အခန်း(၆)
Viewers 74

အခန်း ၆


ယဲ့မုန့်ယောင်တို့က ထွန်စက်​ပေါ်တွင် ထိုင်လိုက်ကြပြီး ရွာသို့ထွက်လာခဲ့ကြသည်။ ရွာကို ပြန်သည့်လမ်းတွင် ယဲ့မုန့်ယောင်နှင့် ပညာတတ်လူငယ်များသည် လမ်းဘေးရှုခင်းများကို ခံစားခဲ့ကြသည်။ 


နာရီဝက်ခန့်ကြာပြီး​နောက် ယဲ့မုန့်ယောင်တို့ ရှေ့တွင် အိမ်တချို့ကို ခပ်ဝေးဝေးက မြင်နေရသည်။ ဟန်ရှု​ယောင်က ပညာတတ်လူငယ်၄​ယောက်ကို ထိုအိမ်​လေး​တွေမြင်​နေရတာက ချင်းရွှေရွာလို့ ပြောပြ​ပေးသည်။


လီမင်​ဟွေ့က ထွန်စက်ကို တိုက်ရိုက်မောင်းလာပြီး ပညာတတ်လူငယ်အိမ်ကို ရောက်လာကြသည်။ 

သူတို့ရွာကို ရောက်တော့ ရွာသားများက အလုပ်တွေကို အပြီးသတ်ထားပြီး​လေပြီ။ သူတို့က ထွန်စက်အသံကို ကြားတော့ အားလုံးကလာကြည့်ကြသည်။ သူတို့က ပညာတတ်လူငယ်များ၏အိမ်ကို ရောက်သည့်အခါ နောက်တွင် လူအုပ်ကြီး လိုက်လာတာကို တွေ့လိုက်ရ၏။


ထိုအချိန်မှာ ပညာတတ်လူငယ်အဖွဲ့ချုပ်အိမ်၏

တံခါးက အတွင်းကနေ ပွင့်လာပြီး လူငယ်အဖွဲ့ချုပ်ကော်မတီဝင် ကျောက်ယွီနှင့် တခြားပညာတတ်လူငယ်အဖွဲ့၏အဖွဲ့ဝင်တချို့ထွက်လာခဲ့ကြသည်။


"မင်းတို့က ပညာတတ်လူငယ် အသစ်​လေး

တွေဖြစ်မယ်ထင်တယ် 

ငါက ပညာတတ်လူငယ် ကျောက်ယွီပါ

လာ မင်းတို့ကို ပညာတတ်လူငယ်​နေထိုင်ရတဲ့

ခြံဝင်းကို လိုက်ပြမယ်"


ကျောက်ယွီက မျက်နှာသစ်လေးယောက်ကို 

အပြင်ကို ခေါ်ထုတ်ပြီး ပြောလိုက်သည်။


"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကျောက်ကျစ်ချင်း"


ဝမ်ယွီဟိုင်က ပြုံးပြီးပြောကာ ကျောက်ယွီနောက်ကို လိုက်သွားသည်။ ဝမ်ယွီဟိုင်ဝင်သွားသည့်အခါ လျိုယွဲ့က နောက်ကို လှည့်ကြည့်ပြီး​​နောက် သူ၏နောက်မှလိုက်သွား​လေသည်။


"ယောင်ယောင် မင်းသွားစရာမလိုဘူး

လာကြည့်ဦး မင်း ကိုယ့်အိမ်မှာပဲ နေလို့ရတယ်

အမေက မင်းတို့လာမယ်ဆိုတော့ အရမ်းပျော်နေတာသူက မင်းအတွက်အခန်းကို ကြိုက်သလို 

သန့်ရှင်းရေးလုပ်ပြီး အလှဆင်ပေးထားတယ်" 


ဟန်ရှုယောင်က ယဲ့မုန့်ယောင်ကို ပြောပြီး 

သူတို့နှစ်ယောက်တွင် ပြောစရာစကားရှိမှန်းသိလို့ ကျန်ယင်းယင်းက ​ယဲ့မုန့်ယောင်၏လက်ကိုလွှတ်ပြီး အရင်ထွက်သွားသည်။


ယဲ့မုန့်ယောင်က လှည့်ပြီး ဟန်ရှုယောင်ကို 

ပြောလိုက်သည်။


"ဒါပေမဲ့ ညီမသွားပြီး လှည့်ပတ်ကြည့်ချင်တယ် အဆင်ပြေရင် ပညာတတ်လူငယ်အိမ်မှာပဲ 

နေလိုက်မယ်​လေ ယင်းယင်းနဲ့ ညီမကအတူလာခဲ့တာသူ့ကို ဒီမှာ တစ်ယောက်တည်း ထားခဲ့လို့ မဖြစ်ဘူး သူ ဒီနေရာနဲ့ မရင်းနှီးသေးဘူး​​လေ"


"ကောင်းပြီ​လေ ကိုယ့်အမေနဲ့ နောက်မှ ပြောလို့ရတယ် ဒါပေမဲ့ အခြေအနေတွေက မကောင်းရင် 

ကိုယ့်အိမ်မှာပဲ နေလိုက်ပါ ကိုယ့်ကိုကိုယ် အတင်းတွန်းအားမ​ပေးပါနဲ့" 


ဟန်ရှုယောင်က ပြန်ပြောလိုက်၏။


"အစ်ကို ညီမက ကိုယ့်ကိုကိုယ်  

အတင်းတွန်းအား​ပေးတတ်တဲ့လူမျိုးလို့ ထင်လို့လား

အစ်ကို​ရော တစ်ချက်​လောက် ဝင်ကြည့်မလား"


"ကိုယ် အခု မဝင်​တော့ဘူး 

ကိုယ့်မိဘတွေ မင်းဒီမှာရှိမှန်းသိရင် 

သူတို့ သေချာပေါက် လာရှာလိမ့်မယ်

သူတို့ကို ဒီကပဲ စောင့်နေမယ်" 


ဟန်ရှုယောင်က ပြန်ပြောသည်။


ထိုအချိန်တွင် တံခါးဝကို ရောက်နေပြီဖြစ်သည့် ကျန်ယင်းယင်းက လှည့်လာပြီး ယဲ့မုန့်ယောင်ကို ​ခေါ်လိုက်၏။


"မုန့်​ယောင်​ရေ မြန်မြန်လာခဲ့"


"လာပြီ" 


ယဲ့မုန့်ယောင်က ကျန်ယင်းယင်းကို 

ပြန်​ဖြေလိုက်​သည်။


"ရှုရှု ဒါဆို ကျွန်မ အရင်သွားကြည့်လိုက်ဦးမယ်" 


ယဲ့မုန့်ယောင်က ဟန်ရှုယောင်ကို ကြည့်ပြီး ပြောလိုက်သည်။


"အင်း မြန်မြန်သွား" 


ဟန်ရှုယောင်က ခေါင်းညိတ်ပြလိုက်သည်။


ဟန်ရှုယောင်၏အဖြေကိုကြားတော့ 

ယဲ့မုန့်ယောင်က ကျန်ယင်းယင်းဆီကို 

အမြန်ပြေးသွားပြီး ကျောက်ယွီနှင့် တခြားသူတွေက

မသွားသေးဘဲ စောင့်နေတာကို တွေ့လိုက်ရသည့်အခါ အလျင်အမြန် တောင်းပန်လိုက်သည်။


"စကားကို နောက်မှ ပြောလို့မရဘူးလား

နင်ကအားလုံးရဲ့အချိန်ကို ဖြုန်းနေတာပဲ" 


လျှိုယွဲ့က မ​ကျေမနပ်နှင့်​ပြောလိုက်သည်။


"လျိုယွဲ့ နင် ဘာအကြောင်းပြောနေတာလဲ 

ဒါ့အပြင် ငါတို့က နင့်ကို စောင့်ဖို့ မပြောခဲ့ဘူးနော်" 


ကျန်ယင်းယင်းက ပြန်ပြောသည်။ 


သူမက လျိုယွဲ့ကို အတော်ကြာကြာ သည်းခံခဲ့ရသည်။ သူမက အမြဲတမ်း သရော်သည့်လေသံနှင့် ပြောတတ်ပြီး သူတို့နှစ်ယောက်ကလည်း သူနှင့်ဘယ်တုန်းကမှ ပြသာနာမဖြစ်ဖူး​ခဲ့ပါချေ။


အရေးကြီးသည့်အချိန်တွင် ကျောက်ယွီက ဝင်ပြီး ဖြန်ဖြေပေးလိုက်ရာ နှစ်ယောက်သား စကားများတာ ရပ်သွားသည်။


ကျောက်ယွီနှင့် တခြားပညာတတ်လူငယ်တချို့က လူနည်းနည်းကို ခေါ်ပြီး ပညာတတ်လူငယ်တွေရဲ့ 

ခြံဝင်းကို မိတ်ဆက်ပေးကြသည်။ ခြံဝင်း၏

အလယ်မှာ ပညာတတ်လူငယ်တွေ စားသောက်ကြပြီး အစည်းအဝေးလုပ်သည့်အဓိကခန်းမဆောင်တစ်ခုရှိသည်။ ဘယ်ညာနှစ်ဖက်မှာတော့ ယောက်ျားလေးနှင့် မိန်းကလေး ပညာတတ်လူငယ်တွေ နေထိုင်ကြတယ်။ မိန်းကလေး ပညာတတ်လူငယ်များ 

နေထိုင်သည့် ညာဘက်တွင် မီးဖိုချောင်တစ်ခုရှိသည်။


"ဒီနေ့အတွက် မင်းတို့အတွက် အိပ်စရာ

နေရာတွေ ပြင်ဆင်ထားပြီးပြီ

ဒါပေမဲ့ယောက်ျားလေးတွေအတွက် တစ်နေရာပဲ 

ကျန်တော့လို့ နည်းနည်းတော့ အခက်အခဲရှိတယ် 

ဒါကြောင့် တစ်နေရာပဲ ပြင်ဆင်ပေးနိုင်တယ် ခေါင်းဆောင်က ဘယ်လိုစီစဉ်ပေးမလဲ စောင့်ကြည့်ရအောင်" 


ကျောက်ယွီက ယောက်ျားလေး ပညာတတ်လူငယ်တွေနေသည့် အဓိကခန်းမဆောင်၏ ဘယ်ဘက်ခြမ်းကို ခေါ်သွားပြီး ဝမ်ယွီဟွာကို ပြောလိုက်သည်။


"ဒီအခန်းမှာ နေပါ

ဟိုဘက်က အိပ်ရာလွတ်က ရှင့်အတွက်ပဲ"


ထိုအချိန်တွင် အမျိုးသမီးပညာတတ်လူငယ်တစ်ယောက်က ကျောက်ကျစ်ချင်း နှင့် ကျန်နှစ်ယောက်ဆီကို လာပြီး ​ပြောလိုက်သည်။


"ရှင်တို့က အမျိုးသမီးပညာတတ်လူငယ်

အသစ်သုံးယောက် မဟုတ်လား

လာပါ၊ ရှင်တို့သုံးယောက်ကို အမျိုးသမီးပညာတတ်လူငယ်တွေနေတဲ့နေရာကို လိုက်ပြ​ပေးမယ်

အမျိုးသမီးပညာတတ်လူငယ်တွေက 

နည်းနည်းပဲရှိတာ" 


"ဒါကြောင့် ငါတို့နေတဲ့နေရာက 

ယောက်ျားလေးပညာတတ်လူငယ်တွေ

နေတဲ့နေရာထက် နည်းနည်းသေးတယ် 

ဒီနေ့မှ ငါတို့ သန့်ရှင်းရေးလုပ်ထားတာဆိုတော့ 

လူတစ်ယောက်ပဲနေလို့ရမယ်

ဒါ့အပြင် အိမ်သာဘေးက ဂိုဒေါင်လေး

တစ်ခုကိုလည်း သန့်ရှင်းရေးလုပ်ထားသေးတယ်၊ ဒါပေမဲ့ အဲဒီနေရာက အရမ်းစိုထိုင်းပြီး 

အိမ်သာနံ့လည်း နံတယ်

ရှင်တို့ သည်းခံနိုင်​လောက်မလား ကြည့်ကြည့် 

မ​နေနိုင်ရင် တခြားနည်းလမ်း စဉ်းစားကြည့်စို့"


အမျိုးသမီးပညာတတ်လူငယ်နောက်ကို 

လိုက်ပြီး မီးဖိုချောင်အနီးက အခန်းတစ်ခုကို သွားကြသည်။ လမ်းပြလာသည့် အမျိုးသမီးပညာတတ်လူငယ် ရှုကျားကျားက သူတို့ကို ပြော​လေ၏။


"ဒီအခန်းက တခြားအခန်းတွေထက် 

အများကြီးသေးတယ် ငါနဲ့ ​ကျောက်ကျစ်ချင်းတို့

နှစ်ယောက်ပဲ နေလို့ရတာ ခေါင်းဆောင်က အမျိုးသမီးပညာတတ်လူငယ်တချို့ လာမယ်လို့ပြောထားလို့ ငါတို့နှစ်ယောက် တံခါးနားကို သန့်ရှင်းရေးလုပ်ထားတယ်"


ယဲ့မုန့်ယောင်တို့တွေ အခန်းထဲကို ကြည့်လိုက်​သောအခါ အိပ်ရာသုံးလုံး တွေ့ရသည်။ အတွင်းဘက်အကျဆုံး အိပ်ရာနှစ်လုံးတွင် အိပ်ယာခင်းခင်းထားပြီး ခြင်ထောင်များ ချထားသည်။


အိပ်ရာများက ရှုကျားကျားနှင့် ​ကျောက်ကျစ်ချင်းတို့ အိပ်ခဲ့သည့်နေရာတွေ ဖြစ်ပုံရငည်။ တံခါးဘေးက အိပ်ရာတွင်တော့ ဘာမှမရှိ​ပေ။


"ဒီအခန်းက အိပ်ရာတစ်ခုပဲ ဆံ့​တော့တယ် 

ဒီအိပ်ရာက အဖွဲ့ကပိုင်တာဆိုတော့ ရှင်တို့်

ဝယ်စရာမလိုဘူး ဂိုဒေါင်ကို သွားကြည့်ပြီး 

ဘယ်လိုအိပ်ကြမလဲ ဆုံးဖြတ်ရအောင်"  


ရှုကျားကျားက သူတို့ကို ပြောသည်။


သူတို့သုံးယောက် ရှုကျားကျားနောက်ကို 

လိုက်ပြီး ဂိုဒေါင်ကို သွားကြည့်ကြသည်။ 

ဂိုဒေါင်က အိမ်သာနဲ့ သုံးလေးမီတာသာ ဝေးသည်။ 

သူတို့ ဂိုဒေါင်ကို မရောက်ခင်ကတည်းက 

အနံ့ဆိုးကို ရနေကြပြီ။ ဂိုဒေါင်က ရှုကျားကျားနှင့် ကျန်သည့်သူတွေရဲ့ အခန်းထက် အများကြီးသေးပြီးအိပ်ရာနှစ်လုံးသာ ဆံ့ပုံရသည်။


အိမ်သာက အပေါ်မှာ ခြေနင်းခုံတွေနဲ့ 

အတွင်းထဲမှာ လောက်ကောင်အဖြူတွေ 

အများကြီးရှိတဲ့ တွင်းကြီးတစ်ခုလိုပဲ (゜ロ゜)


ယဲ့မုန့်ယောင် ယခု​လေးတင် အိမ်သာသွားချင်ခဲ့​​သော်လည်း ဒီမြင်ကွင်းကို တစ်ချက်ပဲကြည့်ပြီး​နောက် မအီမသာဖြစ်ပြီး အန်ချင်လာသည်။ ရှုကျားကျားတို့က သူတို့ဒီကို ပထမဆုံးရောက်တုန်းကလည်း ဒီလိုပဲလို့ ပြောပြီး သူတို့က ဒီအိမ်သာကို မဖြစ်မ​နေအ​ခြေအ​နေမှသာ သုံးရသည်ဟု ပြောသည်။


"ဒီဂိုဒေါင်က အရမ်းသေးတယ် 

လူနှစ်ယောက် အိပ်ဖို့ အိပ်ရာနှစ်လုံး 

ထားလိုက်ပြီဆိုရင် ​နောက်ထပ်နေရာမရှိ​တော့ဘူး" 


ယဲ့မုန့်ယောင်က မျက်မှောင်ကြုတ်ပြီး 

ပြောလိုက်သည်။


"ဟုတ်တယ် အခန်းထဲကို ပြန်ရောက်တာနဲ့ 

ချက်ချင်း အိပ်လို့မရ​​လောက်ဘူး 

အနံ့က အရမ်းပြင်းနေတုန်းပဲ"


ကျန်ယင်းယင်းက ထောက်ခံလိုက်သည်။


"ရှင်တို့ တကယ် ဒီမှာ မနေနိုင်ဘူးလို့ 

ခံစားရရင် အဖွဲ့ခေါင်းဆောင်ကို သွားပြောပြီး 

တခြားနေရာရနိုင်မလား ​မေးကြည့်လို့ရတယ်"


"ဒါဆို မြန်မြန်ပြန်ကြစို့

ဒီမှာ နံစော်နေလို့ ငါ မခံနိုင်တော့ဘူး" 


လျိုယွဲ့က နှာခေါင်းကို ပိတ်ပြီး ပြောကာ 

အဓိကခန်းမဆောင်ကို ပြေးသွားသည်။


သူတို့ အဓိကခန်းမဆောင်ကို ရောက်​သောအခါ ခေါင်းဆောင်က ရောက်နှင့်နေပြီ။ ယဲ့မုန့်ယောင် 

ဝင်လာသည်နှင့် ဟန်ရှုယောင်၏ဘေးတွင်

စုံတွဲတစ်တွဲ ရပ်နေသည်ကို တွေ့လိုက်ရသည်။ 

သူတို့က ယဲ့မုန့်ယောင်၏ ​​​မွေးစားမိဘများဖြစ်သည်။ ယဲ့မုန့်ယောင် အလျင်အမြန် 

သူတို့ဆီ လျှောက်သွားပြီး နှုတ်ဆက်လိုက်သည်။