဝမ်းကြောင်းကို ပိုမိုမြှင့်တင်နိုင်မည်ဟုယုံကြည်နေသည်။

 

သို့သော် ထိုကလေးမလေးပြောသည့်အတိုင်း တရားဝင်ဇနီးနှင့် ရန်ဖြစ်နေသော လျှို့ဝှက်ချစ်သူဇာတ်လမ်းသည် ဤနှစ်ယောက်အကြောင်းဖြစ်သည်ကို မည်သူကတွေးနိုင်မည်နည်း ??

 

ရွမ်ကျားက အမြဲတမ်းရန်လိုနေပြီး ဝမ်ကျားနီကအား နည်းပြီး အနိုင်ကျင့်ခံနေရတာ မဟုတ်ဘူးလား ?

 

မဟုတ်ဘူး၊ အခု ဒါကိုစိတ်ပူရမယ့်အချိန်မဟုတ်ဘူး။ ပြဿနာကို လူတိုင်းကြားဖူးလိုက်ကြမှာပဲ။

 

ထို့ပြင် ဝမ်ကျားနီနှင့် ရှန်းဝမ်ယွဲ့တို့သည် ထိုကိစ္စအား ယခုလေးတင် လက်တွေ့ကျကျအတည်ပြုခဲ့ကြသည်။

 

တံခါးပိတ်ကာလုပ်ဆောင်ခြင်းသည် တစ်ခုတည်းသောအရာဖြစ်သော်ငြား တံခါးဖွင့်လုပ်ဆောင်ခြင်းမှာမူ လုံးဝခြားနားသောအခြေအနေဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ခြင်းပင်။

 

မန်နေဂျာ ချွေးများပင်ဆို့လာသည်။

 

"ဘာမှားလို့လဲ ?" ဝမ်ကျားနီ ရုတ်တရက်စိတ်မသက်မသာဖြစ်သွားသည်။

 

မန်နေဂျာ သူ့ကိုယ်သူ ဆက်ပြီးအရှက်မခံခွဲနိုင်တော့မှန်း သိလိုက်ရချိန်လန့်သွားသည်။ သူ ထိုနှစ်ယောက်အား ဘေးသို့ အမြန်ဆွဲလိုက်ပြီး "ငါတို့ ဆွေးနွေးစရာရှိတယ်... အပြင်မှာ..."

 

တံခါးကို ပိတ်လိုက်သည်နှင့် အပြင်မှအမျိုးသမီးတစ်ဦးအသံသည် ထိန်းမနိုင်သိမ်းမရဖြစ်ကာအော်ဟစ်လိုက်သည်ကိုကြားလိုက်ရပြီး မိတ်ကပ်ခန်းအတွင်း အံ့သြစရာကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

 

အထဲမှာတစ်ယောက်ယောက်က "Holy shit!" နောက်တွင် "Pfft~!"

 

ထို့နောက်ကျိုင်းကောင်များကဲ့သို့ တီးတိုးတီးတိုးပြောဆိုသံများကျယ်လောင်စွာထွက်ပေါ်လာပြီး လူများစွာသည် ကျီဖေးအား သဘောကျစွာစိုက်ကြည့်လိုက်ကြသည်။

 

အစကအဆုံး ကျီဖေး ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့သည်ဟု မထင်နိုင်ပေ။ သို့သော် ယခုလိုတိုက်ဆိုင်မှုသည် ရှန်းဝမ်ယွဲ့နှင့် ဝမ်ကျားနီအတွက် ကံမကောင်းလှ ဟုခံစားခဲ့ရသည်။

 

ကျီဖေးအတွက်တော့ ကျေးဇူးတင်မိသည်။ သူမသည် ထိုကဲ့သို့အရည်ရွှမ်းသော အတင်းအဖျင်းများကိုပေးလာခဲ့သည်၊ ထို့ထက် ပိုစိတ်လှုပ်ရှားစရာမရှိတော့ချေ။

 

ဒီနှစ်တွေတစ်လျှောက် ဖျော်ဖြေရေးနယ်ပယ်ထဲ ယခုလို ပြောင်မြောက်သည့် လှည့်ကွက်မျိုး တစ်ခါမှမတွေ့ဖူးကြပေ။

 

လူတော်တော်များများ ဖုန်းကောက်ကိုင်လိုက်ကြသည်။ Show မရိုက်ခင်မှာပင် ပေါက်ကွဲစေတတ်သော သတင်းများသည် လုပ်ငန်းနယ်ပယ်အတွင်းပျံ့နှံ့နေပြီဖြစ်သည်။

 

၎င်းသည် အမျိုးမျိုးသောအတင်းအဖျင်းပလက်ဖောင်းများကို လျင်မြန်စွာလွှမ်းမိုးထားပြီး idol ၏ PR အဖွဲ့သည် သတင်းအားလျင်မြန်စွာရှာဖွေတွေ့ရှိပြီး ဖျက်ချလိုက်သော်ငြား ၎င်းသည် သိသာထင်ရှားသောအကျိုးသက်ရောက်မှုကိုရရှိနေပြီဖြစ်သည်။

 

ယခင်က 'အတိတ်'၌ ထို CP နှင့်ပတ်သက်၍ကွဲပြားသော အမြင်များ တဖြည်းဖြည်းထွက်ပေါ်လာသည်ကိုတွေ့လာရပြီး ဆန့်ကျင်ပရိသတ်များစတင်ပေါ်ပေါက်လာသည်။

 

အခြားသူများသည် ပွဲကြည့်ပရိတ်သတ်လုပ်နေခဲ့ကြသည်။

 

ကောင်းဟောင်သည် မျက်နှာဖြူဖျော့သွားပြီး လက်တုန်တုန်ရင်ရင်နှင့် ကျိးဖေးအားလက်ညိုးထိုးကာ ဆွံ့အနေခဲ့သည်။

 

"ကျမ ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာမဟုတ်ဘူး၊ ကျအ မျက်လုံးတွေကိုပဲကြည့်၊ သူတို့ဘယ်လောက်ရိုးသားလဲဆိုတာ တွေ့လား ?"

 

ကျီဖေး သူမ၏အပြစ်ကင်းစင်သော မျက်လုံးကြီးများကို ပြလိုက်သည်။

 

[ဟင်း၊ ရှန်းဝမ်ယွဲ့ကသာ ဝမ်ကျားနီအပေါ် သိပ်အာရုံမစိုက်ခဲ့ဘူးရင် ဝမ်ကျားနီကလည်း ရှန်းဝမ်ယွဲ့ရှေ့ ငါ့ အ ပေါ် ရန်မလိုရှိခဲ့ရင်တော့ လွတ်လမ်းတစ်ခုရှိနိုင်ပါသေးတယ်။ ဒါ သူတို့ဘက်ကစတာလေ မဟုတ်ရင် လူတွေက တွေးမိသွားမှာမဟုတ်ဘူး။ ဒါကို ကိုယ်စိုက်ထားတာ ကိုယ်ပြန်ရိတ်သိမ်းရတယ်လို့ခေါ်တယ်]

 

ချင်ကျောက် ချောင်းဆိုးကာ သူ့ကိုယ်သူကာကွယ်ရန် လိုအပ်နေသေးသည်။

 

ကောင်းဟောင် တုန်တုန်ယင်ယင်နဲ့ “ကျီဖေးကိုလည်း အပြစ်ပြောလို့မရပါဘူး။ သူက ဘယ်လိုလုပ်သိနိုင်မှာလဲ၊ သူတို့ ဇာတ်လမ်း သူတို့ဘာသာဖော်လိုက်တာပဲလေ။ အဲဒါကို ကိုယ့်အုတ်ဂူ ကိုယ်တူးတယ်လို့ခေါ်တယ်”

 

ထို့ပြင် ဒရာမာကြည့်ရသည်မှာ ပျော်စရာကောင်းသည်ကိုဝန်ခံသည်။

 

ဟုတ်တယ်၊ ဒါကို သူ့မိသားစုနဲ့မျှဝေသင့်သည်။

 

ကျီဖေး ချင်ကျောက်အား သဘောကျသည့်အကြည့်တစ်ချက်ပေးလိုက်သည်။

 

မိတ်ကပ်ခန်းထဲ ရုန်းရင်းဆန်ခတ်ဖြစ်မှုသည် စင်္ကြန်ထိ ပျံ့နှံ့သွားသည်။

 

ထိုသည်ကိုကြားတော့ ဝမ်ကျားနီငိုရှိုက်လာသည်။

 

"အဲ့လိုမဟုတ်ဘူး၊ ဘယ်လိုလုပ် ကျီဖေးက အဲ့ကိစ္စကိုဇာတ်လမ်းဖန်တီးနိုင်ရတာလဲ ? အဲ့လိုမဟုတ်ဘူး။"

 

ရှန်းဝမ်ယွဲ့သည် ခုနကဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကို ပြန်သတိရပြီး သူ့မျက်နှာပေါ်အားဓားဖြင့်ခြစ်လိုက်သလို ခံစားလိုက်ရသည်။ လူတွေ သူတို့ကိုဘယ်လောက်လှောင်ပြောင်နေလိုက်မလဲဆိုတာတွေးကြည့်ဖို့မခက်ပေ။

 

"ကျားနီ မင်းပြောတော့ ရွမ်ကျားနဲ့တွေ့ပြီးနောက်မှ သူ့ကတ်အပိတ်ခံထားရတာကိုသိပြီး မင်းကို ဒေါသနဲ့ ရိုက်လိုက်တာဆို"

 

ကျီဖေးသည် သူတို့နှင့် မရင်းနှီးသလိုရန်ငြိုးလည်းမရှိ‌ ချေ။ ထို့သို့‌သော ဇာတ်လမ်းတစ်ပုဒ်အား သူ မည်သို့ဖန်တီးနိုင်မည်နည်း။ ရှန်းဝမ်ယွဲ့ရဲ့ခေါင်းသည် ပုံမှန် မ ဟုတ်လျှင်ပင် တစ်ခုခုလွဲနေပြီဆိုတာကို သူ ခံစားမိနိုင် သည်။

 

ဝမ်ကျားနီ၏ငိုသံများ ခဏရပ်သွားပြီးနောက် သူ မျက် ရည်များစီးကျလာပြန်သည်။

 

"ကော၊ ညီမကို မယုံဘူးလား၊ ညီမ ဘယ်လိုလုပ်ရမလဲ။ အဲဒီနေ့က စိတ်မကြည်ဖြစ်နေတာ၊ ခင်ပွန်းဟောင်းက ညီမကို ထပ်ပြီးနှောင့်ယှက်နေလို့၊ တစ်ယောက်တည်းပြန်ရမှာကြောက်လို့ လမ်းလျှောက်ထွက်ခဲ့တာ၊ အဲ့မှာ အင်္ကျီလှလှလေးတွေ့တော့ ကောကိုလည်းပြချင်တာနဲ့ ပို့လိုက်မိတာပါ"

 

"ဘာ ? မင်းရဲ့ခင်ပွန်းဟောင်း မင်းကိုထပ်ပြီး‌နှောက်ယှက်ပြန်ပြီလား... ဘာလို့ ငါ့ကို မပြောခဲ့တာလဲ!"

 

ထိုစကားကိုကြားသောအခါ ရှန်းဝမ်ယွဲ့သည် အိမ်တွင်းအကြမ်းဖက်မှု၏သားကောင်ဖြစ်သူ ဝမ်ကျားနီနှင့် ပထမဆုံးတွေ့သောအခါ စုတ်ပြတ်သတ်နေသည့်ပုံကို သတိရသွားသည်။

 

ဒါတွေအားလုံး သူတို့ရဲ့အမှားပင်။ မျက်ရည်များစွန်း ထင်းနေသော ဝမ်ကျားနီကိုကြည့်ရင်း ရှန်းဝမ်ယွဲ့ အပြစ် ရှိသလိုခံစားလိုက်ရသည်။

 

ဝမ်ကျားနီ ခေါင်းကို ပြင်းပြင်းထန်ထန်ခါရမ်းလိုက်ပြီး "ကောနဲ့ ကောဇနီးကို ကျမ တော်တော် ဒုက္ခရောက်အောင် လုပ်ထားပြီးပြီ၊ ညီမကြောင့် ပြဿနာမဖြစ်စေချင်ဘူး၊ ကောကိုလည်း စိတ်အနှောင့်အယှက်မပေးချင်ဘူး။ တစ်ယောက်ယောက် ညီမတို့ကို ဓာတ်ပုံရိုက်သွားရင် ကောဇနီး ဘယ်လိုတုံ့ပြန်မလဲဆိုတာ ဘယ်သူသိမှာလဲ။ ကျီဖေး ညီမကို ဘာလို့ ဒီလိုပစ်မှတ်ထားရတာလဲ ညီမတကယ်နားမလည်ဘူး။ ကောဇနီးနဲ့ သိနေတာများလား"

 

ရှန်းဝမ်ယွဲ့ မျက်ခုံးပင့်သွားပြီး ဖုန်းနံပါတ်ရှာရန် သူ့ဖုန်းကို ချက်ချင်းထုတ်လိုက်သော်ငြား ၎င်းကိုရှာတွေ့ရန်အချိန်အတော်ကြာခဲ့သည်။

 

သူ ကျောက်ရုပ်ဖြစ်သွားသည်။ သူ ရွမ်ကျားအား ဖုန်းမခေါ်ခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီဆိုတာကို သတိပြုမိလိုက်သည်။

 

သူ့အနေနဲ့ ရွမ်ကျားထံ ဖုန်းအတော်ကြာမ‌ခေါ်ဖြစ်ခဲ့သည်ကိုသတိမပြုမိခဲ့ပေ။

 

ဖုန်း အချိန်အတော်ကြာမြည်ပြီး တစ်ဖက်ကပြန်ဖြေလိုက်သည်နှင့် ရှန်းဝမ်ယွဲ့ စိတ်မရှည်တော့ချေ။

 

ပထမအသံက ဆူညံနေပေမယ့် ရှန်းဝမ်ယွဲ့ အသံငြိမ်နေသည် သို့မှမဟုတ် ဖုန်းလိုင်းမငြိမ်ဟုထင်ခဲ့သည်။ သူ ချက်ချင်းပင် "ဘာလို့ ဖုန်းဖြေတာ အဲ့လောက်ကြာနေတာလဲ"

 

အတန်ငယ်ကျယ်လောင်သော အသံဖြင့် "ဘာလဲ၊ မနေ့ညက အပြစ်ကင်းကင်းနဲ့ဖြတ်သန်းခဲ့ရတာကို ရှင်းပြဖို့ ဖုန်းခေါ်လိုက်တာလား။"

 

ရှန်းဝမ်ယွဲ့သည် ထိုပြဿနာကို မဖြေရှင်းနိုင်သေးကြောင်းသတိရကာ ရင်တထိတ်ထိတ်နှင့် ရှက်ရွံ့စိတ်ကြောင့် ဒေါသဖြစ်ကာ "လုံလောက်ပြီ၊ ငါ ဘယ်နှစ်ခါရှင်းပြရမှာလဲ ? မင်းနဲ့ ငြင်းခုံဖို့ အချိန်မရှိဘူး၊ ငါ မင်းကိုမေးစရာရှိတယ် မင်း ကျီဖေးကို သိလား"

 

ရွမ်ကျား အံ့သြသွားသည်။ ကျီဖေးကို သူသိသည်။

 

ထိုနေ့ချင်ရန် သူမအား ဆေးရုံသို့ပြန်ပို့ပြီးနောက် မေးမြန်းခဲ့ရာ ချင်ရန်က သူမအား Show တွင်ပါဝင်မည့် သူမ၏ယောင်းမအဖြစ် မိတ်ဆက်ပေးခဲ့သောကြောင့်ပင်။

 

အခြားတစ်ဖက်တွင် ပုံမှန်မဟုတ်သောခေတ္တရပ်တန့်ခြင်းကိုခံစားရလိုက်သဖြင့် "ဒီတော့ မင်း သူ့ကိုသိတာလား!"

 

ရှန်းဝမ်ယွဲ့၏အသံသည် တစ်စုံတစ်ခုကို အနှောင့်အ ယှက်ဖြစ်သလို နက်ရှိုင်းလာသည်။

 

"အဲ့တော့ ကျမ ဘာလုပ်ရမှာလဲ ?" ရွမ်ကျား စိတ်ရှုပ်သွားသည်။

 

ထိုအချိန်တွင် ဝမ်ကျားနီ သက်ပြင်းတစ်ချက်ချကာ ဒေါသအရမ်းထွက်နေသည်။ တစ်ယောက်နဲ့တစ်ယောက် သိကြသဖြင့် ထိုနေ့က သူမအား ရည်ရွယ်ချက်ရှိရှိပစ် မှတ်ထားခဲ့ခြင်းပင်။

 

"ရွမ်ကျား၊ မင်း ငါ နောက်ဆုံးသတိပေးထားတာကို နား်လည်ဘူးလား ? မင်း....မင်း တော်တော်လွန်နေပြီ"

 

ဒေါသထွက်နေသော အသံကိုကြားတော့ ရွမ်ကျား မျက် မှောင်ကြုတ်ကာ "ရှင် ဘာတွေလာပြောနေတာလဲ"

 

"ဝတ်စုံ !" ရှန်းဝမ်ယွဲ့ ပြောလာသည်။

 

ရွမ်ကျား အံ့အားသင့်သွားပြီး "ဟမ်၊ ရှင် အဲ့ကိစ္စကို သိတာ်ပေါ့၊ အဲ့ဒါကို ရှင်..."

 

"ရွမ်ကျား၊ နောက်တစ်ခါဆို ငါတို့ ကွာရှင်းကြမယ်။ ငါ မင်းနဲ့ ဆက်ပြီးပေါင်းဖို့မဖြစ်နိုင်တော့ဘူး။"

 

တစ်ဖန်၊ ရှန်းဝမ်ယွဲ့ ဘက်မှအရင်ဆုံးဖုန်းချသွားခဲ့သည်။

 

ရွမ်ကျား သူ့ဖုန်းကိုစိုက်ကြည့်ရင်း ဖြစ်ပျက်ခဲ့သည်များကို နားမလည်နိုင်ပေ။ ထို့နောက် သူမ ပျို့အန်ချင်သလို  ခံစားလိုက်ရသည်။