အခန်း(၈)
Viewers 2k

ကပ္ပတိန်က တစ်ခုခုပြောမိတော့မလို 

ဖြစ်သွားပြီးမှ သူက ထပ်ပြောလိုက်သည်။


"ဒါဆို ပြီးသွားပြီ ဘာမှ ထပ်မပြောနဲ့တော့"


ကျန်းလင်းမှာ သူမပါးစပ်က ထွက်တော့မည့် စကားတွေကို ပြန်မျိုချလိုက်ဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့​ချေ။


ထိုကဲ့သို့ပြောပြီးတဲ့နောက် ကပ္ပတိန်က ကျန်ယင်းယင်းနှင့် လျှိုယွဲ့ကို ကြည့်ပြီး ​မေးလိုက်သည်။ 


'မင်းတို့နှစ်ယောက်မှာ ဘယ်သူက 

ပညာလူငယ်ခြံဝန်းမှာ နေမှာလဲ'


'ကပ္ပတိန် ကျွန်မ ပညာတတ်လူငယ်ခြံဝန်းမှာ 

နေချင်ပါတယ်'


လျှိုယွဲ့က ကပ္ပတိန်၏မေးခွန်းကို 

ကြားကြားချင်း ချက်ချင်းပြောလိုက်သည်။ 


သူမစိတ်ထဲတွင် 

'ဒီတောသူတောင်သားတွေနဲ့ ငါမနေချင်ပါဘူး' 

လို့ တွေးနေမိတယ်...


ကပ္ပတိန်က ကျန်ယင်းယင်းကို ကြည့်ပြီး ​

မေးလိုက်၏။


'မင်းသဘောတူလား

မတူဘူးဆိုရင် မဲနှိုက်ဆုံးဖြတ်​ပေးမယ်'


'ကပ္ပတိန် ကျွန်မ သဘောတူပါတယ်' 


ကျန်ယင်းယင်းက ကပ္ပတိန်ကို ကြည့်ပြီး ပြောလိုက်သည်။


'ကောင်းပြီ မင်းတို့နှစ်ယောက် ကန့်ကွက်စရာမရှိရင် လျှိုယွဲ့ကအိမ်ဝင်းထဲမှာနေမယ်..မင်းက ငါ့အိမ်မှာနေလို့ရတယ်'


ကပ္ပတိန်က ပြောလိုက်သည်။ သူတို့၏နာမည်များကိုသူသိပြီးသားဖြစ်သည်။ ပထမဆုံးရောက်လာတုန်းက ဘယ်သူဘယ်ဝါမှန်း အမည်နှင့်တွဲမသိ​​သော်လည်း အခု သူသိသွားပြီ။ လူအရေအတွက်က လည်း ကိုက်ညီသွား၏။


'ဟုတ်ကဲ့'


ကျန်ယင်းယင်းက ခေါင်းညိတ်လိုက်၏။


ကပ္ပတိန် စကားပြောပြီးသည့်နောက် သူက ရွာသားတွေကို ပြန်ခိုင်းလိုက်ပြီး လျှိုယွဲ့ကို သူမ၏အဝတ်အစားအိတ်တွေကို ထွန်စက်​ပေါ်မှာ သွားယူခိုင်းလိုက်သည်။ ဝမ်ယွီဟိုင်၏ အဝတ်အစားထုတ်တွေက အရင်ကတည်းက ချထားပြီး​နေပြီ။


ယဲ့မုန့်ယောင်နှင့် ကျန်ယင်းယင်းတို့ သူမတို့၏အဝတ်အစားတွေကို ချဖို့လုပ်နေတုန်း 

လီမင်​ဟွေ့က သူတို့ကို တားလိုက်ပြီး​ပြောလိုက်သည်။


' မင်းတို့နှစ်ယောက် အဝတ်အစားတွေကို 

မချနဲ့တော့ ငါ ထွန်စက်ကို ဂိုဒေါင်ထဲ 

ပြန်ထည့်တဲ့အခါ မင်းတို့ကို အိမ်တံခါးဝအထိ 

​ခေါ်သွားပေးမယ်' 


'ဒါက ရှင့်အတွက် အရမ်းဒုက္ခမများဘူးလား' 


ကျန်ယင်းယင်းက တုံ့ဆိုင်းစွာ မေးလိုက်သည်။


'ဘာမှ မဖြစ်ပါဘူး ကျွန်တော် အဲဒီဘက်ကနေ

ဖြတ်သွားတာနဲ့ တိုက်ဆိုင်သွားတာရယ်၊ 

ပြီးတော့ ကျွန်တော်တို့နှစ်ယောက်ရဲ့

မိသားစုတွေက အိမ်နီးချင်းတွေလေ'


လီမင်​ဟွေ့က မြန်မြန်ဆန်ဆန် ပြန်ဖြေလိုက်သည်။ 


ထိုကဲ့သို့ပြောတာကို ကြား​​​သောအခါ ကျန်ယင်းယင်းတို့က သူ့ကို လွှတ်ထားလိုက်​​တော့သည်။ လီမင်​ဟွေ့က သူတို့ကို ထွန်စက်နဲ့ လိုက်ပို့ဖို့ ဖိတ်ခေါ်ခဲ့​သော်လည်း ယဲ့မုန့်​ယောင်တို့က ယခုမှ ရောက်လာတာဖြစ်ပြီး ရှုခင်းတွေကို ခံစားရင်း လမ်းလျှောက်ပြီး ပြန်ချင်ကြသည်။


နောက်ဆုံးမှာတော့ ဟန်ကျင့်ရန်တို့သားအဖက အဖွဲ့ခေါင်းဆောင်နဲ့အတူ ထိုင်ခဲ့ပြီး ကျန်းလင်းနှင့် ယဲ့မုန့်ယောင်တို့က လမ်းလျှောက်ပြန်ခဲ့ကြသည်။ လမ်းတွင် သူတို့ရွာသားတချို့နှင့်တွေ့ပြီး ကျန်းလင်းက သူမတို့ကို နှုတ်ဆက်ခဲ့သည်။ ရွာတွင် တစ်နှစ်ကျော် နေထိုင်ခဲ့သည့်အတွက် သူမက ရွာသားအားလုံးကို သိနေခဲ့သည်။


လမ်းတွင် ကျန်လင်းက ကျန်ယင်းယင်း အနည်းငယ် စိတ်လှုပ်ရှားပြီး စိုးရိမ်နေတာကို မြင်နိုင်ခဲ့သည်။ သူမ ဘာကြောင့် စိုးရိမ်​နေလည်း ဆိုတာကို ချက်ချင်းနားလည်သွားပြီး ကျန်ယင်းယင်းကို သူမအနေနဲ့ ပတ်ဝန်းကျင်အသစ်ကို မရင်းနှီးသေးရင်

ယဲ့မုန့်​ယောင်နှင့်အတူ သူမတို့အိမ်မှာ အတူနေလို့ရတယ်ဟု ပြောလိုက်သည်။ 


သူတို့မှာ တကယ်တော့ နောက်ထပ် အခန်းတစ်ခု ရှိနေသေးတယ်လေ။ သို့ပေမဲ့ ကျန်ယင်းယင်းက သူတို့ကို အခက်အခဲဖြစ်စေချင်​ပေ။ထို့​ကြောင့် သူမက ငြင်းလိုက်သည်။


ကျန်ယင်းယင်းက ကပ္ပတိန်၏မိသားစု အကြောင်း စိုးရိမ်နေပြီး သူတို့နှင့် အဆင်ပြေနိုင်မလားဆိုတာကို မသိသည့်အတွက် ကျန်းလင်းက ကပ္ပတိန်၏မိသားစုအကြောင်းကို ဆက်ပြောနေခဲ့ပြီး သူတို့မိသားစုထဲက လူတိုင်းက စိတ်သ​ဘော​ကောင်းပြီး လွယ်လွယ်နှင့် ​နေသားကျကာ အဆင်​ပြေနိုင်​ကြောင်း ပြော​​ပေးသည်။


ယဲ့မုန့်ယောင်လည်း ဝင်ပြောပြီး သူမအနေနဲ့ တကယ်လို့ အဆင်မပြေရင် သူမတို့ဆီလာ​နေလို့

ရတယ်လို့ ပြောလိုက်သည်။ သူမတို့နှစ်ယောက်သား

လမ်းတွင် တစ်ယောက်ကိုတစ်ယောက် အားပေးစကားပြောပြီးတဲ့နောက် ကျန်ယင်းယင်းလည်း စိတ်သက်သာရာရသွားခဲ့သည်။


သူမတို့သုံးယောက်ဟာ ရွာထဲမှ တစ်ခုတည်းသော အုတ်အိမ်နှစ်လုံးဆီ လျှောက်သွားခဲ့ကြသည်။ ထိုကဲ့သို့ကြီးကျယ်သည့် အုတ်အိမ်များကို တတ်နိုင်သည့် မိသားစုဆိုလို့ ကပ္ပတိန်မိသားစုနှင့် ယခုမှ ပြောင်းလာသည့် ဟန်မိသားစုသာရှိသည်။


အိမ်နှစ်လုံးက အလွန်နီးကပ်ပြီး ခြေလှမ်းအနည်းငယ်သာ ခြားသည်။ ဟန်ကျင့်ရန်က မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေပြီး ဟန်ရှုယောင်နှင့် လီမင်​ဟွေ့က ဟန်မိသားစုခြံဝင်းထဲတွင် ယဲ့မုန့်​ယောင်၏အဝတ်အစားထုတ်ဘေးတွင် ထိုင်ပြီး စကားပြောနေကြသည်။


ယဲ့မုန့်​ယောင်နှင့် ကျန်းလင်းတို့က ဟန်ကျင့်ရန် ချက်ပြုတ်တာကို အသားကျနေကြသည်။ ကျန်ယင်းယင်းကလည်း ယဲ့မုန့်ယောင်တို့အိမ်ကို အကြိမ်ပေါင်းများစွာ ရောက်ဖူးပြီး ယဲ့ချင်ဖုန်း ချက်ပြုတ်တာကို အမြဲမြင်နေရသည်။ သူမက ပထမ အံ့သြသွား​သော်လည်း တဖြည်းဖြည်းနှင့် ​နေသားကျသွားသည်။


လီမင်​ဟွေ့က လူနှစ်ယောက်၏အံ့သြ​နေသည့်မျက်နှာများကို မြင်ချင်ခဲ့သည့် သူ၏ဆန္ဒ 

ပျက်စီးသွားခဲ့ရသည်။ 


သူ ပထမဆုံးအကြိမ် မြင်တုန်းကဆိုလျှင် အမှန်တကယ်အံ့သြခဲ့ရတာလေ...ဘာလို့လဲဆိုတော့ ရွာမှာ ယောက်ျားတစ်ယောက် ချက်ပြုတ်တာကို တစ်ခါမှ မမြင်ဖူးဘူး...


သူ၏အမေက ချက်ပြုတ်နေချိန်မှာ အ​ဖေက 

မီးကို တခါတလေ လာကူထိန်းပေးတာ​တောင် ရှားပါးတယ်လို့ သူထင်သည်။ နောက်ပြီး မီးဖိုချောင်ထဲကို တစ်ခါမှ မဝင်ဖူးသည့် ယောက်ျားလေးတချို့လည်း ရှိသေးသည်။ ယခုအခါတော့ သူအမေ၏လွှမ်းမိုးမှုကြောင့် သူကိုယ်တိုင် ချက်ပြုတ်နည်း သင်ယူဖို့ စိတ်ဝင်စားလာသည်။ အ​မေပေးသည့်အကြောင်းပြချက်ကတော့ သူ့ကို ချက်ပြုတ်ပေးမယ့် ဇနီးမရှိရင် သူကိုယ်တိုင် လုပ်ရမှာပဲတဲ့...


လူသုံးယောက် ပြန်လာတာကို မြင်တော့ 

နှစ်ယောက်သား အလျင်အမြန် ထရပ်လိုက်ကြသည်။ လီမင်​ဟွေ့က ပြောလိုက်သည်။


'ကျန်ယင်းယင်း မင်းရဲ့အဝတ်အစားတွေကဒီမှာ 

ဘယ်ဟာက မင်းဟာလဲ ကြည့်လိုက်ဦး 

ကိုယ့်အမေနဲ့ တခြားလူတွေက ထမင်းပွဲပြင်ပြီး 

မင်းတို့ကို စောင့်နေကြတယ်'


'ဪ အနီရောင်ကြိုးနဲ့ ချည်ထားတဲ့ 

ဝါးခြင်းတောင်းနဲ့ မြွေအရေခွံအိတ်က ကျွန်မဟာ' 


ကျန်ယင်းယင်းက မြန်မြန်ဆန်ဆန် ပြောပြီး အဝတ်အစားတွေကို ကောက်ယူဖို့ လုပ်လိုက်ပေမဲ့ လီမင်​ဟွေ့က အရင်ရောက်သွားသည်။


ကျန်းလင်းက သူတို့နှစ်ယောက်ကို တားပြီး ထမင်းစားပြီးမှ ပြန်ခိုင်းသည်။ ဟန်ရှုယောင်ကလည်း သူတို့ကိုပြော၍ တားကြည့်သေး​သော်လည်းလီမင်​ဟွေ့က အိမ်မှာ ထမင်းအဆင်သင့်ဖြစ်နေပြီး သူတို့ပြန်ရောက်ရင် စားလို့ရပြီ ဟု ဇွတ်အတင်းပြောနေသည်။ 


ကျန်းလင်းတို့လည်း သူတို့ကို လွှတ်ပေးလိုက်ရ

တာကလွဲလို့ တခြားရွေးချယ်စရာ မရှိတော့​ချေ။


'ယင်းယင်း နင်တို့နှစ်ယောက် ခဏလေးစောင့်ဦး' 


ယဲ့မုန့်ယောင်က ကျန်ယင်းယင်းတို့ကို လှမ်းခေါ်ပြီး သူမက ထမင်းထည့်ထားသည့် ဝါးခြင်းတောင်းဆီ လျှောက်သွားကာ သူမ ရထားပေါ်မှာ စားခဲ့တဲ့ ထမင်းဘူးနှင့် သကြားလုံးတချို့ကို ထုတ်ယူလိုက်သည်။


ယဲ့မုန့်ယောင်က အဖုံးပါသည့် ကြိမ်ခြင်းတောင်းထဲကို လက်နှိုက်ပြီး ဘဲကင်နှင့် ကြက်သားတစ်ပိုင်းကို ထုတ်ယူလိုက်သည်။


'ဒီမှာ ဘဲကင်နဲ့ ကြက်သားတစ်ပိုင်းစီရှိတယ် 

ငါ့အ​ဖေကထည့်​​ပေးလိုက်တာ နင်တို့နှစ်ယောက်အတွက် တစ်ဝက်စီ ခွဲပေးလိုက်မယ်

ဒါကို ပြန်တဲ့အခါ စားဖို့ယူသွားကြ​နော်' 



ယဲ့မုန့်ယောင်၏စိတ်ထဲတွင် တွေးနေမိသည်။


"ကံကောင်းထောက်မစွာပဲ 

ယင်းယင်းက ဒီနေ့ နေ့လယ်ထမင်းဘူးထဲမှာ 

ဘာရှိလဲဆိုတာ မမြင်လိုက်ဘူး'


ယဲ့မုန့်ယောင်က ညစာစားဖို့ လီမင်​ဟွေ့တို့ကို​ခေါ်ရန် ထွက်လာသည့် ဟန်ကျင့်ရန်ကို ကင်ထားသည့်

ဘဲသားကို ပေးလိုက်သည်။


လီမင်​ဟွေ့နှင့် ကျန်ယင်းယင်းက အလျင်အမြန် ငြင်း​သော်လည်း ဟန်ကျင့်ရန်က ဘဲကင်နှင့် ကြက်သားတစ်ပိုင်းကို သေသေသပ်သပ် ခွဲပြီး ပန်းကန်ပြားပေါ်တင်ကာ လက်ဗလာနှင့် ရပ်နေသည့် ကျန်ယင်းယင်းကို ပေးလိုက်သည်။


နှစ်ယောက်သား ဘဲသားကင်နှင့် ကြက်သား တစ်ပိုင်းကို လက်ခံဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိတော့​ချေ။ သူတို့က ကျေးဇူးတင်ပြီး ပြန်သွားကြသည်။