အခန်း ၁၀
ယဲ့မုန့်ယောင်က သူမ၏မိဘများအတွက် စုံတွဲဝတ်စုံအချို့ကိုလည်း ဒီဇိုင်းဆွဲပေးခဲ့သည်။ သူမက ၎င်းတို့ကို လျှို့ဝှက်စွာ ပြုလုပ်ခဲ့ပြီး ယဲ့ချင်ဖုန်း၏မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့သည်။ ယဲ့ချင်ဖုန်းက ၎င်းတို့ကို အလွန်သဘောကျလေသည်။
ယဲ့မုန့်ယောင်က ပန်းချီဆွဲရသည်ကိုကြိုက်နှစ်သက်ကြောင်း သိထား၍ ယဲ့ချင်ဖုန်းနှင့် သူ၏အဖွဲ့က သူမကို ဆရာတစ်ဦးထံတွင် ပန်းချီသင်ယူရန် အထူးခေါ်ဆောင်သွားခဲ့သည်။
ယဲ့မုန့်ယောင်၏ဆရာမ နှင့် သူမ၏ဖခင်တို့သည် လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြသည်။ သူမ၏ဆရာမက ပေကျင်းတက္ကသိုလ်မှ အနုပညာ ပါမောက္ခတစ်ဦး ဖြစ်ခဲ့သော်လည်း လွန်ခဲ့သောတစ်နှစ်ခန့်က ရာထူးလျှော့ချခံခဲ့ရသည်။
ယဲ့ချင်ဖုန်းက သူ၏အဆက်အသွယ်များကို အသုံးပြုပြီး ယဲ့မုန့်ယောင်၏ဆရာမနှင့်သူမ၏ခင်ပွန်းတို့ကို ချင်းရွှေကျေးရွာသို့ ပို့ဆောင်ပေးခဲ့သည်။
အခြားအထုပ်တွင် အဖြူရောင်ယုန်နို့သကြားလုံး၊
ဘီစကစ်၊ သစ်သီးချိုချဉ်၊ မက်မွန်သီးကိတ်၊
သစ်သီးသံဗူး နှင့် နို့ဆီဗူးလေးဗူး အပါအဝင် အစားအသောက်များဖြင့်ပြည့်နေသည်။
နို့ဆီက ဝယ်ရန်ခက်ခဲရုံသာမက အလွန်စျေးကြီးသည်။ တစ်ဗူးလျှင် ၅ ယွမ်ခန့်ကုန်ကျပြီး ဝယ်ယူရန်
နို့ဆီလက်မှတ်လည်းလိုအပ်သည်။
ယဲ့မုန့်ယောင်က ပစ္စည်းများကို လေးပုံခွဲလိုက်ပြီး နှစ်ပုံကို ယူကာ အပြင်သို့ ထွက်သွားသည်။ ဟန်ရှူယောင်အတွက်တစ်ပုံနှင့် နာရီတစ်လုံး ပါသည်။
ယဲ့မုန့်ယောင်က ကျန်းလင်းနှင့် သူမ၏ခင်ပွန်းတို့အခန်းတံခါးသို့ လျှောက်သွားသည်။ သူတို့၏ တံခါးက မပိတ်ထားသဖြင့် သူမက ကျန်းလင်းတစ်ယောက် အခန်းထဲတွင် အိမ်စာစစ်နေသည်ကို မြင်နိုင်သည်။ သူမက ကျေးရွာမူလတန်းကျောင်းတွင် စာသင်ကြားပြီး ဟန်ကျင့်ရန်မှာ မူလတန်းကျောင်း၏ ကျောင်းအုပ်ကြီးဖြစ်သည်။
တံခါးခေါက်သံကြားသောအခါ သူမက မော့ကြည့်လိုက်ပြီး ယဲ့မုန့်ယောင်အား တံခါးဝတွင် တွေ့လိုက်ရသောအခါ မေးလိုက်သည်။
"ယောင်ယောင်...
ဘာလို့ဒီကို ရောက်နေတာလဲ...
သမီး ဘာလိုလို့လဲ...."
"ဘာမှမလိုပါဘူး...
သမီး မိဘတွေ ပို့လိုက်တဲ့ အထုပ်ကို
ဖွင့်လိုက်တာ အထဲမှာ အစားအသောက်တွေ
အများကြီး ပါလို့ အမေတို့
မြည်းစမ်းကြည့်ဖို့ ယူလာခဲ့တာ..."
ယဲ့မုန့်ယောင်က အထုပ်များထဲမှ
တစ်ထုပ်ကို ကျန်းလင်းထံ ပေးရင်း ပြောလိုက်သည်။
"ကိုယ့်ဘာသာပဲ သိမ်းထားပါကွယ်...
သမီးအစ်ကို အမေတို့အတွက်
ဝယ်ပေးထားတာတွေတောင် မကုန်သေးဘူး..."
ကျန်းလင်းက ငြင်းဆိုလိုက်သည်။
"သမီးလည်း အများကြီး ကျန်ပါသေးတယ်...
ဒါတွေကို အမေတို့ ဖြည်းဖြည်းချင်း
စားသုံးဖို့ သိမ်းထားလိုက်ပါ...
ခေါင်းကိုင်အမေ၊ သမီး သွားတော့မယ်..."
သူမက ပြောပြီးနောက် စားပွဲခုံပေါ်တွင် ပစ္စည်းများကို တင်ထားခဲ့ကာ ထွက်ခွာသွားသည်။
ယဲ့မုန့်ယောင်က မီးဖိုချောင်သို့ လျှောက်သွားကာ
လှည့်ပတ်လည် ကြည့်လိုက်သော်လည်း ဟန်ရှူယောင်အား မတွေ့ရသဖြင့်ဟန်ကျင့်ရန်ကိုသာ မေးလိုက်သည်။
"အဖေရေ အစ်ကို ဘယ်ရောက်သွားလဲ..."
ချက်ပြုတ်နေသော ဟန်ကျင့်ရန်က
"ရှူယောင်က သူ့အခန်းကို ပြန်သွားပြီ..." ဟု
ပြန်ဖြေသည်။
"ဪ ဒါဆို သမီးသွားရှာလိုက်မယ်..."
ယဲ့မုန့်ယောင်က ပြောပြီး အခန်းဘက်သို့
လျှောက်သွားသည်။
ယဲ့မုန့်ယောင်က ဟန်ရှူယောင်၏ တံခါးသို့ ရောက်ပြီး တံခါးခေါက်တော့မည့်အချိန်တွင် တံခါးက အတွင်းမှ ပွင့်လာသည်။ဟန်ရှုယောင်က တံခါးဝတွင်ရှိသော ယဲ့မုန့်ယောင်အား ကြည့်ကာ မေးလိုက်သည်။
"ယောင်ယောင်...ဘာလိုလို့လဲ..."
"ဘာမှမလိုဘူးဆိုရင်
ညီမကလာလို့ မရဘူးလား..."
ယဲ့မုန့်ယောင်က ခပ်ဆိုးဆိုး ပြန်မေးလိုက်သည်။
"ကိုယ့်စကားက ဘာကိုဆိုလိုမှန်း
သိရဲ့သားနဲ့ကွာ..."
ဟန်ရှုယောင်က ယဲ့မုန့်ယောင်၏ နဖူးကို
တောက်ကာ ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
"ကောင်းပြီ ဝင်ခဲ့ပါ..."
ယဲ့မုန့်ယောင်က ဟန်ရှုယောင်၏နောက်သို့ လိုက်၍ အတွင်းသို့ ဝင်သွားသည်။ ဟန်ရှုယောင်၏ အခန်းကယဲ့မုန့်ယောင်၏ အခန်းနှင့် ဆင်တူသော်လည်း သူက
ထိုနေရာတွင် တစ်နှစ်ကျော်ကြာ နေထိုင်ခဲ့သည့်အတွက် ပစ္စည်းပိုများသည်။
"ဒီမှာ အစ်ကိုအတွက် အစားအသောက်တွေ...
ပြီးတော့ အစ်ကို့အတွက် အထူးဝယ်လာတဲ့
နာရီတစ်လုံး ပါတယ်..."
ယဲ့မုန့်ယောင်က သူမ၏လက်ထဲရှိ ပစ္စည်းများကို ဟန်ရှုယောင်ထံ ကမ်းပေးရင်း ပြောလိုက်သည်။
"တကယ်လား...ဒီတစ်ခါတော့
မင်း အရမ်းကောင်းနေပါ့ရော...
အရသာရှိတာတွေ ရွေးတတ်သားပဲ..."
ဟန်ရှုယောင်က နာရီတစ်လုံးကို ထုတ်ယူပြီးသူ၏လက်ပေါ် တင်လိုက်ကာ ပြောလိုက်သည်။
"ဘာတွေပြောနေတာလဲ... ညီမက
ဘယ်တုန်းက မကောင်းခဲ့ဖူးလို့လဲနော်..
ညီမမှာ ဘယ်တုန်းက အမြင်မမှန်တာ
ရှိခဲ့ဖူးတာလဲ...စွပ်စွဲမနေပါနဲ့နော်..."
ယဲ့မုန့်ယောင်က ပြန်ပြောလိုက်သည်။
"ကောင်းပြီ၊ ကောင်းပြီ...
ကိုယ်ကအမြင် မကောင်းတာပါ..."
ဟန်ရှုယောင်က ယဲ့မုန့်ယောင်ကို ကြည့်ပြီး
ချော့ကာ ပြောလိုက်သည်။
အတွင်းရှိ သရေစာများအတွက်မူ ဟန်ရှုယောင်က ယဲ့မုန့်ယောင်ထံ ကမ်းပေးပြီး သူမအတွက် သိမ်းထားရန် ပြောခဲ့သည်။ သို့သော် ယဲ့မုန့်ယောင်က ၎င်းတို့ကို မယူခဲ့ဘဲ သူမတွင်များစွာ ကျန်ရှိနေသေးကြောင်း မြန်မြန်ဆန်ဆန်ပြောလိုက်သဖြင့် ဟန်ရှုယောင်မှာ ယူရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။
ယဲ့မုန့်ယောင်က သူမ၏ဆရာမ ချင်းရွှေကျေးရွာတွင် ရှိနေကြောင်း သိထားသဖြင့် သူမက ဆရာမကို
သွားတွေ့လိုကြောင်း ဟန်ရှုယောင်ကို ပြောလိုက်သည်။ ဟန်ရှုယောင်က ညစာစားပြီးမှ သူမကို ထိုနေရာသို့ ခေါ်သွားမည်ဟု ပြောသည်။
အဘယ်ကြောင့်ဆိုသော် နေ့အလင်းရောင်များ ရှိနေသေးပြီး သူတို့ ရှိနေသည်ကို တစ်စုံတစ်ဦးက သိရှိပါက အလုပ်သမားစခန်းတွင် မကောင်းသောလွှမ်းမိုးမှုများ ရှိနေသေးသောကြောင့် ဖြစ်သည်။
အလုပ်သမားစခန်းဆိုသည်မှာ ချင်းရွှေကျေးရွာသို့ ပို့ခံရသည့်သူများ နေထိုင်တဲ့နေရာ ဖြစ်သည်။
"ယောင်ယောင်...ရှုယောင်...
ထမင်းစားဖို့ အဆင်သင့်ဖြစ်ပြီ..."
ကျန်းလင်း၏အသံက ယဲ့မုန့်ယောင် ပြောတော့မည့်စကားကို ဖြတ်တောက်လိုက်သည်။
"ဟုတ်..."
သူတို့နှစ်ဦးက အခန်းထဲက ထွက်လာရင်း
ပြန်ဖြေလိုက်ကြသည်။
ဟန်မိသားစု၏ ထမင်းဟင်းတွေ ကပ္ပတိန်၏မိသားစုထက် များစွာပိုမိုစုံလင်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့မိသားစု သုံးယောက်စလုံးတွင် အလုပ်အကိုင်ရှိကြပြီး ဝန်ထုပ်ဝန်ပိုးမရှိကြချေ။
ထို့အပြင် ဟန်ကျင့်ရန်နှင့် ကျန်းလင်းတို့ မိသားစုအခြေအနေက ယဲ့ချင်ဖုန်း၊ပိုင်ယွင်တို့နှင့် ဆင်သည်။ သူတို့အားလုံးက အရင်းရှင်တွေဖြစ်ပြီး သူတို၏ပိုင်ဆိုင်မှုအများစုကို လှူဒါန်းခဲ့ကြသော်လည်း
ကျန်ရှိနေသေးသည့်ငွေက သူတို့မိသားစု
တစ်သက်တာလုံး သုံးရန် လုံလောက်သည်။
သို့သော် ဤခေတ်အချိန်မှာတော့ သူတို့က အလွန်မျက်စိကျလောက်အောင် မသုံးရဲချေ။ ဟန်မိသားစုက ထမင်းဖြူစားသည်။ ယဲ့မုန့်ယောင် ယူလာပေးသည့် ဘဲကင်နှင့် ကြက်သားအပြင် ဝက်သားခြောက်နှင့် ဟင်းသီးဟင်းရွက်ကြော်၊ မျှစ်ဟင်းချိုတစ်ပန်းကန်လည်း ပါသေးသည်။ ယခုအချိန်က မတ်လဖြစ်ပြီး မျှစ်စားရန် အချိန်ကောင်းဖြစ်၏။
ဤမျှစ်များကို ကျန်းလင်းနှင့် နျိူချိူင်ဟွားတို့ မနက်က တောင်ပေါ်သို့ အတူသွားရင်း တူးခဲ့ကြခြင်း ဖြစ်သည်။ ဟင်းသီးဟင်းရွက်များကိုလည်း
တောင်ပေါ်မှာသာ ရှာတွေ့ခဲ့ကြသည်။ ဤခေတ်ကာလတွင်တော့ ယခုအစားအစာက အလွန် ခမ်းနားကြီးကျယ်သည့် ညစာဖြစ်ကြောင်း သံသယဖြစ်ဖွယ်မရှိချေ။ သူတို့လူနည်းစုက စားသောက်ရင်း စကားစမြည်းပြောနေခဲ့ကြသည်။