ယဲ့မုန့်ယောင် လှမ်းကြည့်လိုက်သောအခါ ဘေးတွင် ထိုင်နေသူမှာ သူမ၏ အတန်းဖော်နှင့် အချစ်ဆုံးသူငယ်ချင်းဖြစ်သူ ကျန်းယင်းယင်း ဖြစ်ကြောင်း တွေ့လိုက်ရသည်။
သူမက ပခုံးအထိရှည်သော ဆံပင်အနက်ရောင်လေးနှင့် လှပသော မျက်နှာသွင်ပြင်ရှိကာချစ်စရာကောင်းသည့် မိန်းကလေးတစ်ဦးဖြစ်ပြီး အစိမ်းရင့်ရောင် လီနင် ဝတ်စုံကို ဝတ်ဆင်ထားသည်။
သူမတို့မိသားစုနှစ်စုစလုံးက စက်ရုံတွင် အသစ်ဆောက်လုပ်ထားသော မိသားစုအိမ်ရာတွင် နေထိုင်ကြပြီး အိမ်နီးချင်းများလည်း ဖြစ်ကြသည်။ ထိုကဲ့သို့သော မိသားစုအိမ်ရာ အများအပြားရှိသော်လည်း အလုပ်သမားဦးရေ များပြားသောကြောင့် အလုံအလောက်ခွဲဝေ၍ မရနိုင်ပေ။ ပထမဆုံး မိသားစုအိမ်ရာကို စတင်ဆောက်လုပ်နေချိန်တွင် ယဲ့မုန့်ယောင်တို့မိသားစုက မဲနှိုက်စရာမလိုဘဲ အိမ်တစ်လုံး ရခဲ့သည်။
သို့သော် ထိုအချိန်တွင် ယဲ့မုန့်ယောင်၏ အဘိုးအဘွားများ ရှိနေသေးပြီး ယဲ့မုန့်ယောင်၏ မိသားစုနှင့် အဘွားတို့သည် အနောက်တိုင်းပုံစံ အဆောက်အအုံငယ်တစ်ခုတည်းတွင် စုပြုံနေထိုင်ကြသောကြောင့် အသက်ဝင်လှသည်။ ထို့ကြောင့် ယဲ့မုန့်ယောင်သည် ထိုအိမ်ကို မလိုချင်ခဲ့ပေ။
ယဲ့မုန့်ယောင်၏ မိဘနှစ်ပါးစလုံးသည်
အရင်းရှင်များဖြစ်ကြပြီး မိဘနှစ်ပါးစလုံးသည်တစ်ဦးတည်းသော ကလေးများဖြစ်သည်။
ယဲ့မုန့်ယောင်ငယ်ရွယ်စဉ်က သူမ၏မိသားစုတွင် အနောက်တိုင်းပုံစံ အဆောက်အအုံငယ်များနှင့် ဝင်ပေါက်ငါးခုပါသော အိမ်ကြီးတစ်လုံးရှိကြောင်း သိရသောအခါ အလွန်ပျော်ရွှင်ခဲ့သည်။ သို့သော် နှစ်အနည်းငယ်ကြာပြီးနောက် တစ်စုံတစ်ဦးက သူမတို့၏ ပိုင်ဆိုင်မှုများကို သိမ်းယူသွားမည်ကိုလည်း စိုးရိမ်ခဲ့ရသည်။
ဆယ်နှစ်ကြာ ပြောင်းရွှေ့မှုစတင်သောအခါ ယဲ့ချင်ဖုန်းနှင့် ဇနီးသည်တို့က ၎င်းတို့၏ပိုင်ဆိုင်မှုအားလုံးကို လုံးဝစွန့်လွှတ်ခဲ့ပြီး ၎င်းတို့၏ ဘိုးဘွားများလက်ဆင့်ကမ်းခဲ့သော ခြံဝင်းတစ်ခုနှင့် လေးထပ်ခြံဝင်းသုံးခုကိုသာ ချန်ထားခဲ့သည်။
ယဲ့ချင်ဖုန်းက အနောက်တိုင်းပုံစံ အဆောက်အအုံငယ်ကို လှူဒါန်းခဲ့သည်။ ခြံဝင်းနှင့် အိမ်တစ်လုံးရှိသော်လည်း ယဲ့ချင်ဖုန်းတို့ သုံးဦးသာရှိသော မိသားစုအတွက် ခြံဝင်းအိမ်တွင် နေထိုင်ရန် အလွန်အထီးကျန်ဆန်သည်ဟု ခံစားခဲ့ရသည်။ထိုအချိန်တွင် ယဲ့ချင်ဖုန်း၏ အထည်စက်ရုံရှိ မိသားစုအိမ်ရာတွင် အဆောက်အအုံနှစ်ခုက ဆောက်လုပ်ပြီးစီးသွားသောကြောင့် ယဲ့ချင်ဖုန်းက အိပ်ခန်းနှစ်ခန်းပါသော အိမ်တစ်လုံးကို ရွေးချယ်ခဲ့သည်။
ဧည့်ခန်းတစ်ခန်းပါသောအိမ်သည် လူတစ်ဦးနေထိုင်ရန်အတွက် လုံလောက်သော်လည်း ကျန်အခန်းများကို စက်ရုံရှိ ဝါရင့်များ၊ ရာထူးနှင့် လုပ်ငန်းခွင်စွမ်းဆောင်ရည်ကောင်းမွန်သူများအကြား မဲနှိုက်၍ ခွဲဝေပေးခဲ့သည်။
ကျန်းယင်းယင်း၏ မိသားစုက ယဲ့မုန့်ယောင်၏ အိမ်ဘေးရှိ အိပ်ခန်းသုံးခန်းပါသော ဧည့်ခန်းတစ်ခန်းပါသည့် အိမ်ကို မဲပေါက်ခဲ့သည်။
မိသားစုနှစ်စုက အလွန်နီးကပ်စွာ
နေထိုင်ကြသောကြောင့် ယဲ့မုန့်ယောင်နှင့် အသက်တူသူ ကျန်းယင်းယင်း တို့သည်မကြာခဏ အတူတကွ ကစားခဲ့ကြသည်။ ကျောင်းတက်သောအခါ သူမတို့က စားပွဲတစ်ခုတည်းတွင် ထိုင်ပြီး ကျောင်းမှအိမ်သို့ အတူတကွ ပြန်ကာ သူငယ်ချင်းကောင်းများ ဖြစ်လာခဲ့ကြသည်။
ယဲ့မုန့်ယောင်၏ဖခင်မှာမူ ကျောင်း၏ ဝန်ထမ်းများနေထိုင်သော အဆောက်အအုံတွင် နေထိုင်ပြီး ယဲ့မုန့်ယောင်တို့အိမ်မှ ၅ မိနစ်ခန့်လမ်းလျှောက်ရုံသာ ဝေးကာ ပိုင်ယွင် နှင့် ကျန်းလင်း တို့ အလုပ်လုပ်သော ဆေးရုံမှ ၁၀ မိနစ်ခန့် စက်ဘီးစီးရုံသာ ဝေးသည်။ ကျန်းမိသားစုနှင့်အတူ မကြာခဏ ညစာ အတူစားလေ့ရှိပြီး အားလပ်ချိန်များတွင် အပြင်ထွက်၍ အတူတကွ ကစားလေ့ရှိသည်။
ကျန်းယင်းယင်းတို့မိသားစုတွင်
မောင်နှမသုံးဦးရှိပြီး သူမက မိသားစုတွင် တစ်ဦးတည်းသော သမီးဖြစ်သည်။ ထို့ကြောင့်သူမ၏မိသားစုက အလိုလိုက်ကြသည်။
ယဲ့မုန့်ယောင်က သူမကို အလွန်အားကျခဲ့ရသည်။ အကြောင်းမှာ သူမတွင် အလိုလိုက်သော အစ်ကိုနှစ်ဦးရှိပြီး ယဲ့မုန့်ယောင်မှာမူ သူမ၏မိသားစုတွင် တစ်ဦးတည်းသောကလေးဖြစ်နေသည်။
အိုး သူမကို အလိုလိုက်သော
အစ်ကိုတစ်ယောက် ရှိပါသေးသည်။
သူကတော့ သူမရဲ့အစ်ကိုဟန်ရှူယောင်ပါပဲ...
ကျန်းယင်းယင်းက ယဲ့မုန့်ယောင်၏ သူငယ်ချင်းကောင်းဖြစ်သောကြောင့် သူမ၏မိသားစုကလည်း အလွန်ရိုးသားပြီး စိတ်ရင်းကောင်းရှိကာ ယဲ့မုန့်ယောင် ကိုလည်း အလွန်ဂရုစိုက်ကြသည်။ ထို့ကြောင့် သူမ၏ ဒုတိယအစ်ကိုသည် အထက်တန်းကျောင်းမှ ဘွဲ့ရပြီး စက်ရုံဝန်ထမ်းခေါ်ယူရေး စာမေးပွဲကို ဖြေဆိုသောအခါတွင် နောက်ခံရှိသူတစ်ဦးနှင့် အစားထိုးခံခဲ့ရသည်။
ယဲ့ချင်ဖုန်းက ထိုအကြောင်းကို သိသွားသောအခါ သူ့ကို စာမေးပွဲပြန်ဖြေရန်
ပြောခဲ့ပြီး ထိုသူ၏နောက်ခံများကိုလည်း အလုပ်ဖြုတ်ပစ်ခဲ့သည်။
ယခု ကျန်းယင်းယင်း၏ မိဘများ၊အစ်ကိုကြီး၊ ယောက်ဖနှင့် ဒုတိယအစ်ကိုတို့အားလုံးသည်
ယဲ့ချင်ဖုန်း၏ စက်ရုံတွင် အလုပ်လုပ်နေကြသည်။
"ယင်းယင်း နင်က ဒီကို ဘာလို့ရောက်လာတာလဲ"
ယဲ့မုန့်ယောင် သူမ၏ ခရီးဆောင်အိတ်ကို
ချထားရင်း မေးလိုက်သည်။
"ငါလဲ နင်တို့လိုပဲ ကျေးလက်ကိုသွားဖို့ ပညာတတ်လူငယ်အဖြစ်လာခဲ့တာ"
ကျန်းယင်းယင်းက ယဲ့မုန့်ယောင် ၏
လက်ကို ဆုပ်ကိုင်လိုက်ပြီး ထိုင်ကာဖြေလိုက်သည်။
"ဒါဆို ဘာလို့ ငါ့ကို မပြောတာလဲ
ပြီးတော့ နင့် အစ်ကိုဝေ့တင်းရောဘယ်သွားလဲ"
ယဲ့မုန့်ယောင်က အံ့သြတကြီး မေးလိုက်သည်။
ကျန်းယင်းယင်း၏ ဒုတိယအစ်ကိုတွင်
အလုပ်တစ်ခုရှိပြီး ကျေးလက်သို့ သွားစရာမချေ။ သူက ဝေ့တင်းက သူ့အလုပ်ကို
ကျန်းယင်းယင်းပေးပြီး ကျန်းယင်းယင်း
နေရာတွင် သူက အစားထိုးကာကျေးလက်
သွားချင်ကြောင်း ကြားခဲ့သည်။
တကယ်တော့ အလုပ်ရှိသူများက ကျေးလက်သို့ သွားရန်မလိုချေ။ ယဲ့ချင်ဖုန်းက ယဲ့မုန့်ယောင်အတွက်လည်း အလုပ်တစ်ခု စီစဉ်ပေးနိုင်သည်။
သို့သော် ဟန်ကျင့်ရန်၏ လွန်ခဲ့သော တစ်နှစ်က အတွေ့အကြုံက သူ့အား အမြင်ပွင့်စေခဲ့သည်။ ယဲ့ချင်ဖုန်းက ၎င်းတို့၏ ပြည်ပလေ့လာမှုအတွေ့အကြုံအကြောင်းကို မသိခဲ့သော်လည်း သူတို့၏မိသားစုပိုင်ဆိုင်မှုများက အတူတူလောက်ပင်ဖြစ်၏။ ၎င်းတို့အားလုံးကို လှူဒါန်းခဲ့ပြီး ပြည်ပတွင် ခြံဝင်းအိမ်တစ်လုံးသာ ကျန်ရှိခဲ့သည်။
မည်သူက ထိုအရာကို သိပြီး သတင်းပို့လိုက်မည်ကို မသိသောကြောင့် ယဲ့မုန့်ယောင်ကို ဟန်ကျင့်ရန် နှင့် သူ၏မိတ်ဆွေများ ပညာသင်ကြားခဲ့သော ချင်းရွှေရွာသို့ သွားခွင့်ပြုရန် ဆုံးဖြတ်ခဲ့သည်။ ထို့နောက် သူနှင့်ဇနီးသည်တို့က အလုပ်မှ နုတ်ထွက်ခဲ့သည်။
"ငါလည်း နင်ကျေးလက်ကို သွားမယ်ဆိုတာ
သိလို့ နင်အိမ်မှာမရှိတဲ့အချိန်ပဲ အန်တီတို့ကိုနှုတ်ဆက်ဖို့ လာခဲ့တာ ပြီးတော့
ငါ့ရဲ့ ဒုတိယအစ်ကိုနဲ့ အစ်မဟယ်ရှန့်တို့က လက်ထပ်ဖို့ စကားကြောင်းလမ်းပြီးပြီ
ရက်လည်း သတ်မှတ်ပြီးပြီ
ငါ့အစ်ကို ကျေးလက်ကို သွားရင် ဟယ်ရှန့်နဲ့
သူ့ရဲ့ အိမ်ထောင်ရေးက ဘယ်လိုဖြစ်မလဲ
ဟယ်ရှန့်က အမြဲတမ်း စောင့်နေဖို့ ဆိုတာ
မဖြစ်နိုင်ဘူးလေ
ငါ့ရဲ့ ဒုတိယအစ်ကိုက ငါ့အစား ကျေးလက်ကို သွားချင်မှန်း သိပါတယ် ဒါကြောင့်
သူတို့ မပြောနိုင်ခင်မှာ ငါ့သဘောနဲ့ငါ လျှို့ဝှက် လက်မှတ်ထိုးခဲ့တာ ငါ့ဆုံးဖြတ်ချက်ကို မပြောင်းလဲနိုင်ဘူးဆိုတာ သိလို့ ငါ့မိဘတွေနဲ့ အစ်ကိုမှာလည်း လက်လျှော့ဖို့ပဲ တတ်နိုင်တော့တယ်"
ကျန်းယင်းယင်းက ပြောပြလိုက်သည်။
"ဟယ်လို ရဲဘော်တို့
ကျွန်တော့်နာမည် ဝမ်ယွီဟိုင်ပါ
ကျွန်တော်လည်း ကျေးလက်ကိုသွားတဲ့ ပညာတတ်လူငယ်တစ်ယောက်ပါ ခင်ဗျားတို့ ဘယ်ကို သွားနေကြတာလဲ"
ထိုအချိန်တွင် ရုပ်ရည်ချောမောပြီး
စစ်ဝတ်စုံအသစ်အဆန်းကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးက ပြောလိုက်သည်။
ယနေ့ခေတ်တွင် စစ်ဝတ်စုံအပြည့်အစုံက ဂုဏ်ယူစရာတစ်ခုဖြစ်ပြီး မည်သည့်နေရာသို့ သွားသွား လူများက သူ့ကို အားကျကြသည်။
သူက လူနှစ်ဦးနှင့် စကားပြောနေသော်လည်း သူ့မျက်လုံးများသည် ယဲ့မုန့်ယောင်ပေါ်တွင်သာ အာရုံစိုက်နေသည်။
ယဲ့မုန့်ယောင် မော့ကြည့်လိုက်သောအခါ
ထိုလူငယ်၏ အံ့အားသင့်ဖွယ် အကြည့်နှင့် ဆုံသွားပြီး သူ့တွင်အကြည့်လွှဲရန် အချိန်မရှိခဲ့ချေ။
ယဲ့မုန့်ယောင်က ထိုကဲ့သို့သော
အကြည့်များနှင့် ရင်းနှီးနေပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ချင်ဖုန်း နှင့်
ပိုင်ယွင် နှစ်ဦးစလုံးက အလွန်ရုပ်ရည်
အလွန်ကြည့်ကောင်းသူများဖြစ်သောကြောင့် ဖြစ်သည်။
အထူးသဖြင့် သူမက ၎င်းတို့၏ အကောင်းဆုံးသော အသွင်အပြင်များကို ရရှိထားသည်။ သူမက သူမ၏ အသွင်အပြင်ကို အလွန်ယုံကြည်မှုရှိပြီး ကျေနပ်အားရမှုလည်း ရှိသည်။
ထိုအချိန်တွင် ကျောင်းရှိ ဆရာများနှင့်
အတန်းဖော်များအားလုံးသည် ၎င်းတို့၏ ကျောင်းတွင် ယဲ့မုန့်ယောင်အမည်ရှိ ထိပ်တန်းကျောင်းသူတစ်ဦးရှိကြောင်း သိကြသည်။ သူမသည် အလွန်လှပသော်လည်း ယဲ့မုန့်ယောင်က အလွန်အေးဆေးတည်ငြိမ်သူဖြစ်သောကြောင့် လူအများအပြားက ထိုကဲ့သို့သော လူတစ်ဦးရှိကြောင်းကိုသာသိကြပြီး သူမကို လူကိုယ်တိုင် တစ်ခါမျှ မမြင်ဖူးကြပေ။
ဝမ်ယွီဟိုင်က ယဲ့မုန့်ယောင်ကို
ယခင်ကတည်းက သတိထားမိခဲ့သည်။ သူတို့က ပညာတတ်လူငယ်များဖြစ်ကြောင်း စကားပြောနေသည်ကို ကြားပြီးနောက် သူတို့နှစ်ဦးကို နှုတ်ဆက်ခဲ့ခြင်းဖြစ်သည်။
ထိုမိန်းကလေးငယ်က အသက် ၁၇ နှစ်
ခန့်သာ ရှိပုံရသည်။ သူမက အပြာရောင်
လီနင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ ရှည်လျားသော ဆံပင်နက်နက်ကို နှစ်ဖက်ခွဲ၍ ကျစ်ဆံမြီးနှစ်ဖက် ကျစ်ထားသည်။
သူမတွင် ချစ်စရာကောင်းသော မျက်နှာသွင်ပြင်၊ ဖြောင့်စင်းသော နှာတံ၊ နှင်းကဲ့သို့ ဖြူဖွေးသော အသားအရေ၊ လှပသော မျက်ခုံးကွေးလေးများ၊ ရှည်လျားသော မျက်တောင်ကော့ကော့များနှင့် ဝမ်းနည်းသည့်အရိပ်များ သန်းနေသော
လှပသည့် ဗာဒံစေ့ပုံ မျက်လုံးတစ်စုံနှင့်
ဘဲဥပုံ မျက်နှာလေးရှိသည်။
"ကျွန်မနာမည် ကျန်းယင်းယင်းပါ
သူကတော့ ယဲ့မုန့်ယောင်ပါ
ပြီးတော့ ကျွန်မတို့ နှစ်ယောက်စလုံး
City Bက ချင်းရှန်းခရိုင် ချင်းရွှေကျေးရွာကို
သွားနေကြတာပါ"
ကျန်းယင်းယင်းက ယဲ့မုန့်ယောင် ၏ စိတ်နေသဘောထားကို သိသောကြောင့်
ဦးစွာ စကားစပြောလိုက်သည်။
"ဒါဆို ကျွန်တော်တို့က နေရာတစ်ခုတည်းကို သွားနေကြတာပဲ"
ဝမ်ယွီဟိုင်က အံ့သြတကြီး ပြောလိုက်သည်။
"ဟယ်လို ကျွန်မနာမည်က လျှိုယွဲ့ပါ
ကျွန်မလည်း ရှင်တို့လိုပဲ နေရာတစ်ခုတည်းကို သွားရမယ့် ပညာတတ်လူငယ်တစ်ယောက်ပါ"
ထိုအချိန်တွင် ဝမ်ယွီဟိုင်ဘေးတွင်
ထိုင်နေသော ပန်းပွင့်ပုံပါ အနီရောင်အင်္ကျီကို ဝတ်ဆင်ထားသည့် လှပသော မိန်းကလေးက ယဲ့မုန့်ယောင်ကို ရန်လိုသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ ထို့နောက် သူမက မျက်နှာရဲရဲဖြင့် ဝမ်ယွီဟိုင်ကို လှည့်ကြည့်လိုက်ပြန်သည်။
"ဟယ်လို"
ယဲ့မုန့်ယောင်နှင့် ကျန်းယင်းယင်း
အနည်းငယ် အံ့အားသင့်သွားသော်လည်း ယဉ်ကျေးမှုဖြင့် သူမကို ပြန်လည်နှုတ်ဆက်လိုက်သည်။
လူလေးဦးက တစ်ဦးနှင့်တစ်ဦး
မိတ်ဆက်ခဲ့ကြသည်။ ယဲ့မုန့်ယောင်နှင့်
ကျန်သူများက လျှိုယွဲ့ နှင့်ဝမ်ယွီဟိုင်
နှစ်ဦးစလုံးက ဟိုင်မြို့တော်မှဖြစ်ကြောင်း သိကြသည်။ လျှိုယွဲ့က သူမနှင့် ဝမ်ယွီဟိုင်တို့၏ မိသားစုနောက်ခံအကြောင်းကို ရည်ရွယ်ချက်ရှိရှိ ပဲလား သို့မဟုတ် မရည်ရွယ်ဘဲ ထုတ်ပြောခဲ့သည်။ ဝမ်ယွီဟိုင်၏ ဖခင်ကဟိုင်မြို့တော် မော်တော်ကားစက်ရုံ၏ ဒါရိုက်တာတစ်ယောက် ဖြစ်၏။