အခန်း ၇
"ဘယ်လိုလဲ...ဒီမှာ ဆက်နေနိုင်သေးလား?"
ကပ္ပတိန်က ကျောက်ယွီကို ကြည့်ပြီး
မေးလိုက်သည်။
"ယောက်ျားလေး ပညာတတ်လူငယ်က
ဒီမှာနေနိုင်ပေမယ့် မိန်းကလေး
ပညာတတ်လူငယ်တွေကတော့
နည်းနည်း အခက်အခဲရှိတယ်
ဒီအိမ်မှာ လူတစ်ယောက်ပဲ နေလို့ရမယ်
ကျွန်မတို့က ဂိုဒေါင်ကို သန့်ရှင်းရေးလုပ်ပြီးပြီ ဒါပေမဲ့ လူနှစ်ယောက်အိပ်ဖို့က အရမ်းကျဉ်းနေတယ် သူတို့ လှုပ်လှုပ်ရှားရှားလုပ်ဖို့ကိုနေရာမရှိဘူး အိမ်သာနဲ့ကလည်း အရမ်းနီးတော့ အနံ့က
အရမ်းဆိုးလို့ ဘယ်သူမှ မခံနိုင်လောက်ဘူး"
ဂိုဒေါင်မှူးလည်း ကျောက်ယွီပြောတာကိုနားလည်၏။ ဒီနေ့ နေ့လည်မှာ ကျောက်ယွီက
လူတိုင်းနေဖို့ နေရာမလောက်ဘူးဟု ပြောခဲ့သောကြောင့် သူက ပညာတတ်လူငယ် အဖွဲ့ချုပ်ရုံးကို ကြည့်ရှုရန် အရင်သွားနှင့်ခဲ့သည်။
"ကောင်းပြီ ငါတို့ လုပ်နိုင်တာတော့ဒါအကုန်ပဲ
ဒါဆို ဘယ်လိုလုပ်မလဲ မိန်းကလေး ပညာတတ်လူငယ်တစ်ယောက်က ပညာတတ်လူငယ်ဝင်းထဲမှာနေမယ်၊ ကျန်နှစ်ယောက်ကတော့ နေရာအပိုရှိတဲ့ ရွာသားတစ်ယောက်ယောက်ဆီမှာ သွားနေရမယ် အဖွဲ့က စားနပ်ရိက္ခာ ထောက်ပံ့ကြေး နည်းနည်းပေးမယ် မင်းတို့ ပညာတတ်လူငယ်သုံးယောက်၊ ဘယ်လိုခွဲဝေမလဲဆိုတာ မဲနှိုက်မလား ဒါမှမဟုတ် ဆွေးနွေးကြမလား"
အဖွဲ့ခေါင်းဆောင်က ပြောလိုက်သည်။
"ကပ္ပတိန် ကျွန်တော်တို့ယောင်ယောင် မဲနှိုက်နေဖို့ မလိုပါဘူး သူမအတွက် အခန်းကို ကျွန်တော်တို့တွေ အားလုံး သန့်ရှင်းရေးလုပ်ပြီးပါပြီ"
ဟန်ကျင့်ရန်က စကားပြောရန် အခွင့်အရေးရတုန်း ပြောလိုက်သည်။
"ဟုတ်တယ်
ကျွန်မနဲ့ ကျွန်မရဲ့ခင်ပွန်းက သူမမိဘတွေနဲ့
ငယ်ငယ်ကတည်းက သူငယ်ချင်းတွေပါ
သူမ မွေးတုန်းကတည်းက ကျမတို့ရဲ့
သမီးအဖြစ် မွေးစားခဲ့တာပါ"
ကျန်းလင်းက ပျော်ရွှင်စွာ ပြောလိုက်သည်။
သူမစကားဆုံးတာနှင့် အခန်းထဲက လူတိုင်း
အနည်းငယ် အံ့သြသွားပြီး သူ့ကို လှည့်ကြည့်ကြသည်။ယဲ့မုန့်ယောင်က ပြုံးပြီး ကျန်းလင်း၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
သူမ မသိတာက လူအုပ်ထဲတွင် သူမကို မနာလိုဖြစ်နေသည့် မိန်းကလေးတစ်ယောက် ရှိနေတယ်ဆိုတာကိုပါပဲ။ ထိုမိန်းကလေးက လျိုရှန်းရှန်းဖြစ်ပြီး စာရင်းကိုင်လျို၏ အငယ်ဆုံးသမီးဖြစ်၏။
သူမက ဟန်ရှုယောင် ချင်းရွှေရွာကို ပထမဆုံးရောက်လာကတည်းက သူ့ကို ချစ်မိသွားခဲ့သည်။ ဟန်ရှုယောင်ကရောက်ပြီး မကြာခင် အသားထုတ်လုပ်သည့်စက်ရုံသို့ မသွားခင်အထိ သူမဟာ နေ့တိုင်း ဟန်ရှုယောင်ရှေ့တွင် သူမရှိနေကြောင်း သိသာအောင် ကြိုးစားခဲ့ရသည်။
သို့ပေမဲ့ ဟန်ရှုယောင်က သူမကို လုံးဝလျစ်လျူရှုခဲ့သည်။ နောက်ပိုင်း ဟန်ရှုယောင်ဟာ အသားထုတ်လုပ်သည့်စက်ရုံမှာ သွားအလုပ်လုပ်ရသောအခါ သူကအလုပ်သွားဖို့သာ အချိန်ရှိပြီး ဟန်ရှုယောင်ရှေ့တွင် သူမလူလုံးပြဖို့ရန် အချိန်မရှိတော့ပေ။
ယခု သူမကို မှတ်မိသေးရဲ့လားဆိုတာ မသေချာပေ။ လျိုရှန်းရှန်းက ဟန်ရှုယောင်နှင့်ယဲ့မုန့်ယောင်တို့ ပညာတတ်လူငယ်အိမ်၏ အဝင်ဝတွင် အတူတူ စကားပြောနေတာကို မြင်လိုက်သည်။ သူတို့နှစ်ယောက်က ရင်းနှီးနေပုံရ၏။ သူတို့ ငယ်ငယ်ကတည်းက သိကျွမ်းခဲ့ပြီး ယခုကဲ့သို့ ခင်မင်ရင်းနှီးသည့် ဆက်ဆံရေးရှိမယ်လို့ သူမ မထင်ထားချေ။
အခုတော့ ယဲ့မုန့်ယောင်က သူ့အိမ်မှာ သွားနေရတော့မည်။ ထိုအကြောင်းကို တွေးလိုက်တာနဲ့ ယဲ့မုန့်ယောင်အားချက်ချင်း ပျောက်ကွယ်သွားစေချင်တော့သည်။
ယဲ့မုန့်ယောင်က တစ်ယောက်ယောက်က သူမကို စိုက်ကြည့်နေသလို ခံစားလိုက်ရ၍ ဘယ်သူကြည့်နေလဲဆိုတာကို လှည့်ကြည့်လိုက်သောအခါ မိန်းကလေးတစ်ယောက် သူမကို စိုက်ကြည့်နေကြောင်း တွေ့လိုက်ရသည်။ သူမက ဒီနေ့မှ ရွာကိုရောက်လာပြီး ဘယ်သူ့ကိုမှလည်းမစော်ကားခဲ့ဖူးတာကြောင့် နည်းနည်း ထူးဆန်းတယ်လို့ ခံစားလိုက်ရသည်။
"ယောင်ယောင် သမီး ဘာဖြစ်လို့လဲ"
ကျန်းလင်းက ယဲ့မုန့်ယောင် မိန်းကလေး တစ်ယောက်အား ကြည့်နေတာကို မြင်သောအခါသူမလက်ကို ဆုပ်ကိုင်ပြီး မေးလိုက်သည်။
"ဘာမှ မဟုတ်ပါဘူး အမေ"
"ဒါဆိုရင် ကောင်းတယ်
ကပ္ပတိန်က အမေတို့ကို နေစရာနေရာ
သတ်မှတ်ပေးပြီးရင် ပြန်လို့ရပြီ"
ကျန်းလင်းက ပြောလိုက်သည်။
"ဟုတ်ကဲ့"
ယဲ့မုန့်ယောင်က ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။ သူမကို စိုက်ကြည့်နေသော မိန်းကလေးအတွက်တော့ ဘာကြောင့်လာကြည့်နေလဲဆိုတာကို
နားမလည်နိုင်လို့ သူမအား တခဏမေ့ထားလိုက်မည်။ တံခါးအပြင်တွင် ရွာသားအများစုက ပျော်ပွဲကြည့်ဖို့ ရောက်လာကြပြီး အဖွဲ့ခေါင်းဆောင်က ရွာလယ်ကွင်းထိပြန်သွားပြီး ရှင်းပြဖို့ရန်မလိုလားသောကြောင့် ဘယ်မိသားစုက ပညာတတ်လူငယ်တွေကို သူတို့အိမ်မှာနေခွင့်ပေးမလဲဆိုတာကို တိုက်ရိုက်ပဲ မေးလိုက်တော့မည်။
"ဒါဆိုရင် မိန်းကလေး ပညာတတ်လူငယ်
တစ်ယောက်ပဲ ကျန်တော့တယ်
သူမက ရွာသားတစ်ယောက်ရဲ့ အိမ်မှာ နေရမယ်"
အဖွဲ့ခေါင်းဆောင် အသိပြန်ဝင်လာပြီး
တံခါးအပြင်က ရွာသားတွေကို ကြည့်ပြီး
မေးလိုက်သည်။
"မင်းတို့ထဲက ဘယ်သူ့မှာ အခန်းပိုရှိပြီး
ပညာတတ်လူငယ်ကို နေခွင့်ပေးနိုင်မလဲ ထွက်လာပေးပါဒီအတွက် အဖွဲ့က တစ်နှစ်ကို
အလေးချိန်ကီလိုဂရမ် ၁၀၀ ရှိတဲ့ ကန်စွန်းဥ
ထောက်ပံ့ပေးနိုင်တယ်"
ဤစကားပြောပြီးတာနဲ့ ရွာသားတွေကအချင်းချင်း
စကားပြောဆိုလာကြသည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်တုန်းက ပညာတတ်လူငယ်များ ပထမဆုံး ကျေးလက်ကို ရောက်တုန်းက ပညာတတ်လူငယ်တွေအတွက် အိမ်ရာမရှိသေးချေ။ အသစ်ရောက်လာသော ပညာတတ်လူငယ်များလည်း ရွာသားများ၏ အိမ်တွေမှာပဲ နေခဲ့ကြသည်။ သူတို့၏မတူညီသော နေထိုင်မှုပုံစံများကြောင့်အငြင်းပွားမှုများ အမြဲ ရှိခဲ့သည်။
ပညာတတ်လူငယ်များက အလုပ်က
ပြန်လာတိုင်း နေ့တိုင်း ရေချိုးကြသည်။ နွေရာသီတွင် အဆင်ပြေပေမယ့် ဆောင်းရာသီမှာတော့ ပညာတတ်လူငယ်များက ရေနဲ့ ထင်းတွေကို ဖြုန်းတီးနေတယ်လို့ ရွာသားတွေက ထင်ခဲ့ကြသည်။
ရွာက အိမ်များတွေရေတွင်းမရှိချေ၊ ဒါကြောင့် သူတို့ကိုယ်တိုင် ရေနဲ့ ထင်းတွေကို သွားခပ်ယူရ၊ကောက်ယူရသည်။ သူတို့ဘက်ကိုလည်း စဉ်းစားကြည့်ရပေမည်။။
ပညာတတ်လူငယ်အများစုက ရွာသားတွေဟာ သန့်ရှင်းမှုမရှိဘူး၊ ပညာမတတ်ဘူးဟု ထင်ခဲ့ကြပြီး သူတို့ကို အထင်သေးခဲ့ကြသည်။ လိုက်လျောညီထွေဖြစ်သည့်ပညာတတ်လူငယ်အနည်းငယ်ရှိသော်လည်း ပညာတတ်လူငယ်များ၏ ဂုဏ်သိက္ခာကတော့ ပျက်စီးခဲ့ရသည်။
ရွာသားများက ပညာတတ်လူငယ်တွေကို
အိမ်မှာထားဖို့ ခက်ခဲတယ်လို့ ထင်ခဲ့ကြသည်။ ထို့ကြောင့် အရင်တုန်းက သူတို့ အချင်းများခဲ့ကြပြီး အဖွဲ့ခေါင်းဆောင်က သူတို့ကို ခွဲထားလိုက်တာ
ပိုကောင်းမယ်လို့ ထင်ခဲ့တာကြောင့် လက်ရှိ ပညာတတ်လူငယ်အဖွဲ့ချုပ်ခြံဝန်းကို တည်ဆောက်ခဲ့ကြတာဖြစ်သည်။
ယခု အဖွဲ့ခေါင်းဆောင်ကမေးသောအခါ ရွာသားတွေက ကန်စွန်းဥ ကီလိုဂရမ် ၁၀၀ ထောက်ပံ့ကြေးကို လိုချင်ကြသောလည်း ပညာတတ်လူငယ်တွေက ပြုစုဖို့ ခက်ခဲနေမှာကိုလည်း ကြောက်နေကြသည်။ ဘယ်သူကမှ ပညာတတ်လူငယ်ကို သူတို့အိမ်မှာ အိပ်ခွင့်ပေးဖို့ မဝံ့ရဲကြဘူး။
"အဖေနဲ့အမေ သမီးတို့အိမ်မှာ
သမီးသူငယ်ချင်းနဲ့ အတူနေလို့ရမလား"
ယဲ့မုန့်ယောင်က ကျန်းလင်း၏လက်ကို ဆုပ်ကိုင်ပြီး မေးလိုက်သည်။
"သမီးအရင်တုန်းက ပေကျင်းမှာ
ကျန်ယင်းယင်းဆိုတဲ့ သူငယ်ချင်းအကြောင်း
ပြောဖူးတယ်မလား"
ကျန်းလင်းက မေးလိုက်သည်။
ကျန်းလင်းက ကျန်ယင်းယင်းကို ယခင်က မမြင်ဖူးသောကြောင့် သူမနာမည်ကိုကြားဖူးသည်။ ယခု သူမနာမည်ကို ကြားလိုက်တော့ အလွန်ရင်းနှီးနေသလို ခံစားလိုက်ရသည်။
"ဟုတ်တယ် အမေ အဲဒါ သူပဲ"
"ကောင်းပြီလေ သမီး ခေါင်းကိုင်အဖေရဲ့
အရင်အခန်းမှာ နေပါစေ၊ သမီး မိဘတွေလာဖို့အတွက်လည်း ပြင်ဆင်ထားပြီးပြီ သမီးမိဘတွေ
ဘယ်တော့လာမလဲဆိုတာ မသိသေးဘူး"
"အရမ်းကောင်းတာပဲ"
ယဲ့မုန့်ယောင်က ပျော်ရွှင်စွာ ပြောလိုက်သည်။
"အမေတို့အိမ်မှာ အခန်းကျန်သေးတယ်"
ကျန်းလင်းက ပြောလေသည်။
"အဖေ ကျွန်တော်တို့အိမ်မှာ
အခန်းတစ်ခန်း မကျန်တော့ဘူးလား
ဘယ်သူမှ မနေချင်ဘူးဆိုရင် ကျန်ယင်းယင်းကို ကျွန်တော်တို့နဲ့ အတူနေခွင့်ပေးလိုက်ပါ"
အသံနှစ်သံက တစ်ချိန်တည်းမှာ ထွက်လာတယ်။
ယဲ့မုန့်ယောင်က အသံလာရာနောက်ကို လှည့်ကြည့်လိုက်တော့ လီမင်ဟွေ့ပြောတာမှန်း သိလိုက်ရသည်။
ကပ္ပတိန်က လီမင်ဟွေ့၏ ရုတ်တရက်ထွက်လာသည့်
စကားသံကြောင့် မကျေမနပ် မဖြစ်ခဲ့ချေ။ ဘာပဲဖြစ်ဖြစ် သူလည်း ဤအတိုင်းပဲ တွေးနေခဲ့တာပင်။ မည်သူကမှ ခေါ်မထားချင်ဘူးဆိုရင် သူက ပညာတတ်လူငယ်ကို သူ့အိမ်တွင် နေခွင့်ပေးမှာ ဖြစ်သည်။
သူတို့အိမ်မှာ အခန်းတစ်ခန်းလွတ်နေသေးပြီး ထိုအခန်းကို မြေးတွေကြီးလာရင်နေဖို့ ရည်ရွယ်ထားတာဆိုသော်လည်း ယခုထိ သူတို့က ငယ်သေးပြီး မိဘများနှင့် အတူနေနေသောကြောင့် အခန်းက အခုထိ လွတ်နေဆဲပင်။
သို့ပေမဲ့ သူ့ကို စိတ်ရှုပ်ထွေးစေတဲ့အရာက သူ၏ဒုတိယသားဟာ အရင်က ဤကိစ္စတွေကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ချေ။ဒါပေမဲ့ ယခုအခါမှာ သူကိုယ်တိုင် စကားစပြောပြီး ကျန်ယင်းယင်းကို
သူ့အိမ်မှာ အတိအကျ နေခွင့်တောင်းတာပဲ။
သူက ဟန်မိသားစုက နောက်ထပ်ပညာတတ်လူငယ်တစ်ယောက်ကို သူတို့အိမ်မှာ နေခွင့်ပေးလိမ့်မယ်လို့ မထင်ထားခဲ့ချေ။ သို့သော် သူတို့အိမ်တွင် ပညာတတ်လူငယ်နှစ်ယောက် နေခွင့်ပြု၍မရချေ။ ဤကြောင်းကို တွေးပြီးနောက် အဖွဲ့ခေါင်းဆောင်က ပြောလိုက်သည်။
"ကောင်းပြီလေ မင်းတို့မိသားစုက ပညာတတ်
လူငယ်တစ်ယောက်ကို အတူနေခွင့်ပေးပြီပဲ
ဒီတစ်ယောက်ကိုတော့ ငါ့အိမ်မှာ နေခွင့်ပေးလိုက်မယ်"